< မာလခိ 1 >

1 ထာဝရဘုရား သည် မာလခိ လက် တွင် ဣသရေလ အမျိုးသို့ ပေးလိုက်တော်မူသောဗျာဒိတ် နှုတ်ကပတ် တော်တည်းဟူသော၊
ထာဝရဘုရားသည် မာလခိလက်တွင် ဣသ ရေလအမျိုးသို့ ပေးလိုက်တော်မူသော ဗျာဒိတ်နှုတ်က ပတ်တော်တည်းဟူသော၊
2 ထာဝရဘုရား မိန့် တော်မူသောစကားဟူမူကား၊ သင် တို့ကို ငါချစ် လေပြီ။ အကျွန်ုပ် တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေး ကြလျှင် ၊ ဧသော သည် ယာကုပ် ၏အစ်ကို ဖြစ်သည်မ ဟုတ်လော။ သို့သော်လည်း ယာကုပ် ကို ငါချစ် ၏။
ထာဝရဘုရားမိန့်တော်မူသော စကားဟူမူကား၊ သင်တို့ကို ငါချစ်လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ် တော်မူသနည်းဟု သင်တို့မေးကြလျှင်၊ ဧသောသည် ယာကုပ်၏အစ်ကိုဖြစ်သည်မဟုတ်လော။ သို့သော်လည်း ယာကုပ်ကို ငါချစ်၏။
3 ဧသော ကို ငါမုန်း ၍ သူ နေသောတောင် တို့ကို လွင်ပြင် ဖြစ် စေပြီ။ သူ့ အမွေခံ ရာမြေကို မြေခွေး တို့၌ အပ်လေပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
ဧသောကို ငါမုန်း၍ သူနေသောတောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာမြေကို မြေခွေးတို့၌ အပ်လေပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
4 ဧဒုံ အမျိုးသားတို့က၊ ငါတို့သည် ပျက်စီး သော်လည်း ၊ ပျက်စီး သောအရပ်တို့ကို တဖန် တည်ဆောက် ဦးမည်ဟုဆို ရာတွင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူ တို့သည် တည်ဆောက် သော်လည်း ငါ ဖြိုဖျက် မည်။ သူ တို့ကို ဒုစရိုက် ပြည်သား ၊ ထာဝရဘုရား အစဉ် အမျက် ထွက်တော်မူသောလူမျိုး ဟူ၍သမုတ် ကြလိမ့်မည်။
ဧဒုံအမျိုးသားတို့က၊ ငါတို့သည် ပျက်စီးသော် လည်း၊ ပျက်စီးသောအရပ်တို့ကို တဖန်တည်ဆောက်ဦး မည်ဟုဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် တည်ဆောက် သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရားအစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ ၍ သမုတ်ကြလိမ့်မည်။
5 ထိုအမှုကို သင်တို့သည် မြင် သောအခါ၊ ထာဝရဘုရား သည် ဣသရေလ ပြည် ၏ပြင်မှာ ဘုန်းတန်ခိုးကြီး တော်မူသည်ဟု ဆို ကြလိမ့်မည်။
ထိုအမှုကို သင်တို့သည် မြင်သောအခါ၊ ထာဝရ ဘုရားသည် ဣသရေလပြည်၏ပြင်မှာ ဘုန်းတန်ခိုး ကြီးတော်မူသည်ဟု ဆိုကြလိမ့်မည်။
6 သား သည် အဘ ကို ရိုသေ တတ်၏။ ကျွန် သည် သခင် ကို ကြောက်ရွံ့တတ်၏။ ငါ သည် အဘ မှန်လျှင် ၊ ငါ့ ကို အဘယ်သူ ရိုသေ သနည်း။ သခင် မှန်လျှင် ၊ အဘယ်သူ ကြောက်ရွံ့ သနည်းဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် နာမ တော်ကို မထီမဲ့မြင် ပြုသော ယဇ်ပုရောဟိတ် တို့အား မေး တော်မူ၏။ အကျွန်ုပ်တို့သည် နာမ တော်ကို အဘယ်သို့ မထီမဲ့မြင် ပြုပါသနည်းဟု သင်တို့ မေး ရာတွင် ၊
သားသည် အဘကို ရိုသေတတ်၏။ ကျွန်သည် သခင်ကို ကြောက်ရွံ့တတ်၏။ ငါသည် အဘမှန်လျှင်၊ ငါ့ကို အဘယ်သူရိုသေသနည်း။ သခင်မှန်လျှင်၊ အဘယ် သူ ကြောက်ရွံ့သနည်းဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် နာမတော်ကို မထီမဲ့မြင်ပြုသော ယဇ် ပုရောဟိတ်တို့အား မေးတော်မူ၏။ အကျွန်ုပ်တို့သည် နာမတော်ကို အဘယ်သို့ မထီမဲ့မြင်ပြုပါသနည်းဟု သင် တို့မေးရာတွင်၊
7 ညစ်ညူး သောအစာ ကို ငါ့ ယဇ် ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော် ကို အဘယ်သို့ ရှုတ်ချ ပါသနည်းဟုမေး ရာတွင် ၊ ထာဝရဘုရား ၏စားပွဲ သည် ယုတ်မာ ၏ဟုဆိုသောကြောင့်ငါ့ကို ရှုတ်ချကြပြီ။
ညစ်ညူးသောအစာကို ငါ့ယဇ်ပလ္လင်သို့ ဆောင် ခဲ့ကြသည်တကား။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို အဘယ်သို့ ရှုတ်ချပါသနည်းဟုမေးရာတွင်၊ ထာဝရ ဘုရား၏စားပွဲသည် ယုတ်မာ၏ဟုဆိုသောကြောင့် ငါ့ကို ရှုတ်ချကြပြီ။
8 မျက်စိ ကန်းသော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မဟုတ်လော။ ခြေ ဆွံ့သောအကောင်နှင့် နာ သော အကောင်ကို ယဇ် ပူဇော်လျှင် အပြစ် ရှိသည် မ ဟုတ်လော။ မြို့ဝန် မင်းအား ဆက် ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့် မျက်နှာ ကို ထောက်လိမ့်မည် လော ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
မျက်စိကန်းသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့် နာသော အကောင်ကို ယဇ်ပူဇော်လျှင် အပြစ်ရှိသည် မဟုတ်လော။ မြို့ဝန်မင်းအား ဆက်ပါလော့။ မင်း၏စိတ် နှင့် တွေ့လိမ့်မည်လော။ သင့်မျက်နှာကို ထောက်လိမ့် မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။
9 ယခု မှာ ဘုရား သခင်သည် ငါ တို့ကို ကယ်မ သနားတော်မူမည်အကြောင်း ၊ ထာဝရဘုရားရှေ့ တော်၌ ဆုတောင်း ကြပါလော့။ သင် တို့လက်ခံသောကြောင့်ဤသို့ ပြုတတ်ကြ၏။ သင် တို့မျက်နှာ ကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
ယခုမှာ ဘုရားသခင်သည် ငါတို့ကို ကယ်မ သနားတော်မူမည်အကြောင်း၊ ထာဝရဘုရားရှေ့တော်၌ ဆုတောင်းကြပါလော့။ သင်တို့လက်ခံသောကြောင့် ဤသို့ ပြုတတ်ကြ၏။ သင်တို့မျက်နှာကို ထောက်ရမည်လောဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
10 ၁၀ သင် တို့တွင် အဘယ်သူ သည် ငါ့တံခါး တို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ ယဇ် ပလ္လင်ပေါ်မှာ မီး ကို အချည်းနှီး မ ညှိရကြ။ သင် တို့ကို ငါ အလို မ ရှိ၊ သင် တို့ပြု သောပူဇော် သက္ကာကို ငါ လက်မ ခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၀သင်တို့တွင် အဘယ်သူသည် ငါ့တံခါးတို့ကို ပိတ် လိမ့်မည်နည်း။ သင်တို့သည် ငါ့ယဇ်ပလ္လင်ပေါ်မှာ မီးကို အချည်းနှီးမညှိရကြ။ သင်တို့ကို အလိုမရှိ၊ သင်တို့ပြုသော ပူဇော်သက္ကာကို ငါလက်မခံဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားမိန့်တော်မူ၏။
11 ၁၁ နေ ထွက် ရာအရပ်မှ သည် နေဝင် ရာအရပ်တိုင်အောင် တပါးအမျိုးသား တို့တွင် ငါ ၏နာမ တော်သည် ကြီးမြတ် ရလိမ့်မည်။ ခပ်သိမ်း သော အရပ် တို့၌ နံ့သာ ပေါင်း ကို ငါ ၏နာမ တော်အား မီးရှို့၍ ၊ သန့်ရှင်း သော ပူဇော် သက္ကာကို ဆက်ကပ် ရကြလိမ့်မည်။ ငါ ၏နာမ တော်သည် တပါးအမျိုးသား တို့တွင် ကြီးမြတ် ရလိမ့်မည်ဟု ကောင်းကင် ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၁နေထွက်ရာအရပ်မှသည် နေဝင်ရာအရပ်တိုင် အောင် တပါးအမျိုးသားတို့တွင် ငါ၏နာမတော်သည် ကြီး မြတ်ရလိမ့်မည်။ ခပ်သိမ်းသော အရပ်တို့၌ နံ့သာပေါင်း ကို ငါ၏နာမတော်အား မီးရှို့၍၊ သန့်ရှင်းသော ပူဇော် သက္ကာကို ဆက်ကပ်ရကြလိမ့်မည်။ ငါ၏နာမတော်သည် တပါးအမျိုးသားတို့တွင် ကြီးမြတ်ရလိမ့်မည်ဟု ကောင်း ကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။
12 ၁၂ သင် တို့က၊ ထာဝရ ဘုရား၏ စားပွဲ တော်သည် ညစ်ညူး ၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ ၏ဟုဆို သောကြောင့် စားပွဲ တော်ကို ရှုတ်ချ ကြပြီ။
၁၂သင်တို့က၊ ထာဝရဘုရား၏ စားပွဲတော်သည် ညစ်ညူး၏။ တင်ထားသော ဘောဇဉ်ပူဇော်သက္ကာသည် ယုတ်မာ၏ဟုဆိုသောကြောင့် စားပွဲတော်ကို ရှုတ်ချကြပြီ။
13 ၁၃ တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်း စွတကားဟုဆို လျက် ၊ ကဲ့ရဲ့ သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။ လု ယူသောအကောင်၊ ခြေ ဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင် ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင် ခဲ့ကြပြီတကား။ သင် တို့လက် မှ ငါခံရ မည် လောဟု ထာဝရဘုရား မေး တော်မူ၏။
၁၃တဖန်သင်တို့က၊ အမှုတော်ကို ဆောင်ရွက်၍ ပင်ပန်းစွတကားဟုဆိုလျက်၊ ကဲ့ရဲ့သံကို ပြုတတ်ကြသည် ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ ၏။ လုယူသောအကောင်၊ ခြေဆွံ့သောအကောင်၊ နာ သောအကောင်ကို ဆောင်ခဲ့ကြပြီ။ ထိုသို့သော ပူဇော် သက္ကာကို ဆောင်ခဲ့ကြပြီတကား။ သင်တို့လက်မှ ငါခံရ မည်လောဟု ထာဝရဘုရားမေးတော်မူ၏။
14 ၁၄ သစ္စာ ဂတိထားပြီးမှ မိမိ သိုး စု၌ အထီး ရှိ လျက်ပင် လှည့်စား ၍ ၊ ထာဝရ ဘုရားအား ချို့တဲ့ သော အကောင်ကို ယဇ် ပူဇော်သောသူသည် အမင်္ဂလာ ရှိစေသတည်း။ ငါ သည် ကြီးမြတ် သော ရှင်ဘုရင် ဖြစ်၏။ ငါ ၏ နာမ တော်သည် လူ အမျိုးမျိုးတို့တွင် ကြောက်မက် ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၄သစ္စာဂတိထားပြီးမှ မိမိသိုးစု၌ အထီးရှိလျက် ပင် လှည့်စား၍၊ ထာဝရဘုရားအား ချို့တဲ့သော အကောင်ကို ယဇ်ပူဇော်သောသူသည် အမင်္ဂလာရှိစေသ တည်း။ ငါသည် ကြီးမြတ်သော ရှင်ဘုရင်ဖြစ်၏။ ငါ၏ နာမတော်သည် လူအမျိုးမျိုးတို့တွင် ကြောက်မက်ဖွယ်ဖြစ် ရမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူ၏။

< မာလခိ 1 >