< ဆာလံ 124 >

1 ထာဝရဘုရား သည် ငါ တို့ဘက်မှာ ရှိ တော်မ မူလျှင်ဟူသောစကား နှင့် ချီ၍၊ ဣသရေလ အမျိုးဆိုရ သောစကား ဟူမူကား၊
ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်ဟူသော စကားနှင့် ချီ၍၊ ဣသရေလအမျိုးဆိုရ သောစကား ဟူမူကား၊
2 ထာဝရဘုရား သည် ငါ တို့ဘက် မှာ ရှိ တော်မ မူလျှင်၊ လူ တို့သည် ငါ တို့ရန်ဘက် ၌ နေကြသောအခါ၊
ထာဝရဘုရားသည် ငါတို့ဘက်မှာ ရှိတော် မမူလျှင်၊ လူတို့သည် ငါတို့ရန်ဘက်၌ နေကြသောအခါ၊
3 အမျက် ထွက် ၍ ငါ တို့ကို အသက် နှင့်တကွ မျို ကြပြီတကား။
အမျက်ထွက်၍ ငါတို့ကို အသက်နှင့်တကွ မျိုကြပြီတကား။
4 ထိုအခါ ငါ တို့ကို ရေ သည်၊ လွှမ်းမိုး ၍ စီး သော ရေသည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော် သွားပြီ တကား။
ထိုအခါ ငါတို့ကို ရေသည်၊ လွှမ်းမိုး၍ စီးသော ရေသည် ငါတို့ဝိညာဉ်အပေါ်မှာ ကျော်သွားပြီ တကား။
5 စော်ကား သော ရေ တို့သည် ငါ တို့အသက် ဝိညာဉ်အပေါ် မှာ ကျော်သွား ကြပြီတကား။
စော်ကားသော ရေတို့သည် ငါတို့အသက် ဝိညာဉ်အပေါ်မှာ ကျော်သွားကြပြီတကား။
6 သူ တို့သွား နှင့် ကိုက် ခဲရာဘို့ ငါ တို့ကို အပ် တော် မ မူသော ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေ သတည်း။
သူတို့သွားနှင့် ကိုက်ခဲရာဘို့ ငါတို့ကို အပ်တော် မမူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
7 ငှက် သည် မုဆိုး တို့၏ ကျော့ကွင်း ထဲက လွတ် သကဲ့သို့ ၊ ငါ တို့အသက် သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ် ၍ ငါ တို့သည် လွတ် ကြပြီ။
ငှက်သည် မုဆိုးတို့၏ ကျော့ကွင်းထဲက လွတ် သကဲ့သို့၊ ငါတို့အသက်သည် လွတ်လျက်ရှိ၏။ ကျော့ကွင်း ပြတ်၍ ငါတို့သည် လွတ်ကြပြီ။
8 ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ သောထာဝရဘုရား ၏ နာမ တော်အားဖြင့် ၊ ငါ တို့သည် မစ ခြင်းကျေးဇူးကိုခံရကြသတည်း။
ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော် မူသော ထာဝရဘုရား၏ နာမတော်အားဖြင့်၊ ငါတို့သည် မစခြင်းကျေးဇူးကို ခံရကြသတည်း။

< ဆာလံ 124 >