< တရားသူကြီးမှတ်စာ 11 >

1 ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ သူ့အဘကား ဂိလဒ်၊ သူ့အမိကား ပြည်တန်ဆာဖြစ်၏။
Yeftha Mgileadi alikuwa shujaa mwenye nguvu, lakini alikuwa mwana wa kahaba. Gileadi alikuwa baba yake.
2 ဂိလဒ်၏မယား ဘွားမြင်သော သားတို့သည် ကြီးသောအခါ၊ သင်သည် အခြားတပါးသော မိန်းမ၏ သားဖြစ်သောကြောင့်၊ ငါတို့ အဆွေအမျိုးနှင့်အတူ အမွေမခံရဟု ယေဖသကို ဆို၍ နှင်ထုတ်လေ၏။
Mke wa Gileadi pia alizaa wanawe wengine. Wana wa mkewe walipokua, walimlazimisha Yeftha aondoke nyumbani na kumwambia, “Huwezi kurithi chochote kutoka katika familia yetu. Wewe ni mwana wa mwanamke mwingine.”
3 ထိုအခါ ယေဖသသည် ညီတို့ဆီမှ ထွက်သွား၍ တောဘပြည်၌နေသဖြင့်၊ လျှပ်ပေါ်သော သူတို့သည် သူ့ထံမှာ စည်းဝေး၍ သူ့နောက်၌ လိုက်ကြ၏။
Basi Yeftha akaondoka toka kwa ndugu zake, akaishi katika nchi ya Tobu. Watu wasiokuwa na sheria waliungana na Yeftha na wakaja na kwenda pamoja naye.
4 နောက်တဖန် အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်ကြ၏။
Siku kadhaa baadaye, wana wa Amoni walipigana na Israeli.
5 ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးကို စစ်တိုက်သောအခါ၊ ဂိလဒ်ပြည်သား အသက်ကြီး သူတို့သည် ယေဖသကို တောဘပြည်မှ ခေါ်ခြင်းငှါ သွား၍၊
Wana wa Amoni walipopigana na Israeli, wazee wa Gileadi wakaenda kumleta Yeftha kutoka nchi ya Tobu.
6 ငါတို့သည် အမ္မုန်လူတို့ကို စစ်တိုက်ရမည်အကြောင်း၊ လာ၍ ငါတို့၏ ဗိုလ်ချုပ်မင်း လုပ်ပါဟု မှာလိုက်သော်၊
Wakamwambia Yeftha, “Njoo uwe kiongozi wetu ili tupigane na wana wa Amoni.”
7 ယေဖသက၊ သင်တို့သည် ငါ့ကို မုန်း၍ ငါ့အဘအိမ်မှ နှင်ထုတ်သည်မဟုတ်လော။ ယခု ဆင်းရဲခြင်းသို့ ရောက်သောအခါ၊ အဘယ်ကြောင့် ငါ့ထံသို့ လာကြသနည်းဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား ပြောဆို၏။
YEphtha akawaambia viongozi wa Gileadi, “mlinichukia na kunilazimisha kuondoka nyumbani kwa baba yangu. Kwa nini mnakuja kwangu sasa munapokuwa na shida?”
8 ဂိလဒ်ပြည်သား အသက်ကြီးသူတို့ကလည်း၊ ထိုကြောင့် ငါတို့သည် ယခု သင့်ထံသို့ ပြန်လာပါ၏။ ငါတို့နှင့်အတူ ကြွ၍ အမ္မုန်လူတို့ကို စစ်တိုက်ပြီးလျှင်၊ ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်လုပ်ပါဟု ယေဖသအား တောင်းပန်ပြန်သော်၊
Wazee wa Gileadi wakamwambia Yeftha, “Ndiyo sababu tunakugeukia sasa; njoo pamoja nasi pigana na watu wa Amoni, na wewe utakuwa kiongozi juu ya wote wanaoishi Gileadi.
9 ယေဖသက၊ အမ္မုန်လူတို့ကို စစ်တိုက်စေခြင်းငှါ သင်တို့သည် ငါ့ကို ပြန်ပို့၍ ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှာ အပ်တော်မူလျှင်၊ ငါသည် သင်တို့ အထွဋ်ဖြစ်ရသောအခွင့်ကို ပေးမည်လောဟု ဂိလဒ်ပြည်သား အသက်ကြီးသူတို့အား မေးလေသော်၊
Yeftha akawaambia wazee wa Gileadi, “Ikiwa mnanirejesha nyumbani tena ili kupigana na wana wa Amoni, na kama Bwana atatupa ushindi juu yao, nitakuwa kiongozi wenu.”
10 ၁၀ ဂိလဒ်ပြည်သားအသက်ကြီးသူတို့က၊ သင်ပြောသော စကားအတိုင်း ငါတို့ မပြုလျှင် ထာဝရဘုရား သည် သင်နှင့် ငါတို့စပ်ကြား၌ သက်သေဖြစ်တော်မူပါစေသောဟု ယေဖသအား ပြန်ပြောကြ၏။
wazee wa Gileadi wakamwambia Yeftha, “Bwana awe shahidi kati yetu ikiwa hatutafanya kama tunavyosema!”
11 ၁၁ ထိုအခါ ယေဖသသည် ဂိလဒ်ပြည်သား အသက်ကြီးသူတို့နှင့် သွား၍ သူ့ကို လူများတို့၏ အထွဋ် ဗိုလ်ချုပ်မင်းအရာ၌ ခန့်ထားကြ၏။ ယေဖသသည်လည်း ထိုစကားအလုံးစုံတို့ကို မိဖပါမြို့မှာ ထာဝရဘုရားရှေ့တော်၌ ပြန်ကြားလျှောက်ထား၏။
Yeftha akaenda pamoja na wazee wa Gileadi, nao watu wakamfanya awe msimamizi na mkuu juu yao. Alipokuwa mbele ya Bwana huko Mizpa, Yeftha akarudia ahadi zote alizozifanya.
12 ၁၂ ထိုနောက်မှ ယေဖသသည်၊ အမ္မုန်ရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ သင်သည် ငါနှင့် အဘယ်သို့ ဆိုင်သနည်း။ ငါ့နိုင်ငံ၌ စစ်တိုက်ခြင်းငှါ အဘယ်ကြောင့် ငါ့ကို ရန်ပြုသနည်းဟု မေးသော်၊
Ndipo Yeftha akatuma wajumbe kwa mfalme wa wana wa Amoni, akisema, “Ni nini mgogoro huu kati yetu? Kwa nini umekuja kwa nguvu kuchukua ardhi yetu?”
13 ၁၃ အမ္မုန်ရှင်ဘုရင်က၊ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာသောအခါ၊ ငါ့မြေကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်း၊ ယော်ဒန်မြစ်တိုင်အောင် လု၍ယူသောကြောင့် ငါပြု၏။ ထိုမြေကို ယခုအသင့်အတင့် ပြန်ပေးပါဟု ယေဖသ၏သံတမန်အား ပြန်ပြော၏။
Mfalme wa wana wa Amoni akawajibu wajumbe wa Yeftha, “Kwa sababu Israeli walipopanda kutoka Misri, walichukua nchi yangu toka Arnoni hata Yaboki, mpaka Yordani. Sasa rudisha ardhi hizo kwa amani.”
14 ၁၄ တဖန် ယေဖသသည် သံတမန်ကို အမ္မုန်ရှင်ဘုရင်ထံသို့ စေလွှတ်၍၊
Yefta akatuma tena wajumbe kwa mfalme wa wana wa Amoni,
15 ၁၅ ယေဖသ မှာလိုက်သည်ကား၊ ဣသရေလအမျိုးသည် မောဘမြေ၊ အမ္မုန်မြေကို လုယူသည်မဟုတ်။
akasema, “Yefita asema hivi, Israeli hawakuchukua nchi ya Moabu na nchi ya wana wa Amoni;
16 ၁၆ ဣသရေလအမျိုးသည် အဲဂုတ္တုပြည်မှလာ၍ ဧဒုံပင်လယ်အနား၊ တော၌ လှည့်လည်သဖြင့် ကာဒေရှ ရွာသို့ ရောက်သောအခါ၊
lakini walitoka Misri, na Israeli wakaenda kupitia jangwa hadi Bahari ya Shamu na Kadeshi.
17 ၁၇ ဧဒုံရှင်ဘုရင်ထံသို့ သံတမန်ကို စေလွှတ်၍၊ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်းသော် လည်း၊ ဧဒုံရှင်ဘုရင်သည် နားမထောင်။ ထိုနည်းတူ မောဘရှင်ဘုရင်ထံသို့ စေလွှတ်၍၊ သူသည်လည်း အခွင့်မပေးသောကြောင့်၊ ဣသရေလအမျိုးသည် ကာဒေရှရွာ၌ နေရကြ၏။
Israeli walipomtuma wajumbe kwa mfalme wa Edomu, wakisema, 'Tafadhali tunaomba ruhusa tupite katika nchi yako,' mfalme wa Edomu hakuwasikiliza. Wakawatuma wajumbe kwa mfalme wa Moabu, lakini akakataa. Basi Israeli wakakaa Kadeshi.
18 ၁၈ နောက်တဖန် တောကို ရှောက်လျက်၊ ဧဒုံပြည်နှင့် မောဘပြည်ကို ဝိုင်း၍ မောဘပြည် အရှေ့ဘက်သို့ ရောက်ပြီးမှ အာနုန်မြစ်တဘက်၌ တပ်ချကြ၏။ ထိုအခါ မောဘပြည်နယ်အတွင်းသို့ မဝင်ကြ။ အာနုန်မြစ်သည် မောဘပြည်အပိုင်းအခြားဖြစ်သတည်း။
Kisha wakapitia jangwani, wakaondoka katika nchi ya Edomu, na nchi ya Moabu; wakavuka upande wa mashariki wa nchi ya Moabu, wakapanga ng'ambo ya Arnoni. Lakini hawakuingia mpaka wa Moabu, maana Arnoni ilikuwa mpaka wa Moabu.
19 ၁၉ တဖန် ဣသရေလအမျိုးသည် အာမောရိအမျိုး ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်ထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့နေရာသို့ ရောက်အံ့သောငှါ မင်းကြီးပြည်ကို ရှောက်သွားပါရစေဟု အခွင့်တောင်း သော်လည်း၊
Israeli wakatuma wajumbe kwa Sihoni, mfalme wa Waamori, ambaye alitawala huko Heshboni; Israeli akamwambia, 'Tafadhali, tunaomba tupite katika nchi yako hata mahali petu.'
20 ၂၀ ရှိဟုန်သည် ဣသရေလအမျိုးကို မယုံ၊ မိမိပြည်ကို ရှောက်သွားစေခြင်းငှါ အခွင့်မပေးသည်သာမက၊ မိမိလူအပေါင်းတို့ကို စုဝေးစေ၍၊ ယာဟတ်မြို့၌ တပ်ချပြီးလျှင် ဣသရေလအမျိုးကို စစ်တိုက်လေ၏။
Lakini Sihoni hakumwamini Israeli apite katika eneo lake. Basi Sihoni akakusanya jeshi lake lote, akalipeleka Yahasa, na huko akapigana na Israeli
21 ၂၁ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားသည်၊ ရှိဟုန်မင်းနှင့်တကွ သူ၏လူအပေါင်းတို့ ဣသရေလအမျိုးလက်၌ အပ်တော်မူ၍၊ သူတို့ကို လုပ်ကြံသဖြင့် ထိုပြည်၌နေသော အာမောရိလူတို့၏ မြေတရှောက်လုံးကို သိမ်းယူကြ၏။
Bwana, Mungu wa Israeli, akamtia Sihoni na watu wake wote mkononi mwa Israeli, nao wakawashinda. Basi Israeli wakachukua nchi yote ya Waamori waliokaa katika nchi hiyo.
22 ၂၂ အာမောရိပြည် နယ်မြေတရှောက်လုံးကို အာနုန်မြစ်မှစ၍ ယဗ္ဗုတ်ချောင်းတိုင်အောင်၎င်း၊ တောမှစ၍ ယော်ဒန်မြစ်တိုင်အောင်၎င်း သိမ်းယူကြ၏။
Wachukua kila kitu ndani ya wilaya ya Waamori, kutoka Arnoni hadi Yaboki, na kutoka jangwani hadi Yordani.
23 ၂၃ ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားသည်၊ အာမောရိလူတို့ကို ဣသရေလအမျိုး ရှေ့မှာ သူတို့ပြည်ကို နှုတ်တော်မူသည်ဖြစ်၍၊ သင်သည် သိမ်းယူရမည်လော။
Basi, Bwana, Mungu wa Israeli, amewafukuza Waamori mbele ya watu wake Israeli, na sasa mnataka kuimiliki nchi yao?
24 ၂၄ သင်၏ဘုရားခေမုရှ အပိုင်ပေးသောမြေကို သင်သိမ်းယူရသည်မဟုတ်လော။ ထိုအတူ ငါတို့ ဘုရားသခင် ထာဝရဘုရား နှင်ထုတ်တော်မူသော သူတို့၏မြေကို ငါတို့သည် သိမ်းယူရ၏။
Je, huwezi kuchukua nchi ambayo Kemoshi, mungu wako, anakupa? Kwa hiyo nchi yoyote Bwana, Mungu wetu, ametupa, tutachukua.
25 ၂၅ သင်သည် မောဘရှင်ဘုရင် ဇိဖော်မင်း၏သား ဗာလက်ထက်သာ၍ မြတ်သလော။ သူသည် ဣသရေလအမျိုးနှင့် ရန်တွေ့ဘူးသလော။ စစ်တိုက်ဘူးသလော။
Sasa wewe ni bora zaidi kuliko Balaki, mwana wa Sipori, mfalme wa Moabu? Je, alidai kuwa na hoja na Israeli? Je, yeye amewahi kupigana vita dhidi yao?
26 ၂၆ ဣသရေလအမျိုးသည် ဟေရှဘုန်မြို့ရွာတို့၌၎င်း၊ အာရော်မြို့ရွာတို့၌၎င်း၊ အာနုန်မြစ်နားမှာရှိသော မြို့ရွာအလုံးစုံတို့၌၎င်း အနှစ်သုံးရာပတ်လုံးနေစဉ်တွင် အဘယ်ကြောင့် သင်တို့သည် မရပြန်သနည်း။
Wakati Israeli walipoishia miaka mia tatu huko Heshboni na vijiji vyake, na Aroeri na vijiji vyake, na katika miji yote iliyo karibu na Arnoni, kwa nini hamkuwachukua tena wakati huo?
27 ၂၇ သင့်ကို ငါမပြစ်မှား။ သင်သည် စစ်တိုက်၍ ငါ့ကို ညှဉ်းဆဲ၏။ ထာဝရဘုရားသည် တရားသူကြီးလုပ်၍ ဣသရေလအမျိုးသား၊ အမ္မုန်အမျိုးသားတို့ စပ်ကြားမှာ ယနေ့တရားစီရင်ဆုံးဖြတ်တော်မူပါစေသော ဟု မှာလိုက်လေ၏။
Sijawafanyia vibaya, lakini mnanifanyia vibaya kwa kunishambulia. Bwana, mwamuzi, ataamua leo kati ya wana wa Israeli na wana wa Amoni.
28 ၂၈ သို့သော်လည်း ယေဖသမှာလိုက်သောစကားကို အမ္မုန်ရှင်ဘုရင်သည် နားမထောင်ဘဲ နေ၏။
Lakini mfalme wa wana wa Amoni akakataa onyo alilotumiwa na Yeftha.
29 ၂၉ ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ယေဖသအပေါ်မှာ သက်ရောက်၍၊ သူသည် ဂိလဒ်ပြည်၊ မနာရှေပြည်ကို ရှောက်လျက် ဂိလဒ်ပြည် မိဇပါမြို့ကို လွန်၍ အမ္မုန်လူတို့ရှိရာသို့ ချီသွားလေ၏။
Basi, Roho wa Bwana akamjia Yeftha, akapita Gileadi na Manase, akapitia Mizpa ya Gileadi, na kutoka Mispa ya Gileadi akapita kwa wana wa Amoni.
30 ၃၀ ယေဖသသည် ထာဝရဘုရားအား သစ္စာဂတိထားလျက်၊ အကယ်၍ ကိုယ်တော်သည် အမ္မုန်အမျိုးသား တို့ကို အကျွန်ုပ်လက်၌ အပ်တော်မူလျှင်၊
Yeftha akaahidi kwa Bwana, akasema, “Ikiwa utanipa ushindi juu ya wana wa Amoni,
31 ၃၁ အကျွန်ုပ်သည် အမ္မုန်အမျိုးသားတို့ရှိရာမှ ငြိမ်ဝပ်စွာ ပြန်လာသောအခါ၊ အကျွန်ုပ်ကို ခရီးဦးကြို ပြုအံ့သောငှါ အကျွန်ုပ်အိမ်တံခါးဝမှ ထွက်လာသောသူ မည်သည်ကို ထာဝရဘုရားအား အမှန်ဆက်သ၍ မီးရှို့ရာယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထားပြီးမှ၊
chochote kinachotoka mlangoni mwa nyumba yangu kunijia mimi nitakaporudi kwa amani kutoka kwa wana wa Amoni kitakuwa cha Bwana; Nami nitatoa hiyo sadaka ya kuteketezwa.”
32 ၃၂ အမ္မုန်အမျိုးသားတို့ကို တိုက်ခြင်းငှါ ချီသွား၍၊ ထာဝရဘုရားသည် သူတို့ကို ယေဖသလက်၌ အပ်တော် မူသဖြင့်၊
Basi Yeftha akapita kwa wana wa Amoni ili kupigana nao, naye Bwana akampa ushindi.
33 ၃၃ အာရော်မြို့မှစ၍ မိန္နိတ်မြို့တိုင်အောင်၎င်း၊ အာဗေလခေရမိမ်မြို့တိုင်အောင်၎င်း၊ မြို့နှစ်ဆယ်တို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သူတို့ကို တိုက်သတ်လေ၏။ ထိုသို့ အမ္မုန်အမျိုးသားတို့သည် ဣသရေလအမျိုးသားတို့ ရှေ့မှာ ရှုံးရကြ၏။
Akawashinda na kusababisha mauaji makubwa kutoka Aroeri hadi miji ishirini na miwili-na Abeli ​​Keramimu. Basi wana wa Amoni waliwekwa chini ya uangalizi wa watu wa Israeli.
34 ၃၄ ယေဖသသည် မိဇပါမြို့ မိမိအိမ်သို့ ရောက်လာသောအခါ၊ မိမိသမီးသည် ပတ်သာတီးလျက်၊ ကလျက်ခရီးဦးကြိုပြုအံ့သောငှါ ထွက်လာ၏။ သည် တယောက်တည်းသော သမီးဖြစ်၍၊ သူမှတပါး သားသမီးမရှိ။
Yeftha alifika nyumbani kwake huko Mizpa, na binti yake akatoka kumlaki na ngoma na kucheza. Alikuwa mtoto wake pekee, na badala yake hakuwa na mwana wa kiume wala binti.
35 ၃၅ ယေဖသသည် သူ့ကိုမြင်လျှင်၊ မိမိအဝတ်ကို ဆုတ်၍၊ အို ငါ့သမီး၊ သင်သည် ငါ့ကို အလွန်နှိမ့်ချပြီ တကား။ ငါ့ကို နှောင့်ရှက်သော သူတယောက်ဖြစ်ပါသည်တကား။ ထာဝရဘုရားအား ငါလျှောက်ထားပြီး။ နှုတ်ရသောအခွင့်မရှိဟု ဆိုသော်၊
Mara tu alipopomwona, alirarua nguo zake akasema, 'Loo! Binti yangu! Umenivunja kwa huzuni, na umekuwa mtu anayenisababishia maumivu yangu! Kwa maana nimeapa kwa Bwana, wala siwezi kurudisha ahadi yangu.
36 ၃၆ သမီးက၊ ခမည်းတော်သည် ထာဝရဘုရားအား လျှောက်ထားလျှင်၊ လျှောက်ထားသည်အတိုင်း ကျွန်မ၌ ပြုပါ။ အကြောင်းမူကား၊ ထာဝရဘုရားသည် ခမည်းတော်၏ရန်သူ အမ္မုန်အမျိုးသားတို့၌ ခမည်းတော်၏စိတ်ပြေစေခြင်းငှါ အပြစ်ပေးတော်မူပြီ။
Akamwambia, “Baba yangu, umeweka ahadi kwa Bwana, unifanyie kila kitu ulichoahidi; kwa kuwa Bwana amekulipia kisasi juu ya adui zako, wana wa Amoni.”
37 ၃၇ သို့ရာတွင် ကျွန်မသည် အပေါင်းအဘော်တို့နှင့်တကွ တောင်ရိုးပေါ်မှာ လှည့်လည်၍၊ ကျွန်မ၏ အပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းရမည်အကြောင်း၊ နှစ်လပတ်လုံး အလွတ်နေပါရစေဟု အဘအား အခွင့်တောင်းမသည်အတိုင်း၊
Akamwambia baba yake, “Hebu ahadi hii ihifadhiwe kwa ajili yangu. Niache kwa miezi miwili, nipate kuondoka na kwenda kwenye vilima na kuomboleza juu ya ubikira wangu, mimi na wenzangu.”
38 ၃၈ အဘက၊ သွားလေတော့ဟုဆိုလျက် နှစ်လကို ချိန်းချက်၍ လွှတ်လိုက်လျှင်၊ အပေါင်းအဘော်တို့နှင့် တကွ သွား၍ တောင်ရိုးပေါ်မှာ မိမိအပျိုကညာဖြစ်ခြင်းကို ငိုကြွေးမြည်တမ်းလေ၏။
Akasema, “Nenda.” Alimtuma kwa muda wa miezi miwili. Akamwondoa, yeye na wenzake, nao wakauomboleza ubikira wake katika milimani.
39 ၃၉ နှစ်လစေ့သောအခါ အဘထံသို့ ပြန်လာ၍၊ အဘသည် သစ္စာဂတိရှိသည်အတိုင်း ပြုလေ၏။ ထိုမိန်းမသည် ယောက်ျားနှင့် မဆက်ဆံသော သူဖြစ်၏။
Mwishoni mwa miezi miwili alirudi kwa baba yake, ambaye alifanya kulingana na ahadi ya aliyoifanya. Sasa alikuwa hajalala na mwanaume, na ikawa desturi katika Israeli
40 ၄၀ ထိုနောက်မှ ဣသရေလအမျိုးသမီးတို့သည်၊ ဂိလဒ်အမျိုးသားယေဖသ၏သမီးကြောင့် တနှစ်တနှစ် လျှင် လေးရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းငှါ သွားရသော ဣသရေလ ထုံးစံဓလေ့ ဖြစ်လေ၏။
kwamba binti za Israeli kila mwaka, kwa siku nne, waweze kurejea hadithi ya binti ya Yeftha Mgileadi.

< တရားသူကြီးမှတ်စာ 11 >