< ယောရှု 9 >

1 ယော်ဒန်မြစ် အနောက်ဘက်၊ တောင်ပေါ်၌ ၎င်း၊ ချိုင့်ထဲ၌၎င်း၊ လေဗနုန်တောင်တဘက်၊ မဟာပင် လယ်ကမ်းတရှောက်လုံး၌၎င်း နေသော ဟိတ္တိ၊ အာမော ရိ၊ ခါနနိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးမင်းကြီး အပေါင်း တို့သည် သိတင်းကြားသောအခါ၊
І сталося, коли це почули всі царі, що по той бік Йорда́ну, на горі та на поді́ллі, та на всім бе́резі Великого моря навпроти Лива́ну: хітте́янин, і аморе́янин, ханаане́янин, періззе́янин, хівве́янин і євусе́янин,
2 ယောရှုနှင့် ဣသရေလအမျိုးသားတို့ကို စစ် တိုက်ခြင်းငှါ တညီတညွတ်တည်း စည်းဝေးကြ၏။
то вони зібралися ра́зом, щоб однодушно воювати проти Ісуса та проти Ізраїля.
3 ဂိဗောင်မြို့သားတို့သည် ယေရိခေါမြို့၊ အာဣမြို့ ၌ ယောရှုပြုသောအမှုကို ကြားသောအခါ၊
А ме́шканці Ґів'ону почули, що́ Ісус зробив Єрихо́нові та Аєві,
4 ပရိယာယ်ပြု၍ သံတမန်လုပ်လျက်၊ မြည်းပေါ် မှာ ဟောင်းနွမ်းသောအိတ်တို့ကို တင်၍၊ ဟောင်းနွမ်း စုတ်ကွဲဖာပြင်သော စပျစ်ရည်သားရေဘူးတို့ကို ယူကြ၏။
то зробили й вони хитрість. І пішли вони, і забезпе́чились живністю на дорогу, — і взяли́ повити́рані мішки для ослів своїх, і бурдюки́ для вина повити́рані, і потріскані, і пов'я́зані,
5 ဟောင်းနွမ်းဖာပြင်သော ခြေနင်းကို စီး၍၊ ဟောင်းနွမ်းသောအဝတ်ကိုလည်း ဝတ်ကြ၏။ အောက်၍ မှိုတက်လျက်ရှိသော ရိက္ခာကိုသာ ဆောင်ခဲ့လျက်၊
і взуття повитиране та пола́тане на їхніх ногах, і одежа на них поношена, а ввесь хліб їхньої поживи на дорогу був сухий, заплісні́лий.
6 ယောရှုရှိရာ ဂိလဂါလတပ်သို့ ရောက်လာလျှင်၊ အကျွန်ုပ်တို့သည် မိဿဟာယဖွဲ့ခြင်းငှါ၊ ဝေးသောပြည်က လာကြပါသည်ဟု ယောရှုနှင့် ဣသရေလလူတို့အား ပြော ဆိုကြ၏။
І пішли вони до Ісуса, до табо́ру в Ґілґалі, та й сказали до нього та до мужів Ізраїлевих: „Ми прийшли з далекого кра́ю, а ви тепер складіть з нами умову“.
7 ဣသရေလအမျိုးသားတို့ကလည်း၊ သင်တို့သည် ငါတို့အနားမှာနေသည် မနေသည်ကို မသိနိုင်။ အဘယ် သို့ မိဿဟာယဖွဲ့နိုင်သနည်းဟု ဟိဝိလူတို့အား ဆိုကြ
І сказали Ізраїлеві мужі до хівве́ян: „Може ви сидите́ побли́зу нас, то я́к ми складемо з вами умову?“
8 သူတို့က အကျွန်ုပ်တို့သည် ကိုယ်တော်ကျွန် ဖြစ် ပါ၏ဟု ယောရှုအား လျှောက်ဆိုကြ၏။ ယောရှုကလည်း၊ သင်တို့သည် အဘယ်သို့သောသူနည်း။ အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊
І сказали вони до Ісуса: „Ми твої раби“. А Ісус сказав до них: „Хто́ ви та звідки прихо́дите?“
9 သူတို့က၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့် ကိုယ်တော်ကျွန်တို့သည် အလွန်ဝေးသောပြည်က လာပါပြီ။ ထာဝရဘုရား၏ သိတင်းတော်ကို၎င်း၊ အဲဂုတ္တုပြည်၌ ပြုတော်မူသမျှကို၎င်း၊
І вони сказали йому: „З дуже далекого кра́ю прийшли твої раби до Йме́ння Господа, Бога твого, бо ми чули чутку про Нього, і все, що́ Він зробив був в Єгипті,
10 ၁၀ ယော်ဒန်မြစ်အရှေ့ဘက်၌နေသော အာမောရိ မင်းကြီး၊ ဟေရှဘုန်ရှင်ဘုရင်ရှိဟုန်၊ အာရှတရုတ်မြို့မှာ နေသော ဗာရှန်ရှင်ဘုရင် ဩဃတို့၌ ပြုတော်မူသမျှကို ၎င်း ကြားပါပြီ။
і все, що́ Він зробив двом аморейським царям, що по той бік Йорда́ну, — Сигонові, цареві хешбонському, та Оґові, цареві башанському, що в Аштароті.
11 ၁၁ ထိုကြောင့် အကျွန်ုပ်တို့၌ အသက်ကြီးသောသူ တို့နှင့် ပြည်သူပြည်သားအပေါင်းတို့က၊ လမ်းခရီးရိက္ခာကို ယူ၍ သူတို့ကို ခရီးဦးကြိုပြုခြင်းငှါ သွားကြလော့။ ငါတို့ သည် သူတို့၏ကျွန်ဖြစ်ကြောင်းနှင့် မိဿဟာယဖွဲ့ရပါ မည်အကြောင်းကို လျှောက်ထားကြလော့ဟု မှာလိုက်ပါပြီ။
І сказали до нас наші старші́ та всі ме́шканці нашого кра́ю, говорячи: Візьміть у свою руку поживу на дорогу, і йдіть навпроти них та й скажете їм: Ми ваші раби, а тепер складіть із нами умову.
12 ၁၂ ကိုယ်တော်ထံသို့ ရောက်အံ့သောငှါ ထွက်လာ သောနေ့၌ ခရီးရိက္ခာဘို့ ကိုယ်အိမ်မှ ဆောင်ယူခဲ့သော ဤမုန့်သည် ပူနွေးလျက်ရှိပါ၏။ ယခုကြည့်ပါ။ အောက် လျက် မှိုတက်လျက်ရှိပါ၏။
Оце наш хліб: теплим ми забезпечилися ним у поживу на дорогу з наших домів у день нашого ви́ходу, щоб іти до вас, а тепер ось він висох і став заплісні́лий.
13 ၁၃ စပျစ်ရည်ပြည့်သော ဤသားရေဘူးတို့သည် အသစ်ဖြစ်သော်လည်း၊ ယခုကြည့်ပါ စုတ်ကွဲလျက်ရှိပါ၏။ ဤအဝတ် ဤခြေနင်းတို့သည်လည်း အလွန်ခရီးဝေး သောကြောင့် ဟောင်းနွမ်းပါပြီဟု ပြန်လျှောက်ကြ၏။
А ці бурдюки́ вина, що понапо́внювали ми нові, ось поде́рлися! А ось одежа наша та взуття́ наше повитира́лося від цієї дуже далекої дороги“.
14 ၁၄ ဣသရေလလူတို့သည် ထာဝရဘုရားထံတော်၌ အခွင့်မပန်ဘဲ ထိုသူတို့၏ရိက္ခာကို စားကြ၏။
І взяли́ люди з їхньої поживи на дорогу, а Господніх уст не питали.
15 ၁၅ ယောရှုသည်လည်း သူတို့ကို စစ်မှုနှင့်လွတ်စေ၍၊ အသက်ချမ်းသာစေမည်အကြောင်း မိဿဟာယဖွဲ့၏။ ပရိသတ်မင်းတို့သည်လည်း ကျိန်ဆိုခြင်းကို ပြုကြ၏။
І вчинив їм Ісус мир, і склав з ними умову, щоб зоставити їх при житті, і присягнули їм начальники громади.
16 ၁၆ မိဿဟာယဖွဲ့၍ သုံးရက်လွန်သောအခါ၊ ထိုသူ တို့သည် အိမ်နီးချင်းဖြစ်၍၊ အနားမှာနေကြောင်းကို ဣသရေလအမျိုးသားတို့သည် ကြားသိလျှင်၊
І сталося по трьох днях по тому, як склали з ними умову, то почули, що близькі́ вони до нього, і сидять вони поміж ними.
17 ၁၇ ခရီးသွား၍ သုံးရက်မြောက်သောနေ့၌ သူတို့မြို့ ရွာသို့ ရောက်ကြ၏။ သူတို့မြို့ကား ဂိဗောင်မြို့၊ ခေဖိရာ မြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့တည်း။
І рушили Ізраїлеві сини, і третього дня прибули́ до їхніх міст. А їхні міста: Ґів'он, і Кефіра, і Беерот, і Кір'ят-Єарім.
18 ၁၈ ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး ၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆို ခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲ အမှူးတို့ကို အပြစ်တင်ကြ၏။
І не повбивали їх Ізраїлеві сини, бо начальники громади присягли́ були їм Господом, Богом Ізраїля. І нарікала вся громада на начальників.
19 ၁၉ အကဲအမှူးတို့ကလည်း၊ ငါတို့သည် ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့် သူတို့ကို မထိမခိုက်ရ။
І сказали всі начальники до всієї громади: „Ми присягнули їм Господом, Богом Ізраїля, а тепер ми не можемо доторкнутися до них.
20 ၂၀ သူတို့အား ကျိန်ဆိုမိသောကြောင့် အပြစ်ဒဏ် ရောက်မည်ကို စိုးရိမ်၍၊ အသက်ချမ်းသာပေးသဖြင့် အဘယ်သို့ ပြုရမည်နည်းဟူမူကား၊
Оце зробімо їм, — позоставимо їх при житті, і не буде на нас гніву за прися́гу, що ми присягнули їм“.
21 ၂၁ အကဲအမှူးများ ဂတိရှိသည်အတိုင်း အသက် ချမ်းသာပေး၍၊ ပရိသတ်အပေါင်းတို့အဘို့ ထင်းခုတ်သော သူ၊ ရေခပ်သောသူ ဖြစ်စေရမည်ဟု ပရိသတ်အပေါင်းတို့ အား ပြန်ပြောကြ၏။
І сказали до них начальники: „Нехай вони живуть“. І стали вони рубати дро́ва та носи́ти воду для всієї громади, як говорили їм начальники.
22 ၂၂ ယောရှုသည်လည်း သူတို့ကိုခေါ်၍၊ သင်တို့ သည် ငါတို့အနားမှာနေလျက်ပင်၊ ဝေးသောအရပ်က လာပါပြီဟုဆို၍ ငါတို့ကို အဘယ်ကြောင့် လှည့်စားကြသ နည်း။
І покликав їх Ісус, і промовляв до них, говорячи: „Чому́ ви обмани́ли нас, говорячи: Ми дуже далекі від вас, а ви ось сидите́ серед нас?
23 ၂၃ ယခုမှာ သင်တို့သည် ကျိန်အပ်သောသူ ဖြစ်သ ဖြင့်၊ ကျွန်ခံ၍ ငါ၏ဘုရားသခင် အိမ်တော်အဘို့ ထင်း ခုတ်ခြင်း၊ ရေခပ်ခြင်းအမှုနှင့် တယောက်မျှမလွတ်ရဟု ဆို၏။
А тепер ви прокля́ті, і не переведеться з-посеред вас раб, і рубачі́ дров, і носії́ води для дому Бога мого“.
24 ၂၄ သူတို့ကလည်း၊ ဤပြည်တရှောက်လုံးကို သင်တို့ အားပေး၍၊ ပြည်သူပြည်သားအပေါင်းတို့ကို သင်တို့ရှေ့ မှ ပယ်ရှင်းခြင်းငှါ၊ ကိုယ်တော်၏ ဘုရားသခင် ထာဝရ ဘုရားသည် မိမိကျွန်မောရှေအား မှာထားတော်မူ ကြောင်းကို ကိုယ်တော်ကျွန်တို့သည် ဆက်ဆက်ကြားသိ ၍၊ သင်တို့လက်၌ အသက်ဆုံးမည်ကို အလွန်ကြောက် သောကြောင့်၊ ဤအမှုကို ပြုပါပြီ။
А вони відповіли Ісусові та й сказали: „Бо справді ви́явлено рабам твоїм, що Господь, Бог твій, наказав Мойсеєві, Своєму рабові, дати вам увесь цей край, і ви́губити всіх ме́шканців цієї землі перед вами. І ми дуже налякалися за своє життя зо страху перед вами, і зробили оцю річ.
25 ၂၅ ယခုမှာ ကျွန်တော်တို့သည် ကိုယ်တော်လက်တွင် ရှိပါ၏။ ကျွန်တော်တို့၌ ပြုကောင်းပြုသင့်သည်ဟု စိတ် တော်ထင်သည်အတိုင်း ပြုတော်မူပါဟု ယောရှုအား ပြန် လျှောက်ကြ၏။
А тепер ми оце в руці твоїй: я́к добре, і я́к справедливо в оча́х твоїх учинити нам, учини“.
26 ၂၆ ထိုသို့နှင့်အညီ ယောရှုသည် ပြု၍၊ သူတို့ကို အသက်ချမ်းသာစေခြင်းငှါ ဣသရေလလူတို့လက်မှ ကယ်နှုတ်သဖြင့်၊
І він зробив їм так, — і врятував їх від руки Ізраїлевих синів, і не повбивали їх.
27 ၂၇ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ တည်သော ယဇ်ပုလ္လင်တော်အဘို့နှင့် ပရိသတ်တော်တို့ အဘို့ ထိုသူတို့သည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေ ခပ်ရမည်အကြောင်း၊ ထိုနေ့၌ စီရင်လေ၏။ လျှင်၊
І дав їх Ісус того дня за рубачі́в дров та за носії́в води для громади й для Господнього же́ртівника, і так є аж до цього дня, до місця, яке він вибере.

< ယောရှု 9 >