< မဿဲ 9 >

1 ထိုအခါ ကိုယ်တော်သည် လှေစီး၍ ကူးပြန်သဖြင့်၊ မိမိမြို့သို့ ရောက်တော်မူ၏။
anantaraṁ yīśu rnaukāmāruhya punaḥ pāramāgatya nijagrāmam āyayau|
2 လက်ခြေသေ၍ အိပ်ရာပေါ်မှာ တုံးလုံးနေသော သူတယောက်ကို အထံတော်သို့ဆောင်ခဲ့ကြ၏။ ယေရှုသည် ထိုသူတို့၏ ယုံကြည်ခြင်းကိုမြင်လျှင် လက်ခြေသေသောသူအား၊ ငါ့သားမစိုးရိမ်နှင့်။ သင်၏အပြစ် ကို လွတ်စေပြီဟု မိန့်တော်မူ၏။
tataḥ katipayā janā ēkaṁ pakṣāghātinaṁ svaṭṭōpari śāyayitvā tatsamīpam ānayan; tatō yīśustēṣāṁ pratītiṁ vijñāya taṁ pakṣāghātinaṁ jagāda, hē putra, susthirō bhava, tava kaluṣasya marṣaṇaṁ jātam|
3 ကျမ်းပြုဆရာအချို့တို့က၊ ဤသူသည် ဘုရားကိုလွန်ကျူး၍ ပြောသည်ဟု ထင်ကြ၏။
tāṁ kathāṁ niśamya kiyanta upādhyāyā manaḥsu cintitavanta ēṣa manuja īśvaraṁ nindati|
4 ယေရှုသည် ထိုသူတို့၏စိတ်ကို သိမြင်တော်မူလျှင်၊ သင်တို့သည် အဘယ်ကြောင့်ငြူစူသောစိတ် ရှိကြသနည်း။
tataḥ sa tēṣām ētādr̥śīṁ cintāṁ vijñāya kathitavān, yūyaṁ manaḥsu kr̥ta ētādr̥śīṁ kucintāṁ kurutha?
5 အဘယ်စကားကိုသာ၍ ပြောလွယ်သနည်း။ သင်၏အပြစ်ကို လွတ်စေပြီဟု ပြောလွယ်သလော။ သင်ထ၍ လှမ်းသွားလော့ဟု ပြောလွယ်သလော။
tava pāpamarṣaṇaṁ jātaṁ, yadvā tvamutthāya gaccha, dvayōranayō rvākyayōḥ kiṁ vākyaṁ vaktuṁ sugamaṁ?
6 လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့။ ကိုယ်အိပ်ရာကို ဆောင်၍ ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။
kintu mēdinyāṁ kaluṣaṁ kṣamituṁ manujasutasya sāmarthyamastīti yūyaṁ yathā jānītha, tadarthaṁ sa taṁ pakṣāghātinaṁ gaditavān, uttiṣṭha, nijaśayanīyaṁ ādāya gēhaṁ gaccha|
7 ထိုသူသည်လည်း ထ၍ မိမိအိမ်သို့ သွားလေ၏။
tataḥ sa tatkṣaṇād utthāya nijagēhaṁ prasthitavān|
8 လူအစုအဝေးတို့သည်မြင်လျှင် အံ့ဩခြင်းရှိ၍၊ လူတို့အား ဤသို့သောအခွင့်ကို အပ်ပေးတော်မူသော ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
mānavā itthaṁ vilōkya vismayaṁ mēnirē, īśvarēṇa mānavāya sāmarthyam īdr̥śaṁ dattaṁ iti kāraṇāt taṁ dhanyaṁ babhāṣirē ca|
9 ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင်၊ မဿဲအမည်ရှိသော သူတယောက်သည် အခွန်ခံရာတဲ၌ ထိုင် နေသည်ကို မြင်သော်၊ ငါ့နောက်သို့လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို့ လိုက်လေ၏။
anantaraṁ yīśustatsthānād gacchan gacchan karasaṁgrahasthānē samupaviṣṭaṁ mathināmānam ēkaṁ manujaṁ vilōkya taṁ babhāṣē, mama paścād āgaccha, tataḥ sa utthāya tasya paścād vavrāja|
10 ၁၀ ထိုနောက်မှ အိမ်တွင် စားပွဲ၌ လျောင်းတော်မူစဉ်၊ အခွန်ခံသောသူများနှင့် ဆိုးသောသူများတို့သည် လာ၍ ကိုယ်တော်မှစသော တပည့်တော်တို့နှင့်တကွ စားပွဲ၌လျောင်းကြ၏။
tataḥ paraṁ yīśau gr̥hē bhōktum upaviṣṭē bahavaḥ karasaṁgrāhiṇaḥ kaluṣiṇaśca mānavā āgatya tēna sākaṁ tasya śiṣyaiśca sākam upaviviśuḥ|
11 ၁၁ ဖာရိရှဲတို့သည် မြင်လျှင် တပည့်တော်တို့အား၊ သင်တို့ဆရာသည် အခွန်ခံသောသူ၊ ဆိုးသောသူတို့နှင့် အတူ အဘယ်ကြောင့် စားသနည်းဟုဆိုကြ၏။
phirūśinastad dr̥ṣṭvā tasya śiṣyān babhāṣirē, yuṣmākaṁ guruḥ kiṁ nimittaṁ karasaṁgrāhibhiḥ kaluṣibhiśca sākaṁ bhuṁktē?
12 ၁၂ ယေရှုသည် ကြားတော်မူလျှင်၊ ကျန်းမာသောသူတို့သည် ဆေးသမားကို အလိုမရှိကြ။ နာသောသူတို့ သာလျှင် အလိုရှိကြ၏။
yīśustat śrutvā tān pratyavadat, nirāmayalōkānāṁ cikitsakēna prayōjanaṁ nāsti, kintu sāmayalōkānāṁ prayōjanamāstē|
13 ၁၃ ယဇ်ပူဇော်ခြင်းအကျင့်ထက် သနားခြင်း ကရုဏာအကျင့်ကို ငါနှစ်သက်၏ဟူသော ကျမ်းစကားကို နားလည်ခြင်းငှါ သင်တို့သွား၍ သင်ကြလော့။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ ခေါ်ခြင်းငှါ၊ ငါလာသည် မဟုတ်။ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ၊ ငါလာသတည်းဟု မိန့်တော်မူ၏။
atō yūyaṁ yātvā vacanasyāsyārthaṁ śikṣadhvam, dayāyāṁ mē yathā prīti rna tathā yajñakarmmaṇi|yatō'haṁ dhārmmikān āhvātuṁ nāgatō'smi kintu manaḥ parivarttayituṁ pāpina āhvātum āgatō'smi|
14 ၁၄ ထိုအခါ ယောဟန်၏ တပည့်တို့သည် အထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့နှင့် ဖာရိရှဲတို့သည် အဖန် တလဲလဲအစာရှောင်ကြသည်ဖြစ်၍၊ အဘယ်ကြောင့် ကိုယ်တော်၏တပည့်တို့သည် အစာမရှောင်ဘဲ နေကြပါသနည်းဟု လျှောက်ကြ၏။
anantaraṁ yōhanaḥ śiṣyāstasya samīpam āgatya kathayāmāsuḥ, phirūśinō vayañca punaḥ punarupavasāmaḥ, kintu tava śiṣyā nōpavasanti, kutaḥ?
15 ၁၅ ယေရှုကလည်း မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဘော်တို့နှင့်အတူ ရှိစဉ်အခါ သူတို့သည် စိတ်မသာ ညည်းတွားတတ်ကြသလော။ မင်္ဂလာဆောင် လုလင်ကို သူ၏အပေါင်းအဘော်တို့နှင့် ခွာ၍ ယူသွား သော အချိန်ကာလရောက်လိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
tadā yīśustān avōcat yāvat sakhīnāṁ saṁṅgē kanyāyā varastiṣṭhati, tāvat kiṁ tē vilāpaṁ karttuṁ śakluvanti? kintu yadā tēṣāṁ saṁṅgād varaṁ nayanti, tādr̥śaḥ samaya āgamiṣyati, tadā tē upavatsyanti|
16 ၁၆ အဝတ်ဟောင်းကို အထည်သစ်နှင့်ဖာလေ့မရှိ။ ထိုသို့ဖာလျှင် ဖာသောအထည်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ်၏။
purātanavasanē kōpi navīnavastraṁ na yōjayati, yasmāt tēna yōjitēna purātanavasanaṁ chinatti tacchidrañca bahukutsitaṁ dr̥śyatē|
17 ၁၇ ၎င်းနည်းဟောင်းသော သားရေဘူး၌ အသစ်သောစပျစ်ရည်ကို ထည့်လေ့မရှိ။ ထိုသို့ထည့်လျှင်၊ သားရေဘူးသည် စုတ်ကွဲသဖြင့်၊ စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သောသားရေဘူး၌ထည့်လေ့ရှိ၏။ ထိုသို့ထည့်လျှင် နှစ်ပါးစလုံး မပျက်စီးဟု မိန့်တော်မူ၏။
anyañca purātanakutvāṁ kōpi navānagōstanīrasaṁ na nidadhāti, yasmāt tathā kr̥tē kutū rvidīryyatē tēna gōstanīrasaḥ patati kutūśca naśyati; tasmāt navīnāyāṁ kutvāṁ navīnō gōstanīrasaḥ sthāpyatē, tēna dvayōravanaṁ bhavati|
18 ၁၈ ထိုစကားကို မိန့်တော်မူစဉ် အရာရှိတယောက်သည် လာ၍ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးသည် ယခုပင် သေဆဲရှိပါ၏။ သို့သော်လည်း၊ ကိုယ်တော်သည်ကြွ၍ သူ့အပေါ်၌ လက်ကိုတင်တော်မူလျှင် အသက် ရှင် ပါလိမ့်မည်ဟု လျှောက်၏။
aparaṁ tēnaitatkathākathanakālē ēkō'dhipatistaṁ praṇamya babhāṣē, mama duhitā prāyēṇaitāvatkālē mr̥tā, tasmād bhavānāgatya tasyā gātrē hastamarpayatu, tēna sā jīviṣyati|
19 ၁၉ ယေရှုသည် ထ၍ တပည့်တော်နှင့်အတူ ထိုသူ နောက်သို့လိုက်တော်မူ၏။
tadānīṁ yīśuḥ śiṣyaiḥ sākam utthāya tasya paścād vavrāja|
20 ၂၀ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသော မိန်းမတယောက်က၊
ityanantarē dvādaśavatsarān yāvat pradarāmayēna śīrṇaikā nārī tasya paścād āgatya tasya vasanasya granthiṁ pasparśa;
21 ၂၁ ငါသည် အဝတ်တော်ကိုသာ တို့လျှင် ချမ်းသာရမည်ဟု စိတ်ထင်နှင့် နောက်တော်သို့ချဉ်းကပ်၍ အဝတ်တော်၏ ပန်းပွားကို တို့လေ၏။
yasmāt mayā kēvalaṁ tasya vasanaṁ spr̥ṣṭvā svāsthyaṁ prāpsyatē, sā nārīti manasi niścitavatī|
22 ၂၂ ယေရှုသည် လှည့်၍ ထိုမိန်းမကို မြင်တော်မူလျှင်၊ ငါ့သမီး၊ မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်အနာကို ငြိမ်းစေပြီဟု မိန့်တော်မူ၏။ ထိုခဏမှစ၍ ထိုမိန်းမသည် အနာကင်းပျောက်လေ၏။
tatō yīśurvadanaṁ parāvarttya tāṁ jagāda, hē kanyē, tvaṁ susthirā bhava, tava viśvāsastvāṁ svasthāmakārṣīt| ētadvākyē gaditaēva sā yōṣit svasthābhūt|
23 ၂၃ အရာရှိအိမ်သို့ ရောက်တော်မူ၍ တီးမှုတ်သော သူတို့နှင့် များစွာသောလူတို့သည် အုန်းအုန်းသဲသဲ ပြု ကြသည်ကိုမြင်လျှင်၊
aparaṁ yīśustasyādhyakṣasya gēhaṁ gatvā vādakaprabhr̥tīn bahūn lōkān śabdāyamānān vilōkya tān avadat,
24 ၂၄ ဖယ်ရှားကြလော့။ မိန်းမငယ်သေသည်မဟုတ်၊ အိပ်ပျော်သည်ဟု မိန့်တော်မူသော်၊ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။
panthānaṁ tyaja, kanyēyaṁ nāmriyata nidritāstē; kathāmētāṁ śrutvā tē tamupajahasuḥ|
25 ၂၅ ထိုလူများကို ပြင်သို့ထွက်စေပြီးမှ အတွင်းသို့ဝင်၍၊ မိန်းမငယ်၏လက်ကို ကိုင်တော်မူသည်တွင် သူသည် ထလေ၏။
kintu sarvvēṣu bahiṣkr̥tēṣu sō'bhyantaraṁ gatvā kanyāyāḥ karaṁ dhr̥tavān, tēna sōdatiṣṭhat;
26 ၂၆ ထိုသိတင်းစကားသည် တပြည်လုံး၌ နှံ့ပြားကျော်စောလေ၏။
tatastatkarmmaṇō yaśaḥ kr̥tsnaṁ taṁ dēśaṁ vyāptavat|
27 ၂၇ ထိုအရပ်မှ ယေရှုသည် ကြွတော်မူစဉ်၊ မျက်စိကန်းသောသူနှစ်ယောက်တို့သည် နောက်တော်သို့ လိုက်၍ ဒါဝိဒ်၏သားတော်၊ ကျွန်တော်တို့ကို သနားတော်မူပါဟု ဟစ်ကြော်ကြ၏။
tataḥ paraṁ yīśustasmāt sthānād yātrāṁ cakāra; tadā hē dāyūdaḥ santāna, asmān dayasva, iti vadantau dvau janāvandhau prōcairāhūyantau tatpaścād vavrajatuḥ|
28 ၂၈ အိမ်သို့ ဝင်တော်မူလျှင်၊ မျက်စိကန်းသောသူတို့သည် အထံတော်သို့ ချဉ်းကပ်ကြ၏။ ကိုယ်တော်က လည်း၊ ဤအမှုကို ငါတတ်နိုင်သည်ကို ယုံသလောဟု မေးတော်မူလျှင်၊ ယုံပါ၏သခင်ဟု လျှောက်ကြ၏။
tatō yīśau gēhamadhyaṁ praviṣṭaṁ tāvapi tasya samīpam upasthitavantau, tadānīṁ sa tau pr̥ṣṭavān karmmaitat karttuṁ mama sāmarthyam āstē, yuvāṁ kimiti pratīthaḥ? tadā tau pratyūcatuḥ, satyaṁ prabhō|
29 ၂၉ ထိုအခါ သူတို့၏ မျက်စိကို တို့တော်မူ၍၊ သင်တို့ ယုံခြင်းရှိသည်အတိုင်း သင်တို့၌ဖြစ်စေဟု မိန့်တော် မူလျှင်၊
tadānīṁ sa tayō rlōcanāni spr̥śan babhāṣē, yuvayōḥ pratītyanusārād yuvayō rmaṅgalaṁ bhūyāt| tēna tatkṣaṇāt tayō rnētrāṇi prasannānyabhavan,
30 ၃၀ သူတို့သည် မျက်စိပွင့်လင်းလေ၏။ ယေရှုကလည်း၊ အဘယ်သူမျှ မသိစေခြင်းငှါ သတိပြုကြလော့ဟု မြစ်တားတော်မူ၏။
paścād yīśustau dr̥ḍhamājñāpya jagāda, avadhattam ētāṁ kathāṁ kōpi manujō ma jānīyāt|
31 ၃၁ သို့သော်လည်း ထိုသူတို့သည် သွား၍ သိတင်းတော်ကို တပြည်လုံး၌ နှံ့ပြားကျော်စောစေ၏။
kintu tau prasthāya tasmin kr̥tsnē dēśē tasya kīrttiṁ prakāśayāmāsatuḥ|
32 ၃၂ ထိုသူတို့သည် ထွက်သွားကြသည်နောက်၊ နတ်ဆိုးစွဲသော လူအ တယောက်ကို အထံတော်သို့ ဆောင်ခဲ့ကြ၏။
aparaṁ tau bahiryāta ētasminnantarē manujā ēkaṁ bhūtagrastamūkaṁ tasya samīpam ānītavantaḥ|
33 ၃၃ နတ်ဆိုးကို နှင်ထုတ်တော်မူပြီးမှ ထိုအသောသူသည် စကားပြော၏။ လူအစုအဝေးတို့သည်လည်း အံ့ဩ၍၊ ဣသရေလအမျိုး၌ ဤကဲ့သို့ မမြင်ရစဖူးဟု ပြောဆိုကြ၏။
tēna bhūtē tyājitē sa mūkaḥ kathāṁ kathayituṁ prārabhata, tēna janā vismayaṁ vijñāya kathayāmāsuḥ, isrāyēlō vaṁśē kadāpi nēdr̥gadr̥śyata;
34 ၃၄ ဖာရိရှဲတို့ကလည်း၊ နတ်ဆိုးအကြီးကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ပြောဆိုကြ၏။
kintu phirūśinaḥ kathayāñcakruḥ bhūtādhipatinā sa bhūtān tyājayati|
35 ၃၅ ယေရှုသည် တရားစရပ်တို့၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသောအနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီ လှည့် လည်တော်မူ၏။ လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။
tataḥ paraṁ yīśustēṣāṁ bhajanabhavana upadiśan rājyasya susaṁvādaṁ pracārayan lōkānāṁ yasya ya āmayō yā ca pīḍāsīt, tān śamayan śamayaṁśca sarvvāṇi nagarāṇi grāmāṁśca babhrāma|
36 ၃၆ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြ၏။
anyañca manujān vyākulān arakṣakamēṣāniva ca tyaktān nirīkṣya tēṣu kāruṇikaḥ san śiṣyān avadat,
37 ၃၇ ထိုအခါ ကိုယ်တော်က၊ စပါးရိတ်စရာများစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။
śasyāni pracurāṇi santi, kintu chēttāraḥ stōkāḥ|
38 ၃၈ ထိုကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
kṣētraṁ pratyaparān chēdakān prahētuṁ śasyasvāminaṁ prārthayadhvam|

< မဿဲ 9 >