< ဇာခရိ 1 >

1 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ အဋ္ဌမလတွင်၊ ဣဒေါ သား ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ သော ထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကား၊
Katika mwezi wa nane mwaka wa pili wa kutawala kwake Dario, neno la Yahwe lilimjia nabii Zekaria, mwana wa Berekia mwana wa Ido, kusema,
2 ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ။
“Yawhe alikuwa na hasira sana juu ya baba zenu!
3 သို့သော်လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည် မှာ၊ ငါ့ထံသို့ ပြန်၍လာကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Wambie, 'Yahwe wa majeshi asema hivi: Nirudieni! - nami nitawarudia ninyi, asema Yahwe wa majeshi.
4 ရှေးပရောဖက်တို့က၊ သင်တို့မကောင်းသော လမ်း၊ မကောင်းသော အကျင့်များကို ယခု ကြဉ်ရှောင် ကြလော့ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကို ဆင့်ဆိုလျက် ကြွေးကြော်သော်လည်း နားမကြား၊ ငါ့စကားကိုလည်း နားမထောင်သော သင်တို့ ဘိုးဘေးများကဲ့သို့ မပြုကြနှင့်ဟု၊ ထာဝရဘုရား မိန့်တော် မူ၏။
Msiwe kama baba zenu ambao hapo zamani manabii waliwambia, wakisema, “Yahwe wa majeshi asema hivi: Geukeni kutoka katika njia zenu za mbaya na matendo yenu mabaya!” Lakini hawakuweza kusikia wala kunijari - asema Yahwe.'
5 ဘိုးဘေးတို့သည် အဘယ်မှာ ရှိကြသနည်း။ ပရောဖက်တို့သည် အစဉ်အမြဲ အသက် ရှင်တတ်ကြ သလော။
Wako wapi baba zenu? Na manabii, je wapo hapa daima?
6 ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကို မှီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူ သည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံ ရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။
Lakini maneno yangu na maagizo niliyowaamru watumishi wangu manabii, je hayakuwapata baba zenu? Hivyo walitubu na kusema, 'Kama vile Yahwe wa majeshi alivyokusudia kututenda kwa kadili zinavyostahili njia na matendo yetu, ndivyo alivyotutenda.”
7 ဒါရိမင်းကြီး နန်းစံနှစ်နှစ်၊ ဧကာဒသမလတည်း ဟူသော ရှေဗတ်လနှစ်ဆယ်လေးရက်နေ့တွင်၊ ထာဝရ ဘုရား၏နှုတ်ကပတ်တော်သည် ဣဒေါသားဖြစ်သော ဗာရခိ၏သား ပရောဖက်ဇာခရိသို့ ရောက်လာ၍၊
Katika siku ya ishirini na nne ya mwezi wa kumi na moja, ndiyo mwezi wa Shebati, mwaka wa pili wa utawala wa Dario, neno la Yahwe lilimjia nabii Zekaria mwana wa Berekia mwana wa Ido, akasema,
8 ညဉ့်အခါမြင်ရသော ရူပါရုံဟူမူကား၊ မြင်းနီကို စီးသော လူတဦးသည် ထင်ရှား၍ ချိုင့်တွင်ရှိသော မုရတု တော၌ ရပ်၏။ သူ့နောက်မှာနီသောမြင်း၊ ညိုသော မြင်း၊ ဖြူသောမြင်းတို့သည် ရှိကြ၏။
“niliona wakati wa usiku, na tazama! mtu alikuwa amepanda farasi mwekundu, naye alikuwa kati ya miti ya mihadasi iliyoko bondeni; na nyuma yake kulikuwa na farasi mwekundu, farasi wa kijivu, na farasi mweupe.”
9 ငါကလည်း၊ အိုသခင်၊ ထိုသူတို့ကား အဘယ်သူ နည်းဟု မေးသော်၊ ငါနှင့်ပြောဆိုသော ကောင်းကင်တမန် က၊ ထိုသူတို့ကား အဘယ်သူဖြစ်သည်ကို ငါပြမည်ဟု ဆိုပြီးမှ၊
Nikauliza, “Bwana, hivi ni vitu gani?” Malaika aliyesema nami akaniambia, “Nitakueleza vitu hivi ni nini.”
10 ၁၀ မုရတုတော၌ ရပ်သော လူက၊ ထိုသူတို့သည် မြေကြီးအရပ်ရပ်တို့ကို လှည့်လည်၍ သွားစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ်တော်မူသောသူဖြစ်ကြသည်ဟု ပြန်ပြော၏။
Kisha mtu aliyesimama kati ya miti ya mihadasi akajibu na kusema, “Hawa ndiyo Yahwe aliowatuma kuzunguka katika dunia yote.”
11 ၁၁ ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီး တရှောက်လုံး တော၌ရပ်သော ထာဝရဘုရား၏ ကောင်း ကင်တမန်အား ပြန်လျှောက်ကြ၏။
Wakamjibu malaika wa Yahwe aliyekuwa amesimama kati ya miti ya mihadasi na kumwambia, “Tumekuwa tukizunguka duniani pote; tazama, dunia yote imekaa na kutulia.”
12 ၁၂ တဖန် ထာဝရဘုရား၏ ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော် သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ် လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက် သော်၊
Ndipo malaika wa Yahwe alipojibu na kusema, “Yahwe wa majeshi, hata lini usiuhurumie Yerusalemu na miji ya Yuda ambayo imeteswa na kudhurumiwa miaka hii sabini?”
13 ၁၃ ထာဝရဘုရားသည် ငါနှင့်ပြောဆိုသော ကောင်း ကင်တမန်အား ကောင်းသောစကား၊ နှစ်သိမ့်စေသော စကားပြန်ပြောတော်မူ၏။
Yahwe akamjibu malaika aliyekuwa amesema nami, kwa maneno mazuri, maneno ya faraja.
14 ၁၄ ငါနှင့် ပြောဆိုသော ကောင်းကင်တမန်က လည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါသည် ယေရုရှလင်မြို့နှင့် ဇိအုန်တောင်အဘို့ အလွန်ကြင်နာ သောစိတ်အားကြီး၏။
Hivyo malaika aliyekuwa anaongea nami akaniambia, “Ita kwa sauti na useme 'Yahwe wa majeshi asema: Nina wivu kwa ajili ya Yerusalemu yaani Sayuni kwa uchungu mkubwa!
15 ၁၅ ငြိမ်ဝပ်စွာနေသော တပါးအမျိုးသားတို့ကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား၊ ငါသည် ယေရုရှလင်မြို့ကို အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ။
Nami nina hasira juu ya mataifa yaliyo na utulivu. Kwa maana nilikasirika kidogo tu, lakini wao wakasababisha madhara mabaya.
16 ၁၆ ထိုကြောင့် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကျေးဇူးပြုချင်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ငါပြန်လာ ပြီ။ ဤမြို့တွင် ငါ့အိမ်ကို တည်ဆောက်ရမည်။ မြို့ရာကို လည်း တိုင်းထွာရမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
Kwa hiyo Yahwe wa majeshi asema hivi: Nimeirudia Yerusalema kwa huruma. Hivyo nyumba yangu itajengwa ndani yake - asema Yahwe wa majeshi. Kipimo kitanyoshwa juu ya Yerusalemu!
17 ၁၇ တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရား၏အမိန့်တော်ကို ဆင့်ဆို၍ ကြွေးကြော်ရမည်မှာ၊ ငါ၏မြို့ရွာတို့သည် အရပ်ရပ်၌ နှံ့ပြား၍ စည်ပင်ကြလိမ့် မည်။ ထာဝရဘုရားသည် ဇိအုန်တောင်သားတို့ကို နှစ် သိမ့်စေဦးမည်။ ယေရုရှလင်မြို့သားတို့ကို ရွေးကောက်၍ ပြုစုဦးမည်ဟု မိန့်တော်မူ၏။
Ita tena, ukisema, 'Yahwe wa majeshi asema hivi: Miji yangu kwa mara nyingine itajawa na uzuri, na Yahwe ataifariji tena Sayuni, na kuichagua Yerusalemu kwa mara nyingine tena.”
18 ၁၈ တဖန် ငါမျှော်ကြည့်၍ ဦးချိုလေးချောင်းကို မြင်၏။
Kisha nikainua macho na kuona pembe nne!
19 ၁၉ ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား လည်း၊ ထိုဦးချိုတို့ကား အဘယ်သို့နည်းဟု မေးမြန်းသော်၊ ထိုဦးချိုတို့သည် ယုဒပြည်၊ ဣသရေလပြည်၊ ယေရုရှလင် မြို့တို့ကို အရပ်ရပ်သို့ ကွဲပြားစေသော ဦးချိုဖြစ်သည်ဟု ပြန်ပြော၏။
Nikaongea na malaika aliyesema nami, “Hivi ni vitu gani? Akanijibu “hizi ni pembe zilisosababisha kutawanyika kwa Yuda, Israeli, na Yerusalemu.”
20 ၂၀ ထာဝရဘုရားသည်လည်း လက်သမားလေးဦး တို့ကို ပြတော်မူ၏။
Kisha Yahwe akanionesha mafundi stadi wanne.
21 ၂၁ ငါကလည်း၊ ဤသူတို့သည် အဘယ်အမှုကို ပြုခြင်းငှါ လာပါသနည်းဟု မေးလျှောက်သော်၊ ကောင်း ကင်တမန်က၊ ထိုဦးချိုတို့သည် အဘယ်သူမျှ မျှော်၍ မကြည့်ဝံ့အောင်၊ ယုဒပြည်သားတို့ကို ကွဲပြားစေသော ဦးချိုဖြစ်ကြ၏။ ဤလက်သမားတို့သည် ယုဒပြည်သားတို့ ကို ခြိမ်းမောင်း၍၊ တပါးအမျိုး၏ ဦးချိုတို့ကို ရှုတ်ချသော သူ ဖြစ်ကြသည်ဟု ပြန်ပြော၏။
Nikasema, “Watu hawa wanakuja kufanya nini?” Akajibu na kusema, “Hizi ni pembe zililoitawanya Yuda na hakuna mtu angeweza kuinua kichwa chake. Lakini watu hawa wanakuja kuziondoa, kutupa chini pembe za mataifa yaliyoinua nguvu zao kinyume cha nchi ya Yuda na kuisambaza.”

< ဇာခရိ 1 >