< ၃ ဓမ္မရာဇဝင် 5 >

1 ရှောလမုန်ကို ခမည်းတော်အရာ၌ ဘိသိက်ပေး ကြောင်းကို တုရုမင်းကြီးဟိရံသည် ကြားလျှင်၊ ဒါဝိဒ်နှင့် အစဉ်မိတ်ဆွေဖွဲ့သော သူဖြစ်၍၊ မိမိကျွန်တို့ကို စေလွှတ် လေ၏။
Hiramu mfalme wa Tiro aliwatuma watumishi wake kwa Sulemani kwa kuwa alisikia kuwa walikuwa wamemtawaza kuwa mfalme mahali pa baba yake, kwani Hiramu alimpenda Daudi.
2 တဖန်ရှောလမုန်သည်လည်း၊ ဟိရံထံသို့ စေ လွှတ်လျက်၊
Sulemani akatuma ujumbe kwa Hiramu, akisema,
3 ငါ့အဘဒါဝိဒ်သည် အရပ်ရပ်၌ စစ်တိုက်ရ သောကြောင့်၊ ထာဝရဘုရားသည် ရန်သူတို့ကို အဘခြေ ဘဝါးတော်အောက်သို့ နှိမ့်ချတော်မမူမှီတိုင်အောင်၊ မိမိဘုရားသခင်ထာဝရဘုရား၏ နာမတော်အဘို့ အိမ်တော်ကို မတည်မဆောက်ရဟု မင်းကြီးသိ၏။
“Unajua kuwa Daudi baba yangu hakujenga nyumba kwa jina la BWANA, Mungu wake kwa sababu ya vile vita vilivyomzunguka, kwa kuwa wakati wa uhai wake BWANA alikuwa akiweka maadui wake chini ya nyayo za miguu yake.
4 ယခုမူကား၊ ငါ၏ဘုရားသခင်ထာဝရဘုရား သည် အရပ်ရပ်၌ ငြိမ်ဝပ်မည်အကြောင်း စီရင်တော်မူ သဖြင့်၊ ရန်ဘက်ပြုသောသူ၊ ဆီးတားသောသူ မရှိသည် ဖြစ်၍၊
Lakini sasa BWANA amenipa mimi pumziko toka pande zote. Hakuna maadui wala majanga.
5 ထာဝရဘုရားက၊ ငါ့အဘဒါဝိဒ်အား သင့် ကိုယ်စား သင်၏ရာဇပလ္လင်ပေါ်မှာ ငါတင်သော သင်၏ သားသည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ရမည်ဟု မိန့်တော်မူသည်အတိုင်း၊ ငါ၏ဘုရားသခင် ထာဝရဘုရား ၏ နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်မည်ဟု ငါအကြံရှိ၏။
Kwa hiyo ninakusudia kujenga hekalu kwa jina la BWANA, Mungu wangu, kama BWANA alivyosema kwa Daudi baba yangu, akisema, 'Mwanao ambaye nitamweka kwenye kiti chako cha enzi mahali pako, ndiye atakayenijengea hekalu kwa jina langu.'
6 မင်းကြီး၏ ကျွန်တို့သည် ငါ့အဘို့ လေဗနုန် တောင်ပေါ်မှာ အာရဇ်ပင်တို့ကို ခုတ်လှဲစေခြင်းငှါ စီရင် ပါ။ ငါ့ကျွန်တို့သည် မင်းကြီးကျွန်တို့နှင့်ဝိုင်း၍ လုပ်ကိုင် ကြလိမ့်မည်။ မင်းကြီးစီရင်သည်အတိုင်း၊ မင်းကြီး၏ ကျွန်တို့အား အခကိုပေးပါမည်။ ဇိဒုန်အမျိုးသားတို့သည် သစ်ခုတ်တတ်သကဲ့သို့ ငါ့တို့တွင် အဘယ်သူမျှ ခုတ်တတ် သည်ကို မင်းကြီးသိသည်ဟု မှာလိုက်လေ၏။
Kwa hiyo sasa amuru wakate mierezi kutoka Lebanoni kwa ajili yangu. Watumishi wangu wataungana na watumishi wako, nami nitakulipa kwa ajili ya watumishi wako ili kwamba upate malipo mazuri kwa kila kitu utakchokubali kukifanya. Kwa kuwa unajua kuwa hakuna mtu mioingoni mwetu anayejua kukata miti kama Wasidoni.”
7 ရှောလမုန်မင်း၏စကားကို ဟိရံမင်းသည် ကြား လျှင် အလွန်ဝမ်းမြောက်၍၊ ထိုလူမျိုးကြီးကို အစိုးရသော သားကို ဒါဝိဒ်အားပေးတော်မူသော ထာဝရဘုရားသည် ယနေ့မင်္ဂလာရှိတော်မူစေသတည်းဟု ဆိုလျက်၊
Hiramu aliposikia maneno ya Sulemani, akafurahi sana akasema, “BWANA na abarikiwe leo, ambaye amempa Daudi mwana wa hekiima juu ya kundi hili kubwa.”
8 မင်းကြီးမှာလိုက်သော အမှုကို ငါဆင်ခြင်ပြီ။ အာရဇ်သစ်သား၊ ထင်ရူးသစ်သားလိုသမျှကို ပေးပါမည်။
Hiramu akatuma neno kwa Sulemani, akisema, “Nimeupata ujumbe ule ulionitumia. Nitatoa miti yote ya mierezi na miti ya miberoshi ambayo unahitaji.
9 ငါ့ကျွန်တို့သည် လေဗနုန်တောင်မှ ပင်လယ်သို့ ချပြီးလျှင်၊ ဘောင်လုပ်၍ မင်းကြီးစီရင်သောအရပ်သို့ ပင်လယ်လမ်းဖြင့် ဆောင်ခဲ့၍၊ ထိုအရပ်၌အပ်သဖြင့် မင်းကြီးခံယူရမည်။ မင်းကြီးသည်လည်း၊ ငါ၏နန်းတော် သားစားစရာရိက္ခာကိုပေး၍ ငါ့အလိုကိုလည်း ပြည့်စုံ စေရမည်ဟု ရှောလမုန်ထံသို့ လူကိုစေလွှတ်၍ ပြန်ပြော ၏။
Watumishi wangu wataileta miti kutoka Lebanoni hadi baharini, nami nitaiendesha baharini mpaka mahali utakaponielekeza. Nitaigawa pale, nawe utaichukua. Utafanya kile ninachohitaji kwa kuwapa chakula watumishi wangu.”
10 ၁၀ ထိုသို့ဟိရံသည် ရှောလမုန် အလိုရှိသမျှသော အာရဇ်သစ်သား၊ ထင်းရူးသစ်သားကို ပေး၏။
Kwa hiyo Hiramu akampa Sulemani miti yote ya mierezi na miti ya miberoshi ambayo alihitaji.
11 ၁၁ ရှောလမုန်သည်လည်း၊ ဟိရံ၏နန်းတော်သား များ စားစရာဘို့ တနှစ်တနှစ်လျှင် ဂျုံဆန်ကောရ နှစ်သောင်း၊ စစ်ပြီးသော ဆီကောရနှစ်ဆယ်ကို ပေး၏။
Sulemani akampa Hiramu kori ishirini elfu za ngano kwa ajili ya chakula cha watumishi wake na kori ishirii za mafuta safi. Sulemani akavitoa hivi kwa Hiramu mwaka baad ya mwaka.
12 ၁၂ ထာဝရဘုရားသည်လည်း၊ ဂတိတော်ရှိသည် အတိုင်း၊ ရှောလမုန်အား ပညာကိုပေးတော်မူ၏။ ဟိရံမင်းနှင့်ရှောလမုန်မင်းနှစ်ပါးတို့သည် စစ်တိုက်ခြင်း မရှိ။ မိဿဟာယဖွဲ့ကြ၏။
BWANA akampa Sulemani hekima, kama alivyokuwa amemwahidi. Kulikuwa na amani kati ya Hiramu na Sulemani na wote wawili wakafanya agano.
13 ၁၃ ရှောလမုန်မင်းကြီးသည်လည်း၊ ဣသရေလလူ အပေါင်းတို့တွင် လူသုံးသောင်းတို့ကို ခွဲခန့်၍၊
Mfalme Sulemani akaandaa wafanya kazi kutoka Israeli yote. Idadi ya watenda kazi walioandaliwa ilikuwa wanaume elfu thelathini.
14 ၁၄ အလှည့်အလှည့်တလလျှင်တသောင်းစီ၊ လေဗနုန် တောင်သို့ စေလွှတ်သဖြင့်၊ ထိုလူတို့သည် လေဗနုန်တောင် ပေါ်မှာတလ၊ ကိုယ်နေရာအရပ်၌ နှစ်လနေရကြ၏။ ထိုလူ တို့ကို အဒေါနိရံအုပ်ရ၏။
Aliwatuma kwenda Lebanoni, aliwatuma kwa zamu ya watu elfu kumi kila mwezi. Kwa mwezi mmoja walienda Lebanoni na miezi miwili walikaa nyumbani. Adoniramu ndiye aliyekuwa msimamizi wa watenda kazi.
15 ၁၅ ထမ်းရွက်သောသူခုနစ်သောင်း၊ တောင်ရိုးပေါ် မှာ သစ်ခုတ်သောသူရှစ်သောင်းတို့ကိုလည်း စေခိုင်းတော် မူ၍၊
Sulemani alikuwa na watu elfu sabini waliokuwa wabeba mizigo na watu elfu themanini wa kukata mawe milimani,
16 ၁၆ အုပ်ချုပ်သောမင်းအရာရှိမှတပါး လုပ်ဆောင်သော သူတို့ကို စီရင်သောသူ သုံးထောင်သုံးရာရှိ၏။
zaidi ya hao, walikuwepo maakida 3, 300 ambao pia waliokuwa wakiisimamia hiyo kazi.
17 ၁၇ ရှင်ဘုရင်၏ အမိန့်တော်အတိုင်း အိမ်တော် တိုက်မြစ်အဘို့ ကြီးသောကျောက်၊ အဘိုးထိုက်သော ကျောက်၊ ဆစ်ပြီးသောကျောက်တို့ကို ဆောင်ခဲ့ကြ၏။
Kwa amri ya mfalme walileta mawe makubwa ya thamani kwa ajili ya kulaza kwenye msingi wa hekalu.
18 ၁၈ ထိုသို့ရှောလမုန်မင်း၏ လက်သမားတို့နှင့် ဟိရံမင်း၏လက်သမားတို့သည် ဂေဗာလအမျိုးသားတို့ နှင့်တကွ၊ အိမ်တော်ကို တည်ဆောက်စရာဘို့ သစ်သား များ၊ ကျောက်များတို့ကို ပြင်ဆင်ကြ၏။
Kwa hiyo wajenzi wa Sulemani na wajenzi wa Hiramu na Wagebaliti walifanya kazi ya kukata na kuandaa mbao kwa ajili ya ujenzi wa hekalu.

< ၃ ဓမ္မရာဇဝင် 5 >