< Genesisi 27 >

1 Isaka akati akwegura uye meso ake akanga aneta zvokuti akanga asisaoni, akadana Esau mwanakomana wake mukuru akati kwaari, “Mwanakomana wangu.” Iye akapindura akati, “Ndiri pano.”
ထိုနောက် ဣဇာက်သည် အို၍ မျက်စိမှုန်သဖြင့် မမြင်နိုင်သောအခါ၊ သားအကြီးဧသောကို၊ ငါ့သားဟု ခေါ်လျှင်၊ အကျွန်ုပ်ရှိပါ၏ဟု ထူးလေ၏။
2 Isaka akati, “Zvino ndava murume mutana uye handizivi zuva rokufa kwangu.
အဘကလည်း၊ ယခုငါအိုလှပြီ။ အဘယ်သော အခါ သေရမည်ကို ငါမသိ။
3 Naizvozvo zvino tora zvombo zvako, goba rako nouta ugoenda kusango kuti unondivhimirawo mhuka.
မသေမှီ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီး ပေးမည်အကြောင်း၊ သင်၏လက်နက်တည်းဟူသော လေးနှင့်မြှားတောင့်ကို ဆောင်ယူလျက် တောသို့သွား၍၊ ငါစားစရာဘို့ အမဲကောင်ကို ရအောင်ရှာပြီးလျှင်၊
4 Undigadzirire zvokudya zvinondinakira ugondivigira kuti ndidye, kuitira kuti ndikupe maropafadzo angu ndisati ndafa.”
ငါမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်၍ ငါ့ထံသို့ ယူခဲ့ပါလော့ဟု ပြောဆို၏။
5 Zvino Rabheka akanga akateerera Isaka paakanga achitaura nomwanakomana wake Esau. Esau akati aenda kusango kuti andovhima mhuka kuti agouya nayo,
ထိုသို့ ဣဇာက်သည် သားဧသောအား ပြောဆို သောစကားကို၊ ရေဗက္ကကြားသည်ဖြစ်၍၊ ဧသောသည် အမဲသားကို ရအောင်တောသို့ အရှာသွားစဉ်တွင်၊
6 Rabheka akati kumwanakomana wake Jakobho, “Tarira, ndanzwa baba vako vachiti kumukoma wako Esau,
ရေဗက္ကသည် သားယာကုပ်ကို ခေါ်၍၊
7 ‘Ndivigirewo mhuka ugondigadzirira nyama inonaka kuti ndidye kuitira kuti ndigokupa maropafadzo angu ndisati ndafa.’
သင်၏အဘက၊ ငါမသေမှီ ထာဝရဘုရား၏ ရှေ့တော်မှာ သင့်ကို ငါကောင်းကြီးပေးမည်အကြောင်း၊ ငါစားစရာဘို့ အမဲသားကို ယူခဲ့၍၊ အမဲဟင်းလျာကို ချက်ပါဟု သင်၏အစ်ကို ဧသောအား ပြောသည်ကို ငါကြား ပြီ။
8 Zvino, chinzwa mwanakomana wangu, nyatsoteerera uye uite zvandinokuudza.
သို့ဖြစ်၍ ငါ့သား၊ ငါမှာထားသမျှသော စကားကို နားထောင်ပါ လော့။
9 Enda kuzvipfuwo unondivigira mbudzana mbiri dzakaisvonaka, kuti ndigogadzirira baba vako nyama inonaka nenzira chaiyo yavanoda.
ယခုဆိတ်စုရှိရာသို့ သွား၍၊ ကောင်းသော ဆိတ် သငယ်နှစ်ကောင်ကို ငါ့ထံသို့ယူခဲ့ပါလော့။ သင်၏အဘ မြိန်ရှက်တတ်သော အမဲဟင်းလျာကို ငါချက်မည်။
10 Ipapo ugoitora uende nayo kuna baba vako kuti vadye, kuitira kuti vagokupa maropafadzo avo vasati vafa.”
၁၀သင်၏အဘမသေမှီ သင့်ကို ကောင်းကြီးပေး မည်အကြောင်း၊ ထိုအစာကို အဘစားစေခြင်းငှါ သင် သည် အဘထံသို့ပို့ဆောင်ရမည်ဟု ဆိုလေ၏။
11 Jakobho akati kuna Rabheka mai vake, “Asi mukoma wangu Esau munhu ane mvere, uye ini ndiri munhu ane ganda risina mvere.
၁၁ယာကုပ်ကလည်း၊ ကျွန်ုပ်အစ်ကို ဧသောကား အမွေးရှိသောသူ၊ ကျွန်ုပ်ကားချောမွှတ်သောသူ ဖြစ်၏။
12 Ko, kana baba vangu vakandibata? Ndichava somunhu anovanyengera uye ndikazouyisa kutukwa pamusoro pangu pachinzvimbo chokuropafadzwa.”
၁၂ကျွန်ုပ်အဘသည် ကျွန်ုပ်ကို စမ်းသပ်ကောင်း စမ်းသပ်လိမ့်မည်။ သို့ဖြစ်လျှင် ကျွန်ုပ်ကိုလှည့်စားသော သူဟူ၍ ထင်သဖြင့်၊ ကျွန်ုပ်သည် မင်္ဂလာကိုမရဘဲ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံရလိမ့်မည်ဟု အမိကိုဆို လေ၏။
13 Mai vake vakati kwaari, “Mwanakomana wangu, rega kutukwa kuuye pamusoro pangu. Iwe ita zvandinoreva; enda unonditorera idzo.”
၁၃အမိရေက္ကေကလည်း၊ ငါ့သား၊ သင်ခံရသော ကျိန်ခြင်းအမင်္ဂလာသည် ငါ၌သင့်ရောက်ပါစေ။ ငါ့စကား ကို နားထောင်၍ ဆိတ်သငယ်တို့ကိုသာ ယူခဲ့ပါဟု ဆိုသည်အတိုင်း၊
14 Saka akaenda akandodzitora akauya nadzo kuna mai vake, uye vakagadzira nyama inonaka, nenzira chaiyo yaidikanwa nababa vake.
၁၄သူသည် သွား၍ ဆိတ်သငယ်တို့ကို အမိထံသို့ ယူခဲ့သဖြင့်၊ အမိသည်လည်း အဘမြိန်ရှက်တတ်သော အမဲဟင်းလျာကို ချက်လေ၏။
15 Ipapo Rabheka akatora nguo dzakaisvonaka dzaEsau mwanakomana wake mukuru, dzaakanga anadzo mumba, akadzipfekedza mwanakomana wake muduku iye Jakobho.
၁၅ထိုအခါ ရေဗက္ကသည် အိမ်တွင် မိမိလက်၌ ရှိသော သားကြီးဧသော၏အဝတ်၊ ကောင်းမွန်သော အဝတ်ကိုယူ၍၊ သားငယ်ယာကုပ်ကို ဝတ်စေလျက်၊
16 Akafukidzawo namatehwe embudzi, maoko ake uye nenzvimbo dzomutsipa wake dzakanga dzisina mvere.
၁၆ဆိတ်သငယ်၏ သားရေကိုလည်းယူ၍ သူ၏ လက်၌၎င်း၊ လည်ပင်ချောသော ဘက်၌၎င်း ဆင်ယင်ပြီး လျှင်၊
17 Ipapo akapa kumwanakomana wake Jakobho nyama inonaka nechingwa chaakanga abika.
၁၇မိမိချက်သော အမဲဟင်းနှင့် မုန့်ကိုသားယာကုပ် လက်၌အပ်ပေး၏။
18 Akaenda kuna baba vake akati, “Baba vangu.” Vakapindura vakati, “Ndiri pano mwana wangu. Ndianiko?”
၁၈ယာကုပ်လည်း အဘထံသို့ သွား၍၊ အဘဟု ခေါ်လေ၏။ အဘကလည်း၊ ငါရှိ၏ငါ့သား။ သင်သည် အဘယ်သူနည်းဟု မေး၏။
19 Jakobho akati kuna baba vake, “Ndini Esau dangwe renyu. Ndaita sezvamandiudza. Ndapota, mukai mudye nyama yemhuka yangu kuitira kuti mundipe maropafadzo enyu.”
၁၉ယာကုပ်ကလည်း၊ အကျွန်ုပ်ကား သားအကြီး ဧသောဖြစ်ပါ၏။ အဘမှာထားသည်အတိုင်းပြုပါပြီ။ ထ၍ထိုင်ပါ။ အဘ၏ဝိညာဉ်သည် အကျွန်ုပ်ကို ကောင်း ကြီးပေးမည်အကြောင်း၊ အကျွန်ုပ်၏အမဲသားကို စား ပါလော့ဟု ဆိုလေ၏။
20 Isaka akabvunza mwanakomana wake akati, “Waiwana seiko nokukurumidza zvakadai, mwanakomana wangu?” Iye akapindura akati, “Jehovha Mwari wenyu aita kuti ndibudirire.”
၂၀အဘဣဇာက်ကလည်း၊ ငါ့သား၊ ဤမျှလောက် လျင်မြန်စွာတွေ့ရသောအကြောင်းကား၊ အဘယ်သို့နည်း ဟု သားအားမေးလျှင်၊ အဘ၏ ဘုရားသခင် ထာဝရ ဘုရားသည် အကျွန်ုပ်ရှိရာသို့ ဆောင်ခဲ့တော်မူသော ကြောင့်၊ လျင်မြန်စွာတွေ့ရပါသည်ဟု ပြန်ဆိုလေ၏။
21 Ipapo Isaka akati kuna Jakobho, “Swedera pedyo kuti ndikubate, mwana wangu, kuti ndizive kana uri Esau mwanakomana wangu chaiye kana kwete.”
၂၁ဣဇာက်ကလည်း၊ ငါ့သား၊ သင်သည် ငါ့သား ဧသောမှန်သည် မမှန်သည်ကိုသိလို၍၊ သင့်ကို ငါစမ်း သပ်စေခြင်းငှါ၊ ငါ့ထံပါးသို့ချဉ်းကပ်ပါလော့ဟုဆိုလျှင်၊
22 Jakobho akaswedera kuna baba vake Isaka, iye akamubata akati, “Inzwi, inzwi raJakobho, asi maoko maoko aEsau.”
၂၂ယာကုပ်သည် အဘထံပါးသို့ချဉ်းကပ်၍၊ အဘ သည် စမ်းသပ်လျက်၊ အသံကား ယာကုပ်၏အသံ၊ လက်တို့ကား ဧသော၏လက်ဖြစ်ပေသည်ဟု ဆိုလေ၏။
23 Haana kugona kumuziva, nokuti maoko ake aiva nemvere dzakaita sedzomukoma wake Esau; saka akamuropafadza.
၂၃ထိုသို့သူ၏ လက်တို့သည် ဧသော၏လက်ကဲ့သို့ အမွေးပါသောကြောင့်၊ ယာကုပ်ဖြစ်မှန်းကို အဘမရိပ်မိ သဖြင့်၊ ကောင်းကြီးပေးလေ၏။
24 Akati, “Ndiwe mwanakomana wangu Esau chaiye here?” Akapindura akati, “Ndini.”
၂၄သို့ရာတွင် တဖန်ကား၊ သင်သည် ငါ့သားဧသော စင်စစ်အမှန်ပင် ဖြစ်သလောဟု မေးပြန်လျင်၊ မှန်ပါ သည်ဟု ဆို၏။
25 Ipapo akati, “Mwanakomana wangu, ndipe nyama yako yemhuka ndidye, kuitira kuti ndikupe maropafadzo angu.” Jakobho akaiisa kwaari akadya; uye akauya newaini akanwa.
၂၅အဘကလည်း၊ ငါ့ထံပါးသို့ သွင်းခဲ့ပါ။ ငါ့ဝိညာဉ်သည် သင့်ကို ကောင်းကြီးပေးမည်အကြောင်း၊ ငါ့သား၏ အမဲသားကို ငါစားအံ့ဟုဆိုလျှင်၊ ယာကုပ်သည် အဘထံပါးသို့ သွင်း၍၊ အဘစားလေ၏။ စပျစ်ရည်ကို လည်း ပေး၍ အဘသောက်လေ၏။
26 Ipapo baba vake Isaka vakati kwaari, “Uya pano mwanakomana wangu unditsvode.”
၂၆ထိုနောက် အဘက၊ ငါ့သားချဉ်းကပ်၍ ငါ့ကို နမ်းပါလော့ဟု ဆိုလျှင်၊ ယာကုပ်သည် ချဉ်းကပ်၍ အဘ ကို နမ်းလေ၏။
27 Saka akaenda kwaari iye akamutsvoda. Isaka akati anzwa kunhuhwira kwenguo dzake akamuropafadza achiti, “Haiwa kunhuhwira kwomwanakomana wangu kwakaita sokunhuhwira kwesango raropafadzwa naJehovha.
၂၇အဘဣဇာက်ကလည်း၊ သူ့အဝတ်၏ အနံ့ကို ခံ၍ကြည့်ပါ။ ငါ့သား၏အနံ့သည်၊ ထာဝရဘုရား ကောင်းကြီးပေးတော်မူသော လယ်၏အမွှေးအကြိုင်နှင့် တူ၏။
28 Mwari ngaakupe dova rokudenga noupfumi hwenyika, zviyo zvakawanda newaini itsva.
၂၈ထိုကြောင့် ဘုရားသခင်ပင် မိုယ်းကောင်းကင် နှင့်ကို၎င်း၊ မြေကြီး၏ဆီဥကို၎င်း၊ များစွာသော ဆန်စပါး၊ စပျစ်ရည်ကို၎င်း၊ သင့်အား ပေးတော်မူစေသတည်း။
29 Ndudzi ngadzikushumire uye marudzi akupfugamire. Uve ishe wehama dzako, uye vanakomana vamai vako vakupfugamire. Vaya vanokutuka ngavatukwe uye vaya vanokuropfadza ngavaropafadzwe.”
၂၉သူတပါးတို့သည် သင်၌ကျွန်ခံ၍၊ အပြည်ပြည် တို့သည် သင့်ရှေ့မှာ ဦးညွှတ်ကြရစေသတည်း။ သင်သည် သင်၏ညီအစ်ကိုတို့၌ အရှင်ဖြစ်၍၊ သင့်အမိသားတို့သည် သင့်ရှေ့မှာ ဦးညွှတ်ရကြစေသတည်း။ သင့်ကို ကျိန်ဆဲ သောသူအပေါင်းတို့သည် ကျိတ်ဆဲခြင်းကို ခံရကြစေ သတည်း။ သင့်ကို ကောင်းကြီးပေးသောသူအပေါင်းတို့ သည် ကောင်းကြီးကို ခံရကြစေသတည်းဟု ကောင်းကြီး ပေးလေ၏။
30 Shure kwokunge Isaka apedza kumuropafadza uye Jakobho achangobva pamberi pababa vake, mukoma wake Esau akasvika achibva kundovhima.
၃၀ယာကုပ်သည်၊ အဘဣဇာက်ပေးသော ကောင်း ကြီးမင်္ဂလာကို ခံ၍၊ အဘထံမှ ထွက်သွားသော ခဏခြင်း တွင်၊ အစ်ကိုဧသောသည် မုဆိုးပြုရာမှ ရောက်လာ၏။
31 Naiyewo akagadzira nyama inonaka akauya nayo kuna baba vake. Ipapo akati kwavari, “Baba vangu, mukai mudye nyama yangu yemhuka, kuti mugondipa maropafadzo.”
၃၁သူသည်လည်း အမဲဟင်းလျာကို ချက်၍ အဘ ထံသို့ ဆောင်ခဲ့ပြီးလျှင်၊ အကျွန်ုပ်အဘ၏ဝိညာဉ်သည်၊ အကျွန်ုပ်ကိုကောင်းကြီးပေးမည်အကြောင်း၊ သား၏ အမဲသားကို ထ၍စားပါလော့ဟုဆိုလေ၏။
32 Baba vake Isaka vakamubvunza vakati, “Ndiwe aniko?” Akapindura akati, “Ndini Esau mwanakomana wenyu wedangwe.”
၃၂အဘဣဇာက်ကလည်း၊ သင်သည် အဘယ်သူ နည်းဟု မေးလျှင်၊ အကျွန်ုပ်ကား သားအကြီး ဧသော ဖြစ်ပါ၏ဟု ဆိုလေသော်၊ အဘဣဇာက်သည် အလွန် တုန်လှုပ်၍ အဘယ်သူနည်း၊
33 Isaka akadedera nehasha akati, “Ndianiko zvino, avhima mhuka akauya nayo kwandiri? Ndaidya iwe uchigere kusvika uye ndamuropafadza, uye zvirokwazvo acharopafadzwa!”
၃၃အမဲသားကိုရ၍၊ ငါ့ထံသို့ ဆောင်ခဲ့ပြီးသော သူသည် အဘယ်မှာ ရှိသနည်း။ သင်မရောက်မှီ ငါသည် အကုန်အစင်စားပြီး၍၊ သူ့ကို ကောင်းကြီးပေးမိပြီ။ သူ သည် ကောင်းကြီးမင်္ဂလာကို ဧကန်အမှန်ခံရလိမ့်မည်ဟု ဆိုလေ၏။
34 Esau akati anzwa mashoko ababa vake akaridza mhere nokuchema kukuru neshungu uye akati kuna baba vake, “Ndiropafadzei neniwo, baba vangu!”
၃၄အဘဆိုသော စကားကိုဧသောကြားလျှင်၊ အလွန်ပြင်းသောအသံနှင့် သည်းထန်စွာ ငိုကြွေးလျက်၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလော့ဟုဆိုလေသော်၊
35 Asi ivo vakati, “Mununʼuna wako auya nokunyengera akatora maropafadzo ako.”
၃၅အဘက၊ သင့်ညီသည် လိမ္မာစွာလာ၍၊ သင်၏ ကောင်းကြီးမင်္ဂလာကို ယူသွားပြီဟု ဆိုလေ၏။
36 Esau akati, “Haana kutumidzwa zita chairo here rokuti Jakobho? Akandinyengera kaviri kose: Akatora udangwe hwangu, uye zvino atora maropafadzo angu!” Ipapo akabvunza akati, “Ko, hamuna kundichengeterawo kana ropafadzo here?”
၃၆ဧသောကလည်း၊ သူ့ကို ယာကုပ်ဟူသော အမည်ဖြင့် လျောက်ပတ်စွာ မှည့်ပါပြီ မဟုတ်လော။ အကျွန်ုပ်ကို နှစ်ကြိမ်လှည့်စား၍ နိုင်ပါပြီ။ သားဦးအရိပ် အရာကို အရင်ယူသွားပါပြီ။ ယခုလည်း တဖန် အကျွန်ုပ် ၏ကောင်းကြီးမင်္ဂလာကို ယူသွားပါပြီဟူ၍၎င်း၊ အကျွန်ုပ် အဘို့ ကောင်းကြီးမင်္ဂလာတပါးကိုမျှ မခြွင်းပါသလော ဟူ၍၎င်း ဆိုလေ၏။
37 Isaka akapindura Esau akati, “Ndamuita ishe wako uye ndakaita hama dzake dzose varanda vake, uye ndamusimbisa nezviyo newaini itsva. Saka chiiko chandichagona kukuitira mwana wangu?”
၃၇ဣဇာက်ကလည်း၊ သူ့ကို သင်၏အရှင်ဖြစ် စေပြီ။ ညီအစ်ကိုအပေါင်းတို့ကို သူ၌ကျွန်ခံစေပြီ။ ဆန်စပါး၊ စပျစ်ရည်နှင့်သူ့ကို ထောက်မပြီး။ သို့ဖြစ်၍ ငါ့သား၊ သင်၌ အဘယ်သို့ပြုနိုင်တော့အံ့နည်းဟု၊ ဧသော အား ပြန်ပြောလျှင်၊
38 Esau akati kuna baba vake, “Munongova neropafadzo imwe chete here, baba vangu? Ndiropafadzeiwo, baba vangu!” Ipapo Esau akachema achiridza mhere.
၃၈ဧသောက၊ အိုအဘ၊ ကောင်းကြီးမင်္ဂလာ တစုံတခုမျှ မရှိပါသလော၊ အိုအဘ၊ အကျွန်ုပ်ကိုလည်း ကောင်းကြီးပေးပါလော့၊ ပေးပါလောဟု အဘအား ပြောဆိုလျက်၊ တဖန်အသံကိုလွှင့်၍ ငိုကြွေးလေ၏။
39 Baba vake Isaka vakamupindura vakati, “Ugaro hwako huchava kure nepfuma yenyika, kure nedova rokudenga kumusoro.
၃၉အဘဣဇာက်ကလည်း၊ ကြည့်ရှုပါ။ သင်၏ နေရာသည် မြေကြီး၏ဆီဥနှင့်၎င်း၊ အထက်မိုယ်း ကောင်းကင်၏နှင်းနှင့်၎င်း ပြည့်စုံလိမ့်မည်။
40 Iwe uchararama nomunondo uye uchashumira mununʼuna wako. Asi paunenge woshaya zororo uchabvisa joko rake kubva pamutsipa wako.”
၄၀ထားဖြင့် အသက်ကိုမွေးရလိမ့်မည်။ ညီ၌ ကျွန် ခံရလိမ့်မည်။ နောက်တဖန် အစိုးရသောအခါ၊ သူတင် သောထမ်းဘိုးကို သင်၏လည်ပင်းမှ ချိုးပယ်လိမ့်မည်ဟု ပြန်၍ဆိုလေ၏။
41 Esau akavenga Jakobho nokuda kwokuropafadzwa kwaakapiwa nababa vake. Akati mumwoyo make, “Mazuva okuchema baba vangu ava pedyo; ipapo ndichauraya mununʼuna wangu Jakobho.”
၄၁အဘသည် ယာကုပ်အား ပေးသော ကောင်းကြီး မင်္ဂလာကြောင့်၊ ဧသောသည် ယာကုပ်ကို အငြိုးထား၍၊ ငါ့အဘကြောင့် ညည်းတွားရသော နေ့ရက်ကာလ အချိန် နီးပြီ။ ထိုအခါ ငါ့ညီယာကုပ်ကို ငါသတ်မည်ဟု၊ အကြံနှင့် ပြောလေ၏။
42 Rabheka akati audzwa zvakanga zvataurwa nomwanakomana wake mukuru Esau, akatuma munhu kuna Jakobho mwanakomana wake muduku akati kwaari, “Mukoma wako Esau ari kuzvinyaradza nepfungwa dzokuda kukuuraya.
၄၂ထိုသို့သားကြီး ဧသောပြောသောစကားကို အမိ အရဗက္ကကြားလျှင်၊ သားငယ်ယာကုပ်ကိုခေါ်၍၊ သင်၏ အစ်ကိုဧသောသည် သင့်ကိုသတ်သဖြင့်၊ သင့်အမှု၌ စိတ်ပြေလိမ့်မည်။
43 Naizvozvo zvino, mwanakomana wangu, chiita zvandinokuudza: Tiza izvozvi uende kuhanzvadzi yangu Rabhani kuHarani.
၄၃ထိုကြောင့်၊ ငါ့သား၊ ငါ့စကားကို နားထောင်ပါ။ ငါ့မောင်လာဗန် နေရာခါရန်မြို့သို့ ထ၍ ပြေးသွား ပါလော့။
44 Ugare naye kwechinguva kusvikira shungu dzomukoma wako dzaserera.
၄၄သင်၏အစ်ကိုစိတ်ပြေသည်တိုင်အောင်၊ သူ့ထံမှာ ခဏရှောင်၍ နေပါလော့။
45 Mukoma wako paachazenge asisina kukutsamwira uye akanganwa zvawakamuitira, ini ndichatuma shoko kwauri rokuti uchidzoka kubva ikoko. Ndorasikirwa nemi seiko muri vaviri zuva rimwe chete?”
၄၅သင်၏အစ်ကို စိတ်ပြေ၍၊ သင်သည် သူ၌ ပြုသောအမှုကို သူမေ့လျော့သောအခါ၊ ငါမှာလိုက်၍၊ ထိုအရပ်မှသင့်ကို ဆောင်ခဲ့စေမည်။ ငါ့သားနှစ်ယောက် လုံးကို တနေ့ခြင်းတွင် အဘယ်ကြောင့် ငါရှုံးရမည်နည်း ဟု ဆိုလေ၏။
46 Ipapo Rabheka akati kuna Isaka, “Ndinosemburwa noupenyu nokuda kwavakadzi vechiHiti ava. Kana Jakobho akatora mukadzi anobva pakati pavakadzi vechiHiti vakaita savava, kurarama kwangu hakungavi namaturo.”
၄၆တဖန်ရေဗက္ကသည် ဣဇာက်ထံသို့သွား၍၊ ကျွန်မသည် ဟေသအမျိုးသမီးတို့ကြောင့်၊ ကိုယ်အသက် ကို ငြီးငွေ့လှ၏။ ဤပြည်သူသမီးကဲ့သို့သောသူ၊ ဟေသ အမျိုးသမီးနှင့် ယာကုပ်အိမ်ထောင်ဘက်ပြုလျှင်၊ ကျွန်မ အသက်ရှင်၍ အဘယ်ကျေးဇူးရှိပါလိမ့်မည်နည်းဟု ပြောဆိုလေ၏။

< Genesisi 27 >