< Jovanu 10 >

1 Zaista, zaista vam kažem: ko ne ulazi na vrata u tor ovèij nego prelazi na drugom mjestu on je lupež i hajduk;
ငါအမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့တံခါးစဖြင့်မဝင် အခြားလမ်းဖြင့်ကျော်ဝင်သောသူသည် သူခိုး ထားပြဖြစ်၏။
2 A koji ulazi na vrata jest pastir ovcama:
သိုးထိန်းမူကား၊ တံခါးဝဖြင့်ဝင်တတ်၏။
3 Njemu vratar otvora, i ovce glas njegov slušaju, i svoje ovce zove po imenu, i izgoni ih;
ထိုးသူအားတံခါးစောင့်လည်းဖွင့်တတ်၏။ သူ၏စကားသံကိုသိုးတို့သည် နားထောင်တတ်ကြ၏။ သူ သည် မိမိသိုးတို့ကို နာမည်ဖြင့်ခေါ်၍ ပြင်သို့ ထုတ်ဆောင်တတ်၏။
4 I kad svoje ovce istjera, ide pred njima, i ovce idu za njim, jer poznaju glas njegov.
သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။
5 A za tuðinom neæe da idu, nego bježe od njega, jer ne poznaju glasa tuðega.
မဆိုင်သောသူတို့၏စကားသံကို မကျွမ်းသောကြောင့်၊ မဆိုင်သောသူနောက်သို့မလိုက်ဘဲ ပြေးတတ် ကြသည်ဟု မိန့်တော်မူ၏။
6 Ovu prièu kaza im Isus, ali oni ne razumješe šta to bijaše što im kaza.
ထိုဥပမာပုံကို ယေရှုဟောတော်မူသည်တွင်၊ ပရိသတ်တို့သည် မိန့်တော်မူသောစကားတော်၏ အနက် အဓိပ္ပါယ်ကိုနားမလည်ကြ။
7 Tada im reèe Isus opet: zaista, zaista vam kažem: ja sam vrata k ovcama.
ထိုကြောင့် တဖန်ယေရှုက၊ ငါအမှန်အကန်ဆိုသည်ကား၊ ငါသည် သိုးဝင်သောတံခါးဝဖြစ်၏။
8 Svi koliko ih god doðe prije mene lupeži su i hajduci; ali ih ovce ne poslušaše.
ငါရှေ့၌ ပေါ်လာသောသူရှိသမျှတို့သည် သူခိုးထားပြဖြစ်ကြ၏။ ထိုသူတို့၏စကားသံကို သိုးတို့သည် နားမထောင်ကြ။
9 Ja sam vrata; ko uðe kroza me spašæe se, i uæi æe i iziæi æe, i pašu æe naæi.
ငါသည်တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးနှင့်ကင်းလွှတ်လျက်ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။
10 Lupež ne dolazi ni za što drugo nego da ukrade i ubije i pogubi; ja doðoh da imaju život i izobilje.
၁၀သူခိုးသည်ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှါသာ လာတတ်၏။ ငါမူကား၊ သိုးတို့သည် သက်လွတ်ရုံ မျှမက အထူးသဖြင့်အသက်နှင့် ပြည့်စုံစေခြင်းငှါ လာသတည်း။
11 Ja sam pastir dobri; pastir dobri dušu svoju polaže za ovce,
၁၁ငါသည် ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘို့အလိုငှါ မိမိ အသက်ကို စွန့်တတ်၏။
12 A najamnik, koji nije pastir, kome nijesu ovce svoje, vidi vuka gdje ide, i ostavlja ovce, i bježi: i vuk razgrabi ovce i raspudi ih;
၁၂သိုးများကိုပိုင်သောသိုးထိန်းမဟုတ်၊ သူငှါးဖြစ်သောသူမူကား၊ တောခွေးလာသည်ကိုမြင်လျှင်၊ သိုးတို့ကို ပြစ်ထား၍ ထွက်ပြေးတတ်၏။ တောခွေးသည်လည်း၊ သိုးတို့ကို လုယက်၍ကွဲလွင့်စေ၏။
13 A najamnik bježi, jer je najamnik i ne mari za ovce.
၁၃သူငှါးသည် သူငှါးဖြစ်၍ သိုးတို့၏အကျိုးကို မမှတ်သောကြောင့် ထွက်ပြေးတတ်၏။
14 Ja sam pastir dobri i znam svoje, i moje mene znaju.
၁၄ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်း တော်ကို သိုးသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
15 Kao što mene zna otac i ja znam oca; i dušu svoju polažem za ovce.
၁၅ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။
16 I druge ovce imam koje nijesu iz ovoga tora, i one mi valja dovesti; i èuæe glas moj, i biæe jedno stado i jedan pastir.
၁၆ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့ သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။
17 Zato me otac ljubi, jer ja dušu svoju polažem da je opet uzmem.
၁၇ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
18 Niko je ne otima od mene, nego je ja sam od sebe polažem. Vlast imam položiti je i vlast imam uzeti je opet. Ovu sam zapovijest primio od oca svojega.
၁၈ငါ့အသက်ကို အဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသော အခွင့်နှင့် နောက်တဖန်ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကိုခမည်းတော်သည် ပေး တော်မူပြီဟု မိန့်တော်မူ၏။
19 Tada opet postade raspra meðu Jevrejima za ove rijeèi.
၁၉ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။
20 Mnogi od njih govorahu: u njemu je ðavo, i poludio je; šta ga slušate?
၂၀လူများတို့က၊ သူသည်နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။
21 Drugi govorahu: ove rijeèi nijesu ludoga; zar može ðavo slijepima oèi otvorati?
၂၁အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူ တို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ၏။
22 A bijaše tada praznik obnovljenja u Jerusalimu, i bješe zima.
၂၂ဆောင်းကာလဖြစ်၍ အင်္ကနိပွဲကို ယေရုရှလင်မြို့၌ခံကြသောအခါ၊
23 I hodaše Isus u crkvi po trijemu Solomunovu.
၂၃ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊
24 A Jevreji ga opkoliše, i govorahu mu: dokle æeš muèiti duše naše? Ako si ti Hristos kaži nam slobodno.
၂၄ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည် နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟုဆိုကြ၏။
25 Isus im odgovori: ja vam kazah, pa ne vjerujete. Djela koja tvorim ja u ime oca svojega ona svjedoèe za me.
၂၅ယေရှုကလည်း၊ ငါပြောပြီ။ သင်တို့သည် မယုံကြ။ ငါ့ခမည်းတော်၏အခွင့်နှင့် ငါပြုသောအမှုတို့သည် ငါ၏သက်သေဖြစ်ကြ၏။
26 Ali vi ne vjerujete; jer nijeste od mojijeh ovaca, kao što vam kazah.
၂၆သို့သော်လည်း သင်တို့သည် မယုံကြ။ အဘယ်ကြောင့် မယုံသနည်းဟူမူကား၊ သင်တို့သည် ငါ့သိုးတို့ အဝင်မဟုတ်။ အထက်က ငါပြောသည်အတိုင်း၊
27 Ovce moje slušaju glas moj, i ja poznajem njih, i za mnom idu.
၂၇ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။
28 I ja æu im dati život vjeèni, i nikad neæe izginuti, i niko ih neæe oteti iz ruke moje. (aiōn g165, aiōnios g166)
၂၈ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ (aiōn g165, aiōnios g166)
29 Otac moj koji mi ih dade veæi je od sviju; i niko ih ne može oteti iz ruke oca mojega.
၂၉ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူ သည်ဖြစ်၍၊ အဘယ်သူမျှထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှမနှုတ်မယူနိုင်ရာ။
30 Ja i otac jedno smo.
၃၀ငါသည် ငါ့ခမည်းတော်နှင့်တလုံးတဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။
31 A Jevreji opet uzeše kamenje da ga ubiju.
၃၁ထိုအခါ ယုဒလူတို့သည် ကိုယ်တော်ကို ခဲနှင့်ပစ်ခြင်းငှါ တဖန်ကျောက်ခဲတို့ကို ကောက်ယူကြ၏။
32 Isus im odgovori: mnoga vam dobra djela javih od oca svojega; za koje od onijeh djela bacate kamenje na me?
၃၂ယေရှုကလည်း၊ ငါသည် ငါ့ခမည်းတော်၏အခွင့်နှင့် ကောင်းသောအမှုအများတို့ကို သင်တို့အားပြပြီ။ ထိုအမှုတို့တွင် အဘယ်မည်သောအမှုကြောင့် ငါ့ကို ခဲနှင့်ပစ်ကြမည်နည်းဟု မေးတော်မူလျှင်၊
33 Odgovoriše mu Jevreji govoreæi: za dobro djelo ne bacamo kamenja na te, nego za hulu na Boga, što ti, èovjek buduæi, gradiš se Bog.
၃၃ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့်ပစ်မည်မဟုတ်။ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင် ဖြစ်ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောစကားကြောင့် ခဲနှင့်ပစ်မည်ဟု ဆိုကြ၏။
34 Isus im odgovori: ne stoji li napisano u zakonu vašemu: ja rekoh: bogovi ste?
၃၄ယေရှုကလည်း၊ သင်တို့သည် ဘုရားဖြစ်ကြ၏၊ ငါဆိုသည်ဟု သင်တို့၏ ပညတ္တိကျမ်းစာ၌ လာသည် မဟုတ်လော။
35 Ako one nazva bogovima kojima rijeè Božija bi, i pismo se ne može pokvariti;
၃၅ဘုရားသခင်၏ဗျာဒိတ်တော်ကို ခံရသောသူတို့ကို ဘုရားဟူ၍ ခေါ်ရလျှင်၎င်း၊ ကျမ်းစကားကို မပယ်ရ လျှင်၎င်း၊
36 Kako vi govorite onome kojega otac posveti i posla na svijet: hulu na Boga govoriš, što rekoh: ja sam sin Božij?
၃၆ခမည်းတော်သည်သန့်ရှင်းစေ၍၊ ဤလောကသို့ စေလွှတ်တော်မူသောသူက၊ ငါသည်ဘုရားသခင်၏ သားတော်ဖြစ်သည်ဟုဆိုသောကြောင့်၊ သင်သည် ဘုရားသခင်ကို လွန်ကျူး၍ပြောသည်ဟု ထိုသူအား ဆိုရာ သလော။
37 Ako ne tvorim djela oca svojega ne vjerujte mi.
၃၇ငါသည် ငါ့ခမည်းတော်၏အမှုတို့ကို မပြုလျှင် ငါ့ကိုမယုံကြနှင့်။
38 Ako li tvorim, ako meni i ne vjerujete, djelima mojima vjerujte, da poznate i vjerujete da je otac u meni i ja u njemu.
၃၈ပြုလျှင်ငါ့ကိုမယုံသော်လည်း ထိုအမှုတို့ကို ယုံကြလော့။ ထိုသို့ ယုံလျှင် ခမည်းတော်သည် ငါ၌ ရှိတော်မူသည်ကို၎င်း၊ ငါသည်ခမည်းတော်၌ရှိသည်ကို၎င်း ယုံ၍ သိမှတ်ကြလိမ့်ဟု မိန့်တော်မူ၏။
39 Tada opet gledahu da ga uhvate; ali im se izmaèe iz ruku.
၃၉ထိုအခါ ကိုယ်တော်ကို ဘမ်းဆီးခြင်းငှါ တဖန် ရှာကြပြန်လျှင်၊ ထိုသူတို့၏လက်မှ ထွက်ကြွတော်မူ၏။
40 I otide opet preko Jordana na ono mjesto gdje Jovan prije kršæavaše; i osta ondje.
၄၀ယောဟန်သည် ဗတ္တိဇံကို ရှေးဦးစွာပေးရာအရပ်၊ ယော်ဒန်မြစ်တဘက်သို့ တဖန်ကြွ၍ ထိုအရပ်၌ နေတော်မူ၏။
41 I mnogi doðoše k njemu i govorahu: Jovan ne uèini nijednoga èuda, ali sve što kaza Jovan za ovoga istina bješe.
၄၁လူအများတို့သည် အထံတော်သို့ ရောက်လာလျှင်၊ ယောဟန်သည် နိမိတ်လက္ခဏာကိုမပြ။ သို့သော် လည်း ဤသူ၏အကြောင်းကို ယောဟန်ပြောသမျှ မှန်ပေ၏ဟု ဆိုကြသဖြင့်၊
42 I mnogi vjerovaše ga ondje.
၄၂ထိုအရပ်၌ လူများတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။

< Jovanu 10 >