< Jakovljeva 2 >

1 Braæo moja! u vjeri Gospoda našega slavnoga Isusa Hrista ne gledajte ko je ko;
ငါ့ညီအစ်ကိုတို့၊ ဘုန်းကြီးတော်မူသော ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းအမှုမှာ၊ လူမျက်နှာကို ထောက်ခြင်းမရှိကြနှင့်။
2 Jer ako doðe u crkvu vašu èovjek sa zlatnijem prstenom i u svijetloj haljini, a doðe i siromah u rðavoj haljini,
ရွှေလက်စွပ်နှင့်တင့်တယ်သော အဝတ်ကို ဝတ်ဆင်သောသူ၊ ညစ်သောအဝတ်ကိုဝတ်၍ ဆင်းရဲသော သူနှစ်ဦးသည် သင်တို့၏ တရားစရပ်ထဲသို့ ဝင်သောအခါ၊
3 I pogledate na onoga u svijetloj haljini, i reèete mu: ti sjedi ovdje lijepo, a siromahu reèete: ti stani tamo, ili sjedi ovdje niže podnožja mojega;
တင့်တယ်သောအဝတ်ကို ဝတ်ဆင်သောသူကိုကြည့်၍၊ ကောင်းမွန်သော ဤအရပ်မှာထိုင်ပါဟူ၍၎င်း၊ ဆင်းရဲသောသူကို၊ ဟိုမှာနေလော့၊ သို့မဟုတ်ဤအရပ်မှာ ငါ့ခြေတင်ခုံအောက်၌ ထိုင်လော့ဟူ၍၎င်း၊ သင်တို့သည် ပြောဆိုလျှင်၊
4 I ne rasudiste u sebi, nego biste sudije zlijeh pomisli.
တဘက်၌ငဲ့ကွက်သောစိတ်ရှိ၍ မကောင်းသောအကြံအစည်နှင့် စီရင်သောသူ ဖြစ်ကြသည်မဟုတ် လော။
5 Èujte, ljubazna braæo moja, ne izabra li Bog siromahe ovoga svijeta da budu bogati vjerom, i našljednici carstva koje obreèe onima koji njega ljube?
ငါချစ်သောညီအစ်ကိုတို့၊ နားထောင်ကြလော့။ လောကတွင် ဆင်းရဲသောသူတို့သည် ယုံကြည်ခြင်း ရတနာကို ရတတ်စေခြင်းငှါ၎င်း၊ ဘုရားသခင်ကို ချစ်သောသူတို့အား ပေးမည်ဟုဝန်ခံတော်မူသော နိုင်ငံ တော်၏အမွေခံဖြစ်စေခြင်းငှါ၎င်း၊ ထိုသူတို့ကို ရွေးကောက်တော်မူသည် မဟုတ်လော။
6 A vi osramotiste siromaha. Nijesu li to bogati koji vas muèe i vuku vas na sudove?
သင်တို့သည် ဆင်းရဲသောသူကို မထီမဲ့မြင်ပြုကြသည်တကား။ ငွေရတတ်သော သူတို့သည် သင်တို့ကို ညှဉ်းဆဲနှိပ်စက်ကြသည်မဟုတ်လော။ တရားပလ္လင် ရှေ့သို့ ဆွဲငင်ကြသည်မဟုတ်လော။
7 Ne hule li oni na dobro ime vaše kojijem ste se nazvali?
သင်တို့ကို သမုတ်သော နာမတော်မြတ်ကို သူတို့သည်ကဲ့ရဲ့ကြသည်မဟုတ်လော။
8 Ako dakle zakon carski izvršujete po pismu: ljubi bližnjega kao samoga sebe, dobro èinite;
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာ၌ပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင်၊ ကောင်းသောအကျင့်ကို ကျင့်ရာသို့ရောက်ကြ၏။
9 Ako li gledate ko je ko, grijeh èinite, i biæete pokarani od zakona kao prestupnici;
သို့မဟုတ်လူမျက်နှာကိုထောက်လျှင်၊ ဒုစရိုက်ကို ပြုသောသူဖြစ်ကြ၏။ တရားကို လွန်ကျူးသောသူဟု ပညတ်တော်အားဖြင့် ထင်ရှားစွာဖြစ်ကြ၏။
10 Jer koji sav zakon održi a sagriješi u jednome, kriv je za sve.
၁၀အဘယ်သို့နည်းဟူမူကား၊ ပညတ်တရားအလုံးစုံကို စောင့်ရှောက်သည်တွင် တစုံတခု၌မှားမိလျှင်၊ ပညတ်တရားကို လွန်ကျူးသောအပြစ်ရှိ၏။
11 Jer onaj koji je rekao: ne èini preljube, rekao je i: ne ubij. Ako dakle ne uèiniš preljube a ubiješ, postao si prestupnik zakona.
၁၁သူ့မယားကိုမပြစ်မှားနှင့်ဟု ပညတ်တော်မူသောသူက၊ လူအသက်ကို မသတ်နှင့်ဟု ပညတ်တော်မူ သေး၏။ သို့ဖြစ်၍ သင်သည်သူ့မယားကိုမပြစ်မှားဘဲနေသော်လည်း၊ သူအသက်ကိုသတ်လျှင်၊ ပညတ်တရားကို လွန်ကျူးသောသူဖြစ်၏။
12 Tako govorite i tako tvorite kao oni koji æe zakonom slobode biti suðeni;
၁၂လွှတ်ခြင်းတရားအတိုင်း စီရင်ခြင်းကို ခံရလတံ့သောသူကဲ့သို့၊ စကားပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။
13 Jer æe onome biti sud bez milosti koji ne èini milosti; i hvali se milost na sudu.
၁၃ကရုဏာမရှိသောသူသည်၊ ကရုဏာကိုမရဘဲ၊ တရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွားတတ်၏။
14 Kakva je korist, braæo moja, ako ko reèe da ima vjeru a djela nema? Zar ga može vjera spasti?
၁၄ငါ့ညီအစ်ကိုတို့၊ တစုံတယောက်သောသူက၊ ငါသည်ယုံကြည်ခြင်းရှိ၏ဟုပြောလျက်၊ အကျင့်ကို မကျင့် ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။
15 Ako, na priliku, brat ili sestra goli budu, ili nemaju šta da jedu,
၁၅ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်းစားရသောအစာမရှိသောအခါ၊
16 I reèe im koji od vas: idite s mirom, grijte se, i nasitite se, a ne da im potrebe tjelesne, šta pomaže?
၁၆သင်တို့တွင် တစုံတယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။
17 Tako i vjera ako nema djela, mrtva je po sebi.
၁၇ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တပါးတည်းရှိသောကြောင့် အသေဖြစ်၏။
18 No može ko reæi: ti imaš vjeru, a ja imam djela. Pokaži mi vjeru svoju bez djela svojijeh, a ja æu tebi pokazati vjeru svoju iz djela svojijeh.
၁၈တနည်းကား၊ သင်သည်ယုံကြည်ခြင်းရှိ၏။ ငါသည်အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟုပြောစရာရှိ၏။
19 Ti vjeruješ da je jedan Bog; dobro èiniš; i ðavoli vjeruju, i drkæu.
၁၉ဘုရားသခင်တဆူတည်းရှိသည်ဟု သင်သည်ယုံ၏။ ကောင်းပေ၏။ နတ်ဆိုးတို့သည် ယုံ၍ ကြောက်ရွံ့ တုန်လှုပ်ကြ၏။
20 Ali hoæeš li razumjeti, o èovjeèe sujetni! da je vjera bez djela mrtva?
၂၀လျှပ်ပေါ်သောလူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေဖြစ်သည်ကို သိချင်သလော။
21 Avraam otac naš ne opravda li se djelima kad prinese Isaka sina svojega na oltar?
၂၁ငါတို့အဘအာဗြဟံသည်၊ မိမိသားဣဇာက်ကို ယဇ်ပလ္လင်ပေါ်မှာတင်လှူပူဇော်သောအခါ၊ အကျင့်အား ဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။
22 Vidiš li da vjera pomože djelima njegovijem, i kroz djela savrši se vjera?
၂၂ယုံကြည်ခြင်းသည် အကျင့်နှင့်အတူပြုပြင်၍၊ အကျင့်အားဖြင့် စုံလင်သည်ကိုသိမြင်ရ၏။
23 I izvrši se pismo koje govori: Avraam vjerova Bogu, i primi mu se u pravdu, i prijatelj Božij nazva se.
၂၃အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏ဟူသော ကျမ်းစကားပြည့်စုံလေ၏။ အာဗြဟံသည်လည်း၊ ဘုရားသခင်၏အဆွေဟူ၍ ခေါ် ဝေါ်ခြင်းကိုခံရ၏။
24 Vidite li dakle da se djelima pravda èovjek, a ne samom vjerom?
၂၄လူသည်ယုံကြည်ခြင်းအားဖြင့်သာ ဖြောင့်မတ်ရာသို့ရောက်သည်မဟုတ်။ အကျင့်အားဖြင့် ရောက် သည်ကို သင်တို့သိမြင်ရကြ၏။
25 A tako i Raav kurva ne opravda li se djelima kad primi uhode, i izvede ih drugijem putem?
၂၅ထိုနည်းတူ၊ ပြည်တန်ဆာရာခပ်သည်၊ တမန်တို့ကိုလက်ခံပြီးမှ အခြားသောလမ်းဖြင့် လွှတ်လိုက်၍၊ အကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်သည်မဟုတ်လော။
26 Jer kao što je tijelo bez duha mrtvo, tako je i vjera bez dobrijeh djela mrtva.
၂၆ဝိညာဉ်နှင့်ကင်းသောကိုယ်သည် အသေဖြစ်သကဲ့သို့၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် အသေ ဖြစ်၏။

< Jakovljeva 2 >