< ဝတ်ပြုရာ 23 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် စီရင် ရသောဓမ္မစည်းဝေး ခြင်းတည်းဟူသောငါ ထာဝရဘုရား ၏ ပွဲတော် များဟူမူကား၊
သင်တို့သည် စီရင်ရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ငါ ထာဝရဘုရား၏ ပွဲတော်များဟူမူကား၊-
3 ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် ငြိမ်ဝပ် စွာနေရသော ဥပုသ် နေ့၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို နေ့၌ သင်တို့သည် အလုပ် မ လုပ် ရကြ။ သင် တို့နေရာ အရပ် ရပ်၌ ထာဝရဘုရား ၏ ဥပုသ်နေ့ဖြစ်၏။
ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့ရက်သည် ငြိမ်ဝပ်စွာနေရသော ဥပုသ်နေ့၊ ဓမ္မ စည်းဝေးခြင်းကို ပြုရသောနေ့ဖြစ်၏။ ထို့နေ့၌ သင်တို့သည် အလုပ်မလုပ်ရကြ။ သင်တို့နေရာအရပ် ရပ်၌ ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။
4 အချိန် တန်မှ သင်တို့ကြော်ငြာ ရသော ဓမ္မစည်းဝေး ခြင်းတည်းဟူသောထာဝရဘုရား ၏ ပွဲတော် များ ဟူမူကား ၊
အချိန်တန်မှ သင်တို့ကြော်ငြာရသော ဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရား၏ ပွဲတော်များ ဟူမူကား၊-
5 ပဌမ လ ဆယ် လေး ရက်နေ့ ညဦး ယံ၌ ၊ ထာဝရဘုရား ၏ ပသခါ ပွဲဖြစ်၏။
ပဌမလဆယ်လေးရက်နေ့ ညဦးယံ၌ ထာဝရဘုရား၏ ပသခါပွဲဖြစ်၏။
6 ၎င်း လ ဆယ် ငါး ရက် နေ့၌ ထာဝရဘုရား အဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့် ကို စား ရကြမည်။
၎င်းလ ဆယ်ငါးရက်နေ့၌ ထာဝရဘုရားအဘို့ အဇုမပွဲကို ခံရကြမည်။ ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့် ကို စားရကြမည်။
7 ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ရမည်။ လောကီအလုပ် ကို မ လုပ် ရ။
ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရ။
8 ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပူဇော်သက္ကာကို ပြု ရမည်။ သတ္တမ နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ လောကီအလုပ် ကို မ လုပ် ရဟု မိန့် တော်၏။
ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပူဇော်သက္ကာကို ပြုရမည်။ သတ္တမနေ့၌လည်း ဓမ္မစည်း ဝေးခြင်းကို ပြုရမည်။ လောကီအလုပ်ကို မလုပ်ရဟု မိန့်တော်၏။
9 တဖန် မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
တဖန် မောရှေအား ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
10 ၁၀ သင်တို့သည် ငါ ပေး သော ပြည် သို့ ရောက် ၍ စပါးကိုရိတ် သောအခါ ၊ အဦး ရိတ် သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ် ထံ သို့ဆောင် ခဲ့ရမည်။
၁၀သင်တို့သည် ငါပေးသော ပြည်သို့ရောက်၍ စပါးကို ရိတ်သောအခါ၊ အဦးရိတ်သော ကောက်လှိုင်း တစည်းကို ယဇ်ပုရောဟိတ်ထံသို့ ဆောင်ခဲ့ရမည်။
11 ၁၁ သင် တို့သည် စိတ် တော်နှင့် တွေ့ခြင်းငှါ ယဇ် ပုရောဟိတ်သည် ဥပုသ် နေ့လွန်မှ၊ နက်ဖြန် နေ့တွင် ထိုကောက်လှိုင်း ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရမည်။
၁၁သင်တို့သည် စိတ်တော်နှင့် တွေ့ခြင်းငှါ ယဇ်ပုရောဟိတ်သည် ဥပုသ်နေ့လွန်မှ၊ နက်ဖြန်နေ့တွင် ထိုကောက်လှိုင်းကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရမည်။
12 ၁၂ ကောက်လှိုင်း ကို ချီလွှဲ သောနေ့ ၌ အခါ မလည်အပြစ် မပါသော သိုးသငယ် အထီးကို ထာဝရဘုရား အဘို့ မီး ရှို့ရာယဇ်ပြု၍ ပူဇော် ရမည်။
၁၂ကောက်လှိုင်းကို ချီလွှဲသောနေ့၌ အခါမလည် အပြစ်မပါသော သိုးသငယ်အထီးကို ထာဝရဘုရား အဘို့ မီးရှို့ရာယဇ်ပြု၍ ပူဇော်ရမည်။
13 ၁၃ ထိုယဇ်နှင့်ဆိုင်သောဘောဇဉ်ပူဇော်သက္ကာ ကား၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာတည်းဟူသောဆီ နှင့် ရော သော မုန့်ညက် နှစ် ဩမဲဖြစ်ရမည်။ သွန်း လောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည် သုံးလောဃ ဖြစ်ရမည်။
၁၃ထိုယဇ်နှင့်ဆိုင်သော ဘောဇဉ်ပူဇော်သက္ကာကား၊ ထာဝရဘုရားအား မွှေးကြိုင်ရာဘို့ မီးဖြင့်ပြုသော ပူဇော်သက္ကာတည်းဟူသော ဆီနှင့်ရောသော မုန့်ညက်နှစ်ဩမဲ ဖြစ်ရမည်။ သွန်းလောင်းရာ ပူဇော်သက္ကာကား၊ စပျစ်ရည်သုံးလောဃ ဖြစ်ရမည်။
14 ၁၄ သင် တို့၏ ဘုရား သခင်ထံတော်သို့ ပူဇော် သက္ကာကို ဆောင် ခဲ့သောနေ့မ ရောက်မှီ၌၊ မုန့် ၊ ဆန် လှော်၊ စိမ်း သောအသီးအနှံကို မ စား ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသော ပညတ် တော်ဖြစ်သတည်း။
၁၄သင်တို့၏ ဘုရားသခင်ထံတော်သို့ ပူဇော်သက္ကာကို ဆောင်ခဲ့သောနေ့ မရောက်မှီ၌ မုန့်၊ ဆန်လှော်၊ စိမ်းသောအသီးအနှံကို မစားရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရ သော ပညတ်တော်ဖြစ်သတည်း။
15 ၁၅ ချီလွှဲ ရာ ပူဇော်သက္ကာကောက်လှိုင်း ကို ဆောင် ခဲ့သောနေ့ ၊ ဥပုသ် နေ့အလွန် နက်ဖြန် နေ့က စ၍သီတင်းခုနစ် သီတင်းစေ့ အောင် ရေတွက် ရမည်။
၁၅ချီလွှဲရာ ပူဇော်သက္ကာကောက်လှိုင်းကို ဆောင်ခဲ့သောနေ့၊ ဥပုသ်နေ့အလွန် နက်ဖြန်နေ့ကစ၍ သီတင်းခုနစ်သီတင်းစေ့အောင် ရေတွက်ရမည်။
16 ၁၆ သတ္တမ ဥပုသ် နေ့အလွန် နက်ဖြန် နေ့အထိ အရက် ငါး ဆယ်တိုင်တိုင်ရေတွက် ပြီးလျှင် ၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ် ကို ဆက် ရကြမည်။
၁၆သတ္တမဥပုသ်နေ့အလွန် နက်ဖြန်နေ့အထိ အရက်ငါးဆယ်တိုင်တိုင် ရေတွက်ပြီးလျှင်၊ ထာဝရဘုရား အား ဘောဇဉ်ပူဇော်သက္ကာ အသစ်ကို ဆက်ရကြမည်။
17 ၁၇ ထာဝရဘုရား အဘို့ အဦး သီးသော အသီး၊ တဆေး ဖြင့် ဖောင်းကြွသော မုန့်ညက် နှစ် ဩမဲနှင့် လုပ်သော ချီလွှဲ ရာမုန့် နှစ် လုံးကို သင် တို့အိမ် မှ ထုတ် ဆောင်ခဲ့၍၊
၁၇ထာဝရဘုရားအဘို့ အဦးသီးသော အသီး၊ တဆေးဖြင့် ဖောင်းကြွသော မုန့်ညက် နှစ်ဩမဲနှင့် လုပ်သော ချီလွှဲရာမုန့်နှစ်လုံးကို သင်တို့အိမ်မှ ထုတ်ဆောင်ခဲ့၍၊-
18 ၁၈ ထိုမုန့် နှင့်တကွ အခါ မလည် အပြစ် မပါသော သိုးသငယ် ခုနစ် ကောင်၊ နွား သငယ် အထီးတကောင်၊ ဆိတ် နှစ် ကောင်ကို ဆက် ၍၊ ဘောဇဉ်ပူဇော်သက္ကာ ၊ သွန်း လောင်းရာ ပူဇော်သက္ကာနှင့်တကွ ၊ ထာဝရဘုရား အား မွှေးကြိုင် ရာဘို့ မီး ဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီး ရှို့ရာယဇ်ကို ထာဝရဘုရား အား ပူဇော်ရမည်။
၁၈ထိုမုန့်နှင့်တကွ အခါမလည် အပြစ်မပါသော သိုးသငယ်ခုနစ်ကောင်၊ နွားသငယ် အထီးတကောင်၊ ဆိတ်နှစ်ကောင်ကို ဆက်၍၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်းရာ ပူဇော်သက္ကာနှင့်တကွ၊ ထာဝရဘုရားအား မွှေးကြိုင်ရာသို့ မီးဖြင့်ပြုသောပူဇော်သက္ကာ တည်းဟူသောမီးရှိုရာယဇ်ကို ထာဝရ ဘုရားအား ပူဇော်ရမည်။
19 ၁၉ အပြစ် ဖြေရာယဇ်ဘို့ ဆိတ် သငယ် တကောင် ကို၎င်း၊ မိဿဟာယ ယဇ်ဘို့ အခါ မလည်သော သိုးသငယ် နှစ် ကောင်ကို၎င်း ပူဇော် ၍
၁၉အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်ကို၎င်း၊ မိဿဟာယယဇ်ဘို့ အခါမလည်သော သိုးသငယ်နှစ်ကောင်ကို၎င်း ပူဇော်၍၊-
20 ၂၀ ယဇ် ပုရောဟိတ်သည် အဦး သီးသော အသီးမုန့် နှင့်တကွ ချီလွှဲ သဖြင့် ၊ သိုး သငယ်နှစ် ကောင်ပါ လျက်၊ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရား ရှေ့ မှာ သန့်ရှင်း သော အရာဖြစ် သတည်း။
၂၀ယဇ်ပုရောဟိတ်သည် အဦးသီးသော အသီးမုန့်နှင့်တကွ ချီလွှဲသဖြင့်၊ သိုးသငယ်နှစ်ကောင်ပါလျက် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာ ပူဇော်သက္ကာ ပြုရမည်။ ထိုအရာတို့သည်လည်း၊ ယဇ်ပုရောဟိတ် အဘို့ ထာဝရဘုရားရှေ့မှာ သန့်ရှင်းသော အရာဖြစ်သတည်း။
21 ၂၁ ထို နေ့ ၌ လည်း ဓမ္မစည်းဝေး ခြင်းကို စီရင် ရကြမည်။ လောကီအလုပ် ကို မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် ဖြစ်သတည်း။
၂၁ထိုနေ့၌လည်း ဓမ္မစည်းဝေးခြင်းကို စီရင်ရကြမည်။ လောကီအလုပ်ကို မလုပ်ရ။ သင်တို့နေရာ အရပ်ရပ်၌ သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်း။
22 ၂၂ ကိုယ် မြေ ၌ ဖြစ်သောစပါးကိုရိတ် သောအခါ ၊ လယ် ထောင့် တို့ကို အကုန်အစင်မ ရိတ် ရ။ သိမ်း ရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မ ကောက် မသိမ်းရ။ ထိုအရာကို ဆင်းရဲ သောသူ ဧည့်သည် အာဂန္တု အဘို့ ချန် ခြွင်းရမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
၂၂ကိုယ်မြေ၌ ဖြစ်သောစပါးကို ရိတ်သောအခါ၊ လယ်ထောင့်တို့ကို အကုန်အစင် မရိတ်ရ။ သိမ်းရာတွင် ကျန်ကြွင်းသောအရာကို ပြန်၍ မကောက်မသိမ်းရ။ ထိုအရာကို ဆင်းရဲသောသူ ဧည့်သည်အာဂန္တု အဘို့ ချန်ခြွင်းရမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မိန့်တော်မူ၏။
23 ၂၃ တဖန် မောရှေ အား ထာဝရဘုရား က၊
၂၃တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
24 ၂၄ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် သတ္တမ လ ၊ ပဌမ နေ့ရက်၌ တံပိုးမှုတ် ပွဲ၊ ဓမ္မစည်းဝေး ခြင်းကို ပြုရသော ဥပုသ် နေ့ကို စောင့်ရကြမည်။
၂၄သင်တို့သည် သတ္တမလ၊ ပဌမနေ့ရက်၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။
25 ၂၅ လောကီအလုပ် ကို မ လုပ် ရ။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက် ရမည်ဟု မိန့် တော်မူ၏။
၂၅လောကီအလုပ်ကို မလုပ်ရ။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ရမည်ဟု မိန့်တော်မူ၏။
26 ၂၆ တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
၂၆တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊-
27 ၂၇ သတ္တမ လ ၊ ဒသမ နေ့သည်လည်း အပြစ် ဖြေရာနေ့ ၊ ဓမ္မ စည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံ စွာကျင့် ရမည်။ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။
၂၇သတ္တမလ၊ ဒသမနေ့သည်လည်း အပြစ်ဖြေရာနေ့၊ ဓမ္မစည်းဝေးခြင်းကို ပြုသောနေ့ဖြစ်၏။ ခြိုးခြံစွာ ကျင့်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။
28 ၂၈ ထို နေ့ ၌ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ ဖြစ်၏။
၂၈ထိုနေ့၌ အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ကိုယ်အပြစ် ဖြေခြင်းကို ပြုရသောနေ့ဖြစ်၏။
29 ၂၉ ထို နေ့ ၌ ခြိုးခြံ စွာ မ ကျင့်သောသူ မည်သည် ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံရမည်။
၂၉ထိုနေ့၌ ခြိုးခြံစွာ မကျင့်သောသူမည်သည်ကား မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
30 ၃၀ ထို နေ့ ၌ အလုပ် တစုံ တခုကို လုပ် သော သူ မည်သည်ကို၊ သူ ၏အမျိုး မှ ငါပယ်ရှား ဖျက်ဆီးမည်။
၃၀ထိုနေ့၌ အလုပ်တစုံတခုကို လုပ်သောသူ မည်သည်ကို၊ သူ၏အမျိုးမှ ငါပယ်ရှား ဖျက်ဆီးမည်။-
31 ၃၁ အဘယ် အလုပ် ကိုမျှ မ လုပ် ရ။ သင် တို့နေရာ အရပ်ရပ် ၌ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။
၃၁အဘယ်အလုပ်ကိုမျှ မလုပ်ရ။ သင်တို့နေရာအရပ်ရပ်၌ သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။
32 ၃၂ ထို နေ့သည် ငြိမ်ဝပ် စွာ နေရသောနေ့၊ ခြိုးခြံ စွာကျင့်ရသောနေ့ဖြစ်၏။ နဝမ နေ့ ညဦး မှစ၍ နက်ဖြန်ညဦး တိုင်အောင် ဥပုသ် စောင့် ရမည်ဟု မိန့် တော်မူ၏။
၃၂ထိုနေ့သည် ငြိမ်ဝပ်စွာ နေရသောနေ့၊ ခြိုးခြံစွာကျင့်ရသောနေ့ ဖြစ်၏။ နဝမနေ့ ညဦးမှစ၍ နက်ဖြန် ညဦးတိုင်အောင် ဥပုသ်စောင့်ရမည်ဟု မိန့်တော်မူ၏။
33 ၃၃ တဖန် မောရှေ အား ထာဝရဘုရား က၊ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
၃၃တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
34 ၃၄ သင်တို့သည် သတ္တမ လ ၊ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ သကေနေ ပွဲ ကိုခံရကြမည်။
၃၄သင်တို့သည် သတ္တမလ၊ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ သကေနေပွဲ ကို ခံရကြမည်။-
35 ၃၅ ပဌမ နေ့ ၌ ဓမ္မစည်းဝေး ခြင်းကို ပြုရမည်။ အလုပ် ကို မ လုပ် ရ။
၃၅ပဌမနေ့၌ ဓမ္မစည်းဝေးခြင်းကို ပြုရမည်။ အလုပ်ကို မလုပ်ရ။
36 ၃၆ ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ အဋ္ဌမ နေ့ ၌ လည်း၊ ဓမ္မစည်းဝေး ခြင်းကို ပြု ၍ ၊ ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာကို ဆက်ကပ် ရမည်။ထူးဆန်းသောစည်းဝေး ခြင်းဖြစ်၍ လောကီ အလုပ်ကိုမ လုပ် ရ။
၃၆ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရမည်။ အဋ္ဌမနေ့၌ လည်း၊ ဓမ္မစည်းဝေးခြင်းကို ပြု၍၊ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာကို ဆက်ကပ်ရ မည်။
37 ၃၇ ဤရွေ့ကား ၊ ထာဝရဘုရား ၏ဥပုသ် နေ့၊ ထာဝရဘုရား အား ဆက်ကပ် ရသော အလှူဒါန၊ သစ္စာဂတိ နှင့်ဆိုင်သောပူဇော်သက္ကာ ၊ အလိုလို ပြုသောပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးသီးတို့၌ထာဝရဘုရားအား မီး ဖြင့်ပြုသောပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ ၊ ယဇ် ပူဇော်ခြင်း၊ သွန်းလောင်း ရာပူဇော်သက္ကာကိုပြုစေခြင်းငှါစီရင်ရသောဓမ္မ စည်းဝေးခြင်း၊ ထာဝရဘုရား ၏ပွဲ တော်များဖြစ်သတည်း။
၃၇ထူးဆန်းသော စည်းဝေးခြင်းဖြစ်၍ လောကီအလုပ်ကို မလုပ်ရ။
38 ၃၈
၃၈ဤရွေ့ကား၊ ထာဝရဘုရား၏ ဥပုသ်နေ့၊ ထာဝရဘုရားအား ဆက်ကပ်ရသော အလှူဒါန၊ သစ္စာဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလိုပြုသော ပူဇော်သက္ကာမှတပါး၊ နေ့ရက်အသီးအသီးတို့ ၌ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ပူဇော် ခြင်း၊ သွန်းလောင်းရာ ပူဇော်သက္ကာကို ပြုစေခြင်းငှါ စီရင်ရသော ဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား ၏ ပွဲတော်များ ဖြစ်သတည်း။
39 ၃၉ ထိုမှတပါး၊ သင် တို့သည် မြေ အသီး အနှံကို သိမ်းယူ သောနောက် ၊ သတ္တမ လ ဆယ် ငါး ရက် နေ့မှစ၍ခုနှစ် ရက် ပတ်လုံးထာဝရဘုရား အား ပွဲ ခံကြရမည်။ ပဌမ နေ့ နှင့် အဋ္ဌမ နေ့ ၌ ဥပုသ် စောင့်ရကြမည်။
၃၉ထိုမှတပါး၊ သင်တို့သည် မြေအသီးအနှံကို သိမ်းယူသောနောက်၊ သတ္တမလ ဆယ်ငါးရက်နေ့မှစ၍ ခုနှစ်ရက်ပတ်လုံး ထာဝရဘုရားအား ပွဲခံကြရမည်။ ပဌမနေ့နှင့် အဋ္ဌမနေ့၌ ဥပုသ်စောင့်ကြရမည်။
40 ၄၀ ပဌမ နေ့ ၌ ကောင်းမွန် သော သစ်သီး ၊ စွန်ပလွံ ခက် ၊ မိုဃ်းမခ ပင် အစရှိသော အရွက်များ သော အပင် ၏ အကိုင်း အခက်တို့ကိုယူ ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ရက် ပတ်လုံးရွှင်လန်း ခြင်းကို ပြုရကြမည်။
၄၀ပဌမနေ့၌ ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင် အစရှိသော အရွက်များသော အပင်၏ အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားရှေ့တော်၌ ခုနစ်ရက်ပတ်လုံး ရွှင်လန်းခြင်းကို ပြုရကြမည်။
41 ၄၁ ထိုပွဲတော် ကို တနှစ် တနှစ်လျှင် ခုနစ် ရက် ပတ်လုံးထာဝရဘုရား အဘို့ ခံရ ကြမည်။ သင် တို့အမျိုး အစဉ် အဆက် စောင့်ရသောပညတ် တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမ လ ၌ ခံရ ကြမည်။
၄၁ထိုပွဲတော်ကို တနှစ်တနှစ်လျှင် ခုနစ်ရက်ပတ်လုံး ထာဝရဘုရားအဘို့ ခံရကြမည်။ သင်တို့ အမျိုး အစဉ်အဆက် စောင့်ရသော ပညတ်တော်ဖြစ်သတည်း။ ထိုပွဲတော်ကို သတ္တမလ၌ ခံရကြမည်။
42 ၄၂ ဣသရေလ အမျိုးသား တို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင်သောအခါ၊
၄၂ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ၊
43 ၄၃ သစ်ခက်တဲ ၌ နေ စေကြောင်းကို သင် တို့အမျိုး အစဉ်အဆက်တို့သည် သိမှတ် မည်အကြောင်း ၊ ဣသရေလ အမျိုးသား အပေါင်း တို့သည် သစ်ခက်တဲ ၌ ခုနှစ် ရက် ပတ်လုံးနေ ရကြမည်။ ငါ သည် သင် တို့၏ ဘုရား သခင်ထာဝရဘုရား ဖြစ်သည်ဟု မိန့် တော်မူ၏။
၄၃သစ်ခက်တဲ၌ နေစေကြောင်းကို သင်တို့ အမျိုးအစဉ်အဆက်တို့သည် သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သစ်ခက်တဲ၌ ခုနှစ်ရက်ပတ်လုံး နေရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု မိန့်တော်မူ၏။
44 ၄၄ မောရှေ သည်လည်း ၊ ထာဝရဘုရား ၏ ပွဲတော် များကို ဣသရေလ အမျိုးသား တို့အား ပြန်ကြား လေ၏။
၄၄မောရှေသည်လည်း၊ ထာဝရဘုရား၏ ပွဲတော်များကို ဣသရေလအမျိုးသားတို့အား ပြန်ကြားလေ၏။

< ဝတ်ပြုရာ 23 >