< ဝတ်ပြုရာ 7 >

1 ဒုစရိုက် ဖြေသော ယဇ်ပူဇော်ခြင်းတရား ဟူမူကား ၊ အလွန်သန့်ရှင်း ပေ၏။
ဒုစရိုက်ဖြေသော ယဇ်ပူဇော်ခြင်းတရားဟူမူကား၊ အလွန်သန့်ရှင်းပေ၏။
2 မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၌ ဒုစရိုက် ဖြေသော ယဇ်ကောင်ကိုသတ် ၍ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၌ ဒုစရိုက်ဖြေသော ယဇ်ကောင်ကို သတ်၍ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
3 အမြီး နှင့်တကွ အအူ ကို ဖုံး သောဆီဥ၊
အမြီးနှင့်တကွ အအူကို ဖုံးသောဆီဥ၊
4 ခါး အတွင်းနား ၌ ရှိသော ကျောက်ကပ် နှစ် ခုနှင့် ကျောက်ကပ်ဆီဥ ၊ ကျောက်ကပ် နှင့်တကွ အသည်း ပေါ် ၌ရှိသောအမြှေး တည်းဟူသောဆီဥ ရှိသမျှ ကိုယူ ၍ ဆက် လျှင် ၊
ခါးအတွင်းနား၌ ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်း ပေါ်၌ရှိသော အမြှေးတည်းဟူသော ဆီဥရှိသမျှကိုယူ၍ ဆက်လျှင်၊-
5 ယဇ် ပုရောဟိတ်သည် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက် ဖြေရာယဇ် ဖြစ်သတည်း။
ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုရမည်။ ဒုစရိုက်ဖြေရာယဇ် ဖြစ်သတည်း။
6 အသားကို ယဇ် ပုရောဟိတ်ယောက်ျား အပေါင်း တို့သည်၊ သန့်ရှင်း ရာဌာန ၌ စား ရကြမည်။ အလွန်သန့်ရှင်း ပေ၏။
အသားကို ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည်၊ သန့်ရှင်းရာဌာန၌ စားရကြမည်။ အလွန်သန့်ရှင်းပေ၏။
7 အပြစ် ဖြေရာယဇ်၊ ဒုစရိုက် ဖြေရာယဇ်၏ တရား တပါး တည်းဖြစ်၍၊ ဒုစရိုက် အပြစ် ဖြေခြင်းကို ပြုသော ယဇ် ပုရောဟိတ်သည် ယူရမည်။
အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်၏ တရားတပါးတည်းဖြစ်၍၊ ဒုစရိုက်အပြစ် ဖြေခြင်းကို ပြုသော ယဇ်ပုရောဟိတ်သည် ယူရမည်။
8 လူ တစုံတယောက်ပြုသောမီး ရှို့ရာယဇ်ကို ပူဇော် သော ယဇ် ပုရောဟိတ်သည်၊ မိမိပူဇော် သော ယဇ် ကောင်အရေ ကိုယူရမည်။
လူတစုံတယောက် ပြုသော မီးရှို့ရာယဇ်ကို ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ မိမိပူဇော်သော ယဇ်ကောင်အရေကိုယူရမည်။
9 မီးဖို ၌ ဖုတ် သော ဘောဇဉ်ပူဇော်သက္ကာ ၊ အိုး ကင်း၊ သံပြား ပူနှင့် လုပ် သော အရာရှိသမျှ ကို ပူဇော် သော ယဇ် ပုရောဟိတ်သည် ယူရမည်။
မီးဖို၌ ဖုတ်သော ဘောဇဉ်ပူဇော်သက္ကာ၊ အိုးကင်း၊ သံပြားပူနှင့် လုပ်သော အရာရှိသမျှကို ပူဇော် သော ယဇ်ပုရောဟိတ်သည် ယူရမည်။
10 ၁၀ ဆီ ထည့် သည်ဖြစ်စေ ၊ မ ထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သက္ကာ ရှိသမျှ ကို အာရုန် ၏ သား အပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
၁၀ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အာရုန်၏ သားအပေါင်း တို့သည် အညီအမျှ ယူရကြရမည်။
11 ၁၁ ထာဝရဘုရား အား ပြုရသော မိဿဟာယ ယဇ် ပူဇော်ခြင်းတရား ဟူမူကား ၊
၁၁ထာဝရဘုရားအား ပြုရသော မိဿဟာယယဇ် ပူဇော်ခြင်းတရားဟူမူကား၊
12 ၁၂ ကျေးဇူး တော်ဝန်ခံဘို့ ရာပူဇော် လျှင် ၊ ကျေးဇူး တော် ဝန်ခံရာယဇ်နှင့်တကွ ဆီ ရော သော တဆေး မဲ့ မုန့်ပြား ၊ ဆီ နှင့် လုပ် သော တဆေး မဲ့မုန့်ကြွပ် ၊ ဆီ ရော သော မုန့်ညက် နှင့် လုပ်၍ ကြော် သော မုန့်ပြား တို့ကို ပူဇော် ရမည်။
၁၂ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်လျှင်၊ ကျေးဇူးတော် ဝန်ခံရာယဇ်နှင့်တကွ ဆီရောသော တဆေးမဲ့ မုန့်ပြား၊ ဆီနှင့်လုပ်သော တဆေးမဲ့မုန့်ကြွပ်၊ ဆီရောသော မုန့်ညက်နှင့် လုပ်၍ ကြော်သော မုန့်ပြားတို့ကို ပူဇော်ရမည်။
13 ၁၃ ထိုမုန့်ပြားမှတပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူး တော်ဝန်ခံရာယဇ်နှင့်တကွ ၊ တဆေး ပါသောမုန့် ကိုလည်း ပူဇော် ရမည်။
၁၃ထိုမုန့်ပြားမှ တပါး၊ မိဿဟာယ ပူဇော်သက္ကာနှင့်ဆိုင်သော ကျေးဇူးတော်ဝန်ခံရာယဇ်နှင့်တကွ၊ တဆေးပါသော မုန့်ကိုလည်း ပူဇော်ရမည်။
14 ၁၄ ပူဇော် သက္ကာရှိသမျှ အထဲ က မုန့်တလုံး ကို ထာဝရဘုရား အား ချီမြှောက်သော ပူဇော် သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယ ယဇ် အသွေး ဖြန်း သောယဇ် ပုရောဟိတ် ယူ ရမည်။
၁၄ပူဇော်သက္ကာရှိမျှအထဲက မုန့်တလုံးကို ထာဝရဘုရားအား ချီမြှောက်သော ပူဇော်သက္ကာပြု၍ ထိုမုန့်ကို မိဿဟာယယဇ် အသွေးဖြန်းသောယဇ် ပုရောဟိတ်ယူရမည်။
15 ၁၅ ကျေးဇူး တော်ဝန်ခံဘို့ရာပူဇော်သော မိဿဟာယ ယဇ်အသား ကို၊ ပူဇော် သောနေ့ ခြင်းတွင် စား ရမည်။ နံနက် တိုင်အောင် မ ကြွင်း စေရ။
၁၅ကျေးဇူးတော်ဝန်ခံဘို့ရာ ပူဇော်သော မိဿဟာယယဇ်အသားကို၊ ပူဇော်သော နေ့ခြင်းတွင် စားရမည်။ နံနက်တိုင်အောင် မကြွင်းစေရ။
16 ၁၆ သို့မဟုတ် သစ္စာ ပြု၍ ယဇ် ပူဇော် သည်ဖြစ်စေ ၊ ကိုယ် အလိုအလျောက်ပူဇော်သည်ဖြစ်စေ၊ ပူဇော် သောနေ့ ခြင်းတွင် ၊ ယဇ် အသားကို စား ၍ အကြွင်း ကိုလည်း နက်ဖြန် နေ့စား ရမည်။
၁၆သို့မဟုတ် သစ္စာပြု၍ ယဇ်ပူဇော်သည်ဖြစ်စေ၊ ကိုယ်အလိုအလျောက် ပူဇော်သည်ဖြစ်စေ၊ ပူဇော်သော နေ့ခြင်းတွင်၊ ယဇ်အသားကို စား၍ အကြွင်းကိုလည်း နက်ဖြန်နေ့စားရမည်။
17 ၁၇ ကြွင်း သေးသော အသား ကိုလည်း သန်ဘက် နေ့ ၌ မီး ရှို့ ရမည်။
၁၇ကြွင်းသေးသော အသားကိုလည်း သန်ဘက်နေ့၌ မီးရှို့ရမည်။
18 ၁၈ မိဿဟာယ ယဇ် အသား အနည်းငယ်ကို၊ သန်ဘက် နေ့ ၌ စား မိလျှင် စိတ် တော်နှင့်မ တွေ့။ ပူဇော် သောသူ သည် အကျိုး ကိုမ ရ။ ရွံရှာ ဘွယ် ဖြစ် လိမ့်မည်။ စား သောသူ သည် ကိုယ် အပြစ် ကိုခံရ လိမ့်မည်။
၁၈မိဿဟာယယဇ် အသားအနည်းငယ်ကို၊ သန်ဘက်နေ့၌ စားမိလျှင် စိတ်တော်နှင့်မတွေ့။ ပူဇော်သော သူသည် အကျိုးကိုမရ။ ရွံရှာဘွယ် ဖြစ်လိမ့်မည်။ စားသောသူသည် ကိုယ်အပြစ်ကို ခံရလိမ့်မည်။
19 ၁၉ မ စင်ကြယ်သောအရာနှင့် ထိမိ သော ယဇ်သား ကို မ စား ရ။ မီး ရှို့ ရမည်။ စင်ကြယ် သောသူ တို့ သာလျှင် ထိုယဇ်သား ကို စား ရကြမည်။
၁၉မစင်ကြယ်သောအရာနှင့် ထိမိသောယဇ်သားကို မစားရ။ မီးရှို့ရမည်။ စင်ကြယ်သော သူတို့သာ လျှင် ထိုယဇ်သားကို စားရကြမည်။
20 ၂၀ ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို အကြင် သူသည် မ စင်ကြယ်သော အပြစ်ရှိ လျက်နှင့် စား မိ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
၂၀ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယယဇ်သားကို အကြင်သူသည် မစင်ကြယ်သော အပြစ်ရှိ လျက်နှင့် စားမိ၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
21 ၂၁ အကြင်သူသည်လည်း၊ လူ ၌ မ စင်ကြယ်သော အရာ၊ မ စင်ကြယ်သောသား ၊ မ စင်ကြယ်သော ပိုးရွ အစ ရှိသော မ စင်ကြယ်သောအရာ တစုံ တခုကို ထိမိ ၍ ၊ ထာဝရဘုရား နှင့် ဆိုင်သော မိဿဟာယ ယဇ်သား ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
၂၁အကြင်သူသည်လည်း၊ လူ၌ မစင်ကြယ်သော အရာ၊ မစင်ကြယ်သောသား၊ မစင်ကြယ်သော ပိုးရွအစ ရှိသော၊ မစင်ကြယ်သောအရာ တစုံတခုကို ထိမိ၍၊ ထာဝရဘုရားနှင့်ဆိုင်သော မိဿဟာယ ယဇ်သားကို စား၏ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
22 ၂၂ တဖန် မောရှေ အား ထာဝရဘုရား က၊
၂၂တဖန် မောရှေအား ထာဝရဘုရားက၊ - သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သည် သိုး၊ ဆိတ်၊ နွားဆီဥကို အလျှင်မစားရ၊
23 ၂၃ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သိုး ၊ ဆိတ် ၊ နွား ဆီဥ ကို အလျှင်း မ စား ရ။
၂၃
24 ၂၄ အလိုလို သေသော တိရစ္ဆာန်ဆီဥ ၊ သားရဲ ကိုက်၍ သေသော တိရစ္ဆာန်ဆီဥ ကို အခြားသို့ သုံး ရသော်လည်း၊ အလျှင်းမ စား ရ။
၂၄အလိုလိုသေသော တိရစ္ဆာန်ဆီဥ၊ သားရဲကိုက်၍ သေသော တိရစ္ဆာန်ဆီဥကို အခြားသို့ သုံးရသော် လည်း၊ အလျှင်းမစားရ။-
25 ၂၅ အကြင်သူသည် ထာဝရဘုရား အား မီး ဖြင့် ပူဇော်သက္ကာပြု သော တိရစ္ဆာန် ဆီဥ ကို စား ၏။ ထိုသူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။
၂၅အကြင်သူသည် ထာဝရဘုရားအား မီးဖြင့် ပူဇော်သက္ကာပြုသော တိရစ္ဆာန်ဆီဥကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်။
26 ၂၆ သင် တို့သည် နေ လေ ရာရာ၌ ငှက် သွေး၊ သား သွေးမှစ၍ အသွေး မည်မျှကို မ စား ရ။
၂၆သင်တို့သည် နေလေရာရာ၌ ငှက်သွေး၊ သားသွေးမှစ၍ အသွေးမည်မျှကို မစားရ။
27 ၂၇ အကြင် သူသည် တစုံ တခုသောအသွေး ကို စား ၏။ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်ဟု မိန့်တော်မူ၏။
၂၇အကြင်သူသည် တစုံတခုသော အသွေးကို စား၏။ ထိုသူကို သူ၏ အမျိုးမှ ပယ်ရှင်းရမည်ဟု မိန့်တော်မူ၏။
28 ၂၈ တဖန် မောရှေ အား ထာဝရဘုရား က၊
၂၈တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားအား မိဿဟာယ ယဇ်ကို ပူဇော်သောသူသည်၊
29 ၂၉ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ထာဝရဘုရား အား မိဿဟာယ ယဇ် ကို ပူဇော် သောသူသည်၊ မိမိ ပူဇော် သော ယဇ်အထဲ က၊ ထာဝရဘုရား အား ဆက် ဘို့ရာဆောင် ခဲ့ရမည်။
၂၉မိမိပူဇော်သော ယဇ်အထဲက၊ ထာဝရ ဘုရားအား ဆက်ဘို့ရာ ဆောင်ခဲ့ရမည်။
30 ၃၀ ထာဝရဘုရား ရှေ့ တော်၌ ရင်ပတ် ကိုချီလွှဲ ၍၊ ချီလွှဲ သော ပူဇော်သက္ကာ ပြုစေခြင်းငှါ ၊ ရင်ပတ် နှင့် ဆီဥ တည်းဟူသောမီး ဖြင့် ထာဝရဘုရား အား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင် ခဲ့ရမည်။
၃၀ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာ ပြုစေခြင်းငှါ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသော မီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင် ဆောင်ခဲ့ရမည်။ -
31 ၃၁ ယဇ် ပုရောဟိတ်သည်၊ ဆီဥ ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့၍ ၊ ရင်ပတ် ကို အာရုန် နှင့် သူ ၏သား တို့သည် ယူရကြမည်။
၃၁ယဇ်ပုရောဟိတ်သည်၊ ဆီဥကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍၊ ရင်ပတ်ကို အာရုန်နှင့် သူ၏သားတို့သည် ယူရကြမည်။
32 ၃၂ မိဿဟာယ ယဇ်ထဲက လက်ျာ ပခုံး ကို ချီမြှောက်သော ပူဇော် သက္ကာဘို့ ယဇ်ပုရောဟိတ် အား ပေး ရမည်။
၃၂မိဿဟာယယဇ်ထဲက လက်ျာပခုံးကို ချီမြှောက်သော ပူဇော်သက္ကာဘို့ ယဇ်ပုရောဟိတ်အား ပေးရ မည်။
33 ၃၃ မိဿဟာယ ယဇ် အသွေး နှင့် ဆီဥ ကို၊ အာရုန် ၏သား တို့တွင် ပူဇော် သောသူသည်၊ လက်ျာ ပခုံး ကို မိမိ အဘို့ ယူရမည်။
၃၃မိဿဟာယယဇ် အသွေးနှင့်ဆီဥကို၊ အာရုန်၏သားတို့တွင် ပူဇော်သောသူသည်၊ လက်ျာပခုံးကို မိမိအဘို့ယူရမည်။
34 ၃၄ ဣသရေလ အမျိုးသား တို့ပြုသောမိဿဟာယ ယဇ်များထဲက ချီလွှဲ သော ရင်ပတ် ၊ ချီမြှောက်သော ပခုံး ကို ငါနှုတ် ယူ၍ ဣသရေလ အမျိုးသား တို့တွင် ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား တို့အား ထာဝရ ပညတ် တော်အားဖြင့် ငါပေး ပြီဟု မိန့်တော်မူ၏။
၃၄ဣသရေလ အမျိုးသားတို့ပြုသော မိဿဟာယယဇ်များထဲက ချီလွှဲသော ရင်ပတ်၊ ချီမြှောက်သော ပခုံးကို ငါနှုတ်ယူ၍ ဣသရေလအမျိုးသားတို့တွင် ယဇ်ပုရောဟိတ် အာရုန်နှင့် သူ၏သားတို့အား ထာဝရ ပညတ်တော်အားဖြင့် ငါပေးပြီဟု မိန့်တော်မူ၏။
35 ၃၅ ထိုသို့ အာရုန် နှင့် သူ ၏သား တို့သည်၊ ထာဝရဘုရား ရှေ့တော်မှာ ယဇ် ပုရောဟိတ်အမှုကို ဆောင်ရွက် မည်အကြောင်း၊ သူတို့ကို ခန့် ထားသောနေ့ ၌ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာများထဲက ၊ သူတို့ခံရသောအဘို့ ဖြစ်၏။
၃၅ထိုသို့ အာရုန်နှင့် သူ၏သားတို့သည်၊ ထာဝရဘုရားရှေ့တော်မှာ ယဇ်ပုရောဟိတ်အမှုကို ဆောင် ရွက်မည်အကြောင်း၊ သူတို့ကို ခန့်ထားသောနေ့၌၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သော သက္ကာများထဲက၊ သူတို့ခံရသောအဘို့ ဖြစ်၏။
36 ၃၆ ဣသရေလ အမျိုးသား တို့လက်မှ ထိုသို့သောအဘို့ကိုခံရမည်အကြောင်း၊ သူ တို့ကို ဘိသိက် ပေးတော်မူသောနေ့ ၌ ၊ ထာဝရဘုရား မှာ ထားတော်မူ၏။ သူ တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
၃၆ဣသရေလအမျိုးသားတို့လက်မှ ထိုသို့သောအဘို့ကို ခံရမည်အကြောင်း၊ သူတို့ကို ဘိသိက်ပေးသော မူနေ့၌၊ ထာဝရဘုရားမှာထားတော်မူ၏။ သူတို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ် ဖြစ်သတည်း။
37 ၃၇ ဤ ရွေ့ကား၊ ဣသရေလ အမျိုးသား တို့သည်၊ သိနာ တော ၌ ထာဝရဘုရား အား ပူဇော် သက္ကာပြုရမည် အကြောင်းမှာ ထားတော်မူသောနေ့ ၌ သိနာ တောင် ပေါ် မှာ ထာဝရဘုရား သည် မောရှေ အား ပေးတော်မူသောမီး ရှို့ရာယဇ်တရား ၊ ဘောဇဉ်ပူဇော်သက္ကာ တရား၊ အပြစ် ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ ၌ ခန့်ထားရာ ယဇ်တရား၊
၃၇ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သက္ကာပြုရမည် အကြောင်း မှာထားသောမူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအား ပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ် ပူဇော်သက္ကတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက် ဖြေရာ ယဇ်တရား၊ အရာ၌ ခန့်ထားရာ ယဇ်တရား၊
38 ၃၈ မိဿဟာယ ယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။
၃၈မိဿဟာယယဇ်တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။

< ဝတ်ပြုရာ 7 >