< ယေရမိ 5 >

1 ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း၊ တရားသဖြင့် ကျင့်သောမြို့သား၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင်၊ ထိုသူကို တွေ့အံ့ သောငှါ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သော အရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။
Kimbieni mkapite katika mitaa ya Yerusalemu, Tafuteni katika viwanja vyake. Kama mtaweza kumpata hata mtu mmoja anayetenda kwa haki na kufanya kwa uaminifu, basi nitaisamehe Yerusalemu.
2 သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။
Hata kama wanasema, 'Kama BWANA aishivyo,' wanaapa uongo.”
3 အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့ မျက်နှာ ကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည် ပြန်၍ မလာဟု ငြင်းဆန်လျက်နေကြပါပြီ။
BWANA, macho yako hayatazami uaminifu? Unawapiga watu, lakini hawasikii maumivu. Umewaangsmiza kabisa, lakini bado wanakataa kuwa waadilifu. Wanafanya nyuso zao kuwa ngumu kama mwamba. kwa kuwa wanakataa kutubu.
4 ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို၎င်း၊ မသိ သောကြောင့် မိုက်ကြ၏။
Kwa hiyo nilisema, “Hakika hawa ni watu masikini, Ni wapumbavu, Kwa kuwa hawazijui njia za BWANA, wala maagizo ya Mungu wao.
5 လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟုဆိုသော်လည်း၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။
Nitaenda kwa watu wa muhimu na kutangaza ujumbe wa Mungu kwao, kwa kuwa angalau wanazijua njia za BWANA, maagizo ya Mungu wao. Lakini wote wanavunja nira yao pamoja; wote wanaivunja ile minyororo inayowafunga kwa ajili ya Mungu.
6 ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
Kwa hiyo simba kutoka mwituni atawavamia. Mbweha kutoka Arabaha atawaangamiza. Chui ataivunja miji yao. Mtu yeyota anayeenda nje ya mji wake atavunjwavunjwa. Kwa kuwa maovu yao yameongezeka. Matendo yao ya uasi hayana ukomo.
7 ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။
Kwa nini niwasamehe hawa watu? Wana wenu wameniacha na wamefanya viapo na wale ambao si miungu. Niliwalisha vya kutosha, lakini wamefanya uasherati na kuchukua alama za nyumba ya uzinzi.
8 ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။
Walikuwa farasi wanaotafuta kupandwa. Walitembea huku na huku wakitafutwa kupandwa. Kila mwanamume alimkaribia mke wa jirani yake.
9 ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။
Kwa hiyo kwa nini nisiwaadhibu - asema BWANA - na kwa nini nisijilipizie kisasi juu ya taifa kama hili?
10 ၁၀ မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီး ခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရားဆိုင်တော်မမူ။
Nenda hadi kwenye kuta za shamba lake la mizabibu na zihariibuni. Lakini wao msiwaharibu kabisa. Ondoeni matawi kwa sababu hayatoki kwa BWANA.
11 ၁၁ ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ၌ ခံဘူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော် မူ၏။
Kwa sababu nyumba ya Yuda na Israeli wamenisaliti kabisa - asema BWANA -
12 ၁၂ သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။
na wamenikataa. Wanasema, ''Yeye si halisi. Maovu hayawezi kutupata, wala hatutaona upanga wala njaa.
13 ၁၃ ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော်မရှိ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ် လျက်ဆိုတတ်ကြ၏။
Kwa kuwa manabii wamekuwa si kitu kama upepo na hakuna mtu mwiingine wa kunena ujumbe wa BWANA kwetu. Vitisho vyao na viwjie wao wenyewe.”'
14 ၁၄ သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကိုထင်းကဲ့သို့၎င်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။
Kwa hiyo BWANA, Mungu wa majeshi asema hivi, tazama nataka kuweka maneno yangu katika kinywa chako. Yatakuwa kama moto na watu hawa watakuwa kama kuni! Kwa kuwa utawaramba.
15 ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသ ရေလအမျိုး၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည်။
Tazama nataka kuleta taifa dhidi yenu kutoka mbali, enyi nyumba ya Israeli - asema BWANA - ni taifa linalodumu, taifa la kale! Ni taifa ambalo lugha yake hamuijui, wala hamtaelewa wasemacho.
16 ၁၆ သူတို့ မြှားတောင့်သည် ဖွင့်ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ၏။
Podo lao ni kaburi wazi. Wote ni wanajeshi.
17 ၁၇ ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့် ကို စားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြ လိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက်၍ လုပ်ကြံကြလိမ့်မည်။
Kwa hiyo mavuno yako yataliwa, wana wako na binti zako pia, na chakula chako. Watakula kondoo wako na ng'ombe wako, watakula matunda ya zabibu zako na ya mitiini. Wataiangusha chini miji yenu na boma zake ambazo mnazitumainia.
18 ၁၈ သို့ရာတွင်၊ ထိုကာလ၌ ငါသည် သင်၏အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ၏။
Lakini hata katika siku hizo - asema BWANA - sikusudii kuwaharibu kabisa.
19 ၁၉ သင်တို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြေသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သော ပြည်၌ တကျွန်းတနိုင်ငံ ဘုရားတို့၏ အမှုကိုဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သော ပြည်၌ တကျွန်းတနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူတို့အား ဆင့်ဆိုရမည်။
Itatokea kwenu, ninyi Yuda na Israeli, mkisema, 'Kwa nini BWANA, Mungu wetu ametufanyia haya yote?' kwamba wewe Yeremia, utawaambia, 'Kama vile mlivyomwacha BWANA na kuabudu miungu mingine katika nchi yenu, vivyo hivyo mtawatumikia wageni katika nchi ambayo si yenu.'
20 ၂၀ ယာကုပ်အမျိုးနေရာ ယုဒပြည်၌ ဟောပြော ကြွေးကြော်ရမည်မှာ၊
Waambia haya watu wa nyumba ya Yakobo na yasikike katika Yuda. Waambie,
21 ၂၁ အို မျက်စိရှိလျက်နှင့် မမြင်၊ နားရှိလျက်နှင့် မကြား၊ ဥာဏ်မဲ့သော လူမိုက်တို့၊ နားထောင်ကြလော့။
'Sikilizeni hili, eny watu wapumbavu! Sanamu hazina matakwa; zina masikio lakini haziwawezi kusikia.
22 ၂၂ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ် မလွန်နိုင်အောင် ဆီးတားဘို့ရာ သဲကိုထာဝရ အပိုင်း အခြားခန့်ထားသော ငါကို သင်တို့သည် မကြောက်ကြ သလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍မကျော် မလွန်နိုင်သော်လည်း၊
Je, hamnihofu mimi - asema BWANA - au kutetemeka mbele ya uso wangu? Nimeweka mpaka wa mchanga kwenye bahari, ambao ni agizo la kudumu ambalo halibomoki - hata kama bahari ina kupwa na kujaa, bado hauwenzi kubomoka. Hata kama mawimbi yake yanaunguruma, hayawezi kuvuka.
23 ၂၃ ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘော ရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။
Lakini hawa watu wana mioyo ya usumbufu. Hugeuka kuwa wapinzani na kuondoka.
24 ၂၄ အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရား ကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။
Kwa kuwa hawasemi mioyoni mwao, “basi na tumche BWANA, Mungu wetu, yeye aletaye mvua za awali na mvua za vuli - kwa wakati wake, ambaye hutuzna majuma ya mavuno kwa ajili yetu.”
25 ၂၅ သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏ မင်္ဂလာကို ဆီးတား လေပြီ။
uovu wako umezuia haya yasitokee. Dhambi zako zimeyazuia mambo mema yasitokee.
26 ၂၆ ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်း သော လူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကို ထောင်ခြင်းငှါ ထောင်ချောက်ကို ထားကြပြီ။
Kwa watu waovu wamo kati ya watu wangu. Wanatazama kama mtu anayenyatia ili kukamata ndege; wanaweka mitego na kukamata watu;
27 ၂၇ ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက် ကြ၏။
Kama tundu la mtego lijaavyo ndege, nyumba zao zimejaa uongo. Kwa hiyo wanakua na kutajirika.
28 ၂၈ ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသော သူတို့ထက်သာ၍ ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိသောသူငယ်၏အမှုကို စောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသော သူဘက်၌ တရားသဖြင့် မစီရင်ကြ။
Wamenenepa; wanang'aa na kupendeza. Wamepitiliza hata mipika ya maovu. Wala hawajali sababu ya kuwepo kwa watu na wala uwepo wa yatima. Wanafanikiwa hata kama hawatoi hukumu ya haki kwa yatima.
29 ၂၉ ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါစိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။
Kwa nini nisiwadhibu kwa sababu ya haya - asema BWANA - sitajilipizia kisasi juu ya taifa la namna hii?
30 ၃၀ အံ့ဩရွံရှာဘွယ်သော အမှုကို ပြည်တော်၌ ပြုကြ၏။
Jambo la ajabu na la kuchukiza limetokea katika nchi hii.
31 ၃၁ ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြော ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့် မည်နည်း။
Mananbii wanatabiri kwa uongo, na makuhani wanatwala kwa msaada wa wa hao. Watu wangu wanapenda mambo ya hivyo, lakini mwisho kitatokea nini?

< ယေရမိ 5 >