< မဿဲ 8 >

1 ကိုယ်တော်သည် တောင်ပေါ်မှဆင်းကြွတော်မူလျှင်၊ များစွာသောလူအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြ၏။
yadā sa parvvatād avārōhat tadā bahavō mānavāstatpaścād vavrajuḥ|
2 ထိုအခါ နူနာစွဲသောသူတယောက်သည် ညွတ်ပြပ်လျက်၊ သခင်အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု လျှောက်လေ၏။
ēkaḥ kuṣṭhavān āgatya taṁ praṇamya babhāṣē, hē prabhō, yadi bhavān saṁmanyatē, tarhi māṁ nirāmayaṁ karttuṁ śaknōti|
3 ယေရှုကလည်း ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ ရောက်စေဟု မိန့်တော်မူလျက် လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်၍ သန့်ရှင်းခြင်းသို့ရောက်လေ၏။
tatō yīśuḥ karaṁ prasāryya tasyāṅgaṁ spr̥śan vyājahāra, sammanyē'haṁ tvaṁ nirāmayō bhava; tēna sa tatkṣaṇāt kuṣṭhēnāmōci|
4 ယေရှုကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူအားမျှမပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့ သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌ သက်သေဖြစ်စေခြင်းငှါ မောရှေစီရင်မှာထားသော ပူဇော်သက္ကာကို ဆက်လော့ဟု မိန့်တော်မူ၏။
tatō yīśustaṁ jagāda, avadhēhi kathāmētāṁ kaścidapi mā brūhi, kintu yājakasya sannidhiṁ gatvā svātmānaṁ darśaya manujēbhyō nijanirāmayatvaṁ pramāṇayituṁ mūsānirūpitaṁ dravyam utsr̥ja ca|
5 ထိုနောက်မှ ကပေရနောင်မြို့သို့ ကြွဝင်တော်မူလျှင်၊ တပ်မှူးတယောက်သည် အထံတော်သို့လာ၍၊
tadanantaraṁ yīśunā kapharnāhūmnāmani nagarē praviṣṭē kaścit śatasēnāpatistatsamīpam āgatya vinīya babhāṣē,
6 သခင်၊ ကျွန်တော်၏ ငယ်သားတယောက်သည် လက်ခြေသေသည်အနာနှင့် ပြင်းစွာခံရ၍ အိမ်တွင် တုံးလုံးနေပါသည်ဟု တောင်းပန်လေ၏။
hē prabhō, madīya ēkō dāsaḥ pakṣāghātavyādhinā bhr̥śaṁ vyathitaḥ, satu śayanīya āstē|
7 ယေရှုကလည်း ငါလာ၍ ချမ်းသာပေးမည်ဟု မိန့်တော်မူလျှင်၊
tadānīṁ yīśustasmai kathitavān, ahaṁ gatvā taṁ nirāmayaṁ kariṣyāmi|
8 တပ်မှူးက၊ သခင်၊ ကျွန်တော်၏ အိမ်မိုးအောက်သို့ ကြွဝင်တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော်မခံ ထိုက်ပါ။ အမိန့်တော် တခွန်းရှိလျှင် ကျွန်တော်၏ငယ်သားသည် ချမ်းသာရပါလိမ့်မည်။
tataḥ sa śatasēnāpatiḥ pratyavadat, hē prabhō, bhavān yat mama gēhamadhyaṁ yāti tadyōgyabhājanaṁ nāhamasmi; vāṅmātram ādiśatu, tēnaiva mama dāsō nirāmayō bhaviṣyati|
9 ဥပမာကား၊ ကျွန်တော်သည် မင်းအောက်၌ကျွန်ခံသောသူဖြစ်သော်လည်း စစ်သူရဲများကိုအုပ်စိုး၍ တဦးကိုသွားချေဟုဆိုလျှင် သွားပါ၏။ တဦးကို လာခဲ့ဟုဆိုလျှင်လာပါ၏။ ကျွန်ကိုလည်း ဤအမှုကို လုပ်တော့ ဟုဆိုလျှင် လုပ်ပါ၏ဟု တပ်မှူးလျှောက်လေ၏။
yatō mayi paranidhnē'pi mama nidēśavaśyāḥ kati kati sēnāḥ santi, tata ēkasmin yāhītyuktē sa yāti, tadanyasmin ēhītyuktē sa āyāti, tathā mama nijadāsē karmmaitat kurvvityuktē sa tat karōti|
10 ၁၀ ထိုစကားကို ယေရှုသည်ကြားလျှင် အံ့ဩခြင်းရှိ၍၊ ငါအမှန်ဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည် ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဘူးသေး။
tadānīṁ yīśustasyaitat vacō niśamya vismayāpannō'bhūt; nijapaścādgāminō mānavān avōcca, yuṣmān tathyaṁ vacmi, isrāyēlīyalōkānāṁ madhyē'pi naitādr̥śō viśvāsō mayā prāptaḥ|
11 ၁၁ ငါဆိုပြန်သည်ကား၊ လူများတို့သည်၊ အရှေ့အရပ်၊ အနောက်အရပ်မှလာ၍၊ ကောင်းကင်နိုင်ငံတော်၌ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့်တကွ လျောင်းရကြလတံ့၊
anyaccāhaṁ yuṣmān vadāmi, bahavaḥ pūrvvasyāḥ paścimāyāśca diśa āgatya ibrāhīmā ishākā yākūbā ca sākam militvā samupavēkṣyanti;
12 ၁၂ နိုင်ငံတော်သားတို့သည်လည်း ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ၊ ပြင်အရပ်မှောင်မိုက်ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက်တော်သို့ လိုက်သောသူတို့အား မိန့်တော်မူပြီးမှ၊
kintu yatra sthānē rōdanadantagharṣaṇē bhavatastasmin bahirbhūtatamisrē rājyasya santānā nikṣēsyantē|
13 ၁၃ တပ်မှူးအားသင်သွားလော့။ ယုံကြည်သည်နှင့်အညီ သင်၌ဖြစ်စေဟု မိန့်တော်မူ၏။ ထိုခဏခြင်းတွင် သူ၏ငယ်သားသည် အနာရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
tataḥ paraṁ yīśustaṁ śatasēnāpatiṁ jagāda, yāhi, tava pratītyanusāratō maṅgalaṁ bhūyāt; tadā tasminnēva daṇḍē tadīyadāsō nirāmayō babhūva|
14 ၁၄ ထိုနောက်မှ ယေရှုသည် ပေတရုအိမ်သို့ကြွ၍ ပေတရု၏ ယောက္ခမသည် ဖျားနာစွဲလျက် တုံးလုံးနေ သည်ကို တွေ့မြင်တော်မူ၏။
anantaraṁ yīśuḥ pitarasya gēhamupasthāya jvarēṇa pīḍitāṁ śayanīyasthitāṁ tasya śvaśrūṁ vīkṣāñcakrē|
15 ၁၅ ထိုမိန်းမ၏လက်ကို တို့တော်မူလျှင်၊ သူသည် အဖျားပျောက်သဖြင့် ထ၍ ဧည့်သည်ဝတ်ကို ပြုလေ၏။
tatastēna tasyāḥ karasya spr̥ṣṭatavāt jvarastāṁ tatyāja, tadā sā samutthāya tān siṣēvē|
16 ၁၆ ညဦးယံ၌ နတ်ဆိုးစွဲသောသူအများတို့ကို အထံတော်သို့ ဆောင်ခဲ့၍ နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ် တို့ကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတို့ကို သက်သာစေတော်မူ၏။
anantaraṁ sandhyāyāṁ satyāṁ bahuśō bhūtagrastamanujān tasya samīpam āninyuḥ sa ca vākyēna bhūtān tyājayāmāsa, sarvvaprakārapīḍitajanāṁśca nirāmayān cakāra;
17 ၁၇ ထိုအကြောင်းအရာမူကား၊ သူသည် အကျွန်ုပ်တို့ အနာရောဂါဝေဒနာများကို ယူတင်ဆောင်ရွက်လေ သည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံမည်အကြောင်း ဖြစ်သတည်း။
tasmāt, sarvvā durbbalatāsmākaṁ tēnaiva paridhāritā| asmākaṁ sakalaṁ vyādhiṁ saēva saṁgr̥hītavān| yadētadvacanaṁ yiśayiyabhaviṣyadvādinōktamāsīt, tattadā saphalamabhavat|
18 ၁၈ များစွာသော လူအပေါင်းတို့သည် ကိုယ်တော်ကိုဝန်းရံလျက် နေကြသည်ကို မြင်တော်မူလျှင်၊ ကမ်း တဘက်သို့ ကူးမည့်အကြောင်း အမိန့်တော်ရှိ၏။
anantaraṁ yīśuścaturdikṣu jananivahaṁ vilōkya taṭinyāḥ pāraṁ yātuṁ śiṣyān ādidēśa|
19 ၁၉ ထိုအခါ ကျမ်းပြုဆရာတယောက်သည်လာ၍ အရှင်ဘုရား၊ ကိုယ်တော်ကြွတော်မူရာအရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်ဟု လျှောက်လေ၏။
tadānīm ēka upādhyāya āgatya kathitavān, hē gurō, bhavān yatra yāsyati tatrāhamapi bhavataḥ paścād yāsyāmi|
20 ၂၀ ယေရှုကလည်း မြေခွေးသည် မြေတွင်းရှိ၏။ မိုဃ်းကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာ အရပ်ရှိ၏။ လူသားမူကား၊ ခေါင်းချရာမျှ မရှိဟု မိန့်တော်မူ၏။
tatō yīśu rjagāda, krōṣṭuḥ sthātuṁ sthānaṁ vidyatē, vihāyasō vihaṅgamānāṁ nīḍāni ca santi; kintu manuṣyaputrasya śiraḥ sthāpayituṁ sthānaṁ na vidyatē|
21 ၂၁ အခြားသော တပည့်တော်ကလည်း၊ သခင်၊ အကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါဟု လျှောက်လေ၏။
anantaram apara ēkaḥ śiṣyastaṁ babhāṣē, hē prabhō, prathamatō mama pitaraṁ śmaśānē nidhātuṁ gamanārthaṁ mām anumanyasva|
22 ၂၂ ယေရှုကလည်း၊ ငါ့နောက်သို့လိုက်လော့။ လူသေတို့သည် မိမိလူသေတို့ကို သင်္ဂြိုဟ်ပါလေစေဟု မိန့်တော်မူ၏။
tatō yīśuruktavān mr̥tā mr̥tān śmaśānē nidadhatu, tvaṁ mama paścād āgaccha|
23 ၂၃ ထိုအခါ လှေထဲသို့ ဝင်တော်မူ၍ တပည့်တော်တို့သည် လိုက်ကြ၏။ အိုင်၌ လှိုင်းတံပိုးပြင်းစွာထ၍ လှေကို လွှမ်းလေ၏။
anantaraṁ tasmin nāvamārūḍhē tasya śiṣyāstatpaścāt jagmuḥ|
24 ၂၄ ကိုယ်တော်သည် ကျိန်းစက်၍ နေတော်မူ၏။
paścāt sāgarasya madhyaṁ tēṣu gatēṣu tādr̥śaḥ prabalō jhañbhśanila udatiṣṭhat, yēna mahātaraṅga utthāya taraṇiṁ chāditavān, kintu sa nidrita āsīt|
25 ၂၅ တပည့်တော်တို့သည် ချဉ်းကပ်၍ ကိုယ်တော်ကို နှိုးပြီးလျှင်၊ သခင်၊ အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့ ရောက်ပါ၏။ ကယ်မတော်မူပါဟု လျှောက်ကြသော်၊
tadā śiṣyā āgatya tasya nidrābhaṅgaṁ kr̥tvā kathayāmāsuḥ, hē prabhō, vayaṁ mriyāmahē, bhavān asmākaṁ prāṇān rakṣatu|
26 ၂၆ ကိုယ်တော်က၊ ယုံကြည်အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်းဟု မေးတော်မူ ပြီးလျှင်၊ ထ၍ လေနှင့်ပင်လယ်ကို ဆုံးမတော်မူသဖြင့် အလွန်သာယာလေ၏။
tadā sa tān uktavān, hē alpaviśvāsinō yūyaṁ kutō vibhītha? tataḥ sa utthāya vātaṁ sāgarañca tarjayāmāsa, tatō nirvvātamabhavat|
27 ၂၇ ထိုလူတို့ကလည်း၊ ဤသူကားအဘယ်သို့သောသူနည်း။ လေနှင့်ပင်လယ်သည် သူ၏စကားကို နား ထောင်ပါသည်တကားဟု အံ့ဩကြ၏။
aparaṁ manujā vismayaṁ vilōkya kathayāmāsuḥ, ahō vātasaritpatī asya kimājñāgrāhiṇau? kīdr̥śō'yaṁ mānavaḥ|
28 ၂၈ ကမ်းတဘက် ဂါဒရပြည်သို့ ရောက်တော်မူသောအခါ နတ်ဆိုးစွဲသောလူနှစ်ယောက်တို့သည် ထိုလမ်းကို အဘယ်သူမျှ မသွားနိုင်အောင် အလွန်ကြမ်းကြုတ်စွာပြုလျက်၊ သင်္ချိုင်းတစပြင်မှ ထွက်လာ၍ ကိုယ်တော်ကို ခရီးဦးကြိုပြုပြီးလျှင်၊
anantaraṁ sa pāraṁ gatvā gidērīyadēśam upasthitavān; tadā dvau bhūtagrastamanujau śmaśānasthānād bahi rbhūtvā taṁ sākṣāt kr̥tavantau, tāvētādr̥śau pracaṇḍāvāstāṁ yat tēna sthānēna kōpi yātuṁ nāśaknōt|
29 ၂၉ ဘုရားသခင်၏ သားတော်ယေရှု၊ ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် အဘယ်သို့ဆိုင်သနည်း။ အချိန် မရောက်မှီ အကျွန်ုပ်တို့ကို ညှဉ်းဆဲခြင်းငှါ ကြွလာတော်မူသလောဟု အော်ဟစ်၍လျှောက်ကြ၏။
tāvucaiḥ kathayāmāsatuḥ, hē īśvarasya sūnō yīśō, tvayā sākam āvayōḥ kaḥ sambandhaḥ? nirūpitakālāt prāgēva kimāvābhyāṁ yātanāṁ dātum atrāgatōsi?
30 ၃၀ ထိုသူတို့နှင့် မနီးမဝေးသောအရပ်၌ များစွာသော ဝက်အစုသည် ကျက်စားလျက်ရှိ၏။
tadānīṁ tābhyāṁ kiñcid dūrē varāhāṇām ēkō mahāvrajō'carat|
31 ၃၁ နတ်ဆိုးတို့လည်း ကိုယ်တော်သည် အကျွန်ုပ်တို့ကိုနှင်ထုတ်လျှင်၊ ထိုဝက်အစုထဲသို့ ဝင်ရပါမည် အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်ကြသော်၊
tatō bhūtau tau tasyāntikē vinīya kathayāmāsatuḥ, yadyāvāṁ tyājayasi, tarhi varāhāṇāṁ madhyēvrajam āvāṁ prēraya|
32 ၃၂ သွားကြဟု မိန့်တော်မူ၏။ နတ်ဆိုးတို့သည် ထွက်၍ ဝက်ထဲသို့ဝင်သဖြင့် ဝက်အစုရှိသမျှသည် အိုင်ကမ်းစောက်ကို တဟုန်တည်းပြေးဆင်း၍ ရေ၌သေကြ၏။
tadā yīśuravadat yātaṁ, anantaraṁ tau yadā manujau vihāya varāhān āśritavantau, tadā tē sarvvē varāhā uccasthānāt mahājavēna dhāvantaḥ sāgarīyatōyē majjantō mamruḥ|
33 ၃၃ ဝက်ကျောင်းသောသူတို့သည်လည်း ပြေး၍ မြို့ထဲသို့ဝင်ပြီးလျှင်၊ နတ်ဆိုးစွဲသော သူတို့၏အကြောင်း မှစ၍ ဖြစ်လေသမျှတို့ကို ကြားပြောကြသော်၊
tatō varāharakṣakāḥ palāyamānā madhyēnagaraṁ tau bhūtagrastau prati yadyad aghaṭata, tāḥ sarvvavārttā avadan|
34 ၃၄ တမြို့လုံးလည်း ယေရှုကိုတွေ့အံ့သောငှါ ထွက်လာကြ၏။ ကိုယ်တော်ကိုတွေ့မြင်လျှင် မိမိတို့ ပြည်က ထွက်သွားတော်မူမည်အကြောင်း တောင်းပန်ကြ၏။
tatō nāgarikāḥ sarvvē manujā yīśuṁ sākṣāt karttuṁ bahirāyātāḥ tañca vilōkya prārthayāñcakrirē bhavān asmākaṁ sīmātō yātu|

< မဿဲ 8 >