< ဆာလံ 53 >

1 ဘုရား သခင်မ ရှိဟု မိုက် သောသူသည် ထင် တတ် ၏။ ထိုသို့သောသူတို့ သည် ဆွေးမြေ့ ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက် ကို ပြုတတ်ကြ၏။ ကောင်း သောအမှု ကို ပြု သောသူတယောက် မျှမရှိ။
ဘုရားသခင်မရှိဟု မိုက်သောသူသည် ထင်တတ် ၏။ ထိုသို့သော သူတို့သည် ဆေးမြေ့ယိုယွင်း၍ စက်ဆုပ် ဘွယ်သော ဒုစရိုက်ကို ပြုတတ်ကြ၏။ ကောင်းသောအမှု ကို ပြုသော သူတယောက်မျှမရှိ။
2 နားလည် သောသူ၊ ဘုရား သခင်ကိုရှာ သောသူ တစုံတယောက်ရှိ သည် မ ရှိသည်ကို သိ မြင်ခြင်းငှါ ဘုရား သခင် သည် ကောင်းကင် ပေါ်က လူ သား တို့ကို ငုံ့၍ ကြည့်ရှု တော်မူ၍၊
နားလည်သောသူ၊ ဘုရားသခင်ကိုရှာသောသူ တစုံတယောက်ရှိသည် မရှိသည်ကို သိမြင်ခြင်းငှါ ဘုရား သခင်သည် ကောင်းကင်ပေါ်က လူသားတို့ကို ငုံ့၍ ကြည့်ရှုတော်မူ၍၊
3 လူ အပေါင်း တို့သည် ဆုတ် သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့် သောသူမ ရှိ။ တ ယောက်မျှ မ ရှိ။
လူအပေါင်းတို့သည် ဆုတ်သွားကြပြီ။ တညီ တညွတ်တည်း ဆွေးမြေ့ယိုယွင်းခြင်းရှိကြ၏။ ကောင်း သောအကျင့်ကို ကျင့်သောသူမရှိ။ တတောက်မျှမရှိ။
4 မုန့် ကိုစား သကဲ့သို့ငါ ၏လူ တို့ကို ကိုက်စား ၍၊ ဘုရား သခင်ကို ပဌနာ မ ပြုသော အဓမ္မ လူ တို့သည် မ သိ ဘဲနေရကြသလော့။
မုန့်ကိုစားသကဲ့သို့ ငါ၏လူတို့ကို ကိုက်စား၍၊ ဘုရားသခင်ကို ပဌနာမပြုသော အဓမ္မလူတို့သည် မသိဘဲနေရကြသလော့။
5 သို့ဖြစ်၍ကြောက်လန့် စရာမ ရှိ သော်လည်း၊ အလွန် ကြောက်လန့် ကြလိမ့်မည်။ အကြောင်း မူကား၊ သင့် ကိုဝန်းရံ၍ တပ်ချ သောသူ၏ အရိုး တို့ကို ဘုရား သခင်သည် ဖရိုဖရဲကွဲပြား စေတော်မူမည်။ သူ တို့ကို ဘုရား သခင် ရှုတ်ချ တော်မူသောကြောင့် ၊ သင်သည် သူတို့ကို အရှက် ခွဲရလိမ့်မည်။
သို့ဖြစ်၍ ကြောက်လန့်စရာမရှိသော်လည်း၊ အလွန်ကြောက်လန့်ကြလိမ့်မည်။ အကြောင်းမူကား၊ သင့်ကိုဝန်ရံ၍ တပ်ချသောသူ၏ အရိုးတို့ကို ဘုရားသခင် သည် ဖရိုဖရဲကွဲပြားစေတော်မူမည်။ သူတို့ကို ဘုရား သခင် ရှုတ်ချတော်မူသောကြောင့်၊ သင်သည် သူတို့ကို အရှက်ခွဲရလိမ့်မည်။
6 ဣသရေလ အမျိုးကို ကယ်တင် ခြင်း ကျေးဇူးတော်သည် ဇိအုန် တောင်ပေါ် မှာ ပေါ်ထွန်း ပါစေသော။ သိမ်း သွားခြင်းကို ခံရသောလူမျိုး တော်ကို တဖန် ဘုရား သခင် သည် ဆောင် ခဲ့တော်မူသောအခါ ၊ ယာကုပ် သည် ဝမ်းမြောက် ခြင်း၊ ဣသရေလ သည်လည်း ရွှင်လန်း ခြင်း ရှိလိမ့်မည်။
ဣသရေလအမျိုးကို ကယ်တင်ခြင်း ကျေးဇူး တော်သည် ဇိအုန်းတောင်ပေါ်မှာ ပေါ်ထွန်းပါစေသော။ သိမ်းသွားခြင်းကို ခံရသောလူမျိုးတော်ကို တဖန် ဘုရား သခင်သည် ဆောင်ခဲ့တော်မူသောအခါ၊ ယာကုပ်သည် ဝမ်းမြောက်ခြင်း၊ ဣသရေလသည်လည်း ရွှင်လန်းခြင်း ရှိလိမ့်မည်။

< ဆာလံ 53 >