< Jakovljeva 1 >

1 Od Jakova, Boga i Gospoda Isusa Hrista sluge, svima dvanaest koljena rasijanijem po svijetu pozdravlje.
ဘုရားသခင်နှင့်အရှင်ယေရှုခရစ်၏ကျွန် ငါယာကုပ်သည်၊ အရပ်ရပ်တို့၌ ကွဲပြားသော တဆယ် နှစ်ပါးသောအမျိုးတို့ကို မေတ္တာနှင့် ကြားလိုက်ပါ၏။
2 Svaku radost imajte, braæo moja, kad padate u razliène napasti,
ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေ တတ်သည်ဟုသိမှတ်လျက်၊ အထူးထူးအပြားပြားစုံစမ်းနှောင့်ရှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊
3 Znajuæi da kušanje vaše vjere gradi trpljenje;
ဝမ်းမြောက်စရာ အကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။
4 A trpljenje neka djelo dovršuje, da budete savršeni i cijeli bez ikake mane.
သင်တို့သည်အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း၊ သည်းခံခြင်းစိတ်သည် အကုန်အစင်ပြု ပြင်ပါစေ။
5 Ako li kome od vas nedostaje premudrosti, neka ište u Boga koji daje svakome bez razlike i ne kori nikoga, i daæe mu se;
သင်တို့တွင် တစုံတယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသော သူတို့အား စေတနာစိတ်နှင့်ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ၊ တောင်းလျှင် ရလိမ့်မည်။
6 Ali neka ište s vjerom, ne sumnjajuæi ništa; jer koji se sumnja on je kao morski valovi, koje vjetrovi podižu i razmeæu.
သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ်နှင့်တောင်းရမည်။ တွေးတောခြင်းရှိသော သူသည် ကား၊ လေခတ်၍လှုပ်ရှားတတ်သော လှိုင်းတံပိုးနှင့်တူ၏။
7 Jer takovi èovjek neka ne misli da æe primiti što od Boga.
ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊
8 Koji dvoumi nepostojan je u svima putovima svojijem.
ထာဝရ ဘုရား၏ လက်တော်မှတစုံတခုကို ရမည်ဟုမထင်မမှတ်စေနှင့်။
9 A poniženi brat neka se hvali visinom svojom;
အောက်လျှိုးနှိမ့်ချသော ညီအစ်ကိုသည် မိမိချီးမြှောက်ခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။
10 A bogati svojom poniznošæu; jer æe proæi kao cvijet travni.
၁၀ငွေရတတ်သော ညီအစ်ကိုသည် မိမိနှိမ့်ချဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူ ကား၊ သူသည်မြက်ပွင့်ကဲ့သို့ ဖေါက်ပြန်ခြင်းသဘောရှိ၏။
11 Jer sunce ogrija s vruæinom, i osuši travu, i cvijet njezin otpade, i krasota lica njezina pogibe; tako æe i bogati u hoðenju svojemu uvenuti.
၁၁နေသည်ပူသော အရှိန်နှင့်ထွက်သောအခါ၊ မြက်ပင်သည် သွေ့ခြောက်ခြင်းသို့ရောက်၍ အပွင့်လည်း ကြွေတတ်၏။ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်၏။ ထိုနည်းတူ၊ ငွေရတတ်သော သူသည် မိမိအမှုအရာတို့၌ ညှိုးနွမ်းပျောက်ပျက်ခြင်းသို့ရောက်တတ်၏။
12 Blago èovjeku koji pretrpi napast; jer kad bude kušan primiæe vijenac života, koji Bog obreèe onima koji ga ljube.
၁၂စုံစမ်းနှောင့်ရှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ သခင်ဘုရားကို ချစ်သော သူတို့အား ဂတိထားတော်မူသောအသက်သရဖူကို ရလိမ့်မည်။
13 Nijedan kad se kuša da ne govori: Bog me kuša; jer se Bog ne može zlom iskušati, i on ne kuša nikoga;
၁၃အပြစ်သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူ သည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကိုမသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့ သွေးဆောင်တော်မမူ။
14 Nego svakoga kuša njegova slast, koja ga vuèe i mami.
၁၄မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား၊ အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။
15 Tada zatrudnjevši slast raða grijeh; a grijeh uèinjen raða smrt.
၁၅တပ်မက်သောစိတ်သည် ပဋိသန္ဓေ ယူ၍ဒုစရိုက်သည်လည်း ပြည့်စုံလျှင်သေခြင်းကို ဘွားတတ်၏။
16 Ne varajte se, ljubazna braæo moja!
၁၆ငါချစ်သောညီအစ်ကိုတို့၊ အလွဲမယူကြနှင့်။ ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။
17 Svaki dobri dar i svaki poklon savršeni odozgo je, dolazi od oca svjetlosti, u kojega nema promjenjivanja ni mijenjanja vidjela i mraka;
၁၇ထိုအဘသည် ရွေ့ လျော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏။
18 Jer nas dragovoljno porodi rijeèju istine, da budemo novina od njegova stvorenja.
၁၈နိမ္ဗိတသတ္တဝါတို့တွင် ငါတို့သည် အဦးသီးသောအသီးကဲ့သို့ ဖြစ်စေခြင်းငှါ၊ သမ္မာတရားစကားအားဖြင့် မိမိအလိုတော်အတိုင်း ငါတို့ကို ဖြစ်ဘွားစေတော်မူ၏။
19 Zato, ljubazna braæo moja, neka bude svaki èovjek brz èuti a spor govoriti i spor srditi se;
၁၉သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကား ပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
20 Jer srdnja èovjeèija ne èini pravde Božije.
၂၀လူ၏ဒေါသအမျက်သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားကို မပြုစုတတ်။
21 Zato odbacite svaku neèistotu i suvišak zlobe, i s krotošæu primite usaðenu rijeè koja može spasti duše vaše.
၂၁ထိုကြောင့်၊ ခပ်သိမ်းသောညစ်ညူးခြင်း၊ မနာလိုသောစိတ် လွန်ကျူးခြင်းကို ပယ်ရှား၍၊ သင်တို့စိတ် ဝိညာဉ်ကို ကယ်တင်နိုင်သော၊ အထဲ၌ စိုက်ပျိုးသောနှုတ်ကပတ်တရားကို နှုးညံ့သိမ်မွေ့သော စိတ်နှင့် ခံယူကြ လော့။
22 Budite pak tvorci rijeèi, a ne samo slušaèi, varajuæi sami sebe.
၂၂ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့။
23 Jer ako ko sluša rijeè a ne tvori, on je kao èovjek koji gleda lice tijela svojega u ogledalu;
၂၃တရားကိုမကျင့်ဘဲနာရုံမျှသာ ပြုသောသူမည်သည်ကား၊ မှန်၌ မိမိပကတိမျက်နှာကို ကြည့်သော သူနှင့်တူ၏။
24 Jer se ogleda pa otide, i odmah zaboravi kakav bješe.
၂၄အကြောင်းမူကား၊ ကိုယ်ကိုကိုယ်ကြည့်ပြီးမှ၊ အခြားသို့သွား၍ မိမိအဆင်းသဏ္ဌာန်ကို ချက်ခြင်း မေ့လျော့တတ်၏။
25 Ali koji providi u savršeni zakon slobode i ostane u njemu, i ne bude zaboravni slušaè, nego tvorac djela, onaj æe biti blažen u djelu svojemu.
၂၅လွှတ်ခြင်းနှင့် စပ်ဆိုင်၍စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူမဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူဖြစ်၏။
26 Ako koji od vas misli da vjeruje, i ne zauzdava jezika svojega, nego vara srce svoje, njegova je vjera uzalud.
၂၆သင်တို့တွင် အကြင်သူသည် သီလဆောက်တည် ဟန်ပြုသော်လည်း၊ မိမိနှုတ်ကို မချုပ်တည်း၊ မိမိနှလုံးကို လှည့်ဖြား၏။ ထိုသူ၏ သီလသည် အချည်းနှီးသက်သက်ဖြစ်၏။
27 Jer vjera èista i bez mane pred Bogom i ocem jest ova: obilaziti sirote i udovice u njihovijem nevoljama, i držati sebe neopoganjena od svijeta.
၂၇ခမည်းတော်ဘုရားသခင့်ရှေ့၌ စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသောသူငယ်တို့နှင့် မုတ်ဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကို ကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီအညစ်အကြေးနှင့် ကင်းစင်အံ့သောငှါ စောင့်ရှောက်ခြင်းပေတည်း။

< Jakovljeva 1 >