< ဆာလံ 51 >

1 ဒါဝိဒ် သည် ဗာသရှေဘ နှင့်မှားယွင်း ၍ ပရောဖက် နာသန် ၏ဆုံးမ ခြင်းကိုခံပြီးမှ စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ ကျေးဇူး ပြုချင်သော စေတနာစိတ် တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကိုသနား တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် လွန်ကျူး ခြင်း အပြစ်ကိုဖြေ တော်မူပါ။
အိုဘုရားသခင်၊ ကျေးဇူးပြုချင်သော စေတနာ စိတ်တော်ရှိသည်အတိုင်း၊ အကျွန်ုပ်ကိုသနားတော်မူပါ။ စုံမက်တော်မူခြင်း ကရုဏာများပြားသည်နှင့်အညီ၊ အကျွန်ုပ်လွန်ကျူးခြင်း အပြစ်ကိုဖြေတော်မူပါ။
2 ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော ၍ ၊ အကျွန်ုပ် ကို သန့်ရှင်း စေတော်မူပါ။
ဒုစရိုက်အညစ်အကြေးကို အကုန်အစင် ဆေးကြော၍၊ အကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ။
3 အကျွန်ုပ် လွန်ကျူး ပါပြီဟု ဝန်ချလျက် ကိုယ် အပြစ် ကို အစဉ် မပြတ်အောက်မေ့လျက်နေပါ၏။
အကျွန်ုပ်လွန်ကျူးပါပြီဟု ဝန်ချလျက် ကိုယ် အပြစ်ကို အစဉ်မပြတ် အောက်မေ့လျက်နေပါ၏။
4 ကိုယ်တော် ကို ပြစ်မှားပါပြီ။ ကိုယ်တော် ကိုသာ ပြစ်မှား ၍ မျက်မှောက် တော်၌ ပင် မ တရားသောအမှုကို ပြု ပါပြီ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်တော်မူချက်သည် အပြစ် လွတ်ပါ၏။
ကိုယ်တော်ကို ပြစ်မှားပါပြီ။ ကိုယ်တော်ကိုသာ ပြစ်မှား၍ မျက်မှောက်တော်၌ပင် မတရားသောအမှုကို ပြုပါပြီ။ သို့ဖြစ်၍ မိန့်တော်မူချက်သည် ဖြောင့်ပါ၏။ တရားစီရင်တော်မူချက်သည် အပြစ်လွတ်ပါ၏။
5 အကျွန်ုပ် သည် မွေး စကပင် အပြစ် ပါလျက် ရှိ၏။ အမိ ဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ပင် အပြစ် စွဲ၏။
အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက် ရှိ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲ၏။
6 ဟုတ်မှန် ဖြောင့်မတ် သော စိတ် နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍ ၊ အကျွန်ုပ် ၏ စိတ် နှလုံးထဲမှာ ပညာ ကို သွန်သင် တော်မူပါ။
ဟုတ်မှန်ဖြောင့်မတ်သော စိတ်နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍၊ အကျွန်ုပ်၏ စိတ်နှလုံးထဲမှာ ပညာကို သွန်သင်တော်မူပါ။
7 အကျွန်ုပ် ကို စင်ကြယ် စေခြင်းငှါ၊ ဟုဿုပ် ပင် ညွန့်နှင့် သန့်ရှင်း ခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့် ထက် သာ၍ဖြူ စေခြင်းငှါ ဆေးကြော တော်မူ ပါ။
အကျွန်ုပ်ကို စင်ကြယ်စေခြင်းငှါ၊ ဟုဿုပ်ပင် ညွန့်နှင့် သန့်ရှင်းခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့်ထက်သာ၍ ဖြူစေခြင်းငှါ ဆေးကြောတော် မူပါ။
8 စိတ်သက်သာဝမ်းမြောက် ခြင်း ရှိမည်အကြောင်းစကားကို အကျွန်ုပ် အားကြား စေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့ တော်မူသောအရိုး တို့သည် ရွှင်မြူး ခြင်းရှိကြပါလိမ့် မည်။
စိတ်သက်သာဝမ်းမြောက်ခြင်း ရှိမည်အကြောင်း စကားကို အကျွန်ုပ်အားကြားစေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့တော်မူသော အရိုးတို့သည် ရွှင်မြူးခြင်းရှိကြပါလိမ့် မည်။
9 အကျွန်ုပ် လွန်ကျူး ခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ ၍ ၊ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကိုလည်းဖြေ တော်မူ ပါ။
အကျွန်ုပ်လွန်ကျူးခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ၍၊ အကျွန်ုပ် အပြစ်ရှိသမျှတို့ကိုလည်း ဖြေတော် မူပါ။
10 ၁၀ အိုဘုရား သခင်၊ အကျွန်ုပ် အထဲ ၌ စင်ကြယ် သောနှလုံး ကို ဖန်ဆင်း တော်မူပါ။ မြဲမြံ တည်ကြည်သော သဘော ကို အသစ် ပြုပြင်တော်မူပါ။
၁၀အိုဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ် သောနှလုံးကို ဖန်ဆင်းတော်မူပါ။ မြဲမြံတည်ကြည်သော သဘောကို အသစ်ပြုပြင်တော်မူပါ။
11 ၁၁ အကျွန်ုပ် ကို အထံ တော်ထဲ က နှင်ထုတ် တော် မ မူပါနှင့်။ သန့်ရှင်း သောဝိညာဉ် တော်ကို ရုပ်သိမ်း တော် မ မူပါနှင့်။
၁၁အကျွန်ုပ်ကို အထံတော်ထဲက နှင်ထုတ်တော် မမူပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်ကို ရုပ်သိမ်းတော် မမူပါနှင့်။
12 ၁၂ ကယ်တင် တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက် ခြင်း အခွင့်ကို ပြန် ၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာ စိတ် သဘောသည် အကျွန်ုပ် ကိုထောက် မပါ စေသော။
၁၂ကယ်တင်တော်မူခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်း အခွင့်ကို ပြန်၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာစိတ်သဘောသည် အကျွန်ုပ်ကို ထောက်မပါ စေသော။
13 ၁၃ အကျွန်ုပ်သည်လည်း မ တရားသောသူတို့အား တရားလမ်း ကို ပြသသွန်သင် ပါမည်။ အပြစ် ရှိသောသူတို့ သည် ကိုယ်တော် ထံ သို့ပြန် ကြပါလိမ့်မည်။
၁၃အကျွန်ုပ်သည်လည်း မတရားသောသူတို့အား တရားလမ်းကို ပြသသွန်သင်ပါမည်။ အပြစ်ရှိသော သူတို့သည် ကိုယ်တော်ထံသို့ ပြန်ကြပါလိမ့်မည်။
14 ၁၄ အိုဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် တော်မူ သောဘုရား ၊ လူ အသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ် ကို ကင်းလွတ် စေတော်မူပါ။ တရား သဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ် လျှာ သည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
၁၄အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော် မူသောဘုရား၊ လူအသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ်ကို ကင်းလွတ်စေတော်မူပါ။ တရားသဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ်လျှာသည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
15 ၁၅ အိုထာဝရ ဘုရား၊ အကျွန်ုပ် ၏ နှုတ် ကို ဖွင့် တော်မူ ပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ မြွက်ဆို ပါမည်။
၁၅အိုထာဝရဘုရား၊ အကျွန်ုပ်၏ နှုတ်ကို ဖွင့်တော် မူပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း၍ မြွက်ဆိုပါမည်။
16 ၁၆ ယဇ် ပူဇော်ခြင်းကို အလို တော်မ ရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့ သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက် တော်မ မူ။
၁၆ယဇ်ပူဇော်ခြင်းကို အလိုတော်မရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက်တော်မမူ။
17 ၁၇ ဘုရား သခင်နှစ်သက်တော်မူသောယဇ် မူကား၊ ကျိုးပဲ့ သောစိတ် ပေတည်း။ အိုဘုရား သခင်၊ ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော နှလုံး ကို ငြင်းပယ် တော်မ မူ တတ်ပါ။
၁၇ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော် သည် ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူ တတ်ပါ။
18 ၁၈ စေတနာ စိတ်တော်ရှိ၍ ဇိအုန် တောင်ကို ကျေးဇူး ပြုတော်မူပါ။ ယေရုရှလင် မြို့ရိုး ကို တည် စေတော်မူပါ။
၁၈စေတနာစိတ်တော်ရှိ၍ ဇိအုန်တောင်ကို ကျေးဇူးပြုတော်မူပါ။ ယေရုရှလင်မြို့ရိုးကို တည်စေတော် မူပါ။
19 ၁၉ ထိုအခါ တရား သဖြင့် ပူဇော်သောယဇ် ၊ မီးရှို့ သောယဇ်၊ တကိုယ် လုံးမီးရှို့သောယဇ်နှင့် မွေ့လျော် တော်မူလိမ့်မည်။ ထိုအခါ ယဇ် ပလ္လင်တော်ပေါ် မှာ နွား လား တို့ကို ယဇ် ပူဇော်ကြပါလိမ့်မည်။
၁၉ထိုအခါတရားသဖြင့် ပူဇော်သောယဇ်၊ မီးရှို့ သောယဇ်၊ တကိုယ်လုံးမီးရှို့သောယဇ်နှင့် မွေ့လျော်တော် မူလိမ့်မည်။ ထိုအခါ ယဇ်ပလ္လင်တော်ပေါ်မှာ နွားလား တို့ကို ယဇ်ပူဇော်ကြပါလိမ့်မည်။ ဒါဝိဒ်သည် ဗာသရှေဘနှင့်မှားယွင်း၍၊ မရောဖက်နာသန်၏ဆုံးမခြင်း ကိုခံပြီးမှ စပ်ဆိုသောဆာလံ။

< ဆာလံ 51 >