< ယေရမိ 6 >

1 အိုဗင်္ယာမိန်အမျိုးသားတို့၊ ယေရုရှလင်မြို့ထဲက ထွက်၍၊ လွတ်အောင်ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ မီးရှုးကို မြှောက်၍ ပြကြလော့။ အကြောင်းမူကား၊ ဘေးဥပဒ်တည်းဟူသော ကြီးစွာသော ပျက်စီးခြင်းအကြောင်းအရာသည် မြောက် မျက်နှာကပေါ်လာ၏။
Tafuteni mahali salama, enyi watu wa Benjamini, kwa kuondoka Yerusalemu. Pigeni tarumbeta zaTekoa. Simamisheni ishara juu ya Beth- Hakeremu, kwa uovu unaonekana ukitokea kaskazinni; pigo kubwa linakuja.
2 အဆင်းလှ၍ နူးညံ့သိမ်မွေ့သော သူတည်းဟူ သော ဇိအုန်သတို့ သမီးကို ငါဖျက်ဆီးမည်။
Binti za Sayuni, warembo na mwororo, wataangamizwa.
3 သိုးထိန်းတို့သည် သိုးစုများပါလျက် သူ့ထံသို့ လာ၍၊ သူ့တဘက်ပတ်လည်၌ တဲဆောက်၍၊ အသီးအသီး မိမိတို့နေရာမှာ ကျက်စားကြလိမ့် မည်။
Wachungaji na kondoo wao watawaendea; wataweka hema zao zikiwazunguka pande zote; kila mtu atachunga kwa mkono wake.
4 သူ့ကို စစ်တိုက်ခြင်းငှါ ပြင်ကြလော့။ ထကြ။ မွန်းတည့်အချိန်၌ တက်သွားကြကုန်အံ့။ ငါတို့၌ ခက်လှ ၏။ မွန်းလွဲပြီ။ မိုဃ်းချုပ်လေပြီ။
Jitakaseni wenyewe kwa miungu kwa ajili ya vita. Twendeni tukamvamie wakati wa adhuhuri. Ni vibaya sana kwamba mchana unatoweka na vivuli vya jioni vinakuja.
5 ထကြ။ ညဉ့်အခါတက်သွား၍၊ သူ၏ ဘုံဗိမာန် တို့ကို ဖျက်ဆီးကြကုန်အံ့ဟုဆိုကြလိမ့်မည်။
Lakini tumvamieni usiku na na tuharibu ngome zake.
6 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သစ်ပင်တို့ကို ခုတ်လှဲကြလော့။ ယေရုရှလင်မြို့တဘက်၌ မြေရိုးကိုဖို့ကြလော့။ ဤမြို့ သည် ဆုံးမစရာကောင်းသောမြို့ဖြစ်၏။ မြို့ထဲ၌ညှဉ်းဆဲ ခြင်း သက်သက်ရှိ၏။
Kwa kuwa BWANA wa majeshi asema hivi: Kateni miti yake, na tengenezeni vifusi vya kuitekea Yerualemu. Huu ndio mji sahihi kuuteka, Kwa sababu umejaa ukandamizaji.
7 စမ်းရေပေါက်ဝမှ ရေသည် စီးထွက်သကဲ့သို့၊ ထိုမြို့သည် ဒုစရိုက်ကို ထွက်စေတတ်၏။ မြို့ထဲ၌ လုယူ ဖျက်ဆီးခြင်းအသံကို ကြားရ၏။ အနာများနှင့် ဒဏ်ချက်ရာ များကို အစဉ်ငါမြင်ရ၏။
Kama vile kisima kitoavyo maji, vivyo hivyo mji huu uzaavyo uovu. Uaribifu na jeuri vimesikika kwake. Mateso na tauni viko mbele yangu daima.
8 အိုယေရုရှလင်မြို့၊ ဆုံးမခြင်းကို ခံလော့။ သို့မဟုတ်၊ သင့်ကို ငါရွံရှာမည်။ သင့်ကိုပယ်ရှင်း၍ လူဆိတ်ညံရာအရပ် ဖြစ်စေမည်။
Uadhibiswhe, ee Yerusalemu, vingenevyo nitaondoka kwako na kukufanya ukiwa, na nchi isiyokaliwa na watu.
9 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ စပျစ်နွယ်ပင်၌ အကျန်အကြွင်းကို လိုက်၍ ဆွတ်သကဲ့သို့၊ ထိုသူတို့သည် ဣသရေလ၌ ကျန်ကြွင်းသော အရာကိုလိုက်၍ အကုန်အစင်ဆွတ်ကြ လိမ့်မည်။ စပျစ်သီးဆွတ်သော သူကဲ့သို့၊ သင်၏လက်ကို ခြင်းတောင်းထဲသို့ တဖန်သွင်းဦးလော့။
BWANA wa majeshi asema hivi, “Hakika wataokota mabaki ya Isreli waliobaki kama zabibu. Nyosha mkono wako ili uchume zabibu.
10 ၁၀ သူတို့သည် နားထောင်မည်အကြောင်း၊ အဘယ် သူကို ငါပြော၍ သတိပေးရမည်နည်း။ သူတို့နားသည် အရေဖျားလှီးခြင်းမခံသော နားဖြစ်၍၊ သူတို့သည် နားမထောင်နိုင်ကြ။ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် သူတို့ကဲ့ရဲ့စရာဖြစ်၏။ ထိုနှုတ်ကပတ်တော် ကို မနှစ်သက်ကြ။
Nitamwambia nani na kumwonya nani ili wasikilize? Tazama! Masikio yao hayakutahariwa; hayawezi kutilia manani! Tazama! Neno la BWANA limekuja kuwarudi, lakini hawalitaki.”
11 ၁၁ ထိုကြောင့်၊ ငါသည်ထာဝရဘုရား၏ အမျက် တော်နှင့် ပြည့်ဝ၏။ အောင့်၍မနေနိုင်။ လမ်း၌ရှိသော သူငယ်များနှင့်စုဝေးသောလူပျိုများအပေါ်သို့ အမျက် တော်ကို ငါသွန်းလောင်းမည်။ လင်မယားအစုံကို၎င်း၊ အသက်ကြီးသောသူနှင့် အိုလွန်းသောသူကို၎င်း သိမ်း သွားမည်။
Lakini nimejazwa na hasira za BWANA. Nimechoka kuizuia. Aliniambia, “Imwage mbele ya watoto mitaani na katika makundi ya vijana. Kwa kuwa kila mume atachukuliwa pamoja na mke wake; na kila mzee mwenye miaka mingi.
12 ၁၂ သူတို့အိမ်နှင့်တကွ လယ်ယာ၊ မိန်းမတို့သည် သူတပါးလက်သို့ ရောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ပြည်သူပြည်သားတို့ကို ငါဒဏ်ခတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Nyumba zao watapewa watu wengine, kwa kuwa nitawavamia wakazi wa nchi kwa mkono wangu - asema BWANA wa majeshi.
13 ၁၃ အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသော သူအပေါင်းတို့သည် မတရားသော စီးပွားကိုရှာကြ၏။ ပရောဖက်မှစ၍ ယဇ်ပုရောဟိတ်ရှိသမျှတို့သည် မုသာကို သုံးကြ၏။
BWANA amesema hayo kutoka kwa mdogo hadi kwa mkubwa, kila mmoja anatamani mapato ya udanganyifu. Kuanzia kuhani hadi nabii, Kila mmoja anafanya hila.
14 ၁၄ ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟု ပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့ စွာ ကုကြ၏။
Lakini wameponya vidonda vya watu wangu kwa juu juu tu. Wanasema, 'Amani! Amani! na kumbe amani haipo.
15 ၁၅ သူတို့သည် ရွံရှာဘွယ်သော အမှုကိုပြုပြီးမှ ရှောက်ကြသလော။ အလျှင်းမရှက်ကြ။ မျက်နှာမပျက် ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက် လဲကြ လိမ့်မည်။ ငါစစ်ကြောသောအခါ နှိမ့်ချခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Je, waliona aibu walipofanya machukizo? Hasha, hawakuona aibu! Hawakuwa na aibu. Kwa hiyo wataanguka pamoj na wale watakaoanguka wakati nitakpowaadhibu. Wataangushwa chini,” asema BWANA.
16 ၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လမ်းနား မှာရပ်၍ ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကို ရှာဖွေ လျက်၊ ကောင်းသောလမ်းသည် အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့လိုက်ကြလော့။ သို့ပြုလျှင်၊ စိတ် နှလုံး သက်သာကြလိမ့်မည်။ သို့ရာတွင်၊ ငါတို့သည် မလိုက်ဟု ပြန်ပြောကြ၏။
BWANA asema hivi, `Simama kwenye njia panda utazame; uliza nzile njia za zamani, 'Je, hii tabia njema iko wapi?' Kisha endelea nayo na tafuta mahali pa kupumzika. Lakini watu wanasema, 'Hatutaenda.'
17 ၁၇ ငါကလည်း၊ တံပိုးမှုတ်သံကို နားထောင်ကြ လော့ဟုဆိုလျက်၊ သင်တို့အပေါ်၌ကင်းစောင့်တို့ကို ခန့်ထားသောအခါ၊ ငါတို့သည် နားမထောင်ဟု ပြန်ပြော ကြ၏။
Niliweka walinzi juu yenu ili wasikilize tarumbeta. Lakini walisema, 'Hatutasikiliza.'
18 ၁၈ သို့ဖြစ်၍၊ အိုတပါးအမျိုးသားတို့၊ နားထောင်ကြ လော့။ တပါးအမျိုးသားတို့တွင် ရှိနေသော ပရိသတ်တို့၊ သိမှတ်ကြလော့။
Kwa hiyo, sikilizeni, enyi mataifa! Tazameni, enyi mashahidi, muone kile kitakachowapata.
19 ၁၉ အိုမြေကြီးသားတို့၊ နားထောင်ကြလော့။ ဤလူမျိုးသည် ငါ့စကားကို နားမတောင်၊ ငါ တရားကိုလည်း ငြင်းပယ်သောကြောင့်၊ သူတို့အလို အလျောက်ကြံစည်ခြင်းအကျိုးအပြစ်တည်းဟူသော၊ ကြီးစွာသော ဘေးဥပဒ်ကို၊ သူတို့အပေါ်သို့ငါသက်ရောက် စေမည်။
Sikia, wewe dunia! Tazama, niko tayari kuleta janga kwa watu hawa - matunda ya fikra zao. Hawakusikiliza neno langu wala sheria zangu, badala yake walizikataa.
20 ၂၀ ရှေဘပြည်မှ လောဗန်ကို၎င်း၊ ဝေးသောပြည်မှ မွှေးသောကြံကို၎င်း၊ အဘယ်ကြောင့် ငါ့ထံသို့ဆောင်ခဲ့ သနည်း။ သင်တို့မီးရှို့ရာ ယဇ်တို့ကို ငါအလိုမရှိ။ ပူဇော် သောယဇ်အမျိုးမျိုးကို ငါမနှစ်သက်။
Huu ubani kutoka sheba unaopanda una maana gani kwangu? Au huu uudi kutoka nchi ya mbali? Sadaka zenu za kuteketezwa hazikubaliki kwangu wala dhabihu zenu.
21 ၂၁ ထိုအကြောင်းကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား၊ ထိမိ၍ လဲစရာတို့ကို ဤလူမျိုးရှေ့မှာ ငါထားမည်။ အဘနှင့်သားတို့သည် ထိမိ၍ လဲကြလိမ့် မည်။ အိမ်နီးချင်းနှင့် အဆွေခင်ပွန်းတို့သည် အတူ ပျက်စီးကြလိမ့်မည်။
Kwa hiyo BWANA asema hivi, 'Tazama, 'Niko tayari kuweka kikwazo dhidi ya watu hawa. Watajikwaa juu yake - baba na watoto wao kwa pamoja watajikwaa. Wakazi na jirani zao pia watapotea.'
22 ၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူမျိုး တမျိုးသည် မြောက်မျက်နှာမှ ပေါ်လာလိမ့်မည်။ ကြီးစွာ သော လူမျိုးကိုမြေကြီးစွန်းမှ ငါနှိုးဆော်မည်။
BWANA asema hivi, 'Tazama watu wanakuja toka nchi ya kaskazini. Kwa kuwa taifa kubwa limechochewa kutoka nchi ya mbali.
23 ၂၃ လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ် သော အမျိုးဖြစ်၍၊ သနားခြင်းကရုဏာမရှိ။ သူတို့ စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အိုဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်း စီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။
Watachukua pinde na mishale yao. Ni wakatili na hawana huruma. Sauti yao ni kama muungurumo wa bahari, na wapanda farasi katika mfumo wa wanaume wa vita, enyi binti wa Sayuni,”'
24 ၂၄ ထိုသိတင်းကို ငါတို့သည် ကြား၍ လက်အား လျော့ကြ၏။ ဒုက္ခဆင်းရဲကို၎င်း၊ သားဘွားသော မိန်းမခံရ သကဲ့သို့ ပြင်းစွာသော ဝေဒနာကို ၎င်းခံရကြ၏။
Tumesikia habai zao. Mikono yetu inalegea kwa dhiki. Na maumivu yametukamata kama utungu wa mwanamke anayezaa.
25 ၂၅ တောသို့မထွက်ကြနှင့်။ လမ်းမှာမသွားကြနှင့်။ ရန်သူ၌ ထားပါ၏။ အရပ်ရပ်၌ဘေးရှိ၏။
Usiende nje mashambani, na usitembee barabarani, kwa kuwa upanga wa adui na hofu vimekaribia.
26 ၂၆ အို ငါ၏လူမျိုးသတို့သမီး၊ လျှော်တေအဝတ်ကို ဝတ်စည်း၍ ပြာ၌လူးလည်းလော့။ တယောက်တည်း သော သားသေသည်ကို ငိုကြွေးသကဲ့သို့၊ ငိုကြွေး၍ ပြင်းစွာ မြည်တမ်းလော့။ လုယူဖျက်ဆီးသောသူသည် ငါတို့ ကို ချက်ခြင်းတိုက်လိမ့်မည်။
Binti za watu wangu, jivikeni magunia na kugaagaa kwenye majivu ya maombolezo ya mwana pekee. Ombolezeni kwa huzuni kuu, kwa kuwa anayewaangamiza anakuja kwetu ghafula juu yetu.
27 ၂၇ သင်သည် ငါ၏ လူမျိုးကျင့်သော အကျင့်ဓလေ့ တို့ကို စစ်၍ သိမည်အကြောင်း၊ စစ်သောသူအရာ၌ ရဲတိုက်ကဲ့သို့ သင့်ကို ငါခန့်ထား၏။
“Nimekufanya wewe, Yeremia, kuwajaribu watu wangu kama mtu anayepima fedha, kwa hiyo utachunguza na kupima njia zao.
28 ၂၈ ထိုသူအပေါင်းတို့သည် အလွန်ဖောက်ပြန်သော သူ၊ ကုန်းတိုက်တတ်သောသူ ဖြစ်ကြ၏။ ကြေးဝါနှင့် သံသက်သက်၊ ဖျက်တတ်သော အရာသက်သက်ဖြစ်ကြ ၏။
Wao ni watu wasumbufu miongoni mwa watu, wanaoenda huko na kule wakisingizia wengine. Wote ni shaba na chuma, wakitenda kwa dhuluma.
29 ၂၉ ဖိုကိုမီးလောင်ပြီ။ ခဲလည်းကုန်ပြီ။ စစ်သော သူသည် မှုတ်၍ အကျိုးကိုမရ။ ညံ့သောအရာကို မထုတ် မပယ်နိုင်။
Mifuo inafukuta kwa moto unaoziunguza; risasi inaunguzwa na moto. Risasi tu ndiyo inayotoka kati yake, lakini haifai kitu kwa sababu uovu haujaondolewa.
30 ၃၀ ထိုသူတို့ကိုပယ်သော ငွေဟူ၍ ခေါ်ရမည်။ ထာဝရဘုရားသည် ပယ်တော်မူ၏။
Wataitwa taka za fedha, kwa sababu BWANA amewakataa.

< ယေရမိ 6 >