< Dela apostolska 17 >

1 Prošavši pak Amfipolj i Apoloniju doðoše u Solun, gdje bješe zbornica Jevrejska.
ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကို ရှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားစရပ်ရှိ၏။
2 I Pavle po obièaju svome uðe k njima, i tri subote razgovara se s njima iz pisma,
ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ ဝင်၍၊ ဥပုသ် နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊
3 Pokazujuæi i dokazujuæi im da je trebalo Hristos da postrada i vaskrsne iz mrtvijeh, i da ovaj Isus kojega ja, reèe, propovijedam vama, jest Hristos.
ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။
4 I neki od njih vjerovaše, i pristaše s Pavlom i sa Silom, i od pobožnijeh Grka mnoštvo veliko, i od žena gospodskijeh ne malo.
ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဘော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။
5 Ali tvrdovrati Jevreji zaviðahu, i uzevši neke zle ljude od prostoga naroda, i sabravši èetu, uzbuniše po gradu, i napadoše na kuæu Jasonovu, i tražahu ih da izvedu pred narod.
ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကို ခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှါရှာကြ၏။
6 A kad njih ne naðoše, povukoše Jasona i neke od braæe pred starješine gradske vièuæi: ovi što zamutiše vasioni svijet doðoše i ovdje,
မတွေ့လျှင်၊ ယာသုန်နှင့်ညီအစ်ကိုအချို့တို့ကို မင်းအရာရှိ တို့ထံသို့ဆွဲငင်၍၊ လောကီနိုင်ငံကို မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါပြီ။
7 Koje Jason primi; i ovi svi rade protiv æesarevijeh zapovijesti, govoreæi da ima drugi car, Isus.
ယာသုန်သည်လည်း သူတို့ကို လက်ခံပါပြီ။ ထို သူအပေါင်းတို့သည် ကဲသာဘုရင်၏ အမိန့်တော်ကို ဆန့်ကျင်ဘက်ပြု၍၊ ယေရှုအမည် ရှိသော ရှင်ဘုရင်တပါး ရှိသည်ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက်၊
8 I smutiše narod i starješine gradske koji ovo èuše.
မင်းအရာရှိမှစ၍ စုဝေးသောသူတို့၏ စိတ်ကို ထိုသို့သော စကားအားဖြင့် နှောင့်ရှက်ကြ၏။
9 Ali kad ih Jason i ostali zadovoljiše odgovorom, pustiše ih.
ထိုအခါ ယာသုန်မှစ၍ ကြွင်းသောသူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက်ကြ၏။
10 A braæa odmah noæu opraviše Pavla i Silu u Veriju. Došavši onamo uðoše u zbornicu Jevrejsku.
၁၀ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့်သိလကို ဗေရိမြို့သို့ ချက်ခြင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားစရပ်သို့ ဝင်ကြ၏။
11 Ovi pak bijahu plemenitiji od onijeh što žive u Solunu; oni primiše rijeè sa svijem srcem, i svaki dan istraživahu po pismu je li to tako.
၁၁ဗေရိမြို့သားတို့သည် သက်သာ လောနိတ်မြို့ သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကိုခံယူ၍ မှန်သည်မမှန်သည်ကိုသိခြင်းငှါ၊ ကျမ်းစာကိုနေ့တိုင်း အစဉ်စေ့စေ့ကြည့်ရှုကြ၏။
12 Tako vjerovaše mnogi od njih, i od poštenijeh Grèkijeh žena i od ljudi ne malo.
၁၂ထိုကြောင့်၊ ယုဒလူအများတို့သည် ယုံကြည်ခြင်းသို့ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသမိန်းမ တို့နှင့် ယောက်ျားအများတို့သည် လည်း ယုံကြည်ကြ၏။
13 A kad razabraše Jevreji Solunski da Pavle u Veriji propovjedi rijeè Božiju, doðoše i onamo te uzdigoše i pobuniše narod.
၁၃ပေါလုသည် ဗေရိမြို့၌ ဘုရားသခင်၏ နှုတ်က ပတ်တရားတော်ကိုဟောပြောသည်ကို၊ သက်သာလော နိတ်မြို့သားဖြစ်သော ယုဒလူ တို့သည် ကြားသိရလျှင်၊ ဗေရိမြို့သို့လာပြန်၍ လူများတို့ကို တိုက်တွန်း နှိုးဆော် ကြ၏။
14 A braæa onda odmah opraviše Pavla da ide u primorje; a Sila i Timotije ostaše ondje.
၁၄ထိုအခါ ညီအစ်ကိုတို့သည် ပေါလုကို ပင်လယ်လမ်းဖြင့် သွားစေခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ်ကြ၏။
15 A pratioci dovedoše Pavla do Atine; i primivši zapovijest na Silu i Timotija da doðu k njemu što brže, vratiše se.
၁၅ပေါလုကိုပို့သောသူတို့သည် အာသင်မြို့ တိုင်အောင် ပို့ဆောင်ပြီးမှ၊ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ ၍ပြန်ကြ၏။
16 A kad ih Pavle èekaše u Atini, razdraži se duh njegov u njemu gledajuæi grad pun idola;
၁၆ပေါလုသည်အာသင်မြို့၌ သိလနှင့် တိမောသေ တို့ကို ငံ့လင့်၍ နေစဉ်တွင်၊ ထိုမြို့သည် ရုပ်တုတို့နှင့် အပြည့်ရှိသည်ကိုမြင်လျှင် စိတ်ပူ ပန်ခြင်းသို့ရောက်၏။
17 I prepiraše se s Jevrejima i bogobojaznima u zbornici, i na pazaru svaki dan s onima s kojima se udešavaše.
၁၇ထိုကြောင့် တရားစရပ်၌ ယုဒလူမှစ၍ ဘုရား ကို ကိုးကွယ်သော သူတို့နှင့်၎င်း၊ လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသော သူတို့နှင့်၎င်း ဆွေးနွေး နှီးနှောခြင်းကိုပြု၏။
18 A neki od Epikurovaca i od Stojièkijeh mudaraca prepirahu se s njim; i jedni govorahu: šta hoæe ovaj besposlica? A drugi: vidi se kao da hoæe nove bogove da propovijeda. Jer im propovijedaše jevanðelje o Isusu i o vaskrseniju.
၁၈ထိုအခါ ဧပိကုရုတပည့်တို့နှင့် သတောအိတ် ပညာရှိအချို့တို့ သည် ပေါလုနှင့် ဆိုင်ပြိုင်၍၊ အချို့က၊ ဤမရေရသောလူသည် အဘယ်သိုပပြောချင်သနည်းဟု ဆို၏။ အချို့ကလည်း၊ ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို့၏ အကြောင်းကို ဟောပြောသောသူ ဖြစ်ဟန်ရှိသည်ဟုဆို၏။ ဆိုသည်အကြောင်းကား၊ ပေါလုသည် ယေရှု၏ တရားနှင့်ထမြောက်ခြင်း တရားတည်းဟူသော ဧဝံဂေလိတရားကို ဟောသတည်း။
19 Pa ga uzeše i odvedoše na Areopag govoreæi: možemo li razumjeti kakva je ta nova nauka što ti kazuješ?
၁၉ထိုအခါ၊ ထိုသူတို့သည် ပေါလုကိုခေါ်၍ အာရေတောင်သို့ ဆောင်သွားပြီးလျှင်၊ သင်သည် ဟော ပြောသော ဤအယူဝါဒသစ်ကို ငါတို့ သိအပ်သလော။
20 Jer nešto novo meæeš u naše uši; hoæemo dakle da vidimo šta æe to biti.
၂၀ငါတို့မသိမကျွမ်းဘူးသောအရာတို့ကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို့ ဆိုလိုသည် ကို ငါတို့သိချင်ပါသည်ဟု ဆိုကြ၏။
21 A Atinjani svi i putnici iz drugijeh zemalja ne bijahu ni za što drugo nego da što novo kazuju ili slušaju.
၂၁အာသင်မြို့သူမြို့သားအပေါင်းတို့နှင့် ဧည့်သည် များ တို့သည် သိတင်းစကားကိုကြားပြောခြင်း၊ နား ထောင်ခြင်း အမှုမှတပါး အခြားသော အမှုဖြင့်ကာလကို မလွန်စေတတ်ကြ။
22 A Pavle stavši nasred Areopaga reèe: ljudi Atinjani! po svemu vas vidim da ste vrlo pobožni;
၂၂ထိုအခါ ပေါလုသည် အာရေတောင်ပေါ်၌ ရပ်လျက်၊ အချင်း အာသင်လူတို့၊ သင်တို့သည် ခပ်သိမ်း သော အရာတို့၌ နတ်ဘုရားတို့ကို အလွန်ရိုသေ တတ်ကြ သည်ကို ငါမြင်ပါ၏။
23 Jer prolazeæi i motreæi vaše svetinje naðoh i oltar na kome bješe napisano: Bogu nepoznatome. Kojega dakle ne znajuæi poštujete onoga vam ja propovijedam.
၂၃လမ်း၌သွား၍သင်တို့၏ ဘုရားများကို ကြည့်ရှု သည်တွင်၊ ငါတို့ မသိသော ဘုရားသခင်အဘို့ဟူ၍ အက္ခရာတင်သောယဇ်ပလ္လင်တခုကို တွေ့ပါ၏။ သင်တို့ သည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အကြောင်းကို ငါဟောပြော၏။
24 Bog koji je stvorio svijet i sve što je u njemu, on buduæi gospodar neba i zemlje, ne živi u rukotvorenijem crkvama,
၂၄လောကဓာတ်မှစ၍ လောကဓာတ်၌ ရှိလေသမျှ သောအရာတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင် သည်၊ ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍၊ လူတို့လက်ဖြင့် လုပ်သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။
25 Niti prima ugaðanja od ruku èovjeèijih, kao da bi onome trebalo što koji sam daje svima život i dihanje i sve.
၂၅ဘုရားသခင်သည် ခပ်သိမ်းသောသူတို့အား ဇိဝအသက်နှင့် တကွထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်း သောအရာတို့ကို ပေးတော်မူသောအရှင်ဖြစ်၍၊ တစုံ တခုကို အလိုတော်ရှိသကဲ့သို့ လူတို့လက်ဖြင့် ကျွေးမွေး ခြင်းကို ခံတော်မူသည်မဟုတ်။
26 I uèinio je da od jedne krvi sav rod èovjeèij živi po svemu licu zemaljskome, i postavio je naprijed odreðena vremena i meðe njihovoga življenja:
၂၆ဘုရားသခင်သည် မြေတပြင်လုံး၌ နေရသော လူအမျိုးမျိုးတို့ ကိုတသွေးတည်းနှင့် ဖန်ဆင်းတော်မူ၍၊ သူတို့အားခွဲဝေစီမံသောအချိန် ကာလကို၎င်း၊ သူတို့၏ နေရာအပိုင်းအခြားကို၎င်း မှတ်သားတော်မူ၏။
27 Da traže Gospoda, ne bi li ga barem opipali i našli, premda nije daleko ni od jednoga nas;
၂၇အကြောင်းမူကား၊ လူတို့သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်း တည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတို့တွင် အဘယ်သူနှင့်မျှဝေးတော်မူသည်မဟုတ်။
28 Jer kroz njega živimo, i mièemo se, i jesmo; kao što i neki od vašijeh pjevaèa rekoše: jer smo i rod njegov.
၂၈ငါတို့သည် ဘုရားသခင်အားဖြင့် အသက်ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသို့နှင့်အညီ၊ သင်တို့တွင် လင်္ကာဆရာအချို့တို့က၊ ငါတို့သည်ကား၊ နွှယ်တော်သားပင်၊ ဘုရားမျိုးပေ၊ ဖြစ်ကြလေဟု စပ်ဆိုသ တည်း။
29 Kad smo dakle rod Božij, ne treba da mislimo da je Božanstvo kao ikone zlatne ili srebrne ili kamene, koje su ljudi majstorski naèinili po smišljanju svome.
၂၉ထိုသို့ငါတို့သည် ဘုရားသခင်၏ အမျိုးအနွယ်ဖြစ်လျက်နှင့် လူတို့အတတ်အကြံအစည်အားဖြင့် ထုလုပ် သောရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ်အပ်။
30 Ne gledajuæi dakle Bog na vremena neznanja, sad zapovijeda svima ljudima svuda da se pokaju;
၃၀ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတို့ကို အမှုမထား ဘူးသော်လည်း၊ ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသော အရပ်တို့၌ ရှိသော လူအပေါင်းတို့အား ပညတ်တော်မူ၏။
31 Jer je postavio dan u koji æe suditi vasionome svijetu po pravdi preko èovjeka koga odredi, i dade svima vjeru vaskrsnuvši ga iz mrtvijeh.
၃၁အကြောင်းမူကား၊ ခန့်ထားတော်မူသော သူအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့် ညီလျော်စွာစစ်ကြောစီရင် မည့်နေ့ရက်ကို ချိန်းချက် တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြှောက် စေတော်မူ သော အားဖြင့် ခပ်သိမ်းသောလူတို့အား ယုံလောက်သော သက်သေကိုပြတော်မူပြီဟု ပေါလုဟောပြော၏။
32 A kad èuše vaskrsenije iz mrtvijeh, onda se jedni rugahu; a jedni rekoše: da te èujemo opet o tom.
၃၂သေသောသူတို့၏ ထမြောက်ခြင်းအကြောင်းကို ကြားရလျှင်၊ အချို့တို့သည် ကဲ့ရဲ့ကြ၏။ အချို့တို့က၊ ဤအမှုမှာ သင်၏စကားကို ငါတို့သည် နောက်တဖန် နားထောင်ဦးမည်ဟု ဆိုကြ၏။
33 Tako Pavle otide izmeðu njih.
၃၃ထိုသို့ဆိုကြသော အခါ ပေါလုသည် ထိုသူတို့ အထဲမှ ထွက်သွားလေ၏။
34 A neki ljudi pristaše uza nj i vjerovaše; meðu kojima bješe i Ðonisije Areopagitski, i žena po imenu Damara, i drugi s njima.
၃၄လူအချို့တို့သည် ပေါလု၌ မှီဝဲဆည်းကပ်၍ ယုံကြည်ခြင်းသို့ ရောက်ကြ၏။ ထိုသူတို့အဝင်ဒယောနုသိ အမည်ရှိသော အာရေတောင် မင်းတယောက်၊ ဒမောရိ အမည်ရှိသော မိန်းမတယောက်မှစ၍ အခြားသောသူရှိ ကြ၏။

< Dela apostolska 17 >