< ယောရှု 10 >

1 ယောရှုသည် ယေရိခေါမြို့နှင့် မင်းကြီးကို ပြုသ ကဲ့သို့၊ အာဣမြို့နှင့် မင်းကြီးကို တိုက်ယူ၍ ရှင်းရှင်းဖျက် ဆီးကြောင်းကို၎င်း၊ ဂိဗောင်မြို့သားတို့သည် ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့၍ အတူနေကြောင်းကို ၎င်း၊ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက်သည် ကြား သောအခါ၊
І сталося, як почув єрусалимський цар Адоні-Цедек, що Ісус здобув Ай та вчинив його закля́ттям, і що як зробив Єрихонові й цареві його, так зробив Аєві та цареві його, і що ме́шканці Ґів'ону склали мир з Ізраїлем та були серед них,
2 ဂိဗောင်မြို့သည် မြို့တော်ကဲ့သို့ ကြီးစွာသောမြို့၊ အာဣမြို့ထက်ကြီး၍ မြို့သားယောက်ျား အပေါင်းတို့ သည် ခွန်အားနှင့်ပြည့်စုံသောကြောင့် အလွန်ကြောက်ရွံ့ ကြ၏။
то дуже налякалися, бо Ґів'он місто велике, як одне з міст царськи́х, і що він більший за Ай, а всі люди його лицарі.
3 ထိုအခါ ယေရုရှလင်မင်းကြီးအဒေါနိဇေဒက် သည်၊ ဟေဗြုန်မင်းကြီး ဟောဟံ၊ ယာမုတ်မင်းကြီးပိရံ၊ လာခိရှမင်းကြီးယာဖျာ၊ ဧဂလုန်မင်းကြီး ဒေပိရတို့ထံသို့ စေလွှတ်၍၊
І послав єрусалимський цар Адоні-Цедек до хевронського царя Гогама, і до ярмутського царя Пір'ама, і до лахіського царя Яфії, і до еґлонського царя Девіра, говорячи:
4 ဂိဗောင်မြို့သည် ယောရှုမှစ၍ ဣသရေလ အမျိုးသားတို့နှင့် မိဿဟာယဖွဲ့သောကြောင့်၊ ထိုမြို့ကို လုပ်ကြံခြင်းငှါ ငါ့ထံသို့လာ၍ ငါနှင့်အတူ ကူညီကြပါဟု နှိုးဆော်သည်အတိုင်း၊
„Прийдіть до мене, і допоможіть мені, і ми поб'ємо Ґів'она, бо він замири́в з Ісусом та з Ізраїлевими синами“.
5 ယေရုရှလင်မင်းကြီး၊ ဟေဗြုန်မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန်မင်းကြီးတည်း ဟူသော အာမောရိမင်းကြီး ငါးပါးတို့သည် စည်းဝေး၍ မိမိတို့ဗိုလ်ပါစစ်သည် အပေါင်းတို့နှင့်တကွ စစ်ချီ၍၊ ဂိဗောင်မြို့ရှေ့မှာ တပ်ချလျက် စစ်တိုက်ကြ၏။
І вони зібралися, і пішли п'ять аморейських царів: цар єрусалимський, цар хевронський, цар ярмутський, цар лахіський, цар еґлонський, вони та всі табо́ри їхні, і розтаборува́лися при Ґів'оні, і воювали проти них.
6 ဂိဗောင်မြို့သားတို့သည် ယောရှုရှိရာ ဂိလဂါလ မြို့သို့ စေလွှတ်၍၊ ကိုယ်တော်၏ ကျွန်တို့ကို ကြည့်ရှုလျက် နေတော်မမူပါနှင့်။ အလျင်အမြန်ကြွ၍ မစကယ်တင် တော်မူပါ။ တောင်ပေါ်မှာနေသော အာမောရိမင်းကြီး အပေါင်းတို့သည် ကျွန်တော်တို့ကို တိုက်ခြင်းငှါ စည်းဝေး ကြပါပြီဟု လျှောက်ကြ၏။
І послали ґів'онські люди до Ісуса та до табо́ру в Ґілґал, говорячи: „Не стримуй своєї руки від своїх рабів! Прийди до нас скоро, і спаси нас та допоможи нам, бо зібралися на нас усі аморейські царі, що замешкують го́ри“.
7 ယောရှုသည်လည်း၊ စစ်မှု၌ ကျင်လည်သောသူ၊ ခွန်အားကြီးသော သူရဲအပေါင်းတို့နှင့်တကွ၊ ဂိလဂါလမြို့မှ တက်သွားလေ၏။
І рушив Ісус із Ґілґалу, він та з ним усі вояки́ й військо́ві лицарі.
8 ထာဝရဘုရားကလည်း၊ သူတို့ကို မကြောက်နှင့်။ သင်၏လက်၌ ငါအပ်မည်။ သင့်ရှေ့မှာ လူတစုံတ ယောက်မျှ မခံမရပ်နိုင်ရာဟု ယောရှုအား မိန့်တော်မူ၏။
І сказав Господь до Ісуса: „Не бійся їх, бо Я віддав їх у твою руку, — ніхто з них не встоїть перед тобою“.
9 ယောရှုသည် ဂိလဂါလမြို့မှ တညဉ့်လုံးချီသွား ၍၊ ရန်သူတို့ကို အမှတ်တမဲ့တိုက်လာသဖြင့်၊
І прибув до них Ісус знена́цька, — ці́лу ніч ішов із Ґілґалу.
10 ၁၀ ထာဝရဘုရားသည် သူတို့ကို ဣသရေလအမျိုး သားရှေ့မှာ ရှုံးစေ၍၊ ဂိဗောင်မြို့အနားမှာ ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်၍၊ ဗေသောရုံမြို့သို့ သွားသော လမ်း၌ လိုက်လျက်၊ အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လုပ်ကြံတော်မူ၏။
І Господь навів на них замі́шання перед Ізраїлем, і побив їх великою пора́зкою в Ґів'оні. І він гнав їх дорогою входу до Бет-Хорону, і бив їх аж до Азеки та аж до Маккеди.
11 ၁၁ ထိုသူတို့သည် ဣသရေလလူတို့ရှေ့မှာ ပြေး၍ ဗေသောရုန်မြို့သို့ ဆင်းသွားရာတွင်၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်မှ ကြီးစွာသော မိုဃ်းသီးကို အဇေကာ မြို့တိုင်အောင် သူတို့အပေါ်၌ ချတော်မူ၍၊ သူတို့သည် ဣသရေလလူတို့၏ ထားကြောင့် သေသည်ထက် မိုဃ်းသီး ကြောင့် သာ၍သေကြ၏။
І сталося, коли вони втікали перед Ізраїлем і були на сході від Бет-Хорону, то Господь кидав на них із неба велике каміння аж до Азеки, і вони вмирали. Тих, що повмирали від градово́го каміння, було більше від тих, що Ізраїлеві сини повбивали мече́м.
12 ၁၂ ထိုသို့ အာမောရိလူတို့ကို ဣသရေလအမျိုးသား တို့၌ အပ်တော်မူသောနေ့မှာ၊ ယောရှုသည် ထာဝရဘုရား ကို ဆုတောင်းပြီးလျှင်၊ အိုနေ သင်သည် ဂိဗောင်မြို့၌ ၎င်း၊ အိုလ သင်သည် အာယလုန်ချိုင့်၌၎င်း ငြိမ်ဝပ်စွာ နေလော့ဟု ဣသရေလအမျိုးသားများရှေ့တွင် မြွက်ဆို သည်အတိုင်း၊
Тоді Ісус говорив Господе́ві того дня, коли Господь дав аморе́янина перед Ізраїлевих синів, та й сказав на оча́х Ізраїля: „Стань, сонце, в Ґів'оні, а ти, місяцю, ув айялонській долині!
13 ၁၃ ဣသရေလ လူတို့သည် ရန်သူတို့အားအပြစ် ဒဏ်မပေးမှီတိုင်အောင်နေသည် ငြိမ်ဝပ်စွာနေ၍ လသည် ရပ်လေ၏။ ယာရှာ၏စာ၌ ပါသည်ကား၊ မိုဃ်း ကောင်းကင်အလယ်၌နေသည် ရပ်နေ၏။ ဝင်မြဲဝင်အံ့ သောငှါ တနေ့လုံး အလျင်မပြုဟု ပါသည်မဟုတ်လော။
І сонце затри́малося, а місяць спинився, аж поки народ відімстився своїм ворогам“. Чи це не написане в книзі Праведного? І сонце стало на половині неба, і не поспішалося заходити майже ці́лий день.
14 ၁၄ ထာဝရဘုရားသည် လူစကားကို နားထောင်၍၊ ထိုသို့သောနေ့တနေ့မျှ မဖြစ်စဖူး။ နောက်ဖန်လည်းဖြစ် မဖြစ်။ အကြောင်းမူကား၊ ထာဝရဘုရားသည် ဣသရေ လအမျိုးဘက်မှာ စစ်တိုက်တော်မူ၏။
І не було такого, як день той, ані перед ним, ані по ньому, щоб Господь так слухав лю́дського голосу, — бо Господь воював для Ізраїля.
15 ၁၅ ထိုနောက်၊ ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ ဂိလဂါလတပ်သို့ ပြန်သွား၏။
І вернувся Ісус, а з ним увесь Ізраїль до табо́ру в Ґілґал.
16 ၁၆ မင်းကြီးငါးပါးတို့သည် ပြေး၍ မက္ကဒါလိုင်ခေါင်း ၌ ပုန်းလျက်နေကြ၏။
А ті п'ять царів повтікали, та й схова́лися в печері в Маккеді.
17 ၁၇ မက္ကဒါလိုင်ခေါင်း၌ ပုန်းလျက်နေသော မင်းကြီး ငါးပါးကို တွေ့ပါပြီဟု ယောရှုအား ကြားလျှောက်လျှင်၊
І було доне́сено Ісусові й сказано: „Зна́йдені ті п'ять царів, схо́вані в печері в Маккеді“.
18 ၁၈ ယောရှုက၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို လှိမ့်ပုံ၍ လူစောင့်တို့ကို ထားကြလော့။
А Ісус відказав: „Приваліть велике каміння на о́твір печери, і призначте до неї людей, щоб їх стерегти.
19 ၁၉ သင်တို့မူကား မဆိုင်းမလင့်။ ရန်သူတို့ကို လိုက် ၍ မှီသမျှသောသူတို့ကို ကွပ်မျက်ကြ။ မြို့ထဲသို့ မဝင်စေ ကြနှင့်။ သင်တို့ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင်တို့လက်၌ အပ်တော်မူပြီဟု မှာထားလေ၏။
А ви не стійте, — женіться за своїми ворогами, і понищте їхні за́дні сте́жі, і не давайте їм вхо́дити до їхніх міст, бо Господь, Бог ваш, віддав їх у вашу руку“.
20 ၂၀ ယောရှုနှင့် ဣသရေလလူတို့သည် ရန်သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သုတ်သင်ပယ်ရှင်းပြီးမှ၊ ကျန်ကြွင်းသောသူအချို့တို့သည် ခိုင်ခံ့သောမြို့သို့ ဝင်၍ နေကြ၏။
І сталося, як завдав їм Ісус та Ізраїлеві сини дуже велику пора́зку, так, що прийшов їм кінець, а врято́вані повтікали від них, і повхо́дили до тверди́нних міст,
21 ၂၁ လူအပေါင်းတို့သည် ယောရှုရှိရာ မက္ကဒါတပ်သို့ ငြိမ်ဝပ်စွာ ပြန်လာကြ၏။ ဣသရေလလူ တစုံတယောက် ကို အဘယ်သူမျှ အပြစ်မတင်ရ။
то ввесь народ у споко́ї вернувся до табо́ру до Ісуса в Маккеді, і ніхто не поворушив язика свого проти кого з Ізраїлевих синів!
22 ၂၂ ယောရှုကလည်း၊ လိုင်ခေါင်းကို ဖွင့်ပြီးလျှင်၊ ထို မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲကထုတ်၍ ငါ့ထံသို့ ဆောင်ခဲ့ကြဟု မှာလိုက်သည်အတိုင်း၊
І сказав Ісус: „Відчиніть о́твір печери, і приведіть до мене з печери тих п'ятьо́х царів“.
23 ၂၃ သူတို့သည် ပြု၍၊ ယေရုရှလင်မင်းကြီး၊ ဟေဗြုန် မင်းကြီး၊ ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး၊ ဧဂလုန် မင်းကြီးငါးပါးတို့ကို လိုင်ခေါင်းထဲက ဆောင်ခဲ့၍၊
І вони зробили так, і вивели до нього з печери тих п'ятьох царів: царя єрусалимського, царя хевронського, царя ярмутського, царя лахіського, царя еґлонського.
24 ၂၄ ယောရှုထံသို့ ရောက်ပြီးမှ၊ ယောရှုသည် မိမိနှင့် အတူ စစ်ချီသော ဗိုလ်မင်းတို့နှင့် ဣသရေလလူအပေါင်း တို့ကို ခေါ်လျှင်၊ ချဉ်းလာကြ။ ဤမင်းကြီးတို့၏ လည်ကုပ် အပေါ်၌ ခြေကို တင်ကြဟု ဗိုလ်မင်းတို့အား ဆိုသည် အတိုင်း၊ သူတို့သည် ချဉ်းလာ၍ ထိုမင်းကြီးတို့၏ လည် ကုပ်အပေါ်၌ ခြေကို တင်ကြ၏။
І сталося, як привели́ тих царів до Ісуса, то Ісус закли́кав усіх Ізраїлевих людей, і сказав військо́вим начальникам, що йшли з ним: „Підійдіть, — поста́вте свої ноги на шиї цих царів“. І вони попідхо́дили, і поста́вили свої ноги на їхні шиї.
25 ၂၅ ယောရှုကလည်း သင်တို့တိုက်ရသော ရန်သူ အပေါင်းတို့ကို ထာဝရဘုရားသည် ဤကဲ့သို့ပြုတော်မူ မည်ဖြစ်၍ မကြောက်ကြနှင့်၊ စိတ်မပျက်ကြနှင့်။ အားယူ ၍ ရဲရင့်ခြင်းရှိကြလော့ဟု ဆိုပြီးမှ၊
І сказав до них Ісус: „Не бійтеся й не лякайтеся, будьте сильні та відважні, бо Господь зробить так усім вашим ворогам, із якими ви воюєте“.
26 ၂၆ ထိုမင်းကြီးတို့ကို ထားနှင့်ကွပ်မျက်၍ သစ်ပင် ငါးပင်တို့၌ ဆွဲထားလေ၏။ ညဦးတိုင်အောင် သစ်ပင်၌ ဆွဲထားပြီးမှ၊
А по цьому Ісус бив їх, і повбивав їх, і повісив їх на п'ятьох дере́вах. І висіли вони на тих дере́вах аж до вечора.
27 ၂၇ နေဝင်ချိန်ရောက်သောအခါ၊ ယောရှုစီရင်သည် အတိုင်း သစ်ပင်မှချပြီးလျှင်၊ သူတို့ပုန်းလျက်နေရာ လိုင် ခေါင်း၌ ပစ်ထား၍၊ လိုင်ခေါင်းဝပေါ်မှာ ကြီးစွာသော ကျောက်တို့ကို စုံပုံကြ၏။ ထိုကျောက်ပုံသည် ယနေ့တိုင် အောင်ရှိ၏။
І сталося на час за́ходу сонця, Ісус наказав, і поздіймали їх із дере́в, і повкида́ли їх до печери, де вони були поховалися, і понакладали велике каміння на о́твір печери, де воно аж до цього дня.
28 ၂၈ ထိုနေ့၌ ယောရှုသည် မက္ကဒါမြို့ကို တိုက်ယူ၍ မြို့နှင့် မင်းကြီးကို ထားနှင့်လုပ်ကြံပြီးလျှင်၊ မင်းကြီးနှင့် တကွ မြို့သားအပေါင်းတို့ကို တယောက်မျှ မကျန်ကြွင်းရ ဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။ ယေရိခေါမင်းကြီးကို ပြုသကဲ့ သို့ မက္ကဒါမင်းကြီးကို ပြုသတည်း။
А Маккеду Ісус здобув того дня, і побив ві́стрям меча її та царя її, учинив закляттям їх та кожну особу, хто був у ній, — не позоставив жодного врятованого в ній. І зробив він її цареві те саме, що зробив був цареві єрихонському.
29 ၂၉ ထိုနောက် ယောရှုသည်၊ ဣသရေလလူအပေါင်း တို့နှင့်တကွ၊ မက္ကဒါမြို့မှ လိဗနမြို့သို့ချီသွား၍ တိုက်သဖြင့်၊
А Ісус та ввесь Ізра́їль із ним перейшов з Маккеди до Лівни, та й воював проти Лівни.
30 ၃၀ ထာဝရဘုရားသည် ထိုမြို့နှင့် မင်းကြီးကို ဣသ ရေလလူတို့လက်၌ အပ်တော်မူ၍၊ မြို့နှင့် မြို့သားအ ပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ထားနှင့်လုပ် ကြံ၍၊ ယေရိခေါမင်းကြီးကို ပြုသကဲ့သို့ ထိုမင်းကြီးကို ပြုကြ၏။
І дав Господь в Ізра́їлеву ру́ку також її та царя її, і він побив ві́стрям меча її та кожну особу, що в ній, — не позоставив жодного врятованого в ній. І зробив він цареві її, як зробив був цареві єрихонському.
31 ၃၁ ယောရှုသည် ဣသရေလလူအပေါင်းတို့နှင့် တကွ၊ လိဗနမြို့မှ လာခိရှမြို့သို့ ချီသွား၍ တပ်ချလျက် တိုက်ကြ၏။
І перейшов Ісус та ввесь Ізраїль із ним із Лівни до Лахішу, і таборува́в при ньому та воював проти ньо́го.
32 ၃၂ ထာဝရဘုရားသည် ထိုမြို့ကို ဣသရေလလူတို့ လက်၌ အပ်တော်မူသဖြင့်၊ ဒုတိယနေ့၌ရ၍ လိဗနမြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့် လုပ်ကြံကြ၏။
І дав Господь в Ізраїлеву руку Лахіш, — і здобув він його другого дня, і побив ві́стрям меча його та кожну особу, що в ньому, — усе так, як зробив був Лівні.
33 ၃၃ ထိုအခါ ဂေဇာမင်းကြီး ဟောရံသည်၊ လာခိရှမြို့ ကို ကူညီမည်ဟု လာသောကြောင့်၊ ယောရှုသည် ထိုမင်း ကြီးနှင့် သူ၏လူအပေါင်းတို့ကို တယောက်မျှမကျန်ကြွင်း ရဘဲ ရှင်းရှင်းလုပ်ကြံလေ၏။
Тоді прийшов ґезерський цар Горам допомогти Лахішу, та Ісус побив його й народ його, так що не позоставив жодного в ньому.
34 ၃၄ တဖန်ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ လာခိရှမြို့မှ ဧဂလုန်မြို့သို့ ချီသွား၍ တပ်ချ လျက် တိုက်ကြ၏။
І перейшов Ісус та ввесь Ізра́їль із ним з Лахішу до Еґлону, і таборува́ли при ньому та воювали з ним.
35 ၃၅ ထိုနေ့ခြင်းတွင်ရ၍ လာခိရှမြို့ကို ပြုသကဲ့သို့၊ ထိုမြို့နှင့် မြို့သူမြို့သားအပေါင်းတို့ကို ထားနှင့်လုပ်ကြံ၍ တနေ့ခြင်းတွင် ရှင်းရှင်းဖျက်ဆီးကြ၏။
І здобули́ його того дня, і побили його ві́стрям меча, а кожну особу, що в ньому, того дня зробили закляттям, — усе так, як зробив був Лахішу.
36 ၃၆ တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဧဂလုန်မြို့မှ ဟေဗြုန်မြို့သို့ ချီသွား၍ တိုက်ကြ ၏။
І пішов Ісус та ввесь Ізраїль із ним з Еґлону до Хеврону, і воював із ним.
37 ၃၇ ရသောအခါ၊ ဧဂလုန်မြို့ကို ပြုသကဲ့သို့ ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း၊ မြို့သူမြို့သားအပေါင်းတို့ကို၎င်း၊ တယောက်မျှ မကျန် ကြွင်းရဘဲ ထားနှင့်လုပ်ကြံ၍ မြို့နှင့်မြို့သားအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးကြ၏။
І здобув його, і побив ві́стрям меча його та царя його, і всі міста його, і кожну особу, що в ньому, — не позоставив жодного врято́ваного, усе так, як зробив був Еґлонові. І зробив закляттям його та кожну особу, що в ньому була́.
38 ၃၈ တဖန် ယောရှုသည် ဣသရေလလူအပေါင်းတို့ နှင့်တကွ၊ ဒေဗိရမြို့သို့ ပြန်လာ၍ တိုက်ကြ၏။
І вернувся Ісус та ввесь Ізраїль із ним до Девіру, і воював із ним.
39 ၃၉ ထိုမြို့နှင့် မင်းကြီးကို၎င်း၊ ထိုမြို့နှင့်ဆိုင်သော မြို့ရှိသမျှတို့ကို၎င်း ရ၍၊ ထားနှင့်လုပ်ကြံသဖြင့် မြို့သား အပေါင်းတို့ကို တယောက်မျှမကျန်ကြွင်းရဘဲ ရှင်းရှင်း ဖျက်ဆီးလေ၏။ ဟေဗြုန်မြို့၊ လိဗနမြို့နှင့် မင်းကြီးကို ပြုသကဲ့သို့ ဒေဗိရမြို့နှင့် မင်းကြီးကို ပြုသတည်း။
І він здобув його, і царя його, і всі міста його, і повбивали їх ві́стрям меча, та й зробив закляттям кожну душу, що в ньому, не позоставив жодного врято́ваного, — як зробив був Хевронові, так зробив Девірові та цареві його, і як зробив був Лівні та цареві її.
40 ၄၀ ထိုသို့ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်အတိုင်း၊ ယောရှုသည် တောင် ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ထဲအရပ်၊ စမ်းရေ တွင်းအရပ်ရှိသမျှတို့နှင့်တကွ မင်းကြီးအပေါင်းတို့ကို လုပ်ကြံ၍၊ အသက်ရှင်သောသူတယောက်မျှ မကျန်ကြွင်း ရဘဲ ရှင်းရှင်းဖျက်ဆီးလေ၏။
І побив Ісус увесь край: гору, і Неґев і Шефелу, і узбі́ччя, і всіх їхніх царів, — не зоставив жодного врятованого, а кожну особу зробив закляттям, як наказав був Господь, Бог Ізраїлів.
41 ၄၁ ကာဒေရှဗာနာမြို့မှစ၍ ဂါဇမြို့တိုင်အောင်၎င်း၊ ဂေါရှင်ပြည်တရှောက်လုံးနှင့်တကွ၊ ဂိဗောင်မြို့တိုင် အောင်၎င်း လုပ်ကြံ၍၊
І бив їх Ісус від Кадеш-Барнеа та аж до Аззи, і ввесь ґошенський край, і аж до Ґів'ону.
42 ၄၂ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား သည်၊ ဣသရေလအမျိုးဘက်မှာ စစ်တိုက်တော်မူသော ကြောင့်၊ ထိုပြည်သားများနှင့်တကွ မင်းကြီးအပေါင်းတို့ကို တခါတည်း အောင်လေ၏။
А всіх тих царів та їхній край Ісус здобув одним ра́зом, бо Господь, Бог Ізраїлів, воював для Ізраїля.
43 ၄၃ ထိုနောက် ယောရှုသည်၊ ဣသရေလလူအ ပေါင်းတို့နှင့်တကွ ဂိလဂါလတပ်သို့ ပြန်သွား၏။
І вернувся Ісус та ввесь Ізраїль із ним до табо́ру в Ґілґал.

< ယောရှု 10 >