< ၃ ဓမ္မရာဇဝင် 12 >

1 ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။
Rehoboamu akaenda Shekemu, kwa kuwa Israeli yote walikuwa wameenda Shekemu kumfanya awe mfalme.
2 ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသိတင်း ကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။
Ikatokea kuwa Yeroboamu mwana wa Nebati akayasikia haya (Kwa kuwa alikuwa bado yuko Misri, ambako alikuwa amekimbilia kumkwepa mfalme Sulemani), Kwani Yeroboamu alikuwa anaishi Misri.
3 ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊
Kwa hiyo wakatuma watu kumwita, na Yeroboamu pamoja na mkutano wote wa Israeli wakaja wakamwambia Rehoboamu,
4 ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုးလေး ကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။
Baba yako aliifanya nira yetu kuwa nzito. Sasa ifanye kazi ngumu ya baba yako kuwa nyepesi kuliko nira ngumu ambayo baba yako alituwekea, nasi tutakutumikia.”
5 ရောဗောင်ကလည်း၊ သင်တို့သွားကြဦးလော့။ သုံးရက်လွန်မှ တဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။
Naye Rehobiamu akawaambia, “Ondokeni kwa siku tatu, kisha nirudieni.” Kwa hiyo watu wakaondoka.
6 ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့အကြံပေး ကြမည်နည်းဟု မေးသော်၊
Mfalme Rehoboamu akatafuta ushauri kwa wazee waliokuwa wamesimama mbele ya Sulemani baba yake wakati wa uhai wake, naye akasema, “mnanishauri niwajibuje hawa watu?”
7 သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ ကျွန်ခံလျက်၊ သူတို့အမှုကို စောင့်၍ ကောင်းသော စကား နှင့်ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ်ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
Nao wakamwambia, “Kama wewe utakuwa mtumishi wa hawa watu na akawatumikia, na akawapa majibu ya maneno mema, ndipo watakapokuwa watumishi wako daima.”
8 အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက်၊
Lakini Rehoboamu akapuuzia ushauri aliopewa na wazee na akaenda kuomba ushauri kwa vijana ambao alikua pamoja nao wakasimama mbele yake.
9 ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့ အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော်၊
Akawaambia, “Mnanipa ushauri gani ili niweze kuwajibu hawa watu waliosema nami kwamba, 'ifanye nyepesi nira ambayo baba yako alituwekea'”
10 ၁၀ ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကို လေးစေပါပြီ။ ပေါ့စေတော် မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
Wale vijana waliokua pamoja na Rehoboamu wakamjibu, wakisema, “Waambie hawa watu kuwa baba yako Sulemani aliifanya nira yenu kuwa nzito lakini ninyi wenyewe mnaweza kuifanya rahisi. Uwaambie hivi, 'Kidole changu kidogo ni kinene kuliko kiuno cha baba yangu.
11 ၁၁ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
Kwa hiyo sasa, ingawa baba yangu aliwatwika kongwa zito, Mimi nitaiongeza kongwa lenu. Baba yangu aliwaadhibu kwa mijeredi, Lakini mimi nitawaadhibu kwa nge.'”
12 ၁၂ ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ၏။
Kwa hiyo siku ya tatu Yeroboamu na watu wote wakaja kwa Rehoboamu, kama mfalme alivyokuwa amewaelekeza aliposema, “mrudi kwangu siku ya tatu.”
13 ၁၃ ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်။ လူပျိုတို့ပေးသောအကြံကို လိုက်လျက်၊
Naye mfalme akawaambia wale watu kwa ukali na akapuuzia ushauri wa wale wazee ule waliokuwa wamempatia.
14 ၁၄ ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
Akawaambia akifuata ushauri wa wale vijana; akasema, “Baba yangu aliwatwika kongwa zito, lakini mimi nitaongeze kongwa lenu. Baba yangu aliwaadhibu kwa mijeredi, mimi nitawaadhibu kwa nge.”
15 ၁၅ ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကိုနားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
Kwa hiyo mfalme hakuwasikiliza wale watu, kwa kuwa ilikuwa zamu ya tukio lililoletwa na BWANA, ili kwamba aweze kulitimiza neno lake ambalo alikuwa amelisema kupitia Ahiya.
16 ၁၆ ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသ ရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
Israeli yote ilipoona kuwa mfalme hakuwasikiliza, watu wakamjibu wakimwambia, “Je, tuna sehemu gani kwa Daudi? Hatuna urithi kwa mwana wa Yese! Nenda kwenye hema zako, ewe Israeli. Sasa tazama kwenye nyumba yako, Daudi.” Kwa hiyo Israeli akarudi kwenye hema zake.
17 ၁၇ သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလ လူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။
Lakini kwa watu wa Israeli waliokuwa wakiishi kwenye miji ya Yuda, Rehoboamu akawa mfalme juu yao.
18 ၁၈ ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလလူအပေါင်းတို့ သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။
Kisha mfalme Rehoboamu akamtuma Adoramu, aliyekuwa juu ya shokoa, lakini Waisraeli wote wakampiga kwa mawe wakamwua kwa mawe. Mflme Rehoboamu akakimbia haraka kwa gari lake kwenda Yerusalemu.
19 ၁၉ ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ၏။
Kwa hiyo Israeli wakawa wapinzani dhidi ya nyumba ya Daudi mpaka leo.
20 ၂၀ ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကို စေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကျပ်။
Ndipo Israeli yote waliposikia kuwa Yeroboamu alikuwa amerudi, walimwita kwenye kusanyiko lao wakamweka kuwa mfalme wa Israeli. Hapakuwepo na mtu aliyeifuata familia ya Daudi, isipokuwa tu kabila la Yuda.
21 ၂၁ ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေး စေ၏။
Rehoboamu alipofika Yerusalemu, akawakusanya wote wa nyumba ya Yuda na kabila la Benjamini; walichaguliwa wanaume wanajeshi 180, 000 ili wapigane na nyumba ya Israeli, kwa lengo la kurudisha ufalme kwa Rehoboamu mwana wa Sulemani.
22 ၂၂ သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ ရောက်၍၊
Lakini neno la Mungu likamjia Shemaya, mtu wa Mungu; likisema,
23 ၂၃ သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
“Mwambie Rehoboamu mwana wa Sulemani, mfalme wa Yuda, na kwa nuymba yote ya Yuda na Benjamini, na kwa watu wote; uwaambie,
24 ၂၄ သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကို နားထောင်၍ စကား တော်အတိုင်း ပြန်သွားကြ၏။
“BWANA asema hivi, Usipigane wala kuwavamia ndugu zako watu wa Israeli. Kila mtu lazima arudi nyumbani kwake, kwa kuwa jambo hili nimelisababisha mimi.” Kwa hiyo wakalisikiliza neno la BWANA na wakrudi nyumbani kwa njia zao na wakalitii neno lake.
25 ၂၅ ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။
Kisha Yeroboamu akaijenga Shekemu katika nchi ya milima ya Efraimu, na akaishi huko. Akatoka huko na kuijenga Penueli.
26 ၂၆ ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည်။
Yeroboamu akafikiri moyoni mwake, “Sasa ufalme utarudi kwenye nyumba ya Daudi.
27 ၂၇ ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက် မေ့သောကြောင့်၊
Kama hawa watu wataenda kutoa sadaka kwenye hekalu la BWANA kule Yerusalemu, basi mioyo ya hawa watu itarudi tena kwa bwana wao, kwa Rehoboamu mfalme wa Yuda. Wataniua na kurudi kwa Rehoboamu mfalme wa Yuda.”
28 ၂၈ သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊
Kwa hiyo mfalme Yeroboamu akatafuta ushauri na akafanya ndama wawili wa dhahabu; akawaambia watu, “Ni vigumu sana kwenu kwenda Yerusalemu. Tazameni, hawa ndiyo miungu yenu, Ee Israeli, iliyowatoa toka nchi ya Misri.”
29 ၂၉ ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊
Akamweka mmoja Betheli na mwingine Dani.
30 ၃၀ ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။
Kwa hiyo jambo hili likawa dhambi. Watu wakaenda kwa huyo na wengine kwa hawa, mpaka huko Dani.
31 ၃၁ ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
Yeroboamu akajenga nyumba mahali pa juu na kufanya makuhani kutoka kwa watu wote, ambao hawakuwa wana wa Lawi.
32 ၃၂ ယုဒပြည်၌ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ၏။
Yeroboamu akafanya sikukuu katika mwezi wa nane, katika siku ya kumi na tano ya mwezi, kama sikukuu ambayo iko Yuda, na akaenda juu kwenye madhabahu. Akafanya hivyo kule Betheli, akawatolea sadaka wale ndama aliokuwa amewatengeneza, na akaweka kuhani huko Betheli mahali pa juu alipokuwa amepatengeneza.
33 ၃၃ ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
Yeroboamu akapanda kwenda kwenye madhabahu ambayo aliitengeneza kule Betheli katika siku ya kumi na tano ya mwezi wa nane, ndio mwezi aliokuwa amefikiri katika akili yake; akafanya sikukuu kwa watu wa Israeli n a akaenda madhabahuni kufukiza uvumba.

< ၃ ဓမ္မရာဇဝင် 12 >