< Jovanu 11 >

1 Bijaše pak jedan bolesnik, Lazar iz Vitanije iz sela Marije i Marte sestre njezine.
ညီအစ်မ မာရိနှင့်မာသတို့နေသော ဗေသနိရွာသား၊ လာဇရုအမည်ရှိသော သူတယောက်သည် နာ လျက်နေလေ၏။
2 A Marija, koje brat Lazar bolovaše, bješe ona što pomaza Gospoda mirom i otr noge njegove svojom kosom.)
နာလျက်နေသော လာဇရု၏နှမမာရိကား၊ သခင်ဘုရားကို ဆီမွှေးနှင့်လိမ်း၍ ခြေတော်ကို မိမိဆံပင် နှင့်သုတ်သော မာရိဖြစ်သတည်း။
3 Onda poslaše sestre k njemu govoreæi: Gospode! gle, onaj koji ti je mio bolestan je.
ညီအစ်မတို့သည် အထံတော်သို့စေလွှတ်၍၊ သခင်၊ ကိုယ်တော်ချစ်တော်မူသောသူသည် နာလျက် နေပါသည်ဟုလျှောက်ကြ၏။
4 A kad èu Isus, reèe: ova bolest nije na smrt, nego na slavu Božiju, da se proslavi sin Božij s nje.
ထိုစကားကို ယေရှုသည် ကြားတော်မူလျှင်၊ ထိုအနာသည် သေနာမဟုတ်။ ဘုရားသခင်၏ ဘုန်း တော်ကို ထင်ရှားစေသောအနာဖြစ်၏။ ထိုအနာကြောင့် ဘုရားသခင်၏သားတော်သည် ဘုန်းထင်ရှားခြင်း ရှိလိမ့်မည်ဟု မိန့်တော်မူ၏။
5 A Isus ljubljaše Martu i sestru njezinu i Lazara.
ယေရှုသည် မာသကို၎င်း။ သူ၏ညီမနှင့် လာဇရုကို၎င်း ချစ်တော်မူ၏။
6 A kad èu da je bolestan, tada osta dva dana na onom mjestu gdje bješe.
လာဇရု နာသည်ကိုကြားတော်မူလျှင်၊ ကြွတော်မမူဘဲ ထိုအရပ်၌နှစ်ရက်နေတော်မူ၏။
7 A potom reèe uèenicima: hajdemo opet u Judeju.
ထိုနောက် တပည့်တော်တို့အား၊ ယုဒပြည်သို့ တဖန်သွားကြကုန်အံ့ဟု မိန့်တော်မူလျှင်၊
8 Uèenici mu rekoše: Ravi! sad Judejci šæadijahu da te ubiju kamenjem, pa opet hoæeš da ideš onamo?
တပည့်တော်တို့က၊ အရှင်ဘုရား၊ ယုဒလူတို့သည်ယခုပင် ကိုယ်တော်ကိုခဲနှင့်ပစ်ခြင်းငှါ ရှာကြံလျက် ပင် ထိုအရပ်သို့တဖန် ကြွတော်မူဦးမည်လောဟု လျှောက်ကြ၏။
9 Isus odgovori: nije li dvanaest sahata u danu? ko danju ide ne spotièe se, jer vidi vidjelo ovoga svijeta;
ယေရှုကလည်း၊ တနေ့တွင်တဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ လူသည်နေ့အချိန်၌သာ သွားလာ လျှင်၊ နေရောင်အလင်းကို မြင်ရသောကြောင့် ထိမိ၍ မလဲတတ်။
10 A ko ide noæu spotièe se, jer nema vidjela u njemu.
၁၀ညဉ့်အချိန်၌သွားလာလျှင်မူကား၊ အလင်းမရှိသောကြောင့် ထိမိ၍လဲတတ်၏ဟု မိန့်တော်မူပြီးမှ၊
11 Ovo kaza, i potom reèe im: Lazar, naš prijatelj, zaspa; nego idem da ga probudim.
၁၁ငါတို့အဆွေ လာဇရုသည် အိပ်ပျော်၏။ သူ့ကို နိုးခြင်းအလိုငှါ ငါသွားမည်ဟု မိန့်တော်မူ၏။
12 Onda mu rekoše uèenici njegovi: Gospode! ako je zaspao, ustaæe.
၁၂တပည့်တော်တို့ကလည်း၊ သခင်၊ သူသည် အိပ်ပျော်လျှင် သက်သာရလိမ့်မည်ဟု လျှောက်ကြ၏။
13 A Isus im reèe za smrt njegovu, a oni mišljahu da govori za spavanje sna.
၁၃ယေရှုသည် လာဇရုသေကြောင်းကိုမှတ်၍ မိန့်တော်မူသော်လည်း၊ ပကတိအိပ်ပျော်ကြောင်းကို မိန့် တော်မူသည်ဟု တပည့်တော်တို့သည် ထင်မှတ်ကြ၏။
14 Tada im Isus kaza upravo: Lazar umrije.
၁၄ထိုကြောင့်ယေရှုက၊ လာဇရုသေပြီ။ သင်တို့သည် ယုံကြည်မည်အကြောင်း၊
15 I milo mi je vas radi što nijesam bio onamo da vjerujete; nego hajdemo k njemu.
၁၅ထိုအရပ်၌ ငါမရှိသည်ကိုထောက်၍ သင်တို့အတွက် ငါဝမ်းမြောက်ခြင်းရှိ၏။ သူ့ဆီသို့ ငါတို့သွားကြ ကုန်အံ့ဟု အတည့်အလင်းမိန့်တော်မူ၏။
16 Onda Toma, koji se zvaše Blizanac, reèe uèenicima: hajdemo i mi da pomremo s njim.
၁၆ဒိဒုမုအမည်ရှိသော သောမက၊ အကျွန်ုပ်တို့လည်းလိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ဟု တပည့်တော်ချင်းတို့အား ပြောဆို၏။
17 A kad doðe Isus, naðe ga a on veæ èetiri dana u grobu.
၁၇ယေရှုသည် ရောက်တော်မူသောအခါ၊ လာဇရုကို သင်္ဂြိုဟ်၍ သင်္ချိုင်းတွင်း၌ လေးရက်လွန်လေပြီ။
18 A Vitanija bješe blizu Jerusalima oko petnaest potrkališta.)
၁၈ဗေသနိရွာသည် ယေရုရှလင်မြို့နှင့် တတိုင်လောက်သာကွာဝေးသည်ဖြစ်၍၊
19 I mnogi od Judejaca bijahu došli k Marti i Mariji da ih tješe za bratom njihovijem.
၁၉မာသနှင့်မာရိတို့၏မောင်သေသောကြောင့်၊ သူတို့ကို နှစ်သိမ့်စေလိုသောငှါ ယုဒလူများတို့သည် လာ ကြ၏။
20 Kad Marta dakle èu da Isus ide, iziðe preda nj, a Marija sjeðaše doma.
၂၀ယေရှုကြွလာတော်မူကြောင်းကို မာသသည်ကြားလျှင်၊ ကိုယ်တော်ကို ခရီးဦးကြိုပြုခြင်းငှါသွား၏။
21 Onda reèe Marta Isusu: Gospode! da si ti bio ovdje ne bi moj brat umro.
၂၁မာရိမူကားအိမ်၌ ထိုင်လျက်နေရစ်၏။ မာသက၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏မောင် မသေပါ။
22 A i sad znam da što zaišteš u Boga daæe ti Bog.
၂၂ယခု သေလျက်ရှိသော်လည်း ကိုယ်တော်သည် ဘုရားသခင်ကို ဆုတောင်းတော်မူသမျှအတိုင်း ဘုရား သခင်ပေးတော်မူမည်ကို ကျွန်မသိပါသည်ဟုလျှောက်၏။
23 Isus joj reèe: brat æe tvoj ustati.
၂၃ယေရှုကလည်း၊ သင်၏မောင်သည် ထမြောက်လိမ့်မည်ဟု မိန့်တော်မူ၏။
24 Marta mu reèe: znam da æe ustati o vaskrseniju, u pošljednji dan.
၂၄မာသကလည်း၊ နောက်ဆုံးသောနေ့တည်းဟူသော ထမြောက်ရာကာလ၌ သူသည် ထမြောက် လိမ့် မည်ကို ကျွန်မသိပါသည်ဟု လျှောက်၏။
25 A Isus joj reèe: ja sam vaskrsenije i život; koji vjeruje mene ako i umre življeæe.
၂၅ယေရှုကလည်း၊ ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည် သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။
26 I nijedan koji živi i vjeruje mene neæe umrijeti vavijek. Vjeruješ li ovo? (aiōn g165)
၂၆ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့် မည်။ ငါ့စကားကိုယုံသလောဟု မေးတော်မူလျှင်၊ မာသက၊ ဟုတ်ပါ၏သခင်။ (aiōn g165)
27 Reèe mu: da, Gospode! ja vjerovah da si ti Hristos sin Božij koji je trebalo da doðe na svijet.
၂၇ကိုယ်တော်သည် ခရစ်တော်တည်းဟူသော ဤလောကသို့ကြွတော်မူသော ဘုရားသခင်၏သားတော် ဖြစ်သည်မူသည်ကို ကျွန်မယုံပါသည်ဟု လျှောက်၏။
28 I ovo rekavši otide te zovnu tajno Mariju sestru svoju govoreæi: uèitelj je došao, i zove te.
၂၈ထိုသို့ ရှောက်ပြီးမှမာသသည်သွား၍ မိမိညီမ မာရိအား၊ အရှင်ဘုရားရောက်လာတော်မူပြီ။ သင့်ကို ခေါ်တော်မူသည်ဟု တိတ်ဆိတ်စွာခေါ်လေ၏။
29 A ona kako èu, usta brzo i otide k njemu.
၂၉မာရိသည် ထိုစကားကိုကြားလျှင် အလျှင်တဆောထ၍ အထံတော်သို့ သွားလေ၏။
30 Jer Isus još ne bješe došao u selo, nego bijaše na onom mjestu gdje ga srete Marta.
၃၀ထိုအခါ ယေရှုသည် ရွာထဲသို့မဝင်သေး။ မာသခရီးဦးကြိုပြုသောအရပ်၌ ရှိတော်မူသတည်း။
31 A Judejci onda koji bijahu s njom u kuæi i tješahu je, kad vidješe Mariju da brzo usta i iziðe, poðoše za njom govoreæi da ide na grob da plaèe onamo.
၃၁ထိုကြောင့် နှစ်သိမ့်သောစကားကိုပြောလျက် မာရိနှင့်အတူအိမ်၌ရှိသော ယုဒလူတို့သည် မာရိအလျင် တဆောထ၍ထွက်သွားသည်ကိုမြင်ကြလျှင်၊ ငိုကြွေးခြင်းငှါ သင်္ချိုင်းသို့သွားပြီဟုဆို၍ သူ့နောက်သို့လိုက်ကြ၏။
32 A Marija kako doðe gdje bješe Isus, i vidje ga, pade na noge njegove govoreæi mu: Gospode! da si ti bio ovdje, ne bi umro moj brat.
၃၂မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်လျှင် ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ သခင်၊ ကိုယ်တော်ရှိတော်မူလျှင် ကျွန်မ၏ မောင်မသေပါဟုလျှောက်၏။
33 Onda Isus kad je vidje gdje plaèe, i gdje plaèu Judejci koji doðoše s njom, zgrozi se u duhu, i sam postade žalostan.
၃၃မာရိမှစ၍ လိုက်လာသောယုဒလူတို့သည် ငိုကြွေးသည်ကို ယေရှုသည်မြင်တော်မူသောအခါ၊ အလွန် ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍၊
34 I reèe: gdje ste ga metnuli? Rekoše mu: Gospode! hajde da vidiš.
၃၄အလောင်းကို အဘယ်မှာထားကြသနည်းဟုမေးတော်မူလျှင်၊ သခင်ကြွ၍ ကြည့်တော်မူပါဟု လျှောက် ကြ၏။
35 Udariše suze Isusu.
၃၅ယေရှုသည်မျက်ရည်ကျတော်မူ၏။
36 Onda Judejci govorahu: gledaj kako ga ljubljaše.
၃၆ယုဒလူတို့က၊ ကြည့်ပါ၊ လာဇရုကို အလွန်ချစ်တော်မူပါသည်တကားဟု ဆိုကြ၏။
37 A neki od njih rekoše: ne mogaše li ovaj koji otvori oèi slijepcu uèiniti da i ovaj ne umre?
၃၇အချို့တို့က၊ မျက်စိကန်းသောသူကို မြင်စေတော်မူသော ဤသခင်သည်၊ လာဇရုကို မသေစေခြင်းငှါ မတတ်နိုင်လောဟုဆိုကြ၏။
38 A Isus opet se zgrozi u sebi, i doðe na grob; a bijaše peæina, i kamen ležaše na njoj.
၃၈တဖန်ယေရှုသည် အလွန်ညှိုးငယ်သောစိတ်နှင့် သင်္ချိုင်းတွင်းသို့ရောက်တော်မူ၏။ ထိုတွင်းသည် မြေ တွင်းဖြစ်၏။ ကျောက်နှင့်ပိတ်ထား၏။
39 Isus reèe: uzmite kamen. Reèe mu Marta, sestra onoga što je umro: Gospode! veæ smrdi; jer su èetiri dana kako je umro.
၃၉ကျောက်ကိုရွှေ့ကြလော့ဟု ယေရှုသည်မိန့်တော်မူလျှင်၊ သေလွန်သောသူနှမ မာသက၊ သခင်၊ ယခု ဖြစ်လျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီဟုလျှောက်၏။
40 Isus joj reèe: ne rekoh li ti da ako vjeruješ vidjeæeš slavu Božiju?
၄၀ယေရှုကလည်း၊ သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို မြင်ရလိမ့်မည်၊ ငါပြောပြီ မဟုတ်လောဟု မိန့်တော်မူ၏။
41 Uzeše dakle kamen gdje ležaše mrtvac; a Isus podiže oèi gore, i reèe: oèe! hvala ti što si me uslišio.
၄၁ထိုအခါ သေလွန်သောသူ၏သင်္ချိုင်းမှကျောက်ကိုရွှေ့ကြ၏။ ယေရှုသည်လည်း အထက်သို့ကြည့်မျှော် လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကို နားထောင်တော်မူသောကြောင့် ကျေးဇူးတော်ကြီးလှပါ၏။
42 A ja znadoh da me svagda slušaš; nego rekoh naroda radi koji ovdje stoji, da vjeruju da si me ti poslao.
၄၂ကိုယ်တော်သည် အကျွန်ုပ်စကားကိုအစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော် လည်း ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသော ဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှါ သူတို့၏အကျိုးကိုထောက်၍ ဤသို့ အကျွန်ုပ်လျှောက်ပါ၏ဟု မိန့်မြွတ်တော်မူပြီးမှ၊
43 I ovo rekavši zovnu iza glasa: Lazare! iziði napolje.
၄၃လာဇရုထွက်၍လာလော့ဟု ကြီးစွာသောအသံနှင့် ဟစ်ခေါ်တော်မူ၏။
44 I iziðe mrtvac obavit platnom po rukama i po nogama, i lice njegovo ubrusom povezano. Isus im reèe: razdriješite ga i pustite nek ide.
၄၄ထိုအခါ သေလွန်သောသူသည် မိမိခြေလက်၌ပုဆိုးနံငယ်နှင့်ရစ်ပတ်လျက်၊ မျက်နှာကိုလည်း ပုဝါနှင့် စည်းလျက်ထွက်လာ၏။ ယေရှုကလည်း၊ သူ့ကိုဖြည်၍ လွှတ်ကြေလော့ဟု မိန့်တော်မူ၏။
45 Onda mnogi od Judejaca koji bijahu došli k Mariji i vidješe šta uèini Isus, vjerovaše ga.
၄၅ထိုအခါ မာရိဆီသို့လာသော ယုဒလူအများတို့သည် ယေရှုပြုတော်မူသောအမှုကိုမြင်လျှင်၊ ကိုယ်တော် ကို ယုံကြည်ကြ၏။
46 A neki od njih otidoše k farisejima i kazaše im šta uèini Isus.
၄၆အချို့မူကား၊ ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအမှုကို ကြားပြောကြ၏။
47 Onda glavari sveštenièki i fariseji sabraše skupštinu, i govorahu: šta æemo èiniti? Èovjek ovaj èini mnoga èudesa.
၄၇ထိုအခါ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ဖာရိရှဲများသည်လွှတ်အရာရှိတို့ကို စည်းဝေးစေပြီးလျှင်၊ ငါတို့ သည် အဘယ်သို့ပြုလျက်နေကြသနည်း။ ထိုသူသည်များစွာသော နိမိတ်လက္ခဏာကိုပြ၏။
48 Ako ga ostavimo tako, svi æe ga vjerovati; pa æe doæi Rimljani i uzeti nam zemlju i narod.
၄၈သူ့ကိုဤသို့စေလွတ်ထားလျှင် လူခပ်သိမ်းတို့သည် ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်း လာ၍ ငါတို့အရပ်ဌာနကို၎င်း၊ ငါတို့အမျိုးကို၎င်း သုတ်သင်ပယ်ရှင်းကြလိမ့်မည်ဟု ပြောဆိုကြ၏။
49 A jedan od njih, po imenu Kajafa, koji one godine bješe poglavar sveštenièki, reèe im: vi ne znate ništa;
၄၉ထိုသူတို့အဝင်။ ထိုနှစ်တွင် ယဇ်ပုရာဟိတ်မင်းဖြစ်သော ကယာဖအမည်ရှိသောသူက၊ သင်တို့အလျှင်း မသိကြ။
50 I ne mislite da je nama bolje da jedan èovjek umre za narod, negoli da narod sav propadne.
၅၀ယုဒလူမျိုးအကုန်အစင်ပျက်စီးသည်ထက်၊ လူတယောက်သည် လူများတို့အတွက် သေသော်သာ၍ ကောင်းသည်ကို သင်တို့သည် မဆင်ခြင်ပါတကားဟုပြောဆို၏။
51 A ovo ne reèe sam od sebe, nego, buduæi poglavar sveštenièki one godine, proreèe da Isusu valja umrijeti za narod;
၅၁ထိုစကားကို ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။ ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်လျက်၊ ယေရှုသည် ထိုအမျိုးအတွက် သေရမည်ဟူ၍၎င်း၊
52 I ne samo za narod, nego da i rasijanu djecu Božiju skupi ujedno.
၅၂ထိုအမျိုးအတွက်သာမက အရပ်ရပ်တို့၌ ကွဲပြားလျက်ရှိသော ဘုရားသခင်၏သားများကို အတူစုဝေး စေခြင်းငှါ သေရမည်ဟူ၍၎င်း၊ ပရောဖက်ဥာဏ်နှင့်ဟောပြော၏။
53 Od toga dakle dana dogovoriše se da ga ubiju.
၅၃ထိုနေ့မှစ၍ ကိုယ်တော်၏အသက်ကိုသတ်ခြင်းငှါ တိုင်ပင်ကြံစည်ကြ၏။
54 A Isus više ne hoðaše javno po Judejcima, nego odande otide u kraj blizu pustinje u grad po imenu Jefrem, i ondje hoðaše s uèenicima svojima.
၅၄ထိုကြောင့်၊ ယေရှုသည် နောက်တဖန်ယုဒလူတို့တွင် ထင်ရှားစွာ မလှည့်လည်ဘဲ၊ ထိုအရပ်မှထွက်၍ တောနှင့်အနီး ဧဖရိမ်အမည်ရှိသောမြို့သို့ကြွ၍ တပည့်တော်တို့နှင့်အတူ နေတော်မူ၏။
55 A bješe blizu pasha Jevrejska, i mnogi iz onoga kraja doðoše u Jerusalim prije pashe da se oèiste.
၅၅ယုဒပသခါပွဲခံခါနီးတွင် လူများတို့သည်မိမိတို့ကိုသန့်ရှင်းစေခြင်းငှါ ပွဲမခံမှီအရပ်ရပ်တို့မှ ယေရုရှလင် မြို့သို့ လာကြ၏။
56 Tada tražahu Isusa, i stojeæi u crkvi govorahu meðu sobom: šta mislite vi zašto ne dolazi na praznik?
၅၆ထိုသူတို့သည် ယေရှုကိုရှာဖွေ၍၊ အချင်းတို့ အဘယ်သို့ထင်ကြသနည်း။ သူသည်ပွဲသို့မလာသလောဟု ဗိမာန်တော်၌ရပ်လျက် အချင်းချင်းမေးမြန်းကြ၏။
57 A glavari sveštenièki i fariseji izdaše zapovijest ako ga ko opazi gdje je, da javi da ga uhvate.
၅၇ထိုအခါအဘယ်သူသည် ယေရှုရှိရာအရပ်သို့ သူ့ကိုဘမ်းဆီးစေခြင်းငှါ ပြညွှန်ရမည်ဟု ယဇ်ပုရာဟိတ် အကြီးတို့နှင့် ဖာရိရှဲတို့သည်မှာခဲ့ကြပြီ။

< Jovanu 11 >