< မိက္ခာ 3 >

1 ငါဆို သည်ကား၊ အိုယာကုပ် အမျိုးမင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။ သင် တို့သည် တရား သဖြင့် စီရင်ခြင်းအမှုကို နားလည် အပ်သည် မ ဟုတ်လော။
ငါဆိုသည်ကား၊ အိုယာကုပ်အမျိုးမင်း၊ ဣသ ရေလအမျိုးသူကြီးတို့၊ နားထောင်ကြပါလော့။ သင်တို့ သည် တရားသဖြင့် စီရင်ခြင်းအမှုကို နားလည်အပ်သည် မဟုတ်လော။
2 သုစရိုက် ကို မုန်း ၍ ဒုစရိုက် ကို နှစ်သက် လျက်၊ သူတပါး အရေ ကို၎င်း ၊ အရိုး ၌ ကပ်သော အသား ကို၎င်းဆွဲ ယူလျက် ၊
သုစရိုက်ကို မုန်း၍ ဒုစရိုက်ကို နှစ်သက်လျက်၊ သူတပါးအရေကို၎င်း၊ အရိုး၌ကပ်သော အသားကို၎င်း ဆွဲယူလျက်၊
3 ငါ့ လူ တို့၏အသား ကို စား လျက် ၊ အရေ ကို ခွာ လျက် ၊ အရိုး တို့ကို ချိုး လျက် ၊ ဟင်းအိုး ၌ ချက်သော သားတစ်၊ အိုးကင်း ၌ ပြုတ်သော အမဲသား ကို ပြုသကဲ့သို့ အရိုးအသားကို စဉ်း လျက်နှင့်ပင်၊
ငါ့လူတို့၏အသားကို စားလျက်၊ အရေကို ခွာ လျက်၊ အရိုးတို့ကို ချိုးလျက်၊ ဟင်းအိုး၌ ချက်သော သားတစ်၊ အိုးကင်း၌ပြုတ်သော အမဲသားကို ပြုသကဲ့သို့ အရိုးအသားကို စဉ်းလျက်နှင့်ပင်၊
4 သင်တို့သည် ထာဝရဘုရား ကို အော်ဟစ် ကြ သော်လည်း နားထောင် တော်မ မူ။ ဒုစရိုက် ကို ပြုကြသည် နှင့်အညီ ၊ ထို ကာလ ၌ မျက်နှာ တော်ကို လွှဲ တော်မူလိမ့်မည်။
သင်တို့သည် ထာဝရဘုရားကို အော်ဟစ်ကြ သော်လည်း နားထောင်တော်မမူ။ ဒုစရိုက်ကို ပြုကြသည် နှင့်အညီ၊ ထိုကာလ၌ မျက်နှာတော်ကို လွှဲတော်မူလိမ့် မည်။
5 ငါ ၏လူ တို့ကို မှားယွင်း စေလျက် ဝ စွာ စားရ သောအခါ၊ ငြိမ်ဝပ် ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက် ၊ မ လုပ်ကျွေး သောသူကိုကား၊ စစ်တိုက် ခြင်းငှါပြင်ဆင် လျက် ၊ ပရောဖက် ပြုသောသူတို့၊
ငါ၏လူတို့ကို မှားယွင်းစေလျက် ဝစွာ စားရ သောအခါ၊ ငြိမ်ဝပ်ခြင်းအကြောင်းရှိသည်ဟု ကြွေးကြော် လျက်၊ မလုပ်ကျွေးသောသူကိုကား၊ စစ်တိုက်ခြင်းငှါ ပြင် ဆင်လျက်၊ ပရောဖက်ပြုသောသူတို့၊
6 သင်တို့သည် ရူပါရုံ ကို မ မြင်နိုင်မည်အကြောင်း၊ ညဉ့် အချိန် ရောက်လိမ့်မည်။ အနာဂတ်ကို မ ဟော နိုင် မည်အကြောင်း၊ မှောင်မိုက် ဖြစ်လိမ့်မည်။ ပရောဖက် တို့၌ နေ ဝင် လိမ့်မည်။ နေ့ အချိန်၌ ပင် မှောင်မိုက် ဖုံးလွှမ်းလိမ့်မည် ။
သင်တို့သည် ရူပါရုံကို မမြင်နိုင်မည်အကြောင်း၊ ညဉ့်အချိန်ရောက်လိမ့်မည်။ အနာဂတ်ကို မဟောနိုင် မည်အကြောင်း၊ မှောင်မိုက်ဖြစ်လိမ့်မည်။ ပရောဖက်တို့၌ နေဝင်လိမ့်မည်။ နေ့အချိန်၌ပင် မှောင်မိုက်ဖုံးလွှမ်းလိမ့် မည်။
7 ထိုအခါ ပရောဖက် တို့သည် ရှက်ကြောက် ကြ လိမ့်မည်။ အနာဂတ်ကို ဟော သောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရား သခင်ထူး တော်မ မူသောကြောင့် ၊ ထိုသူ အပေါင်း တို့ သည် မိမိတို့နှုတ် ကို ဖုံး ထားကြလိမ့်မည် ဟု ထာဝရဘုရား မိန့် တော်မူ၏။
ထိုအခါ ပရောဖက်တို့သည် ရှက်ကြောက်ကြ လိမ့်မည်။ အနာဂတ်ကို ဟောသောသူတို့သည် စိတ်ပျက် ကြလိမ့်မည်။ ဘုရားသခင်ထူးတော်မမူသောကြောင့်၊ ထိုသူအပေါင်းတို့သည် မိမိတို့နှုတ်ကို ဖုံးထားကြလိမ့်မည် ဟု ထာဝရဘုရားမိန့်တော်မူ၏။
8 ငါ မူကား ၊ ယာကုပ် အမျိုး လွန်ကျူး ခြင်း၊ ဣသရေလ အမျိုးပြစ်မှား ခြင်းကို သူတို့အား ဘော်ပြ နိုင်မည် အကြောင်း ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်အားဖြင့် အရှိန် တန်ခိုး၊ ဉာဏ် သတ္တိ၊ အစွမ်း သတ္တိနှင့် ပြည့်စုံ ၏။
ငါမူကား၊ ယာကုပ်အမျိုး လွန်ကျူးခြင်း၊ ဣသ ရေလအမျိုးပြစ်မှားခြင်းကို သူတို့အား ဘော်ပြနိုင်မည် အကြောင်း၊ ထာဝရဘုရား၏ ဝိညာဉ်တော်အားဖြင့် အရှိန်တန်ခိုး၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံ၏။
9 ဖြောင့်မတ်စွာ စီရင် ခြင်းကို ရွံရှာ ၍ ခပ်သိမ်း သောတရား ကို ဖျက် လျက်၊
ဖြောင့်မတ်စွာ စီရင်ခြင်းကို ရွံရှာ၍ ခပ်သိမ်း သောတရားကို ဖျက်လျက်၊
10 ၁၀ လူအသက်ကို သတ် ခြင်းအမှုဖြင့် ဇိအုန် မြို့ကို၎င်း ၊ အဓမ္မ အမှုဖြင့် ယေရုရှလင် မြို့ကို၎င်း ပြုစု သော ယာကုပ် အမျိုး မင်း ၊ ဣသရေလ အမျိုး သူကြီး တို့၊ နားထောင် ကြပါလော့။
၁၀လူအသက်ကို သတ်ခြင်းအမှုဖြင့် ဇိအုန်မြို့ကို ၎င်း၊ အဓမ္မအမှုဖြင့် ယေရုရှလင်မြို့ကို၎င်း ပြုစုသော ယာကုပ်အမျိုးမင်း၊ ဣသရေလအမျိုးသူကြီးတို့၊ နား ထောင်ကြပါလော့။
11 ၁၁ မင်း တို့သည် လက်ဆောင် ကို ရခြင်းငှါသာ တရားမှုကို စီရင် တတ်ကြ၏။ ယဇ် ပုရောဟိတ်တို့သည် အခ ကို ရခြင်းငှါသာ သင် ပေးတတ်ကြ၏။ ပရောဖက် တို့ သည် ငွေ ကို ရခြင်းငှါသာ အနာဂတ်ကို ဟော တတ်ကြ၏။ သို့သော်လည်း ၊ ထာဝရဘုရား ကို ခိုလှုံ လျက်၊ ထာဝရဘုရား သည် ငါ တို့တွင် ရှိတော်မူသည်မ ဟုတ်လော၊ ဘေး ဥပဒ် မ ရောက် နိုင်ဟု ဆို တတ်ကြသည်တကား။
၁၁မင်းတို့သည် လက်ဆောင်ကို ရခြင်းငှါသာ တရားမှုကို စီရင်တတ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည် အခကိုရခြင်းငှါသာ သင်ပေးတတ်ကြ၏။ ပရောဖက်တို့ သည် ငွေကို ရခြင်းငှါသာ အနာဂတ်ကို ဟောတတ်ကြ၏။ သို့သော်လည်း၊ ထာဝရဘုရားကို ခိုလှုံလျက်၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိတော်မူသည်မဟုတ်လော၊ ဘေး ဥပဒ်မရောက်နိုင်ဟု ဆိုတတ်ကြသည်တကား။
12 ၁၂ ထိုကြောင့် ၊ သင် တို့အတွက် ဇိအုန် တောင်သည် လယ် ကဲ့သို့ ထွန် ခြင်းကိုခံရလိမ့်မည်။ ယေရုရှလင် မြို့ သည်လည်း မြေပုံ များဖြစ် လိမ့်မည်။ ဗိမာန် တော်တောင် သည်လည်း ၊ တော တောင် ကဲ့သို့ဖြစ်လိမ့်မည်။
၁၂ထိုကြောင့်၊ သင်တို့အတွက် ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြေပုံများဖြစ်လိမ့်မည်။ ဗိမာန်တော်တောင် သည်လည်း၊ တောတောင်ကဲ့သို့ ဖြစ်လိမ့်မည်။

< မိက္ခာ 3 >