< ဆာလံ 47 >

1 လူ များအပေါင်း တို့၊ လက်ခုပ် တီးကြလော့။ ဘုရား သခင် ထံသို့ အောင် သံ ကို လွှင့်၍ ကြွေးကြော် ကြလော့။
လူများအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ဘုရား သခင်ထံသို့ အောင်သံကို လွှင့်၍ကြွေးကြော်ကြလော့။
2 အကြောင်း မူကား၊ အမြင့်ဆုံး သော ထာဝရဘုရား သည် ကြောက်မက် ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံး ကို အစိုးရသောမဟာ မင်းကြီး ဖြစ်တော်မူ၏။
အကြောင်းမူကား၊ အမြင့်ဆုံးသော ထာဝရ ဘုရားသည် ကြောက်မက်ဘွယ်သောဘုရား၊ မြေကြီး တပြင်လုံးကို အစိုးရသော မဟာမင်းကြီးဖြစ်တော်မူ၏။
3 လူစု တို့ကို ငါ တို့အောက် ၌၎င်း၊ လူမျိုး တို့ကို ငါ တို့ခြေ အောက် ၌၎င်း နှိမ့်ချ တော်မူ၏။
လူစုတို့ကို ငါတို့အောက်၌၎င်း၊ လူမျိုးတို့ကို ငါတို့ခြေအောက်၌၎င်း နှိမ့်ချတော်မူ၏။
4 ချစ် တော်မူသောယာကုပ် ၏ ဘုန်း ဖြစ်သော ငါ တို့အမွေ ကို ငါ တို့အဘို့ ရွေး ပေးတော်မူ၏။
ချစ်တော်မူသောယာကုပ်၏ ဘုန်းဖြစ်သော ငါတို့အမွေကို ငါတို့အဘို့ ရွေးပေးတော်မူ၏။
5 ကြွေးကြော် ခြင်းအသံနှင့် ဘုရား သခင်တက် တော်မူ၏။ တံပိုး မှုတ်ခြင်းအသံ နှင့် ထာဝရဘုရား တက်တော်မူ၏။
ကြွေးကြော်ခြင်းအသံနှင့် ဘုရားသခင် တက်တော်မူ၏။ တံပိုးမှုတ်ခြင်းအသံနှင့် ထာဝရဘုရား တက်တော်မူ၏။
6 ဘုရား သခင်ကို ချီးမွမ်း ၍ သီချင်း ဆိုကြလော့။ သီချင်း ဆိုကြလော့။ ငါ တို့၏ရှင် ဘုရင်ကို ချီးမွမ်း၍ သီချင်း ဆိုကြလော့။ သီချင်းဆိုကြလော့။
ဘုရားသခင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။ ငါတို့၏ရှင်ဘုရင်ကို ချီးမွမ်း၍ သီချင်းဆိုကြလော့။ သီချင်းဆိုကြလော့။
7 အကြောင်း မူကား၊ ဘုရား သခင်သည် မြေကြီး တပြင်လုံး ကိုအစိုးရသောမင်း ဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်း ကို ဆိုကြလော့။
အကြောင်းမူကား၊ ဘုရားသခင်သည် မြေကြီး တပြင်လုံးကိုအစိုးရသော မင်းဖြစ်တော်မူ၏။ ချီးမွမ်းခြင်း ထောမနာ သီချင်းကို ဆိုကြလော့။
8 ဘုရား သခင်သည် လူမျိုး တို့တွင် စိုးစံ တော်မူ၏။ ဘုရား သခင်သည် သန့်ရှင်း သော ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ၏။
ဘုရားသခင်သည် လူမျိုးတို့တွင် စိုးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ၏။
9 လူမျိုး တို့၏ အကြီး အကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရား သခင်၏လူမျိုး ထံမှာစုဝေး လျက် ရှိကြ၏။ အကြောင်း မူကား၊ မြေကြီး တန်ခိုး များကို ဘုရား သခင် ပိုင်တော်မူ၏။ အထူး သဖြင့်ချီးမြှောက် ခြင်း ရှိတော်မူ ၏။
လူမျိုးတို့၏ အကြီးအကဲတို့သည် အာဗြဟံ ကိုးကွယ်သော ဘုရားသခင်၏လူမျိုးထံမှာ စုဝေးလျက် ရှိကြ၏။ အကြောင်းမူကား၊ မြေကြီးတန်ခိုးများကို ဘုရား သခင်ပိုင်တော်မူ၏။ အထူးသဖြင့် ချီးမြှောက်ခြင်း ရှိတော် မူ၏။

< ဆာလံ 47 >