< တရားသူကြီးမှတ်စာ 10 >

1 အဘိမလက်လက်ထက် နောက်မှ၊ ဣသရေလအမျိုးကို ကယ်တင်သောသူ ဣသခါအမျိုး၊ ဒေါဒေါသား ဖုဝါ၏သား တောလသည် ပေါ်ထွန်း၍၊ ဧဖရိမ်တောင်ပေါ်၊ ရှမိရမြို့မှာ နေလေ၏။
Baada ya Abimeleki, Tola, mwana wa Pua, mwana wa Dodo, mtu wa Isakari, aliyekaa Shamiri, katika mlima wa Efraimu, akaondoka ili kuwaokoa Israeli.
2 ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။
Akawa mwamuzi wa Israeli miaka ishirini na mitatu. Alikufa na kuzikwa Shamiri.
3 ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။
Alifuatiwa na Yairi Mgileadi. Akawa mwamuzi wa Israeli miaka ishirini na miwili.
4 ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။
Alikuwa na wana thelathini waliokuwa wakipanda kwenye punda thelathini, na walikuwa na miji thelathini, ambayo inaitwa Hawoth Yairi hata leo, iliyo katika nchi ya Gileadi.
5 ယာဣရသေ၍ ကာမုန်မြို့မှာ သင်္ဂြိုဟ်လေ၏။
Yairi alikufa na kuzikwa Kamoni.
6 တဖန် ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၍၊ ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမ္မုန်ဘုရား၊ ဖိလိတ္တိဘုရားတို့ကို ဝတ်ပြု၍ ထာဝရဘုရားကို ဝတ်မပြုစွန့်ထားကြ၏။
Watu wa Israeli waliendelea kutenda maovu mbele za Bwana, wakaabudu Mabaali, Maashtoreti, miungu ya Aramu, miungu ya Sidoni, miungu ya Moabu, miungu ya wana wa Amoni, na miungu ya Wafilisti. Wakamsahau Bwana na hawakamsujudia tena.
7 ထာဝရဘုရားသည် ဣသရေလအမျိုးကို အမျက်ထွက်၍ ဖိလိတ္တိလူတို့၌၎င်း၊ အမ္မုန်အမျိုးသားတို့၌ ၎င်း၊ ရောင်းတော်မူသဖြင့်၊
Hasira ya Bwana ikawaka juu ya Israeli, naye akawauza mikononi mwa Wafilisti na katika mikono ya wana wa Amoni.
8 ယော်ဒန်မြစ်တဘက် အာမောရိလူနေရာဂိလဒ်ပြည်၌နေသော ဣသရေလအမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။
Wakawaangamiza na kuwadhulumu watu wa Israeli mwaka huo, na kwa muda wa miaka kumi na nane waliwafukuza watu wote wa Israeli waliokuwa ng'ambo ya Yordani katika nchi ya Waamori, iliyoko Gileadi.
9 အမ္မုန်အမျိုးသားတို့သည်လည်း၊ ယော်ဒန်မြစ်ကို ကူး၍ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုး၊ ဧဖရိမ်အမျိုးသား တို့ကို တိုက်သဖြင့်၊ ဣသရေလအမျိုးသားတို့သည် ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်ကြ၏။
Nao wana wa Amoni wakavuka Yordani, wakapigana na Yuda, na Benyamini, na nyumba ya Efraimu; Israeli akasumbuliwa sana.
10 ၁၀ ထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။
Ndipo wana wa Israeli wakamwita Bwana, wakisema, “Tumekukosea, kwa sababu tumemwacha Mungu wetu, tukaabudu Mabaali.”
11 ၁၁ ထာဝရဘုရားကလည်း၊ ငါသည် သင်တို့ကို အဲဂုတ္တုလူ၊ အာမောရိလူ၊ အမ္မုန်လူ၊ ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်သည် မဟုတ်လော။
Bwana akawaambia wana wa Israeli, “Je, sikuwatoa ninyi kutoka kwa Wamisri, na Waamori, na Waamoni, na Wafilisti,
12 ၁၂ ဇိဒုန်လူ၊ အာမလက်လူ၊ မောနိလူတို့ ညှဉ်းဆဲသောအခါ၌လည်း၊ သင်တို့သည် ငါ့ကို ဟစ်ကြော်၍၊ သူတို့လက်မှ ငါကယ်နှုတ်၏။
na pia kwa Wasidoni? Waamaleki na Wamaoni walipowakandamiza; mliniita, nami nikawaokoa kutoka katika nguvu zao.
13 ၁၃ သို့သော်လည်း သင်တို့သည် ငါ့ကို စွန့်၍ အခြားတပါးသော ဘုရားတို့ကို ဝတ်ပြုသောကြောင့်၊ နောက်တဖန် ငါမကယ်နှုတ်။
Lakini ninyi mliniacha tena na kuabudu miungu mingine. Kwa hiyo, sitawaokoa tena.
14 ၁၄ သင်တို့ ရွေးယူသော ဘုရားတို့ကို သွား၍ ဟစ်ကြော်ကြလော့။ အမှုရောက်သော ယခု ကာလ၌ သူတို့သည် ကယ်နှုတ်ကြစေဟု ဣသရေလအမျိုးသားတို့အား မိန့်တော်မူ၏။
Nendeni mkaiite miungu mnayoiabudu. Ili iwaokoe wakati wa shida.
15 ၁၅ ဣသရေလအမျိုးသားတို့ကလည်း၊ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ စိတ်တော်ရှိသည်အတိုင်း အကျွန်ုပ် တို့၌ ပြုတော်မူပါ။ ယခု တကြိမ်သာ ကယ်နှုတ်တော်မူမည်အကြောင်း အကျွန်ုပ်တို့ တောင်းပန်ပါ၏ဟု ထာဝရဘုရားအား တောင်းလျှောက်လျက်၊
Wana wa Israeli wakamwambia Bwana, Tumefanya dhambi. Tufanyie chochote kinachoonekana kuwa kizuri kwako. Tafadhali, tuokoe leo.
16 ၁၆ တပါးအမျိုးသား ကိုးကွယ်သော ဘုရားတို့ကို ပယ်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ ထိုအခါ ထာဝရဘုရားသည် ဣသရေလအမျိုး ခံရသော ဒုက္ခဆင်းရဲကြောင့် ကြင်နာသော စိတ်နှလုံးရှိတော်မူ၏။
Wakaiacha miungu ya kigeni waliyokuwa nayo, nao wakamwabudu Bwana. Naye akawa na subira juu ya taabu ya Israeli.
17 ၁၇ အမ္မုန်အမျိုးသားတို့သည် စည်းဝေး၍ ဂိလဒ်ပြည်၌ တပ်ချကြ၏။ ဣသရေလအမျိုးသားတို့သည် စည်းဝေး၍ မိဇပါမြို့မှာ တပ်ချကြ၏။
Ndipo Waamoni wakakusanyika, wakaweka kambi Gileadi. Waisraeli walikutana na kuweka kambi yao huko Mispa.
18 ၁၈ ဂိလဒ်ပြည်သားမင်းများတို့က၊ အကြင်သူသည် အမ္မုန်အမျိုးသားတို့ကို အဦးတိုက်၏။ ထိုသူသည် ဂိလဒ်ပြည်သားအပေါင်းတို့၏ အထွဋ်ဖြစ်စေဟု တိုင်ပင်စီရင်ကြ၏။
Viongozi wa watu wa Gileadi wakaambiana, 'Ni nani atakayeanza kupigana na Waamoni? Yeye atakuwa kiongozi juu ya wote wanaoishi Gileadi.

< တရားသူကြီးမှတ်စာ 10 >