< ၃ ဓမ္မရာဇဝင် 4 >

1 ရှောလမုန်မင်းကြီးသည် ဣသရေလနိုင်ငံလုံးကို စိုးစံလျက် နေတော်မူ၏။
Mfalme Sulemani alikuwa mfalme wa Israeli.
2 မှူးတော်မတ်တော်ဟူမူကား၊ ယဇ်ပုရောဟိတ် ဇာဒုတ်သားအာဇရိ၊
Hawa ndio waliokuwa wakuu wake: Azaria mwana wa Sadoki alikuwa kuhani.
3 ရှိရှသားဧလိဟောရပ်နှင့် အဟိယတို့သည် စာရေးတော်ကြီးဖြစ်၏။ အဟိလုပ်သား ယောရှဖတ်သည် အတွင်းဝန်ဖြစ်၏။
Elihorefu na Ahiya mwana wa Shisha, walikuwa makatibu. Yehoshafati mwana wa Ahilui alikuwa mwandishi.
4 ယောယဒသား ဗေနာယသည် ဗိုလ်ချုပ်မင်း ဖြစ်၏။ ဇာဒုတ်နှင့် အဗျာသာတို့သည် ယဇ်ပုရောဟိတ် ဖြစ်၏။
Benaya mwana wa Yehoyada alikuwa mkuu wa jeshi. Sadoki na Abiatahari walikuwa makuhani.
5 နာသန်သားအာဇရိသည် ဝန်စာရေးအုပ်ဖြစ် ၏။ နာသန်သားဇာဗုဒ်သည် မင်းသားအရာနှင့် တိုင်ပင် မတ်ဖြစ်၏။
Azaria mwana wa Natahani ndiye aliyekuwa juu ya hawa maakida. Zabudi mwana wa Nathani alikuwa kuhani na rafiki wa mfalme.
6 အဟိရှာသည် နန်းတော်အုပ်ဖြစ်၏။ အာဗဿားအဒေါနိရံသည် အခွန်တော်ဝန်ဖြစ်၏။
Ahishari alikuwa mkuu wa nyumba. Adoniramu mwana wa Abda alikuwa mkuu wa watenda kazi.
7 ရှောလမုန်သည် ဣသရေလနိုင်ငံအရပ်ရပ်၌ ခန့်ထားသော ဝန်စာရေးတကျိပ်နှစ်ယောက်တို့သည် တယောက်တလစီ ရှင်ဘုရင်နှင့်နန်းတော်သားတို့ အဘို့ စားစရာကို ပြင်ဆင်ရကြ၏။
Sulemani alikuwa na maakida kumi na wawili juu ya Israeli yote, ambao walitoa chakula kwa mfalme na watu wake wote. Kila mtu alikuwa na zamu ya kuhudumia kwa mwezi mmoja katka mwaka.
8 သူတို့အမည်ဟူမူကား၊ ဧဖရိမ်တောင်ရပ်မှာ ဟုရ၏သား၊
Majina yao yalikuwa ndiyo haya: Beni Huri, Kutoka milima ya Efraimu;
9 မာကတ်မြို့၊ ရှာလဗိမ်မြို့၊ ဗက်ရှေမက်မြို့၊ ဧလုမ္ဘေသနန်မြို့မှာ ဒေကာ၏သား၊
Beni Dekeri wa Makazi, Shaalibimu, Bethi Shemeshi, na Elonbethi Hanaan;
10 ၁၀ စောခေါမြို့၊ ဟေဖာပြည်လုံးနှင့်တကွ အရုဗုတ် မြို့မှာ ဟေသက်၏သား၊
Beni Hesed, wa Arubothi (kutoka kwake alipatikana Sokohi na nchi yote ya Hefa);
11 ၁၁ ဒေါရပြည်လုံးကိုစီရင်သောသူ ရှောလမုန်၏ သမီးတော်တာဖတ် နှင့်စုံဘက်သော အဘိနဒပ်၏သား၊
Ben Abinadabu, wa wilaya yote ya Dori (alikuwa na Tafathi binti wa mfalme ambaye alikuwa mke wake);
12 ၁၂ တာနက်မြို့၊ မေဂိဒ္ဒေါမြို့နှင့် တကွဗက်ရှန်မြို့မှ အာဗေလမဟောလမြို့တိုင်အောင်မက၊ ယုတ်နန်မြို့ အလွန်၊ ယေဇရေလမြို့ အောက်ဇာတနမြို့နှင့်နီးစပ် သော ဗက်ရှန်မြို့နယ်လုံးကို စီရင်သော အဟိလုပ်၏သား ဗာန၊
Baana mwana wa Ahiludi, wa Taanaki na Megido, na Beth Shani iliyo upande mwingine wa Zarethani chini ya Yezreel, Kutoak Bethi Shani mpaka Abeli Mehola iliyo upande mwingine wa Jokimeamu;
13 ၁၃ ဂိလဒ်ပြည်၌ မနာရှေ၏သားယာ ဣရပိုင်သော မြို့များ၊ ဗာရှန်ပြည်၊ အာဂေါဘအရပ်၌မြို့ရိုး၊ ကြေးဝါ တံခါးကျင်နှင့်ပြည့်စုံသော မြို့ကြီးခြောက်ဆယ်ကို စီရင် သော ဂိလဒ်ပြည်ရာမုတ်မြို့မှ ဂေဗာ၏သား၊
Ben Geberi, ya Ramothi Gileadi (kutoka kwake tunapata miji ya Yairi mwana wa Manase, ambayo iko Gileadi, na mkoa wa Arigobu ulikuwa wake, ambao uko Bashani, miji sitini yenye maboma na yenye nguzo za malango ya shaba);
14 ၁၄ မဟာနိမ်မြို့မှာ ဣဒေါ၏သားအဟိနဒပ်၊
Ahinadabu mwana wa Ido, wa Mahanaimu;
15 ၁၅ နဿလိခရိုင်ကိုစီရင်သောသူ၊ ရှောလမုန်၏ သမီးတော် ဗာသမတ်နှင့်စုံဘက်သောအဟိမတ်၊
Ahimaazi, wa Naftali (ambaye pia alimwoa Basimathi binti wa Sulemani kuwa mke wake);
16 ၁၆ အာရှာခရိုင်နှင့် အာလုပ်မြို့မှာ ဟုရှဲ၏သား ဗာနာ၊
Baana mwana wa Hushai, ya Asherina Bealothi;
17 ၁၇ ဣသခါခရိုင်မှာပါရွာ၏သားယောရှဖတ်၊
Yehoshafati mwana wa Paruha, kwa Isakari;
18 ၁၈ ဗင်္ယာမိန်ခရိုင်မှာ ဧလာ၏သားရှိမိ၊
Shimei mwana wa Ela, wa Benjamini;
19 ၁၉ အာမောရိရှင်ဘုရင်ရှိဟုန်၏နိုင်ငံ၊ ဗာရှန် ရှင်ဘုရင်ဩဃ၏နိုင်ငံ၊ ဂိလဒ်ပြည်မှာအခြားသောမင်း မရှိ။ တပါးတည်းစီရင်သော ဥရိ၏သားဂေဗတည်း။
na Geberi mwana wa Uri, katika nchi ya Gileadi, ambayo ni nchi ya Sihoni mfalme wa Waamori na Ogi mfalme wa Bashani, na yeye ndiye akida pekee aliyekuwa katika nchi hiyo.
20 ၂၀ ထိုကာလ၌၊ ယုဒအမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက်အားဖြင့် သမုဒ္ဒရာ သဲလုံးနှင့်အမျှများပြား၍ စားသောက်ပျော်မွေ့လျက် နေကြ၏။
Yuda na Israeli walikuwa wengi kama mchanga wa baharini. Nao walikuwa wakila na kunywa na kufurahi.
21 ၂၁ ရှောလမုန်သည်လည်း မြစ်ကြီးမှ စ၍ဖိလိတ္တိ ပြည်၊ အဲဂုတ္တုပြည်တိုင်အောင် တိုင်းနိုင်ငံလုံးကို အစိုးရ သဖြင့်၊ အရပ်ရပ်သားတို့သည် လက်ဆောင်ပဏ္ဏာတို့ကို ဆက်၍၊ ရှောလမုန်လက်ထက်ကာလပတ်လုံး မင်းမှုကို ဆောင်ရွက်ရကြ၏။
Suleimani alitawala utawala wote kutoka mtoni hadi kwenye nchi ya Wafilisti na hadi kwenye mpaka wa Misri. Wote walileta kodi na walimtumikia Sulemani katika siku za maisha yake yote.
22 ၂၂ တနေ့တနေ့လျှင် နန်းတော်၌ ကုန်သောရိက္ခာ ဟူမူကား၊ ဂျုံမုန့်ညက်ကောရသုံးဆယ်၊ မုယော မုန့်ညက်ကောရခြောက်ဆယ်၊
Mahitaji ya Sulemani kwa siku moja yalikuwa ni Kori thelathini za unga mzuri na kori unga wa ngano,
23 ၂၃ ဆူဖြိုးအောင်ကျွေးသောနွားတဆယ်၊ ကျက်စား ရာထဲက နွားနှစ်ဆယ်၊ ဆတ်သမင်ဒရယ်အမျိုးမျိုးကို မဆိုဘဲသိုးတရာ၊ ဆူဖြိုးအောင် ကျွေးသောငှက်မျိုး တည်း။
makisai kumi walionona, na fahari ishirini wa malisho, na kondoo mia moja, nje ya ayala, paa, na kulungu na kuku walionona.
24 ၂၄ ရှောလမုန်သည် မြစ်ကြီးအနောက်ဘက်၊ တိဖသမြို့မှအဇ္ဇာမြို့တိုင်အောင် ရှင်ဘုရင်အပေါင်းတို့ကို အစိုးရသဖြင့် ပတ်ဝန်းကျင်အရပ်တို့၌ စစ်မှုစစ်ရေးမရှိ။
Kwa kuwa utawala wake ulikuwa zaidi ya nchi yote upande huu wa mto, kutoka Tifsa mpaka Gaza, juu ya wafalme wote wa upande huu wa mto, naye alikuwa na amani pande zote.
25 ၂၅ လက်ထက်တော်ကာလပတ်လုံး၊ ယုဒအမျိုးနှင့် ဣသရေလအမျိုးသားတို့သည်ဒန်မြို့မှစ၍ ဗေရရှေဘမြို့ တိုင်အောင် အသီးအသီးမိမိစပျစ်ပင်၊ မိမိသင်္ဘောသဖန်း ပင်အောက်မှာ ငြိမ်ဝပ်စွာ နေရကြ၏။
Yuda na Israeli waliishi kwa usalama, kila mtu chini y a mzabibu wake na chini ya mtini wake, kutoka Dani mpaka Beerisheba, siku zote za Sulemani.
26 ၂၆ ရှောလမုန်သည်လည်း၊ ရထားတော်များနှင့် ဆိုင်သော မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တသောင်းနှစ်ထောင်ရှိ၏။
Sulemani alikuwa na mabanda ya farasi arobaini elfu kwa ajili ya magari yake, na wapanda farasi elfu kumi na mbili.
27 ၂၇ ဝန်စာရေးတို့သည်လည်း ရှောလမုန်မင်းကြီးနှင့် စားပွဲတော်သို့ ဝင်သောသူအပေါင်းတို့အဘို့ တယောက် တလစီစုံလင်စွာ ပြင်ဆင်ရကြ ၏။
Na maakida walileta chakula kwa Sulemani na kwa wale walioketi kwenye meza ya mfalme Sulemani, kila mtu katika mwezi wake. Walihakikisha hakuna kinachopungua.
28 ၂၈ မုယောစပါးကို၎င်း၊ မြင်းတော်များ၊ လားတော် များဘို့ မြက်ခြောက်ကို၎င်း၊ အလှည့်သင့်သည်အတိုင်း နေရာအရပ်သို့ ဆောင်ခဲ့ရကြ၏။
Na pia walileta kwenye eneo husika shayiri na majani kwa ajili ya wale farasi wa magari na kwa wale farasi wa mbio kila mmoja alileta kadri alivyoweza.
29 ၂၉ ဘုရားသခင်သည် များစွာသော ဥာဏ်ပညာကို ၎င်း၊ သမုဒ္ဒရာသဲလုံးနှင့်အမျှ ကျယ်ဝန်းသော နှလုံးကို၎င်း ပေးတော်မူသည်ဖြစ်၍၊
Mungu alimpa Sulemani hekima kubwa, ufahamu, na upana wa uelewa kama mchanga wa baharini.
30 ၃၀ ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။
Hekima ya Sulemani ilizidi hekima ya watu wote wa mashariki na hekima yote ya Misri.
31 ၃၁ ရှောလမုန်သည် ဧဇရဟိတ်အမျိုးဧသန်၊ မဟောလသားဟေမန်၊ ခါလကောလ၊ ဒါရဒအစရှိသော လူအပေါင်းတို့ထက်သာ၍ ပညာရှိသဖြင့်၊ ခပ်သိမ်းသော တိုင်းနိုင်ငံအရပ်ရပ်၌ ကျော်စောလေ၏။
Alikuwa na hekima kuliko wanaume wote - kuliko Ethani Muezrahi, Hemani, Kaliko, na Darda, wana wa Maholi - na habari zake zikaenea hadi kwenye mataifa yote yaliyomzunguka.
32 ၃၂ စီရင်တော်မူသော သုတ္တံစကားသုံးထောင်နှင့် သီချင်းတထောင် ငါးခုရှိ၏။
Aliongea mithali elfu tatu na idadi ya nyimbo zake zilikuwa elfu moja na tano.
33 ၃၃ လေဗနုန်အာရဇ်ပင်မှစ၍ အုတ်ရိုးနားမှာ ပေါက်တတ်သောဟုဿုပ်ပင်တိုင်အောင် မြွက်ဆို၏။ သားမျိုး၊ ငှက်မျိုး၊ ပိုးကောင်မျိုး၊ ငါးမျိုးတို့၏ အကြောင်းကိုလည်း မြွက်ဆို၏။
Aliifafanua mimea, kuanzia mierezi iliyoko Lebanoni hadi Hisopo imeao ukutani. Aliwafafanua wanyama, ndege, vitu vitambaavyo na samaki. Watu walikuja kutoka mataifa yote kuisikia hekima ya Sulemani.
34 ၃၄ ရှောလမုန်မင်း၏ ပညာသိတင်းကို ကြားသော ရှင်ဘုရင်အမျိုးမျိုးစေလွှတ်သော သူတို့သည် ပညာစကား တော်ကို နားထောင်ခြင်းငှါ လာကြ၏။
Watu walikuja kutoka falme zote za duniani waliosikia juu ya hekima yake.

< ၃ ဓမ္မရာဇဝင် 4 >