< ၃ ဓမ္မရာဇဝင် 11 >

1 ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။
Basi mfalme Sulemani aliwapenda wanawake wengi wa kigeni: binti wa Farao na wanawake wa Wamoabu, Waamori, Waedomu, Wasidoni, na Wahiti - Haya na
2 ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
mataifa ambayo BWANA alikuwa amewaambia Waisraeli kwamba, “Msiwaoe, wala binti zenu kuolewa nao, kwani kwa hakika wataigeuza mioyo yenu ili mfuate miungu yao.” Lakini Sulemani aliwapenda wanawake hao.
3 မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
Sulemani alikuwa na wanawake halali mia saba na masuria mia tatu. Wake zake waliugeuza moyo wake.
4 ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။
Kwa kuwa Sulemani alipozeeka, wake zake waliugeuza moyo wake kwa miungu mingine; hakuutoa moyo wake wote kwa BWANA, Mungu wake, kama ulivyokuwa moyo wa Daudi baba yake.
5 ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
Kwani Sulemani alimfuata Ashtoreth, mungu mke wa Wasidoni, na alimfuata Milkom, ambayo ni sanamu chukizo ya Waamori.
6 ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
Sulemani akafanya maovu mbele ya BWANA; hakumfuata BWANA kwa moyo wake wote, kama alivyofanya Daudi baba yake.
7 ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။
Kisha Sulemani akajenga mahali pa juu pa Kemoshi, ambayo ni sanamu chukizo ya Wamoabu, mashariki mwa Yerusalemu juu ya kilima, na vivyo hivyo na Moleki, Sanamu chukizo ya Waamoni.
8 မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။
Na kadhalika ndivyo alivyowafanyia wake zake wa kigeni, ambao walifukiza uvumba na kutoa sadaka kwa miungu yao.
9 အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊
BWANA alichukizwa na Sulemani, kwa sababu moyo wake ulikuwa umemwacha Mungu wa Israeli, ingawa alikuwa amejionyesha kwake mara mbili
10 ၁၀ ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့်၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက်၊
na kumwamuru juu ya mambo haya, kwamba asiwaendee miungu wengine. Bali Sulemani hakutii kile ambacho BWANA alikuwa amemwamuru.
11 ၁၁ သင်သည်ဤသို့ပြု၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန် အား ပေးမည်။
Kwa hiyo BWANA akamwambia Sulemani, “Kwa kuwa umeyafanya haya haukulishika agano langu na maagizo ambayo nilikuamuru, basi nitaugawa ufalme kutoka kwako na kuwapatia watumishi wako.
12 ၁၂ သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကို ထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။
Hata hivyo, kwa ajili ya Daudi, sitalifanya hilo wakati wa uhai wako, bali nitaugawa wakati ukiwa chini ya mwanao.
13 ၁၃ သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
Bado sitaugawanya ufalme wote; Nitampa mwanao kabila moja kwa ajili ya Daudi mtumishi wangu, na kwa ajili ya Yerusalemu, ambayo nimeichagua.”
14 ၁၄ ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ်၏။
Kisha BWANA akamwinulia uadui Sulemani, Hadadi Mwedomu. Alikuwa anatoka kwenye familiia ya mfalme wa Edomu.
15 ၁၅ အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊
Daudi alipokuwa Edomu, Yoabu mkuu wa jeshi alikuwa ameenda kuzika mfu, kila mtu aliyekuwa ameuawa kule Edomu.
16 ၁၆
Yoabu na Israeli yote walibaki huko kwa miezi sita mpaka alipokuwa amewaua wanaume wote wa Edomu.
17 ၁၇ ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။
Lakini Hadadi alichulukuliwa na Waedomu wengine na watumishi wa baba yake hadi Misri, kuanzia Hadadi alipokuwa mtoto mdogo.
18 ၁၈ မိဒျန်ပြည်မှထွက်၍ မါရန်ပြည်သို့ ရောက်လေ၏။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။
Waliondoka Midiani wakaja Parani, ambapo walichukuliwa na wanaume mpaka Misri, kwa Farao wa Misri, ambaye alimpa nyumba na ardhi yenye chakula.
19 ၁၉ ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ်၍ မိမိခင်ပွန်းမိဖုရားတာပနက်၏ညီမကို ပေးစား၏။
Hadadi alipata neema kubwa machoni pa Farao, kwa hiyoFarao akampatia mke, umbu wa mke wake mwenyewe, umbu la Tapenesi aliyekuwa Malkia.
20 ၂၀ တာပနက်၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင်၍၊ တာပနက်သည်နန်းတော်၌နို့ခွါသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။
Naye huyo umbu la Tapenesi alimzalia Hadadi mwana. Wakamwita jina lake Genubathi. Tapenesi akamlea katika ikulu ya Farao. Kwa hiyo Genubathi alikulia kwenye ikulu ya Farao pamoja na watoto wa Farao.
21 ၂၁ ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။
Naye alipokuwa huko Misri, Hadadi alisikia kuwa Daudi alishalala na mababu zake na kwamba Yoabu mkuu wa majeshi alishakufa, Hadadi akamwambia Farao, “Acha niondoke nirudi nchini kwangu.”
22 ၂၂ ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။
Lakini Farao alimwambia, “Umepungukiwa nini kwangu, kwamba sasa unatafuta kurudi nchini kwako?” Naye Hadadi akamjibu, “Hapana kitu lakini tafadhali niache niende.”
23 ၂၃ ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊
Pia Mungu akamwinulia Sulemani adui mwingine, Rezoni mwana wa Eliada, aliyekuwa amemkimbia bwana wake Hadadezeri mfalme wa Soba.
24 ၂၄ လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ၏။
Rezoni alijikusanyia wanaume naye akawa mkuu wa jeshi dogo, Daudi ali owapiga wanaume wa Soba. Wale wanume Rezoni walienda Dameski kuishi huko, na Rezoni aliitawala Dameski.
25 ၂၅ ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကို အစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
Yeye akawa adui wa Israeli katika siku zote za mfalme Sulemani, zaidi ya madhara ambayo Hadadi alisababisha. Rezoni akawachukia Israeli na akawa juu ya Shamu
26 ၂၆ ထိုမှတပါးရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း။
Kisha Yeroboamu mwana wa Nebati, mwefraimu wa Sereda, akida wa Sulemani, ambaye jina la mama yake lilikuwa Serua, mjane, pia akainua mkono wake dhidi ya mfalme.
27 ၂၇ ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ် ၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊
Kisa cha kuinua mkono wake kinyume cha mfalme ilikuwa ni mfalme Sulemani kujenga Milo na kufunga mahali palipobomoka katika mji wa Daudi baba yake.
28 ၂၈ ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်း ကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ၏။
Yeroboamu alikuwa mtu hodari na shujaa. Sulemani akaona kuwa huyo kijana alikuwa na bidii, kwa hiyo akampa kuwa na mamlaka juu ya wafanyakazi katika nyumba ya Yusufu.
29 ၂၉ တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရော ဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊
Wakati huo, Yeroboamu alipokuwa akitoka katika Yerusalemu, nabii Ahiya Mshilo akamkuta barabarani. Sasa Ahiya alikuwa amevaa vazi jipya na kwamba hawa wawili walikuwa pekee yao kondeni.
30 ၃၀ အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊
Kisha Ahiya akalishika lile vazi jipya ambalo alikuwa nalo na akalichana katika vipande kumi na viwili.
31 ၃၁ ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။
Akamwambia Yeroboamu. “Chukua vipande kumi, kwani BWANA, Mungu wa Israeli, anasema, 'Tazama, Nitaugawa ufalme toka katika mkono wa Sulemani nami nitakupa makabila kumi.
32 ၃၂ ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ၏။
(lakini Sulemani atabaki na kabila moja, kwa ajili ya mtumishi wangu Daudi na kwa ajili ya mji wangu Yerusalemu - mji ambao nimeuchagua toka kwenye kabila zote za Israeli),
33 ၃၃ ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက်။
kwa kuwa ameniacha na kumwabudu Ashtorethi mungu mke wa Wasidoni, Kemoshi Mungu wa Wamoabu, na Milikomu mungu wa watu wa Amoni. Wameziacha njia zangu, hawakufanya kilicho chema katika macho yangu, wala hawa kuzishika amri na maagizo yangu, kama alivyofanya Daudi baba yake.
34 ၃၄ သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။
Hata hivyo. Stauchukua ufalme wote toka kwenye mkono wa Sulemani. Badala yake, nimemfanya kuwa mtawala katika siku zake zote za uhai wake, kwa ajili ya Daudi mtumishi wangu ambaye nilimchagua, mtu ambaye alizishika amri na maagizo yangu.
35 ၃၅ ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။
Bali nitauchukua ufalme ukiwa chini ya mkono wa mwanae na nitakupa wewe, makabila kumi.
36 ၃၆ ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။
Nitampa kabila moja mwana wa Sulemani ili kwamba Daudi mtumishi wagu atabaki kuwa nuru mbele yangu huko Yerusalemu, mji ambao nimeuchagua ili niweke jina langu.
37 ၃၇ သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ၏။
Nami nitakuchukua, nawe utatawala ili kutimiza haja yako, nawe utakuwa mfalme juu ya Israeli.
38 ၃၈ သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဘို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။
Kama utasikiliza yote ninayokuagaza, na kama utatembea katika njia zangu na kufanya kinachopendeza mbele ya macho yangu, ukayashika maagizo na amri zangu, kama Daudi mtumishi wangu alivyofanya, ndipo nitakapokuwa na wewe na nitakujengea nyumba ya uhakika, kama niliyomjengea Daudi, nami nitakupa Israeli.
39 ၃၉ ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည်။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
Nitawaadhibu uzao wa Daudi, lakini si milele.”
40 ၄၀ ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ ၏။
Kwa hiyo Sulemani akajaribu kumwua Yeroboamu. Lakini Yeroboamu akaamka na kukimbilia Misri, Kwa Shishaki mfalme wa Misri, naye akabaki Misri mpaka Sulemani alipokufa.
41 ၄၁ ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထား လျက်ရှိ၏။
Na kwa mambo mengine yanayomhusu Sulemani, Yote ambayo alifanya na hekima zake, je, hayakuandikwa katika kitabu cha matukio ya
42 ၄၂ ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
Sulemani? Sulemani alitawala Yerusalemu juu ya Israeli yote kwa miaka arobaini.
43 ၄၃ ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
Naye akalala na mababu zake na alizikwa katika mji wa Daudi baba yake. Rehoboamu mwanae akawa mfalme mahali pake.

< ၃ ဓမ္မရာဇဝင် 11 >