< အာမုတ် 3 >

1 အိုဣသရေလအမျိုးသားတို့၊ အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သော အမျိုးသားအပေါင်းတို့၊ သင်တို့ကို ရည်မှတ်၍ ငါထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင်ကြလော့။
Sikieni neno la Yahwe aliloongea juu yenu, watu wa Israeli, juu ya familia nzima ambayo niliwatoa kutoka nchi ya Misri,
2 မြေကြီးပေါ်မှာနေသော အမျိုးသားအပေါင်းတို့တွင် သင်တို့ တမျိုးတည်းကိုသာ ငါလက်ခံသောကြောင့်၊ သင်တို့အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်။
“Nimewachagua ninyi tu kutoka familia zote za dunia. Kwa hiyo nitawaadhibu kwa dhambi zenu zote.”
3 လူနှစ်ဦးသည် သဘောမတူလျှင်၊ ပေါင်းဘော်၍ ခရီးသွားနိုင်သလော။
Je wawili wanaweza kutembea pamoja isipokuwa wamekubaliana?
4 ခြင်္သေ့သည် ဘမ်းစရာမရှိလျှင်၊ တော၌ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဘမ်းမိလျှင်၊ တွင်းထဲက အသံပြုလိမ့်မည်လော။
Je simba huunguruma msituni wakati hakuna mawindo? Je mwana simba ataunguruma kutoka pangoni mwake kama hajakamata kitu?
5 မြေပေါ်မှာ ကျော့ကွင်းနှင့်မထောင်လျှင်၊ ငှက်ကို ကျော့မိလိမ့်မည်လော။ ထောင်ထားသော ကျော့ကွင်း၌ အဘယ်အရာကိုမျှ မရမှီထောင်ထားရာအရပ်မှ နှုတ်သွားလိမ့်မည်လော။
Je ndege ataanguka kwenye mtego aridhini wakati hakuna chambo kimewekwa kwa ajili yake? Je mtego utafyatuka juu aridhini wakati hakuna kitu cha kukamata?
6 မြို့ထဲမှာ တံပိုးမှုတ်လျှင်၊ မြို့သားတို့သည် မကြောက်မလန့်ဘဲ နေကြလိမ့်မည်လော။ ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစုံတခုသည် မြို့ထဲမှာ ရောက်လိမ့်မည်လော။
Je tarumbeta itapigwa mjini na watu wasitetemeke? Je janga laweza kuja mjini lisiyoletwa na Yahwe?
7 အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အား မဘော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ။
Hakika Bwna Yahwe hatafanya kitu vinginevyo amewafunulia mpango watumishi wake manabii.
8 ခြင်္သေ့ဟောက်သောအခါ၊ အဘယ်သူမျှ မကြောက်မလန့်ဘဲ နေလိမ့်မည်နည်း။ အရှင်ထာဝရ ဘုရားမိန့်တော်မူသောအခါ၊ အဘယ်သူသည် ပရောဖက်မပြုဘဲနေလိမ့်မည်နည်း။
Simba ameshaunguruma; nani hatoogopa? Bwana Yahwe amekwisha ongea; nani hatotabiri?
9 အာဇုတ်မြို့ ဘုံဗိမာန်တို့နှင့် အဲဂုတ္တုပြည်ဘုံဗိမာန်တို့တွင် သိတင်းကြားပြောရမည်မှာ၊ ရှမာရိတောင်တို့ အပေါ်မှာစုဝေး၍၊ ရှမာရိမြို့ထဲမှာ ရုန်းရင်းခတ်ခြင်းအမှုကို၎င်း၊ မြို့ထဲမှာ ညှဉ်းဆဲခံရသောသူတို့ကို၎င်း ကြည့်ရှုကြလော့။
Tangaza hii katika ngome huko Ashdodi, na katika ngome za nchi ya Misri; sema, “Kusanyikeni kwenye milima ya Samaria na oneni vile mchafuko ulivyomkubwa kwake, na ukandamizaji uliopo katika yeye.
10 ၁၀ မြို့သားတို့သည် တရားသောအမှုကို မပြုတတ်၊ အနိုင်အထက်ပြု၍ လုယူသောဥစ္စာကို ဘုံဗိမာန်တို့၌ သိုထားတတ်ကြသည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Kwa kuwa hawajui jinsi ya kufanya haki -hivi ndivyo Yahwe asemavyo- hao watunzao nguvu na uharibifu katika ngome zao.”
11 ၁၁ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူတို့သည် ရှမာရိပြည်ကိုဝိုင်းပြီးလျှင်၊ သင်၏အစွမ်းသတ္တိကို နှိမ့်ချ၍၊ ဗိမာန်တို့ကို ဖြိုဖျက်ကြလိမ့်မည်။
Kwa hiyo, hivi ndivyo Yahwe asemavyo, “Adui ataizunguka nchi. Atazivuta chini nguvu zako na ngome zenu zitatekwa nyara.”
12 ၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းသည် ခြင်္သေ့နှုတ်ထဲက ခြေနှစ်ခု၊ သို့မဟုတ်၊ နားရွက် တပိုင်းကို နှုတ်ယူသကဲ့သို့ ရှမာရိမြို့၌ ခုတင်ထောင့်၊ ဒမာသက်မွေ့ရာ ဖုံပေါ်မှာထိုင်သော ဣသရေလအမျိုး သားတို့ကို နှုတ်ယူရလိမ့်မည်။
Hivi ndivyo Yahwe asemavyo,” Kama mchungaji aokoavyo miguu miwili tu kwenye mdomo wa simba, au kipande cha sikio, ndivyo wana wa Israeli watakavyookolewa wale waishio katika Samaria, pamoja na pembe ya kulalia, au pembe ya kitanda.”
13 ၁၃ ကောင်းကင်ဗိုလ်ခြေကို အစိုးပိုင်သော ဘုရားသခင်၊ အရှင်ထာဝရဘုရားမိန့်တော်မူသောစကားကို သင်တို့သည် နားထောင်၍ ယာကုပ်အမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
Sikieni na kushudia juu ya nyumba ya Yakobo -hivi ndivyo Yahwe asemavyo, Mungu wa majeshi,
14 ၁၄ အကယ်စင်စစ် ဣသရေလအမျိုး၏ အပြစ်တို့ကို စစ်ကြောသောနေ့၌၊ ဗေသလယဇ်ပလ္လင်တို့ကို ငါစစ် ကြောလျက်၊ ယဇ်ပလ္လင်ဦးချိုတို့ကိုဖြတ်၍ မြေပေါ်သို့ချမည်။
“Kwa kuwa katika siku ambayo nimeadhibu dhambi za Israeli, pia nitaziadhibu madhabahu za Betheli. Pembe za madhabahu zitakatwa na kuanguka chini.
15 ၁၅ ဆောင်းကာလ၌ စံသောနန်းတော်နှင့် နွေကာလ၌စံသော နန်းတော်တို့ကို ငါထိခိုက်၍၊ ဆင်စွယ်ဖြင့် ပြီးသော အိမ်တို့ကိုဖျက်ဆီးမည်။ ဘုံဗိမာန်တို့သည်လည်း ဆုံးကြလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Nitaiharibu nyumba ya baridi pamoja na nyumba ya hari. Nyumba za pembe zitaangamia, na nyumba kubwa zitatoweka, -hivi ndivyo Yahwe asemavyo.”

< အာမုတ် 3 >