< ဆာလံ 2 >

1 လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
လူမျိုးတို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။
2 လောကီ ရှင် ဘုရင်တို့သည် ထ ကြ၍ ၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရား နှင့် ခရစ်တော် ကို ရန် ဘက်ပြုလျက်၊
လောကီရှင်ဘုရင်တို့သည် ထကြ၍၊ မှူးမတ် အရာရှိတို့လည်း၊ ထာဝရဘုရားနှင့် ခရစ်တော်ကို ရန်ဘက်ပြုလျက်၊
3 သူ တို့ချည်နှောင် ခြင်းကို ဖြေ ကြကုန်အံ့။ ချည်နှောင် သောကြိုး တို့ကို ပယ် ကြကုန်အံ့ဟု သင်းဖွဲ့ ကြ၏။
သူတို့ချည်နှောင်ခြင်းကို မြေကြကုန်အံ့။ ချည် နှောင်သောကြိုးတို့ကို ဖယ်ကြကုန်အံ့ သင်းဖွဲ့ကြ၏။
4 ကောင်းကင် ဘုံ၌ ထိုင် တော်မူသောသူသည် ပြုံး ရယ်၍၊ ထာဝရ ဘုရားသည် သူ တို့ကို ကဲ့ရဲ့ တော်မူ၏။
ကောင်းကင်ဘုံ၌ ထိုင်တော်မူသောသူသည် ပြုံးရယ်၍၊ ထာဝရဘုရားသည် သူတို့ကို ကဲ့ရဲ့တော်မူ၏။
5 ထိုအခါ အမျက် တော်ထွက်၍ ၊ သူ တို့ကိုမိန့် တော်မူမည်။ ပြင်းစွာ သော အမျက်တော်နှင့် သူ တို့ကို ပူပန် စေတော်မူမည်။
ထိုအခါအမျက်တော်ထွက်၍၊ သူတို့ကိုမိန့်တော် မူမည်။ ပြင်းစွာသော အမျက်တော်နှင့် သူတို့ကို ပူပန် စေတော်မူမည်။
6 ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင် တော်ပေါ်မှာ၊ ငါ့ကိုယ်တိုင် ဘိသိတ်ပေးပြီဟု မိန့်တော် မူမည်။
7 ဗျာဒိတ် တော်အချက်ကို ငါပြန် ကြားပေအံ့။ ထာဝရဘုရား က သင် သည် ငါ့ သား ဖြစ်၏။ ယနေ့ ပင် သင့် ကို ငါဖြစ် ဘွားစေပြီ။
ဗျာဒိတ်တော်အချက်ကို ငါပြန်ကြားပေအံ့။ ထာဝရဘုရားက သင်သည် ငါ့သားဖြစ်၏။ ယနေ့ပင် သင့်ကို ငါဖြစ်ဘွားစေပြီ။
8 ငါ့ ကိုတောင်း လော့။ လူ အမျိုးမျိုးတို့ကို သင် ၏ အမွေ ဥစ္စာဘို့ ငါပေး မည်။ မြေကြီး စွန်း တိုင်အောင်ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
ငါ့ကိုတောင်းလော့။ လူအမျိုးမျိုးတို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်။ မြေကြီးစွန်းတိုင်အောင် ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
9 သင်သည်သူ တို့ကို သံ လှံတံ နှင့် အုပ်စိုး ၍၊ မြေအိုး ကို ခွဲဖျက်သကဲ့သို့ ခွဲဖျက် လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
သင်သည်သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက်သကဲ့ သို့ခွဲဖျက်လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
10 ၁၀ သို့ဖြစ်၍ ရှင် ဘုရင်တို့၊ ပညာ သတိရှိကြလော့။ လောကီ မင်း တို့၊ ဆုံးမ ခြင်းကိုခံ ကြလော့။
၁၀သို့ဖြစ်၍ ရှင်ဘုရင်တို့၊ ပညာသတိရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကို ခံကြလော့။
11 ၁၁ ကြောက်ရွံ့ သောစိတ်နှင့် ထာဝရ ဘုရား၏ အမှုတော် ကို ထမ်းရွက် ၍ ၊ တုန်လှုပ် ခြင်းနှင့် ဝမ်းမြောက် ကြလော့။
၁၁ကြောက်ရွံ့သောစိတ်နှင့် ထာဝရဘုရား၏ အမှု တော်ကို ထမ်းရွက်၍၊ တုန်လှုပ်ခြင်းနှင့် ဝမ်းမြောက်ကြ လော့။
12 ၁၂ သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။
၁၂သားတော်ကို နမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်၍၊ သင်တို့သည်လမ်း၌ ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက်တော်သည် ချက်ခြင်းထွက်လိမ့်မည်။ သားတော်ကို ကိုးစားသောသူအပေါင်းတို့ သည် မင်္ဂလာရှိကြ၏။

< ဆာလံ 2 >