< ဆာလံ 111 >

1 ငါသည် ဖြောင့်မတ် သောသူတို့ ၏ အစည်း အဝေး၌ ၎င်း၊ ပရိသတ် ၌၎င်း ၊ ထာဝရ ဘုရား၏ ဂုဏ်တော်ကို စိတ် နှလုံးအကြွင်းမဲ့ ချီးမွမ်း မည်။
ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။
2 ထာဝရဘုရား ၏ အမှုတော် တို့သည် ကြီးမြတ် ကြ၏။ ကြည်ညို သောသူ တို့ သည် ထို အမှုတော်တို့ကို ရှာဖွေ လိုက်စစ်တတ်ကြ၏။
ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ် ကြ၏။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
3 စီရင် တော်မူသောအရာသည် ဘုန်း အသရေနှင့် ပြည့်စုံ ၍၊ ဖြောင့်မတ် တော်မူခြင်းတရားလည်း အစဉ် အမြဲတည် ၏။
စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည်၏။
4 အံ့ဘွယ် သော အမှုတော်တို့ကို အောက်မေ့ ဘို့ရာ စီရင် တော်မူပြီ။ ထာဝရဘုရား သည် ကျေးဇူးပြုတတ် သော သဘော၊ သနား စုံမက်တတ်သော သဘောနှင့် ပြည့်စုံ တော်မူ၏။
အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ၏။
5 ကြောက်ရွံ့ ရိုသေသောသူတို့ကို ကျွေးမွေး တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အောက်မေ့ တော်မူ ၏။
ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ၏။
6 အမှုတော် တို့၌ရှိသောတန်ခိုး ကို မိမိ လူ တို့အား ပြ ၍၊ တပါးအမျိုးသား တို့၏ အမွေ ကို ပေး တော်မူ၏။
အမှုတော်တို့၌ရှိသော တန်ခိုးကို မိမိလူတို့အား ပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
7 လက် တော်နှင့်ပြုသောအမှု တို့သည် သစ္စာ နှင့် ၎င်း၊ တရား နှင့်၎င်း ယှဉ်ကြ၏။ ပညတ် တော် အလုံးစုံ တို့သည် ဖေါက်ပြန် ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်း ယှဉ်ကြ၏။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
8 သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ် ခြင်းနှင့် ယှဉ်သောကြောင့် ၊ အစဉ် အမြဲတည် ကြ၏။
သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့်၊ အစဉ်အမြဲတည်ကြ၏။
9 မိမိ လူ တို့၌ ရွေး တော်မူခြင်း ကျေးဇူးကို ပြု တော်မူ ၏။ ပဋိညာဉ် တရားတော်ကို အစဉ် အမြဲထား တော်မူ ၏။ နာမ တော်သည် သန့်ရှင်း ၏။ ကြောက်ရွံ့ ရိုသေဘွယ် ဖြစ်၏။
မိမိလူတို့၌ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။
10 ၁၀ ထာဝရဘုရား ကို ကြောက်ရွံ သော သဘောသည် ပညာ ၏ အချုပ် အခြာဖြစ်၏။ ပညတ် တော်တို့ကို စောင့်ရှောက် သမျှ သောသူတို့ သည် ကောင်း သောဉာဏ် ရှိကြ၏။ ဂုဏ် အသရေတော်သည် အစဉ် အမြဲတည် သတည်း။
၁၀ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဥာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း။

< ဆာလံ 111 >