< Dela apostolska 16 >

1 Doðe pak u Dervu i u Listru, i gle, ondje bješe neki uèenik, po imenu Timotije, sin neke žene Jevrejke koja vjerovaše, a oca Grka;
ထိုနောက်မှ ပေါလုသည် ဒေရဗေမြို့နှင့် လုတ္တရမြို့သို့ရောက် လေ၏။ လုတ္တရမြို့၌ တိမောသေ အမည်ရှိသော တပည့်တော်တယောက် ရှိ၏။ သူ၏ အမိကား၊ ယုံကြည်သောယုဒမိန်းမဖြစ်၏။ အဘကား၊ ဟေလသလူဖြစ်၏။
2 Za njega dobro svjedoèahu braæa koja bijahu u Listri i u Ikoniji.
ထိုသူသည်လုတ္တရမြို့၊ ဣကောနိမြို့၌ရှိသော ညီအစ်ကိုတို့ တွင်အသရေရှိသောသူဖြစ်၏။
3 Ovoga namisli Pavle da uzme sa sobom; i uze ga, i obreza Jevreja radi koji bijahu u onijem mjestima: jer svi znadijahu oca njegova da bješe Grk.
ပေါလုသည် ထိုသူကိုခေါ်ခြင်းငှါအလိုရှိ၍၊ သူ၏အဘသည် ဟေလသလူဖြစ်သည်ကိုထိုအရပ်တို့၌ ရှိသောယုဒလူအပေါင်းတို့သည် သိသောကြောင့်၊ အရေဖျားလှီးခြင်းကို သူ့အားပေးလေ၏။
4 I kad prolažahu po gradovima, predavaše im da drže uredbe koje urediše apostoli i starješine u Jerusalimu.
သူတို့သည် မြို့များကို ရှောက်သွားစဉ်တွင်၊ ယေရုရှလင်မြို့၌ နေသောတမန်တော်တို့နှင့် သင်းအုပ် တို့သည် စီရင်သောပညတ်တို့ကို အသင်းများ ကျင့်စောင် ဘို့ရာ အပ်ပေးကြ၏။
5 A crkve se utvrðivahu u vjeri, i svaki dan bivaše ih više.
ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည် မြဲမြံသည်ဖြစ်၍၊ အရေအတွက် အားဖြင့် တနေ့ထက်တနေ့တိုးပွားများပြား ကြ၏။
6 A kad proðoše Frigiju i Galatijsku zemlju, zabrani im Duh sveti govoriti rijeè u Aziji.
ဖြူဂိပြည်၊ ဂလာတိပြည်ကို ရှောက်သွားပြီးမှ အာရှိပြည်၌ နှုတ်ကပတ်တရားတော်ကို မဟောစေခြင်းငှါ သန့်ရှင်းသော ဝိညာဉ် တော်သည်မြစ်တားတော်မူသဖြင့်၊
7 A kad doðoše u Misiju šæadijahu da idu u Vitiniju, i Duh ne dade.
မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့ သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည် အခွင့်ပေး တော်မူသောကြောင့်၊
8 A kad proðoše Misiju, siðoše u Troadu.
မုသိပြည်အနားမှာ ရှောက်၍ တရောမြို့သို့ ရောက်ကြ၏။
9 I Pavlu se javi utvara noæu: bješe jedan èovjek iz Maæedonije, i stajaše moleæi ga i govoreæi: doði u Maæedoniju i pomozi nam.
ညဉ့်အခါပေါလုသည် ဗျာဒိတ်ရူပါရုံကိုမြင်ရ၍၊ မာကေဒေါနိ လူတယောက်က၊ မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကိုမစပါဟုရပ်လျက် တောင်းပန်၏။
10 A kad vidje utvaru, odmah gledasmo da iziðemo u Maæedoniju, doznavši da nas Gospod pozva da im propovijedamo jevanðelje.
၁၀ထိုဗျာဒိတ်ရူပါရုံကို မြင်ရလျှင်၊ မာကေဒေါနိ ပြည်၌ ဧဝံဂေလိတရားကို ဟောစေခြင်းငှါ သခင်ဘုရားသည် ငါတို့ကိုခေါ တော်မူသည်ဟု ငါတို့သဘောကျသဖြင့်၊ ထိုပြည်သို့သွားခြင်းငှာ ချက်ခြင်း ရှာကြံကြ၏။
11 A kad se odvezosmo iz Troade, doðosmo u Samotrak, i sjutradan u Neapolj,
၁၁ထိုကြောင့်၊ တရောမြို့မှ သင်္ဘောလွှင့်၍ သာမောသရက် ကျွန်းသို့တည့်တည့်သွားသဖြင့်၊ နက်ဖြန် နေ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။
12 A odande u Filibu, koje je prvi grad zemlje Maæedonije, naselje Rimsko; i u onom gradu ostasmo nekoliko dana.
၁၂ထိုမြို့မှထွက်ပြန်လျှင် မင်းမှုလွတ်သော မြို့ တည်း ဟူသော မာကေဒေါနိပြည်တပိုင်းကို အစိုးရသော ဖိလိပ္ပိမြို့သို့ရောက်၍ ကာလ အတန်အရာနေကြ၏။
13 A u dan subotni iziðosmo iz grada k vodi gdje bješe bogomolja; i sjedavši govorismo k ženama koje se bijahu sabrale.
၁၃ဥပုသ်နေ့၌ ငါတို့သည် မြို့ပြင်သို့ထွက်လျှင်၊ ပဌနာစရပ် ရှိတတ်ရာမြစ်နားသို့သွား၍ ထိုင်ပြီးမှ၊ ထိုအရပ်၌စည်းဝေးသော မိန်းမတို့အားဟောပြောကြ၏။
14 I jedna bogobojazna žena, po imenu Lidija, iz grada Tijatirskoga, koja prodavaše skerlet, slušaše: i Gospod otvori srce njezino da pazi na rijeèi Pavlove.
၁၄ထိုအခါ နီမောင်သောအထည်အလိပ်ကို ရောင်းသော သွာတိုရဲမြို့သူ လုဒိအမည်ရှိသော မိန်းမတယောက်သည် ဘုရားသခင်ကို ကိုးကွယ်သောသူဖြစ်၍၊ တရားနာစဉ်တွင် ပေါလုဟောပြောသော အရာကို မှီဝဲဆည်းကပ်စေခြင်းငှါ သူ၏စိတ်နှလုံးကို သခင်ဘုရား ဖွင့်တော်မူ၏။
15 A kad se krsti ona i kuæa njezina, moljaše nas govoreæi: ako mislite da ja vjerujem Gospoda, uðite u moju kuæu i živite. I natjera nas.
၁၅ထိုမိန်းမသည် အိမ်သူအိမ်သားတို့နှင့်တကွ ဗတ္တိဇံကို ခံပြီးမှ၊ ကျွန်မသည် သခင်ဘုရား၌ အမှန် ယုံကြည်သည်ကို သင်တို့သည် ထင်မှတ်လျှင်၊ ကျွန်မအိမ်သို့ ဝင်၍ နေကြပါဟုတောင်းပန်လျက် ငါတို့ကို အနိုင် သွေးဆောင်လေ၏။
16 A dogodi se kad iðasmo na molitvu da nas srete jedna robinja koja imaše duh pogaðaèki i vraèajuæi donošaše veliki dobitak svojijem gospodarima.
၁၆ထိုနောက်မှ ငါတို့သည် ပဌာနာစရပ်သို့ သွား စဉ်တွင် နတ်ဝင်ဖြစ်၍ အနာဂတ်ကိုဟောသဖြင့်၊ မိမိ သခင်တို့အား စီးပွားများကို ပြုတတ်သော မိန်းမငယ် တယောက်သည် ငါတို့ကိုဆီးကြိုလေ၏။
17 Ova poðe za Pavlom i za nama, i vikaše govoreæi: ovi su ljudi sluge Boga najvišega, koji javljaju nama put spasenija.
၁၇ထိုမိန်းမငယ်သည် ပေါလုနှင့် ငါတို့နောက်သို့ လိုက်၍၊ ဤသူတို့ကား အကျွတ်တရားလမ်းကို ငါတို့အား ဟောပြောပြသသော အမြင့်ဆုံးသော ဘုရားသခင်၏ ကျွန်ဖြစ်ကြ၏ဟု ဟစ်ကြော်လေ၏။
18 I ovako èinjaše mnogo dana. A kad se Pavlu dosadi, okrenu se i reèe duhu: zapovijedam ti imenom Isusa Hrista, iziði iz nje. I iziðe u taj èas.
၁၈ထိုသို့ အဖန်များစွာပြုသောကြောင့် ပေါလုသည် စိတ်မသာ လျက်လှည့်ကြည့်၍၊ သင်သည်သူ၏ အထဲမှ ထွက်သွားလော့။ ယေရှုခရစ်၏နာမတော်ကို အမှီပြု၍ ငါအမိန့်ရှိ၏ဟု ထိုနတ်ကိုဆိုသောခဏခြင်းတွင် နတ်သည်ထွက်သွား၏။
19 A kad vidješe njezini gospodari da iziðe nad njihova dobitka, uzeše Pavla i Silu i odvukoše ih na pazar ka knezovima.
၁၉သူ၏သခင်တို့သည် နောက်တဖန် စီးပွားဖြစ်လိမ့်မည်ဟု မြော်လင့်စရာအကြောင်းမရှိသည်ကို သိမြင်လျှင်၊ ပေါလုနှင့် သိလတို့ကို ဘမ်းဆီးဆွဲငင်၍ ရုံးတော်သို့ပို့ကြ၏။
20 I dovedavši ih k vojvodama, rekoše: ovi su ljudi Jevreji, i mute po našemu gradu,
၂၀စစ်ကဲမင်းထံသို့ရောက်သောအခါ ဤသူတို့သည် ယုဒလူဖြစ်လျက် ငါတို့မြို့ကို နှောင့်ရှက်တတ်ပါ၏။
21 I propovijedaju obièaje kojijeh nama ne valja primati ni tvoriti, jer smo Rimljani.
၂၁ရောမလူဖြစ်သောငါတို့သည် မခံမယူ မကျင့်အပ်သော ဘာသာထုံးတမ်းများကို ဟောပြောသွန်သင် တတ်ပါ၏ ဟုလျှောက်ဆိုကြလျှင်၊
22 I sleže se narod na njih, i vojvode izdriješe im haljine, i zapovjediše da ih šibaju.
၂၂စုဝေးသောလူတို့သည် သူတို့တဘက်၌ တပြိုင်နက်ထကြ၏။ စစ်ကဲမင်းတို့လည်း သူတို့၏ အဝတ်ကိုချွတ်၍ကြိမ်လုံးနှင့်ရိုက်စေခြင်းငှါ စီရင်ကြ၏။
23 I pošto ih zdravo izbiše baciše ih u tamnicu, i zapovjediše tamnièaru da ih dobro èuva.
၂၃ရိုက်၍ဒဏ်ချက်များရှိပြီးမှ၊ လုံခြုံစွာ စောင့်စေ ဟု ထောင်မှူးကို မှာလိုက်၍ ထောင်ထဲမှာ လှောင်ထား ကြ၏။
24 Primivši takovu zapovijest on ih baci u najdonju tamnicu i noge im metnu u klade.
၂၄ထိုသို့မှာလိုက်သည်အတိုင်း ထောင်မှူးသည် အတွင်း ထောင်ထဲမှာ လှောင်၍ ထိတ်ခတ်လျက်ထား၏။
25 A u ponoæi bijahu Pavle i Sila na molitvi i hvaljahu Boga; a sužnji ih slušahu.
၂၅သန်းခေါင်အချိန်၌ ပေါလုနှင့်သိလတို့သည် ပဌနာပြု၍ ဘုရားသခင်ကို ချီးမွမ်းလျက်သီခြင်း ဆိုလေ၏။ ထောင်ထဲမှာ နှောင်ဖွဲ့ခြင်း ကိုခံရသော သူတို့သည် နားထောင်ကြ၏။
26 A ujedanput tako se vrlo zatrese zemlja da se pomjesti temelj tamnièki; i odmah se otvoriše sva vrata i svima spadoše okovi.
၂၆ထိုခဏခြင်းတွင် မြေကြီးသည်ပြင်းစွာ လှုပ်သောကြောင့် ထောင်ခြေရင်းလည်းလှုပ်ရှား၏။ တံခါးရှိသမျှတို့သည် ချက်ခြင်းပွင့်၍ လူအပေါင်းတို့သည် နှောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏။
27 A kad se probudi tamnièar i vidje otvorena vrata tamnièka, izvadi nož i šæaše da se ubije, misleæi da su pobjegli sužnji.
၂၇ထောင်မှူးသည်နိုး၍ ထောင်တံခါးများ ပွင့်လျက်ရှိသည်ကို မြင်လျှင်၊ နှောင်ဖွဲ့ခြင်းကို ခံရသော သူတို့သည် ထွက်ပြေးကြပြီဟု ထင်မှတ်သည်နှင့်၊ ထားကို အိမ်မှဆွဲထုတ်၍ ကိုယ်အသက်ကိုသတ်မည် ပြုလေ၏။
28 A Pavle povika zdravo govoreæi: ne èini sebi zla nikakva, jer smo mi svi ovdje.
၂၈ပေါလုကလည်း၊ ကိုယ်ကိုအဖြစ်မပြုနှင့်။ ငါတို့ အပေါင်းသည် ရှိကြ၏ဟုကြီးသောအသံနှင့် ဟစ်၍ ပြောဆို၏။
29 A on zaiskavši svijeæu uletje i drkæuæi pripade k Pavlu i Sili;
၂၉ထောင်မှူးသည် ညှိထွန်းသောမီးကို တောင်းပြီး မှ ပြေးဝင်၍၊ ပေါလုနှင့် သိလတို့၏ခြေရင်း၌ တုန်လှုပ် လျက် ပြပ်ဝပ်လေ၏။
30 I izvedavši ih napolje reèe: gospodo! šta mi treba èiniti da se spasem?
၃၀သူတို့ကို ပြင်သို့ထုတ်ပြီးလျှင်လည်း၊ သခင်တို့၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှါ အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။
31 A oni rekoše: vjeruj Gospoda Isusa Hrista i spašæeš se ti i sav dom tvoj.
၃၁ထိုသူတို့ကလည်း၊ သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင်သင်နှင့်သင်၏အိမ်သူ အိမ်သား တို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပြောဆိုလျက်၊
32 I kazaše mu rijeè Gospodnju, i svima koji su u domu njegovu.
၃၂ထိုသူမှစ၍ သူ၏အိမ်၌ရှိသမျှသော သူတို့အား သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောကြ၏။
33 I uze ih u onaj sahat noæi i opra im rane; i krsti se on i svi njegovi odmah.
၃၃ထိုညဉ့်၊ ထိုအချိန်နာရီ၌ပင်၊ ထောင်မှူးသည် ပေါလုနှင့်သိလ တို့ကိုယူ၍ဒဏ်ချက်ရာများကို ဆေး ကြောပြီးလျှင်၊ မိမိလူအပေါင်းတို့နှင့် တကွဗတ္တိဇံကို ချက်ခြင်းခံလေ၏။
34 I uvedavši ih u svoj dom postavi trpezu, i radovaše se sa svijem domom svojijem što vjerova Boga.
၃၄တဖန်ပေါလုနှင့် သိလတို့ကို မိမိအိမ်သို့ ခေါ်ပင့်ပြီးမှ သူတို့ကို လုပ်ကျွေး၍၊ ဘုရားသခင်ကို ယုံကြည်လျက် အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ ဝမ်းမြောက်ခြင်းသို့ရောက်လေ၏။
35 A kad bi dan, poslaše vojvode pandure govoreæi: pustite ova dva èovjeka.
၃၅နံနက်ရောက်သောအခါစစ်ကဲတို့သည် ရုံလုလင်တို့ကို စေလွှတ်၍၊ ထိုလူတို့ကို လွှတ်စေ ဟုမှာလိုက်ကြ၏။
36 A tamnièar kaza rijeèi ove Pavlu: poslaše vojvode da se pustite; sad dakle iziðite i idite s mirom.
၃၆ထိုစကားကိုထောင်မှူးသည် ပေါလုအား ကြားပြော၍၊ ကိုယ်တော်တို့ကို လွှတ်စေခြင်းငှါ စစ်ကဲ တို့သည် စေလွှတ်ကြပါပြီ။ ထိုကြောင့်ယခုထွက်၍ ငြိမ်ဝပ်စွာ ကြွသွားတော်မူကြပါဟု လျှောက်လျှင်၊
37 A Pavle reèe njima: izbivši nas pred narodom bez suda, ljude Rimljane, baciše u tamnicu; i sad hoæe tajno da nas puste? Nije tako, nego sami neka doðu i izvedu nas.
၃၇ပေါလုက၊ ရောမလူဖြစ်သော ငါတို့ကို ဓမ္မသတ်အတိုင်း မစီရင်ဘဲလျက်၊ စစ်ကဲတို့သည် ထင်ရှား စွာ ရိုက်၍ ထောင်ထဲမှာ လှောင်ထားပြီးမှ၊ တိတ် ဆိတ်စွာနှင့် ထုတ်ကြမည်လော။ ထိုသို့မပြုသင့်။ ကိုယ်တိုင်လာ၍ ငါတို့ကို နှုတ်ယူကြစေဟု ရုံးလုလင်တို့ အားပြောဆို၏။
38 A panduri kazaše vojvodama ove rijeèi; i uplašiše se kad èuše da su Rimljani;
၃၈ထိုစကားကိုရုံးလုလင်တို့သည် စစ်ကဲတို့အား ကြားလျှောက်၍၊ ပေါလုနှင့်သိလတို့သည် ရောမလူ ဖြစ်ကြောင်းကို စစ်ကဲတို့သည် ကြားသိသောအခါ ကြောက်ခြင်းသို့ရောက်၍၊
39 I došavši umoliše ih, i izvedoše moleæi da iziðu iz grada.
၃၉ကိုယ်တိုင်လာပြီးလျှင် ချော့မော့သောစကားနှင့် သူတို့ကို နှုတ်ယူ၍၊ ထိုမြို့မှထွက်သွားပါမည် အကြောင်း တောင်းပန်ကြ၏။
40 A kad iziðoše iz tamnice, doðoše k Lidiji, i vidjevši braæu utješiše ih, i otidoše.
၄၀ထိုအခါ ပေါလုနှင့် သိလတို့သည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ ဝင်သဖြင့်၊ ညီအစ်ကိုများကို တွေ့မြင်၍ သက်သာစေပြီးမှထွက်သွား ကြ၏။

< Dela apostolska 16 >