< အာမုတ် 2 >

1 တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ မောဘပြည်သည် ဧဒုံရှင်ဘုရင်၏ အရိုးတို့ကို ထုံးဖြစ်စေ ခြင်းငှါ မီးနှင့် ဖုတ်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
Hivi ndivyo Yahwe asemavyo: “Kwa dhambi tatu za Moabu, hata kwa nne, sintobadilisha adhabu, kwa sababu amechoma moto mifupa ya mfalme wa Edomu hadi kuwa chokaa.
2 မောဘပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ကေရုတ်မြို့၏ဘုံဗိမာန်တို့ကို လောင်စေမည်။ ကြီးသော အသံဗလံ ပြုခြင်း၊ အော်ဟစ်ခြင်း၊ တံပိုးမှုတ်ခြင်းနှင့်တကွ မောဘပြည်သည် ဆုံးရှုံးရလိမ့်မည်။
Nitatuma moto juu ya Moabu, na utaangamiza ngome za Keriothi. Moabu atakufa katika gasia, pamoja na kelele na sauti ya tarumbeta.
3 မောဘပြည်အလယ်၌ တရားသူကြီးကို ငါပယ်ဖြတ်၍၊ သူနှင့်တကွ မှူးမတ်အပေါင်းတို့ကို ကွပ်မျက် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Nitamuharibu mwamuzi kati yake, na nitawaua wana wa mfalme pamoja na yeye,” asema Yahwe.
4 တဖန် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ယုဒအမျိုးသည် ထာဝရဘုရားစီရင်တော်မူချက်တို့ကို မစောင့်၊ ပညတ်တရားတော်ကို စွန့်ပစ်၍၊ ဘိုးဘေးတို့ လိုက်ဘူးသော မိစ္ဆာဒိဌိအားဖြင့် မှားယွင်းသော အပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည်ဒဏ်မပေးဘဲမနေ။
Hivi ndivyo Yahwe asemavyo: “Kwa dhambi tatu za Yuda, hata kwa nne, sintobadilisha adhabu, kwa sababu wameikataa sheria ya Yahwe na hawakuzishika amri zake. Uongo wao umesababisha kupotea, ambao baba zao pia waliufuata.
5 ယုဒပြည်အပေါ်သို့ မီးကိုလွှတ်၍၊ ယေရုရှလင်မြို့၏ ဘုံဗိမာန်တို့ကို လောင်စေမည်။
Nitatuma moto juu ya Yuda, na utaimeza ngome ya Yerusalemu.”
6 တဖန် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးသည် ဖြောင့်မတ်သော သူကို ငွေနှင့်၎င်း၊ ဆင်းရဲသောသူကို ခြေနင်းတရံနှင့်၎င်း ရောင်းသောအပြစ်၊
Hivi ndivyo Yahwe asemavyo: “Kwa dhambi tatu za Israeli, hata kwa nne, sintobadilisha adhabu, kwa sababu wamewauza wasio na hatia kwa fedha na maskini kwa jozi moja ya makubadhi.
7 ဆင်းရဲသော သူတို့၏ခေါင်းကို မြေမှုန့်နှင့် ဖုံးလွှမ်းစေခြင်းငှါ အလွန်အလိုကြီး၍၊ နှိမ့်ချသောသူကို မတရားသဖြင့် စီရင်သောအပြစ်၊ ငါ၏နာမမြတ်ကို ရှုတ်ချခြင်းငှါ အဘနှင့်သားသည် တဦးတည်းသောမိန်းမကို ပေါင်းဘော်သောအပြစ်၊
Nao hukanyaga juu ya vichwa vya maskini kama kukanyaga kwenye mavumbi juu ya aridhi; wanasukuma kukandamiza. Mtu mmoja na baba yake walilala na msichana mmoja na hivyo kukufuru jina langu takatifu.
8 ပေါင်ထားသောအဝတ်ကို ခပ်သိမ်းသော ယဇ်ပလ္လင်တို့အနား၌ ခင်း၍အိပ်သောအပြစ်၊ လျော်ပြစ် ငွေကို ဝယ်သောစပျစ်ရည်ကို သူတို့ဘုရား၏အိမ်၌ သောက်သောအပြစ်သုံးပါးမက၊ အပြစ်လေးပါးကြောင့် ငါသည် ဒဏ်မပေးဘဲမနေ။
Nao hulala chini karibu na kila madhabahu kwenye nguo zilizowekwa dhamana, na katika nyumba ya Mungu wao hunywa divai ya wale ambao walitozwa faini.
9 အာရဇ်ပင်အရပ်နှင့်အမျှ မြင့်၍ သပိတ်ပင်ကဲ့သို့ ခိုင်မာသောအာမောရိအမျိုးကို သင်တို့ရှေ့မှာ ငါ ပယ်ရှား၍၊ အထက်၌ သူ၏အသီးကို၎င်း၊ အောက်၌ သူ၏အမြစ်ကို၎င်း ငါဖျက်ဆီးပြီ။
Bado nimemwangamiza Mwamori mbele yao, ambaye urefu wake ulikuwa kama urefu wa mierezi; alikuwa na nguvu kama mialoni. Kisha nikaharibu matunda yake juu na mizizi yake chini.
10 ၁၀ သင်တို့ကို အဲဂုတ္တုပြည်မှနှုတ်ယူ၍ အာမောရိပြည်ကို ဝင်စားစေခြင်းငှါ၊ အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်ပြီ။
Pia, niliwapandisha kutoka nchi ya Misri na kuwaongoza miaka arobaini nyikani ili mmiliki nchi ya Wamori.
11 ၁၁ သင်တို့သားအချို့ကို ပရောဖက်အရာ၊ လုလင်အချို့ကို နာဇရိလူအရာ၌ ငါခန့်ထားပြီ။ အိုဣသရေလ အမျိုးသားတို့၊ ဤစကားမှန်သည် မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏။
Nimewainua manabii kutoka miongoni mwa watoto wanu wawe Wanadhiri kutoka vijana wenu. Je sio hivyo, watu wa Israeli? -hivi ndivyo Yahwe asemavyo.
12 ၁၂ သင်တို့မူကား၊ နာဇရီလူသောက်ဘို့ စပျစ်ရည်ကိုပေးကြပြီ။ ပရောဖက်တို့ကိုလည်း၊ ပရောဖက်ပြု၍ မဟောကြနှင့်ဟု မြစ်တားကြပြီ။
Lakini mmewashawishi Wanadhiri kunywa mvinyo na kuwaamuru manabii wasifanye unabii.
13 ၁၃ ထိုကြောင့်၊ လှည်းသည် အပြည့်တင်သောကောက်လှိုင်း၏ဖိစီးခြင်းကို ခံရသကဲ့သို့၊ သင်တို့၏နေရာ အရပ်ကို ငါဖိစီးမည်။
Tazama, nitawakanyaga kama mkokoteni uliojaa miganda inayoweza kumkanyaga mtu.
14 ၁၄ အပြေးကောင်းသောသူသည် ပြေးသောအခွင့်ကို မရ။ ခွန်အားကြီးသောသူသည် မိမိခွန်အားကို ထုတ်ရ သောအခွင့်မရှိရ။ သူရဲသည် ကိုယ်ကို မကယ်လွှတ်ရ။
Mtu akimbiaye hatapata kimbilio; mwenye nguvu hatoongeza nguvu zake mwenyewe; wala shujaa kujiokoa mwenyewe.
15 ၁၅ လေးကိုကိုင်သောသူသည်မရပ်ရ။ လျင်မြန်သောခြေသည် သူရဲသည် ကိုယ်ကိုမကယ်လွှတ်ရ။ မြင်းစီးသူရဲသည်လည်း ကိုယ်ကိုမကယ်လွှတ်ရ။
Apindaye upinde hatasimama; mkimbiaji sana hatakimbia; mwendesha farasi hatajiokoa mwenyewe.
16 ၁၆ ရဲရင့်သော သူရဲသည် ထိုနေ့၌ အဝတ်မပါဘဲ ပြေးသွားရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Hata wapiganaji shujaa watakimbia uchi katika siku hiyo -hivi ndivyo Yahwe asemavy.”

< အာမုတ် 2 >