< ဆာလံ 102 >

1 ဆင်းရဲ သောသူသည် ညှိုးငယ် သောစိတ်နှင့် ထာဝရဘုရား ရှေ့ တော်၌ ညည်းတွား မြည်တမ်း၍ပြုသောပဌနာ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ၏ ပဌနာ ကို နားထောင် တော်မူပါ။ အကျွန်ုပ် အော်ဟစ် ခြင်းအသံ သည် ရှေ့ တော်သို့ ရောက် ပါစေသော။
အိုထာဝရဘုရား၊ အကျွန်ုပ်၏ ပဌနာကို နားထောင်တော်မူပါ။ အကျွန်ုပ် အော်ဟစ်ခြင်းအသံ သည် ရှေ့တော်သို့ ရောက်ပါစေသော။
2 ဘေး ရောက်သည်ကာလ ၌ မျက်နှာ တော်ကို အကျွန်ုပ် မှ လွှဲ တော် မ မူပါနှင့်။ အကျွန်ုပ်ခေါ် သောအခါ နားထောင် တော်မူပါ။ အလျင် အမြန်ထူး တော်မူပါ။
ဘေးရောက်သည်ကာလ၌ မျက်နှာတော်ကို အကျွန်ုပ်မှလွှဲတော် မမူပါနှင့်။ အကျွန်ုပ်ခေါ်သောအခါ နားထောင်တော်မူပါ။ အလျင်အမြန် ထူးတော်မူပါ။
3 အကြောင်း မူကား၊ အကျွန်ုပ် ၏ နေ့ရက် ကာလ သည် မီးခိုး ကဲ့သို့ ကုန် တတ်ပါ၏။ အကျွန်ုပ် ၏ အရိုး တို့ သည် မီး ချေးကဲ့သို့ ကျွမ်း ကြပါ၏။
အကြောင်းမူကား၊ အကျွန်ုပ်၏ နေ့ရက်ကာလ သည် မီးခိုးကဲ့သို့ ကုန်တတ်ပါ၏။ အကျွနုပ်၏ အရိုးတို့ သည် မီးချေးကဲ့သို့ ကျွမ်းကြပါ၏။
4 အကျွန်ုပ် ၏နှလုံး သည် မြက်ပင် ကဲ့သို့ အထိ အခိုက်ခံရ၍ ၊ ညှိုးနွမ်း လျက် ရှိပါ၏။ အစာ စား ခြင်း ကိစ္စကို ပင် မေ့လျော့ တတ်ပါ၏။
အကျွန်ုပ်၏နှလုံးသည် မြက်ပင်ကဲ့သို့ အထိ အခိုက်ခံရ၍၊ ညှိုးနွမ်းလျက် ရှိပါ၏။ အစာစားခြင်း ကိစ္စကိုပင် မေ့လျော့တတ်ပါ၏။
5 ကိုယ် ညည်းတွား ခြင်း အသံ ကြောင့် ၊ အကျွန်ုပ် ၏ အရိုး တို့သည် အရေ ၌ ကပ် လျက်ရှိကြပါ၏။
ကိုယ်ညည်းတွားခြင်း အသံကြောင့်၊ အကျွန်ုပ်၏ အရိုးတို့သည် အရေ၌ ကပ်လျက်ရှိကြပါ၏။
6 အကျွန်ုပ်သည် လွင်ပြင် ၌ နေသော ဝံပို ကဲ့သို့၎င်း၊ တော ၌နေသောဇိကွက် ကဲ့သို့ ၎င်း ဖြစ် ပါ၏။
အကျွန်ုပ်သည် လွင်ပြင်၌နေသော ဝံပိုကဲ့သို့၎င်း၊ တော၌နေသော ဇိကွက်ကဲ့သို့၎င်း ဖြစ်ပါ၏။
7 အကျွန်ုပ်သည် အိမ်မိုး ပေါ် မှာ တ ကောင်တည်း နေရသော ငှက် ကဲ့သို့ ဖြစ် ၍ စောင့် လျက်နေရပါ၏။
အကျွန်ုပ်သည် အိမ်မိုးပေါ်မှာ တကောင်တည်း နေရသော ငှက်ကဲ့သို့ဖြစ်၍ စောင့်လျက်နေရပါ၏။
8 အကျွန်ုပ် ရန်သူ တို့သည် တ နေ့လုံးကဲ့ရဲ့ ကြပါ၏။ အကျွန်ုပ် တဘက်၌ စော်ကား သောသူတို့ သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆို တတ်ကြပါ၏။
အကျွန်ုပ်ရန်သူတို့သည် တနေ့လုံးကဲ့ရဲ့ကြပါ၏။ အကျွန်ုပ်တဘက်၌ စော်ကားသော သူတို့သည် အကျွန်ုပ် ကို ပုံခိုင်း၍ ကျိန်ဆိုတတ်ကြပါ၏။
9 စိတ် တော်မပြေ၊ အမျက် ထွက်တော်မူသောကြောင့် ၊ အကျွန်ုပ်သည် ပြာ ကိုမုန့် ကဲ့သို့ စား ရပါ၏။ သောက် သောအခါလည်း ၊ မျက်ရည် ရော ၍သောက်ရပါ၏။
စိတ်တော်မပြေ၊
10 ၁၀ ကိုယ်တော်သည် အကျွန်ုပ် ကိုချီးမြှောက် ပြီးမှ အောက်သို့ချ တော်မူပြီ။
၁၀အမျက်ထွက် တော်မူသောကြောင့်၊ အကျွန်ုပ် သည် ပြာကိုမုန့်ကဲ့သို့ စားရပါ၏။ သောက်သောအခါ လည်း၊ မျက်ရည်ရော၍ သောက်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို ချီးမြှောက်ပြီးမှ အောက်သို့ ချတော်မူပြီ။
11 ၁၁ အကျွန်ုပ် ၏နေ့ရက် တို့သည် ရှည်လျား သော အရိပ် ကဲ့သို့ ဖြစ်၍ ၊ မြက်ပင် ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်း ပါ၏။
၁၁အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။
12 ၁၂ အိုထာဝရဘုရား ၊ ကိုယ်တော် သည် နိစ္စ ထာဝရ ဖြစ်တော်မူ၏။ နာမ တော်သည် ကာလ အစဉ်အဆက် တည် ပါ၏။
၁၂အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ ဖြစ်တော်မူ၏။ နာမတော်သည် ကာလအစဉ်အဆက် တည်ပါ၏။
13 ၁၃ ထ တော်မူပါ။ ဇိအုန် မြို့ကို သနား တော်မူပါ။ ဇိအုန် မြို့ကို ကယ် မသနားရသောအချိန် ၊ ချိန်းချက် တော်မူ သောအချိန်ရောက် ပါပြီ။
၁၃ထတော်မူပါ။ ဇိအုန်မြို့ကို သနားတော်မူပါ။ ဇိအုန်မြို့ကို ကယ်မသနားရသောအချိန်၊ ချိန်းချက်တော် မူသော အချိန်ရောက်ပါပြီ။
14 ၁၄ ကိုယ်တော် ၏ ကျွန် တို့သည် ထိုမြို့ ၏ ကျောက်ခဲ တို့ကိုပင် နှစ်သက် ၍ ၊ သူ ၏မြေမှုန့် ကိုပင် စုံမက် ကြပါ၏။
၁၄ကိုယ်တော်၏ ကျွန်တို့သည် ထိုမြို့၏ ကျောက်ခဲ တို့ကိုပင် နှစ်သက်၍၊ သူ၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
15 ၁၅ တပါးအမျိုးသား တို့သည် ထာဝရဘုရား ၏ နာမ တော်ကို၎င်း ၊ လောကီ ရှင် ဘုရင်အပေါင်း တို့သည် ဘုန်း တော်ကို၎င်း ကြောက်ရွံ ကြပါလိမ့်မည်။
၁၅တပါးအမျိုးသားတို့သည် ထာဝရဘုရား၏ နာမတော်ကို၎င်း၊ လောကီရှင်ဘုရင်အပေါင်းတို့သည် ဘုန်းတော်ကို၎င်း ကြောက်ရွံကြပါလိမ့်မည်။
16 ၁၆ ထာဝရဘုရား သည် ဇိအုန် မြို့ကို တည်ထောင် ၍၊ ဘုန်း တော်နှင့်တကွ ထင်ရှား တော်မူလိမ့်မည်။
၁၆ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင် ၍၊ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူလိမ့်မည်။
17 ၁၇ ကိုးကွယ် ရာ မဲ့ သောသူတို့ ဆုတောင်းခြင်း အကြောင်း ကို မထီမဲ့မြင် မ ပြု၊ သူ တို့၏ ပဌနာ ကို မှတ် တော်မူလိမ့်မည်။
၁၇ကိုးကွယ်ရာမဲ့သောသူတို့ ဆုတောင်းခြင်း အကြောင်းကို မထီမဲ့မြင်မပြု၊ သူတို့၏ ပဌနာကို မှတ်တော်မူလိမ့်မည်။
18 ၁၈ ထို အကြောင်းအရာကို နောက် ဖြစ်လတံ့သော လူမျိုး အဘို့ ရေးမှတ် ရမည်။ ပြုပြင် တော်မူလတံ့သော လူ တို့သည် ထာဝရ ဘုရားကို ချီးမွမ်း ကြလိမ့်မည်။
၁၈ထိုအကြောင်းအရာကို နောက်ဖြစ်လတံ့သော လူမျိုးအဘို့ ရေးမှတ်ရမည်။ ပြုပြင်တော်မူလတံ့သော လူတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလိမ့်မည်။
19 ၁၉ ချုပ်ထား သောသူ၏ ညည်းတွား သံကို နားထောင် ခြင်းငှါ ၎င်း၊ သေ ရမည့် သူ တို့ကို လွှတ် ခြင်းငှါ ၎င်း၊
၁၉ချုပ်ထားသောသူ၏ ညည်းတွားသံကို နားထောင်ခြင်းငှါ၎င်း၊ သေရမည့် သူတို့ကို လွှတ်ခြင်းငှါ၎င်း၊ အတိုင်းတိုင်အပြည်ပြည်သော လူမျိုးတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဂုဏ်ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ၎င်း၊ သန့်ရှင်းရာ ဌာနတော်အထွဋ်က ငုံ့ကြည့်တော်မူ၍၊ ကောင်းကင်ပေါ်က ထာဝရဘုရား သည် မြေကြီးကို ရှုမှတ်တော်မူ၏။
20 ၂၀ အတိုင်းတိုင်း အပြည်ပြည်သော လူမျိုး တို့သည် ထာဝရဘုရား ၏ဝတ် ကိုပြုလျက်စုဝေး ကြသောအခါ၊
၂၀
21 ၂၁ ဇိအုန် တောင်ပေါ် ၊ ယေရုရှလင် မြို့၌ ၊ ထာဝရဘုရား ၏ နာမ တော်နှင့် ဂုဏ် ကျေးဇူးတော်ကို ထင်ရှား စေခြင်းငှါ ၎င်း၊
၂၁
22 ၂၂ သန့်ရှင်း ရာ ဌာနတော်အထွဋ် က ငုံ့ ကြည့်တော်မူ၍၊ ကောင်းကင် ပေါ်က ထာဝရဘုရား သည် မြေကြီး ကို ရှုမှတ် တော်မူ၏။
၂၂
23 ၂၃ လမ်း ခရီး၌ ငါ ၏အစွမ်း ကို လျော့ စေခြင်းငှါ၎င်း၊ ငါ ၏နေ့ရက် ကာလကို တို စေခြင်းငှါ၎င်း ပြုတော်မူသောအခါ၊
၂၃လမ်းခရီး၌ ငါ၏အစွမ်းကို လျော့စေခြင်းငှါ၎င်း၊ ငါ၏နေ့ရက်ကာလကို တိုစေခြင်းငှါ၎င်း ပြုတော်မူသော အခါ၊
24 ၂၄ ငါလျှောက် သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား ၊ အကျွန်ုပ် ကို အသက် ပျို စဉ် ပင် ပယ်ရှင်း တော် မ မူပါနှင့်။ ကိုယ်တော် ၏ နှစ် တို့သည် ကာလ အစဉ် အဆက်မြဲကြပါ၏။
၂၄ငါလျှောက်သော အချက်ဟူမူကား၊ အို အကျွန်ုပ် ၏ဘုရား၊ အကျွန်ုပ်ကို အသက်ပျိုစဉ်ပင် ပယ်ရှားတော် မမူပါနှင့်။ ကိုယ်တော်၏ နှစ်တို့သည် ကာလအစဉ် အဆက်မြဲကြပါ၏။
25 ၂၅ ကိုယ်တော်သည် ရှေ့ဦးစွာ ၌ မြေကြီး ကို တည် တော်မူပြီ။ မိုဃ်းကောင်းကင် သည်လည်း လက် တော်နှင့် ဖန်ဆင်း သောအရာဖြစ်ပါ၏။
၂၅ကိုယ်တော်သည် ရှေ့ဦးစွာ၌ မြေကြီးကို တည် တော်မူပြီ။ မိုဃ်းကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသောအရာဖြစ်ပါ၏။
26 ၂၆ ထို အရာတို့သည် ပျက်စီး ခြင်းသို့ ရောက်သော်လည်း ၊ ကိုယ်တော် သည် အမြဲတည် တော်မူ၏။ ထို အရာ ရှိသမျှ တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ရောက်၍ ၊ ကိုယ်တော်သည် ဝတ်လုံ ကိုလဲ သကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲ ခြင်းရှိကြသော်လည်း၊
၂၆ထိုအရာတို့သည် ပျက်စီးခြင်းသို့ ရောက်သော် လည်း ကိုယ်တော်သည် အမြဲတည်တော်မူ၏။ ထိုအရာ ရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ရောက်၍၊ ကိုယ်တော်သည် ဝတ်လုံကိုလဲသကဲ့သို့ လဲတော်မူသဖြင့်၊ ပြောင်းလဲခြင်းရှိကြသော်လည်း၊
27 ၂၇ ကိုယ်တော် သည် ပြောင်းလဲ တော်မမူပါ။ အသက် တော်လည်း မ ကုန် မဆုံးရပါ။
၂၇ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်မဆုံးရပါ။
28 ၂၈ ကိုယ်တော် ကျွန် တို့၏သား မြေးတို့သည် တည် ၍ ၊ အမျိုးအနွယ် သည်လည်း ရှေ့ တော်၌ မြဲမြံ ပါလိမ့်မည်။
၂၈ကိုယ်တော်ကျွန်တို့၏သားမြေးတို့သည် တည်၍၊ အမျိုးအနွယ်သည်လည်း ရှေ့တော်၌ မြဲမြံပါလိမ့်မည်။ ဆင်းရဲသောသူသည် ညှိုးငယ်သောစိတ်နှင့် ထာဝရဘုရား ရှေ့တော်၌ညည်းတွား မြည်တမ်း၍ပြုသော ပဌနာ။

< ဆာလံ 102 >