< ဆာလံ 73 >

1 အကယ် စင်စစ်ဘုရား သခင်သည် နှလုံး သန့်ရှင်း သော သူတည်းဟူသောဣသရေလ အမျိုး၌ ကျေးဇူး ကြီး တော်မူ၏။
အကယ်စင်စစ် ဘုရားသခင်သည် နှလုံးသန့်ရှင်း သော သူတည်းဟူသော ဣသရေလအမျိုး၌ ကျေးဇူးကြီး တော်မူ၏။
2 ငါ မူကား ၊ ခြေ ချော် လု လျက် ၊ ခြေရာ လွဲ လု လျက် ရှိမိပြီ။
ငါမူကား၊ ခြေချော်လုလျက်၊ ခြေရာလွဲလုလျက် ရှိမိပြီ။
3 အကြောင်း မူကား၊ မတရား သောသူတို့၏ စည်းစိမ် ကို မြင် သောအခါ၊ မိုက် သောသူတို့ကို ပင် ငါငြူစူ မိပြီ။
အကြောင်းမူကား၊ မတရားသောသူတို့၏ စည်း စိမ်ကို မြင်သောအခါ၊ မိုက်သောသူတို့ကိုပင် ငါငြူစူမိပြီ။
4 ထိုသူ တို့သည် မသေ မှီတိုင်အောင် နာကြင်ခြင်း ဝေဒနာ မ ရှိ။ ခိုင်မာ သောအစွမ်း သတ္တိရှိကြ၏။
ထိုသူတို့သည် မသေမှီတိုင်အောင် နာကြင်ခြင်း ဝေဒနာမရှိ။ ခိုင်မာသောအစွမ်းသတ္တိရှိကြ၏။
5 သူ တို့သည် လောကဓံ ဒုက္ခမ ရှိ။ လူ များကဲ့သို့အနှောင့် အရှက်ကိုမ ခံရကြ။
သူတို့သည် လောကဓံဒုက္ခမရှိ။ လူများကဲ့သို့ အနှောင့်အရှက်ကိုမခံရကြ။
6 ထိုကြောင့်မာန ကို လည်ဆွဲ တန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲ ခြင်းအဝတ် ကိုလည်း ဝတ် တတ်ကြ၏။
ထိုကြောင့် မာနကို လည်ဆွဲတန်ဆာကဲ့သို့ဆင်၍၊ ညှဉ်းဆဲခြင်း အဝတ်ကိုလည်း ဝတ်တတ်ကြ၏။
7 ဆူဝ သောကြောင့် မျက်နှာ မော် လျက်ရှိကြ၏။ စိတ် နှလုံးကြံစည် ခြင်းအားဖြင့်လွန်ကျူး တတ်ကြ၏။
ဆူဝသောကြောင့် မျက်နှာမော်လျက်ရှိကြ၏။ စိတ်နှလုံးကြံစည်ခြင်းအားဖြင့် လွန်ကျူးတတ်ကြ၏။
8 ဆိုး သောညှဉ်းဆဲ ခြင်းကို ပင် ပြက်ယယ် ပြု၍ ပြော တတ်ကြ၏။ ထောင်လွှား သော စကား ကိုလည်း သုံးတတ် ကြ၏။
ဆိုးသောညှဉ်းဆဲခြင်းကိုပင် ပြက်ယယ်ပြု၍ ပြော တတ်ကြ၏။ ထောင်လွှားသော စကားကိုလည်း သုံးတတ် ကြ၏။
9 သူ တို့နှုတ် သည် ကောင်းကင် နှင့် ဆန့်ကျင် ဘက် ပြု၍ ၊ လျှာ သည်လည်း မြေကြီး ကို လှည့် လည်တတ်၏။
သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက် ပြု၍၊ လျှာသည်လည်း မြေကြီးကို လှည့်လည်တတ်၏။
10 ၁၀ ထိုကြောင့် ဘုရား သခင်၏ လူ တို့သည် သူ တို့ ထံသို့ ပြန် သွား၍ များစွာ သော ရေ ကိုမျို ရကြ၏။
၁၀ထိုကြောင့် ဘုရားသခင်၏ လူတို့သည် သူတို့ ထံသို့ ပြန်သွား၍ များစွာသော ရေကိုမျိုရကြ၏။
11 ၁၁ ဘုရား သခင်သည် အဘယ်သို့ သိ တော်မူမည်နည်း။ အမြင့်ဆုံး သော ဘုရား၌ ဉာဏ် ရှိ ပါလိမ့်မည်လော ဟု ဆို တတ်ကြ၏။
၁၁ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည် နည်း။ အမြင့်ဆုံးသော ဘုရား၌ ဥာဏ်ရှိပါလိမ့်မည်လော ဟု ဆိုတတ်ကြ၏။
12 ၁၂ ထို မတရား သောသူတို့ သည် အစဉ် ကောင်းစား ၍ ဥစ္စာ ပွား များကြ၏။
၁၂ထိုမတရားသော သူတို့သည် အစဉ်ကောင်းစား ၍ ဥစ္စာပွားများကြ၏။
13 ၁၃ အကယ် စင်စစ်ငါ့ နှလုံး ကို ငါသန့်ရှင်း စေသော်လည်း အကျိုး မရှိ။ အပြစ် ကင်းခြင်းနှင့် ငါ့ လက် ကို ဆေးကြော သော်လည်း အကျိုးမရှိ။
၁၃အကယ်စင်စစ် ငါ့နှလုံးကို ငါသန့်ရှင်းစေသော် လည်း အကျိုးမရှိ။ အပြစ်ကင်းခြင်းနှင့် ငါ့လက်ကို ဆေးကြောသော်လည်း အကျိုးမရှိ။
14 ၁၄ နေ့တိုင်း နှောင့်ရှက် ခြင်းနှင့် နံနက် တိုင်းဆုံးမ ခြင်းကို ငါ ခံရ၏။
၁၄နေ့တိုင်းနှောင့်ရှက်ခြင်းနှင့် နံနက်တိုင်းဆုံးမ ခြင်းကို ငါခံရ၏။
15 ၁၅ ထိုသို့ သဘောကျမည်ဟု အကျွန်ုပ်ဆို လျှင် ၊ ကိုယ်တော် ၏ အမျိုးသား တို့ကို ပြစ်မှား ရာသို့ ရောက်ပါ လိမ့်မည်။
၁၅ထိုသို့သဘောကျမည်ဟု အကျွန်ုပ်ဆိုလျှင်၊ ကိုယ်တော်၏ အမျိုးသားတို့ကို ပြစ်မှားရာသို့ ရောက်ပါ လိမ့်မည်။
16 ၁၆ ထို အမှုကိုနားလည် ရ အောင် ဆင်ခြင် သောအခါ အလွန် ခက်သည်ဟု ထင် ပါ၏။
၁၆ထိုအမှုကိုနားလည်ရအောင် ဆင်ခြင်သောအခါ အလွန်ခက်သည်ဟု ထင်ပါ၏။
17 ၁၇ နောက် မှဘုရား သခင်၏ သန့်ရှင်း ရာ ဌာနထဲသို့ ဝင် ၍၊ သူ တို့၏ အဆုံး ကို နားလည် ရပါ၏။
၁၇နောက်မှဘုရားသခင်၏ သန့်ရှင်းရာ ဌာနထဲသို့ ဝင်၍၊ သူတို့၏ အဆုံးကို နားလည်ရပါ၏။
18 ၁၈ အကယ် စင်စစ်ကိုယ်တော်သည် သူ တို့ကို ချော သောအရပ်၌ ထား တော်မူပြီ။ ဖျက်ဆီး ရာအရပ်သို့ ချ တော်မူ၏။
၁၈အကယ်စင်စစ်ကိုယ်တော်သည် သူတို့ကို ချော သောအရပ်၌ ထားတော်မူပြီ။ ဖျက်ဆီးရာအရပ်သို့ ချတော်မူ၏။
19 ၁၉ တခဏ ခြင်းတွင် အကျိုး နည်းကြပါပြီတကား။ ဘေး ဥပဒ်များအားဖြင့် ရှင်းရှင်း ပယ် ပျောက်လျက် ရှိကြပါ ပြီတကား။
၁၉တခဏခြင်းတွင် အကျိုးနည်းကြပါပြီတကား။ ဘေးဥပဒ်များအားဖြင့် ရှင်းရှင်းပယ်ပျောက်လျက် ရှိကြပါ ပြီတကား။
20 ၂၀ အိုထာဝရ ဘုရား၊ လူသည် နိုး သောအခါ အိပ်မက် ကိုမှတ်သကဲ့သို့ သူတို့ကို နှိုး တော်မူသောအခါ ၊ သူ တို့ အကြံ အစည်ကို မထီမဲ့မြင် ပြုတော်မူမည်။
၂၀အိုထာဝရဘုရား၊ လူသည် နိုးသောအခါ အိပ် မက်ကိုမှတ်သကဲ့သို့ သူတို့ကို နှိုးတော်မူသောအခါ၊ သူတို့ အကြံအစည်ကို မထီမဲ့မြင်ပြုတော်မူမည်။
21 ၂၁ ထိုသို့ အကျွန်ုပ် သည် နှလုံး နာ လျက် ၊ ကျောက်ကပ် မွှေနှောက် လျက်ရှိ၍၊
၂၁ထိုသို့ အကျွန်ုပ်သည် နှလုံးနာလျက်၊ ကျောက် ကပ်မွှေနှောက်လျက်ရှိ၍၊
22 ၂၂ မိုက် သောသူ၊ ပညာမဲ့ သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန် ကဲ့သို့ဖြစ် ပါ၏။
၂၂မိုက်သောသူ၊ ပညာမဲ့သောသူဖြစ်ပါ၏။ ရှေ့ တော်၌ တိရစ္ဆာန်ကဲ့သို့ဖြစ်ပါ၏။
23 ၂၃ သို့သော်လည်း အကျွန်ုပ် သည် ကိုယ်တော် ထံမှာ အစဉ် ရှိ၍၊ အကျွန်ုပ် ၏လက်ျာ လက် ကို ဆွဲကိုင် တော်မူ၏။
၂၃သို့သော်လည်း အကျွန်ုပ်သည် ကိုယ်တော်ထံမှာ အစဉ်ရှိ၍၊ အကျွန်ုပ်၏လက်ျာလက်ကို ဆွဲကိုင်တော်မူ၏။
24 ၂၄ အကျွန်ုပ် ကို ဉာဏ် ပေး၍ ပဲ့ပြင် တော်မူမည်။ နောက် တဖန် ဘုန်း အသရေ၌ သိမ်းယူ တော်မူမည်။
၂၄အကျွန်ုပ်ကို ဥာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်းအသရေ၌ သိမ်းယူတော်မူမည်။
25 ၂၅ ကိုယ်တော်မှတပါး၊ ကောင်းကင် ဘုံမှာ အကျွန်ုပ် ၌ အဘယ် သူရှိပါသနည်း။ ကိုယ်တော် ကိုအလိုရှိသည်နှင့်အမျှ မြေကြီး ပေါ်မှာ အကျွန်ုပ်သည် အဘယ်အလိုရှိ ပါသနည်း။
၂၅ကိုယ်တော်မှတပါး၊ ကောင်းကင်ဘုံမှာ အကျွန်ုပ် ၌ အဘယ်သူရှိပါသနည်း။
26 ၂၆ အကျွန်ုပ် ၏အသား နှင့် နှလုံး သည် ပျက် ကြပါ ၏။ သို့သော်လည်း၊ ဘုရား သခင်သည် အကျွန်ုပ် နှလုံး ၏ အစွမ်း သတ္တိ၊ အကျွန်ုပ် အစဉ် အမြဲခံစားရာအဘို့ ဖြစ်တော်မူ၏။
၂၆အကျွန်ုပ်၏အသားနှင့် နှလုံးသည် ပျက်ကြပါ ၏။ သို့သော်လည်း၊ ဘုရားသခင်သည် အကျွန်ုပ်နှလုံး၏ အစွမ်းသတ္တိ၊ အကျွန်ုပ်အစဉ်အမြဲ ခံစားရာအဘို့ ဖြစ်တော်မူ၏။
27 ၂၇ အကယ် စင်စစ်ကိုယ်တော် နှင့် ဝေးဝေး နေသောသူတို့ သည် ပျက်စီး ခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်း သော သူအပေါင်း တို့ကို ပယ်ရှင်း တော်မူ ၏။
၂၇အကယ်စင်စစ် ကိုယ်တော်နှင့် ဝေးဝေးနေသော သူတို့သည် ပျက်စီးခြင်းသို့ ရောက်ရကြပါ၏။ ကိုယ်တော် နှင့် ကွာ၍မှားယွင်းသော သူအပေါင်းတို့ကို ပယ်ရှင်းတော် မူ၏။
28 ၂၈ အကျွန်ုပ် မူကား ၊ ဘုရား သခင့်ထံ တော်သို့ ချဉ်းကပ် ၍ အကျိုး ရှိပါ၏။ အမှုတော် ရှိသမျှ တို့ကို ကြား ပြောခြင်းအလိုငှါ ၊ အရှင် ထာဝရဘုရား ၌ ခိုလှုံ လျက်နေပါ၏။
၂၈အကျွန်ုပ်မူကား၊ ဘုရားသခင့်ထံတော်သို့ ချဉ်း ကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြော ခြင်းအလိုငှါ၊ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။

< ဆာလံ 73 >