< Genesisi 26 >

1 Zvino munyika makanga mune nzara, isati iri nzara iya yakatanga kuvapo panguva yaAbhurahama, uye Isaka akaenda kuna Abhimereki mambo wavaFiristia muGerari.
အာဗြဟံလက်ထက် ထိုပြည်၌ဖြစ်ဘူးသော အစာခေါင်းပါးခြင်းမှတပါး၊ နောက်တဖန် အစာခေါင်း ပါးခြင်း ရှိပြန်သည်ဖြစ်၍၊ ဣဇာက်သည် ဖိလိတ္တိမင်းကြီး အဘိမလက်နေရာဂေရာမြို့သို့ သွားလေ၏။
2 Jehovha akazviratidza kuna Isaka akati, “Usaburuka kuIjipiti; gara munyika yandinokuudza kuti ugare.
ထာဝရဘုရားသည်လည်း သူ့အားထင်ရှား၍၊ သင်သည် အဲဂုတ္တုပြည်သို့မသွားနှင့်၊ ငါပြောလတံ့သော ပြည်၌နေလော့။
3 Gara hako munyika ino kwechinguva, uye ndichava newe uye ndichakuropafadza. Nokuti kwauri nokuzvizvarwa zvako ndichapa nyika iyi yose uye ndichasimbisa mhiko yandakapika kuna baba vako Abhurahama.
ယခုဤပြည်၌ တည်းခို၍နေလော့။ သင့်ဘက် မှာ ငါနေ၍ ကောင်းကြီးပေးမည်။ အကြောင်းမူကား၊ သင်နှင့်သင်၏အမျိုးအနွယ်အား ဤပြည်ရှိသမျှတို့ကို ငါပေးမည်။ သင်၏အဘအာဗြဟံအား ငါကျိန်ဆိုသော စကားရှိသည်အတိုင်းငါပြုမည်။
4 Ndichaita kuti zvizvarwa zvako zviwande senyeredzi dzokudenga uye ndichavapa nyika dzose idzi, uye kubudikidza navana vako ndudzi dzose dzapanyika dzicharopafadzwa,
သင်၏အမျိုးအနွယ်ကို ကောင်းကင်ကြယ်ကဲ့သို့ များပြားစေမည်။ သင်၏အမျိုးအနွယ်အားလည်း၊ ဤပြည် ရှိသမျှတို့ကို ငါပေးမည်။ သင်၏အမျိုးအနွယ် အားဖြင့်လည်း၊ လူမျိုးအပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။
5 nokuti Abhurahama akanditeerera uye akachengeta zvaidikanwa neni, nemitemo yangu, zvirevo zvangu uye nemirayiro yangu.”
အကြောင်းမူကား၊ အာဗြဟံသည် ငါ့စကားကို နားထောင်၍၊ ငါစီရင်မှာထားသော ပညတ်တရား အမျိုးမျိုးတို့ကို စောင့်ရှောက်သတည်း ဟုမိန့်တော်မူ၏။
6 Saka Isaka akagara muGerari.
ဣသရေလဇာက်သည် ဂေရာမြို့၌ နေစဉ်တွင်၊-မြို့သားတို့သည် သူ၏မယားအကြောင်းကို မေးသော အခါ၊ ရေဗက္ကသည် လှသောအဆင်းအရောင် ရှိသောကြောင့်၊
7 Vanhu venyika iyo pavakamubvunza pamusoro pomukadzi wake, akati, “Ihanzvadzi yangu,” nokuti akanga achitya kuti, “Mukadzi wangu.” Akafunga mumwoyo make achiti, “Vanhu vomunyika muno vangandiuraye nokuda kwaRabheka, nokuti akanaka kwazvo.”
ဤပြည်သား ယောက်ျားတို့သည် သူ့အကြောင်းကြောင့် ငါ့ကို သတ်မည်ဟုစိုးရိမ်၍၊ သူ သည် ငါ့မယားဖြစ်သည်ဟု မပြောမဆိုဝံ့၊ ငါ့နှမဖြစ်သည် ဟု ပြောဆို၏။
8 Isaka akati agara ikoko kwenguva refu, Abhimereki mambo wavaFiristia akatarira pasi napawindo akaona Isaka achitamba nomukadzi wake Rabheka.
ထိုမြို့၌ ကာလအင်တန်ကြာနေပြီးမှ၊ တနေ့သ၌၊ ဣဇာက်သည် မိမိမယားရေဗက္ကနှင့် ကစားသည်။ ဖိလိတ္တိမင်းကြီးအဘိမလက်သည် ပြတင်းပေါက်ဝက ကြည့်မြင်လျှင်၊
9 Saka Abhimereki akadana Isaka akati, “Mukadzi wako chaiye uyu! Seiko wakati, ‘Ihanzvadzi yangu’?” Isaka akapindura akati, “Nokuti ndakafunga kuti ndingafa nokuda kwake.”
ဣဇာက်ကိုခေါ်၍၊ ထိုမိန်းမသည်၊ အကယ်စင် စစ် သင်၏မယားဖြစ်၏။ သို့ရာတွင်၊ သူသည် ငါ့နှမဖြစ်၏ဟု အဘယ်ကြောင့် သင်ပြောရ သနည်းဟုမေးသော်၊ ဣဇာက်က၊ သူ့အတွက်ကြောင့် ကျွန်ုပ်သေမည်ကို စိုးရိမ်ပါသည်ဟု လျှောက်ဆို၏။
10 Ipapo Abhimereki akati, “Chiiko ichi chawakaita kwatiri? Mumwe wavarume aigona kunge akavata nomukadzi wako, uye ungadai wakazouyisa mhosva pamusoro pedu.”
၁၀အဘိမလက်မင်းကလည်း၊ ငါတို့၌ သင်ပြုသော အမှုကား အဘယ်သို့နည်း။ တစုံတယောက်သော သူသည်၊ သင်၏မယားနှင့် အမှတ်တမဲ့သင့်နေလျှင်၊ ငါတို့ ခေါင်းပေါ်မှာ သင်သည် အပြစ်ရောက်စေလိမ့်မည် တကားဟု ဆိုပြီးမှ၊
11 Saka Abhimereki akarayira vanhu vake vose achiti, “Ani naani anobata murume uyu kana mukadzi wake achaurayiwa zvirokwazvo.”
၁၁ဤလင်မယားကို ပြစ်မှားသောသူသည် ဆက်ဆက်အသေခံရမည်ဟု မိမိလူအပေါင်းတို့ကို မှာထားသနည်း။
12 Isaka akadyara zviyo munyika uye mugore racho iroro akakohwa zvakapetwa kazana, nokuti Jehovha akamuropafadza.
၁၂ထိုပြည်၌ ဣဇာက်သည် မျိုးစေ့ကိုကြဲ၍၊ တနှစ် ခြင်းတွင် အဆတရာသော အသီးအနှံကို ရလေ၏။ ထာဝရဘုရားသည်လည်း၊ ကောင်းကြီးပေးတော်မူသဖြင့်၊
13 Murume uyu akava mupfumi, uye pfuma yake yakaramba ichiwanda kusvikira apfuma kwazvo.
၁၃သူသည်ကြီးပွါး၍၊ အလွန်စည်းစိမ်းကြီးသည် တိုင်အောင် တိုးတက်လျက်၊ စီးပွါးဥစ္စာများပြားစွာ ဖြစ်လေ၏။
14 Akanga ana makwai mazhinji nemombe dzakawanda navaranda vakawanda zvokuti vaFiristia vakamuitira godo.
၁၄သိုးစု၊ နွားစုများ၊ ကျွန်များနှင့်ပြည့်စုံ ကြွယ်ဝ၏။ ထိုကြောင့်၊ ဖိလိတ္တိလူတို့သည် သူ့ကိုငြူစူကြ၏။
15 Saka matsime ose akanga acherwa navaranda vababa vake panguva yababa vake Abhurahama, vaFiristia vakaadzivira, vachiazadza nevhu.
၁၅အဘအာဗြဟံလက်ထက်၌၊ အဘ၏ကျွန်တို့ တူးသော ရေတွင်းရှိသမျှတို့ကို မြေနှင့်ဖို့ပိတ်ကြ၏။
16 Ipapo Abhimereki akati kuna Isaka, “Ibva uende kure nesu; wanyanya kuva nesimba zvokutipfuura.”
၁၆အဘိမလက်မင်းကလည်း၊ သင်သည် ငါ့တို့ထက် တန်ခိုးကြီး၏။ ငါတို့ထံမှထွက်သွားလော့ဟု၊ ဣဇာက်ကို အမိန့်ရှိသောကြောင့်၊
17 Saka Isaka akabvapo akandodzika musasa muMupata weGera akagara ikoko.
၁၇ဣဇာက်သည် ထိုမြို့မှ ထွက်သွားပြီးလျှင်၊ ဂေရာချိုင့်၌တဲကို ဆောက်၍နေလေ၏။
18 Isaka akacherazve matsime akanga acherwa panguva yababa vake Abhurahama, iwo akanga adzivirwa navaFiristia shure kwokufa kwaAbhurahama, uye akaapa mazita mamwe chetewo aakanga atumidzwa nababa vake.
၁၈ထိုအခါ ဣဇာက်သည်၊ အဘအာဗြဟံ ကျွန်တို့ တူး၍၊ အဘသေသောနောက်၊ ဖိလိတ္တိလူတို့ဖို့သော ရေတွင်းတို့ကို တူးဘော်ပြန်၍၊ အထက်က အဘသမုတ် သော အမည်ဖြင့် သမုတ်လေ၏။
19 Varanda vaIsaka vakachera muMupata vakawanamo tsime remvura yakanaka.
၁၉ဣဇာက်ကျွန်တို့လည်း၊ ချိုင့်ထဲ၌တူး၍ စမ်း ရေတွင်းကို တွေ့ကြ၏။
20 Asi vafudzi veGerari vakakakavadzana navafudzi vaIsaka vachiti, “Mvura iyi ndeyedu!” Saka akatumidza tsime iro zita rokuti Eseki, nokuda kwokuti vakapesana naye.
၂၀ဂေရာအမျိုးသား နွားကျောင်းတို့ကလည်း၊ ဤရေသည် ငါတို့ရေဖြစ်၏ဟု၊ ဣဇာက်၏နွားကျောင်းတို့ နှင့် လုယက်ပြောဆိုကြ၏။ ထိုသို့အချင်းချင်းလုယက် ကြသောကြောင့်၊ ထိုရေတွင်းကို ဧသက်အမည်ဖြင့်မှည့် လေ၏။
21 Ipapo vakacherazve rimwe tsime, asi vakakakavadzana pamusoro parowo; saka akaritumidza zita rokuti Sitima.
၂၁နောက်တဖန် အခြားသောရေတွင်းကို တူးပြန် ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြသောကြောင့်၊ သိတနအမည်ဖြင့် မှည့်လေ၏။
22 Akaenderera mberi kubva ipapo akachera rimwe tsime, uye hapana munhu akazokakavadzana naye pamusoro paro. Akaritumidza zita rokuti Rehobhoti, achiti, “Zvino Jehovha azotipa nzvimbo uye tichawanda munyika.”
၂၂ထိုအရပ်မှ နေရာပြောင်း၍၊ အခြားသော ရေတွင်းကို တူးကြ၏။ ထိုရေတွင်းကို အဘယ်သူမျှ မလုယက်သောကြောင့်၊ ငါတို့ နေစရာအခွင့်ကို ယခု ထာဝရဘုရားပေးတော်မူပြီ ဖြစ်၍၊ ဤပြည်၌ ငါတို့သည် စီးပွါးများကြလိမ့်မည်ဟုဆိုလျက်၊ ထိုရေတွင်းကို ရဟော ဘုတ်အမည်ဖြင့် မှည့်သတည်း။
23 Kubva ipapo akaenda kuBheerishebha.
၂၃တဖန် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ၏။
24 Usiku ihwohwo Jehovha akazviratidza kwaari akati, “Ndini Mwari wababa vako Abhurahama. Usatya, nokuti ndinewe. Ndichakuropafadza uye ndichakurisa zvizvarwa zvako nokuda kwomuranda wangu Abhurahama.”
၂၄ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍၊ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရားဖြစ်၏။ မစိုးရိမ် နျင့်။ ငါသည်သင့်ဘက်မှာရှိ၏။ ငါသည်ကောင်းကြီးပေး မည်။ ငါ၏ကျွန်အာဗြဟံအတွက်၊ သင်၏အမျိုးအနွယ်ကို ငါများပြားစေမည်ဟု မိန့်တော်မူ၏။
25 Isaka akavaka aritari ipapo akadana kuzita raJehovha. Akadzika tende rake ipapo uye pakare ipapo varanda vake vakachera tsime.
၂၅ထိုအရပ်၌ ယဇ်ပုလ္လင်ကို တည်၍၊ ထာဝရ ဘုရား၏ နာမတော်ကို မဌာနာပြု၏။ တဲကိုလည်း တည်ဆောက်၍၊ ကျွန်တို့သည် ရေတွင်းကို တူးကြ၏။
26 Zvichakadaro, Abhimereki akanga asvika kwaari achibva kuGerari, aina Ahuzati aiva mupamazano wake naPikori mukuru wavarwi vake.
၂၆ထိုအခါ အဘိမလက်မင်းသည်၊ အဆွေတော် အဟုဇာတ်နှင့် ဗိုလ်ချုပ်မင်းဖိကောလတို့ကို ခေါ်၍၊ ဂေရာမြို့မှ ဣဇာက်ရှိရာသို့သွား၏။
27 Isaka akavabvunza akati, “Mavingeiko kwandiri, sezvo makanga muri mhandu dzangu uye mukandidzinga?”
၂၇ဣဇာက်ကလည်း၊ သင်တို့သည် ငါ့ကို မြင်ပျင်း၍ နှင်ထုတ်ပြီးမှ၊ အဘယ်ကြောင့် လာကြသနည်းဟု မေးလျှင်၊
28 Vakamupindura vakati, “Takaona pachena kuti Jehovha akanga anewe; saka takati, ‘Panofanira kuva nechitenderano chemhiko pakati pedu,’ pakati pedu newe. Ngatiite sungano newe
၂၈ထိုသူတို့က၊ ထာဝရဘုရားသည် သင့်ဘက်မှာ ရှိတော်မူကြောင်းကို၊ ငါတို့အမှန် သိမြင်သည်ဖြစ်၍၊
29 yokuti iwe hauzotiitiri zvakaipa, sezvo isu tisina kukubata zvakaipa asi takaramba tichikuitira zvakanaka uye tikakuendesa norugare. Uye zvino waropafadzwa naJehovha.”
၂၉ငါတို့သည် သင့်ကိုမထိမခိုက်၊ ကျေးဇူးကိုသာပြု၍၊ ငြိမ်ဝပ်စွာလွှတ် လိုက်သည်နည်းတူ၊ သင်သည်ငါတို့ကို အပြစ်မပြုရဟု၊ ငါတို့တဘက်၊ သင့်တဘက်၊ နှစ်ဘက်သား တို့သည်၊ သစ္စာဂတိထား၍ မိဿဟာယဖွဲ့ကြစို့။ သင် သည် ထာဝရဘုရားကောင်းကြီးပေးတော်မူသောသူ ဖြစ်ပါ၏ဟု ဆိုကြလေသော်၊
30 Ipapo Isaka akavaitira mutambo, vakadya, vakanwa.
၃၀ဣဇာက်သည်၊ သူတို့အဘို့ စားသောက်ပွဲကို လုပ်၍၊ အတူစားသောက်ကြ၏။
31 Mangwanani akatevera varume ava vakapikirana. Ipapo Isaka akavaendesa parwendo rwavo, vakamusiya murugare.
၃၁နံနက်စောစောထ၍၊ အချင်းချင်းတဦးနှင့် တဦး သစ္စာပြုလိုက်ပြီးမှ၊ ဣဇက်သည်။ ဣဇာက်သည် သူ့တို့ကို လွှတ်လိုက်၍၊ သူတို့သည် ငြိမ်ဝပ်စွာသွားရကြ၏။
32 Musi iwoyo varanda vaIsaka vakauya vakamuudza nezvetsime ravakanga vachera. Vakati, “Tawana mvura!”
၃၂ထိုနေ့၌ပင် ဣဇာက်ကျွန်တို့သည် လာ၍၊ မိမိတို့ တူးသောတွင်း၌ ရေတွေ့ကြောင်းကို ပြောဆိုကြလျှင်၊
33 Akaritumidza zita rokuti Shibha, uye kusvikira nhasi zita reguta richiri kunzi Bheerishebha.
၃၃ထိုရေတွင်းကို ရေဘအမည်ဖြင့် မှည့်လေ၏။ ထိုကြောင့် ထိုအရပ်၌ တည်သောမြို့ကို ဗေရရှေဘမြို့ဟု ယနေ့တိုင်အောင်တွင်လေသတည်း။
34 Esau akati ava namakore makumi mana okuberekwa, akawana Judhisi mwanasikana waBheeri muHiti, uyewo Bhasemati mwanasikana waEroni muHiti.
၃၄ဧသောသည် အသက်လေးဆယ်ရှိသောအခါ၊ ဟိတ္တိအမျိုးသား ဗေရိ၏သမီးယုဒိတ်၊ ဟိတ္တိအမျိုးသား ဧလုန်၏သမီး ဗာရှမတ်တို့နှင့် အိမ်ထောင်လေ၏။
35 Ivava vakarwadzisa Isaka naRabheka.
၃၅ထိုမိန်းမတို့သည် ဣဇာက်နှင့်ရေဗက္က၌ စိတ် နှလုံးပူပန်စရာအကြောင်းဖြစ်သတည်း။

< Genesisi 26 >