< ဝတ်ပြုရာ 20 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
တဖန် မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊-
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသောတပါး အမျိုးသားဖြစ်စေ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သော သူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပြည် သား တို့လည်း ခဲ နှင့် ပစ် ရကြမည်။
ဣသရေလအမျိုးသားဖြစ်စေ၊ ဣသရေလအမျိုး၌ တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ပြည်သားတို့လည်း ခဲနှင့် ပစ်ရကြမည်။
3 ငါ့ သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေလျက် ၊ ငါ့ သန့်ရှင်း သော နာမ တော်ကို ရှုတ်ချ လျက် ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ငါ သည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
ငါ့သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေလျက်၊ ငါ့သန့်ရှင်းသော နာမတော်ကို ရှုတ်ချလျက်၊ မိမိ သားကို မောလုတ်ဘုရားအား ဆက်ကပ်သောသူကို၊ ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
4 မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ပြည် သား တို့သည် အမှုမထား မ သတ် ဘဲ နေလျှင်၊
မိမိသားကို မောလုတ်ဘုရားအား ဆက်ကပ်သော သူကို ပြည်သားတို့သည် အမှုမထား မသတ်ဘဲ နေလျှင်၊-
5 ထိုသို့ နေသောသူ နှင့် သူ ၏ အိမ်သူ အိမ်သားတို့ကို ၊ ငါ သည် မျက်နှာ ထား ၍ ၊ ထိုသူ ကို၎င်း ၊ သူ နှင့်အတူ မောလုတ် ဘုရားထံ ၌ မှားယွင်း သောသူကို၎င်း ၊ သူ တို့အမျိုး မှ ပယ်ရှင်း မည်။
ထိုသို့ နေသောသူနှင့် သူ၏ အိမ်သူအိမ်သားတို့ကို ငါသည် မျက်နှာထား၍ ထိုသူကို၎င်း၊ သူနှင့်အတူ မောလုတ်ဘုရားထံ၍ မှားယွင်းသောသူကို၎င်း၊ သူတို့အမျိုးမှ ပယ်ရှင်းမည်။
6 လမ်းလွဲ၍ နတ်ဝင် သူ၊ စုန်း လုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်း သောသူကို ငါသည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
လမ်းလွဲ၍ နတ်ဝင်သူ၊ စုန်းလုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်းသောသူကို ငါသည် မျက်နှာထား၍ သူ၏ အမျိုးမှ ပယ်ရှင်းမည်။
7 သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍ ၊ သန့်ရှင်း ခြင်းရှိ ကြလော့။
သင်တို့၏ ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍၊ သန့်ရှင်းခြင်းရှိကြလော့။
8 ငါ့ နည်း နိဿယတို့ကို ကျင့်ဆောင် ရကြမည်။ ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်၏။
ငါ့နည်းနိဿယတို့ကို ကျင့်ဆောင်ရကြမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရား ဖြစ်၏။
9 မိဘ ကို ကျိန်ဆဲ သော သူ တိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ မိဘ ကို ကျိန်ဆဲ သောကြောင့်သေထိုက်သော အပြစ်ရှိ၏။
မိဘကို ကျိန်ဆဲသောသူတိုင်း အသေသတ်ခြင်းကို အမှန်ခံရမည်။ မိဘကို ကျိန်ဆဲသောကြောင့် သေထိုက်သော အပြစ်ရှိ၏။
10 ၁၀ သူ့ မယား ကို ပြစ်မှား သောသူသည်၊ မှားယွင်း သော မိန်းမနှင့်တကွ အသေ သတ်ခြင်းကို အမှန်ခံရမည်။
၁၀သူ့မယားကို ပြစ်မှားသောသူသည် မှားယွင်းသော မိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။
11 ၁၁ ကိုယ် အဘ ၏ မယား နှင့် သင့် နေသော သူ သည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
၁၁ကိုယ်အဘ၏ မယားနှင့်သင့်နေသောသူသည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
12 ၁၂ ယောက်ျား သည် ကိုယ် ချွေးမ နှင့် သင့် နေလျှင် ၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှော ခြင်း ကို ပြု သောကြောင့်အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
၁၂ယောက်ျားသည် ကိုယ်ချွေးမနှင့် သင့်နေလျှင်၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှောခြင်း ကို ပြုသောကြောင့် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
13 ၁၃ မိန်းမ နှင့်ပေါင်းဘော် သကဲ့သို့ယောက်ျား ခြင်းပေါင်းဘော် လျှင် ထို သူနှစ် ယောက်တို့သည်၊ ရွံရှာ ဘွယ် သောအမှုကို ပြု သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
၁၃မိန်းမနှင့်ပေါင်းဘော်သကဲ့သို့ ယောက်ျားခြင်းပေါင်းဘော်လျှင် ထိုသူနှစ်ယောက်တို့သည်၊ ရွံရှာဘွယ် သောအမှုကို ပြုသောကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
14 ၁၄ ယောက်ျား သည် သမီး နှင့် အမိ ကို မယား ပြုလျှင် ၊ မ တရားသောအမှုဖြစ်၏။ သင် တို့တွင် မ တရားသော အမှုမ ရှိ စေခြင်းငှါ ၊ ထိုသူ သုံးယောက်တို့ကို မီး ရှို့ ရမည်။
၁၄ယောက်ျားသည် သမီးနှင့်အမိကို မယားပြုလျှင်၊ မတရားသောအမှုဖြစ်၏။ သင်တို့တွင် မတရားသော အမှုမရှိစေခြင်းငှါ၊ ထိုသူသုံးယောက်တို့ကို မီးရှို့ရမည်။
15 ၁၅ ယောက်ျား သည် တိရစ္ဆာန် နှင့် ပေါင်းဘော် လျှင် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန် ကိုလည်း သတ် ရမည်။
၁၅ယောက်ျားသည် တိရစ္ဆာန်နှင့် ပေါင်းဘော်လျှင် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန်ကို လည်း သတ်ရမည်။
16 ၁၆ မိန်းမ သည်လည်း ၊ မိမိ နှင့် တိရစ္ဆာန် ၏ ပေါင်းဘော် ခြင်းကိုခံလျှင် ၊ ထိုမိန်းမ နှင့် တိရစ္ဆာန် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
၁၆မိန်းမသည်လည်း၊ မိမိနှင့်တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကိုခံလျှင်၊ ထိုမိန်းမနှင့် တိရစ္ဆာန်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ်ရှိ၏။
17 ၁၇ ယောက်ျား သည် အဘ ၏သမီး ၊ အမိ ၏သမီး ဖြစ်သော မိမိ နှမ နှင့်သင့် နေလျှင် ၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသား ချင်းတို့ ရှေ့မှောက် ၌ ပယ်ရှင်း ခြင်းကိုခံရကြမည်။ ထိုယောက်ျား သည် နှမ နှင့်သင့်နေသောကြောင့်၊ မိမိ အပြစ် ကိုခံရ မည်။
၁၇ယောက်ျားသည် အဘ၏သမီး၊ အမိ၏သမီးဖြစ်သော မိမိနှမနှင့်သင့်နေလျှင်၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသားချင်းတို့ ရှေ့မှောက်၌ ပယ်ရှင်းခြင်းကို ခံရကြမည်။ ထိုယောက်ျား သည် နှမနှင့်သင့်နေသောကြောင့်၊ မိမိအပြစ်ကို ခံရမည်။
18 ၁၈ ယောက်ျား သည် ဥတု ရောက်လျက်ရှိသောမိန်းမ နှင့် သင့် နေလျှင် ၊ ထိုသူတို့သည် သဘောတူ၍၊ သွေးသွန် အနာကို ထင်ရှား စေသောကြောင့်၊ သူ တို့အမျိုး မှ ပယ်ရှင်း ခြင်းကိုခံရကြမည်။
၁၈ယောက်ျားသည် ဥတုရောက်လျက်ရှိသော မိန်းမနှင့်သင့်နေလျှင်၊ ထိုသူတို့သည် သဘောတူ၍ သွေး သွန်အနာကို ထင်ရှားစေသောကြောင့်၊ သူတို့အမျိုးမှ ပယ်ရှင်းခြင်းကို ခံရကြမည်။
19 ၁၉ အဘ ၏နှမ ၊ အမိ ၏ညီမ နှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော် ရင်းနှင့် သင့်နေသောသူတို့သည် မိမိ အပြစ် ကိုခံရ ကြမည်။
၁၉အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော်ရင်းနှင့် သင့်နေသောသူတို့သည် မိမိအပြစ်ကို ခံရကြမည်။
20 ၂၀ အဘ ၏ ညီအစ်ကို မယားနှင့် သင့် နေလျှင်၊ အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိ အပြစ် ကိုခံရ သဖြင့်၊ တသက်လုံးသား မရဘဲ နေရလိမ့်မည်။
၂၀အဘ၏ ညီအစ်ကိုမယားနှင့် သင့်နေလျှင်၊ အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှား သောကြောင့်၊ ထိုသူတို့သည် မိမိအပြစ်ကိုခံရသဖြင့်၊ တသက်လုံးသားမရဘဲ နေရလိမ့်မည်။
21 ၂၁ ညီအစ်ကို ၏ မယား နှင့် သင့် နေလျှင် ညစ်ညူး သောအမှုဖြစ်၏။ ညီအစ်ကို နှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့်ထိုသူတို့သည် သား မရဘဲနေ ရလိမ့်မည်။
၂၁ညီအစ်ကို၏ မယားနှင့် သင့်နေလျှင် ညစ်ညူးသောအမှုဖြစ်၏။ ညီအစ်ကိုနှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့် ထိုသူတို့သည် သားမရဘဲနေရလိမ့်မည်။
22 ၂၂ သင် တို့ကို ငါ ပို့ဆောင် ၍ နေရာ ချသော ပြည် သည် မ အော့အန် စေခြင်းငှါ ၊ သင်တို့သည် ငါ စီရင် ထုံးဖွဲ့သမျှ တို့ကို ကျင့်ဆောင် ရမည်။
၂၂သင်တို့ကို ငါ ပို့ဆောင်၍ နေရာချသော ပြည်သည် မအော့အန်စေခြင်းငှါ၊ သင်တို့သည် ငါစီရင် ထုံးဖွဲ့သမျှတို့ကို ကျင့်ဆောင်ရမည်။
23 ၂၃ သင် တို့ရှေ့ မှ ငါ နှင်ထုတ် သော လူ အမျိုးမျိုးတို့၏ ဘာသာဓလေ့ သို့ မ လိုက် ရ။ သူတို့သည် ထိုသို့ သော အမှုခပ်သိမ်း တို့ကို ပြု သောကြောင့် ငါရွံရှာ ၏။
၂၃သင်တို့ရှေ့မှ ငါနှင်ထုတ်သော လူအမျိုးမျိုးတို့၏ ဘာသာဓလေ့သို့ မလိုက်ရ။ သူတို့သည် ထိုသို့သော အမှုခပ်သိမ်းတို့ကို ပြုသောကြောင့် ငါရွံရှာ၏။
24 ၂၄ သူ တို့ပြည် တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် ကို သင် တို့သည် အမွေခံ စေခြင်းငှါ ငါ အပိုင်ပေး မည်ဟု ငါ့အမိန့် တော်ရှိပြီ။ ငါသည် သင် တို့ကို အခြားသော အမျိုး နှင့် ခွဲ ထားသော သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
၂၄သူတို့ပြည်တည်းဟူသော နို့နှင့်ပျားရည်စီးသောပြည်ကို သင်တို့သည် အမွေခံစေခြင်းငှါ ငါအပိုင်ပေး မည်ဟု ငါ့အမိန့်တော်ရှိပြီ။ ငါသည် သင်တို့ကို အခြားသော အမျိုးနှင့်ခွဲထားသော သင်တို့ဘုရားသခင် ထာဝရဘုရားဖြစ်၏။
25 ၂၅ ထိုအကြောင်းကြောင့်၊ စင်ကြယ် သောသား ၊ မ စင်ကြယ်သောသား၊ စင်ကြယ် သောငှက် ၊ မ စင်ကြယ်သောငှက်တို့ကို ပိုင်းခြား ရမည်။ ငါခွဲ ထားသည်အတိုင်း ၊ မ စင်ကြယ်သောသား ၊ ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်တစုံ တခုအားဖြင့် ကိုယ် ကိုကိုယ်ရွံရှာ ဘွယ် မ ဖြစ်စေရ။
၂၅ထိုအကြောင်းကြောင့်၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ စင်ကြယ်သောငှက်၊ မစင်ကြယ် သောငှက်တို့ကို ပိုင်းခြားရမည်။ ငါခွဲထားသည်အတိုင်း၊ မစင်ကြယ်သောသား၊ ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်တစုံတခုအားဖြင့် ကိုယ်ကိုကိုယ် ရွံရှာဘွယ် မဖြစ်စေရ။
26 ၂၆ ငါ ထာဝရဘုရား သန့်ရှင်း သည်ဖြစ်၍ ၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုး နှင့် ခွဲ ထားသောကြောင့် ၊ ငါ့ အဘို့ သန့်ရှင်း ခြင်းရှိ ရကြမည်။
၂၆ငါထာဝရဘုရား သန့်ရှင်းသည်ဖြစ်၍၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုးနှင့် ခွဲထားသောကြောင့်၊ ငါ့အဘို့ သန့်ရှင်းခြင်းရှိရကြမည်။
27 ၂၇ ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ နတ်ဝင် သောသူ၊ စုန်း လုပ်သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲ နှင့် ပစ် ရကြမည်။ သူ ၌ သေထိုက်သော အပြစ် ရှိသည်ဟု မိန့် တော်မူ၏။
၂၇ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ နတ်ဝင်သောသူ၊ စုန်းလုပ်သောသူသည် အသေသတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲနှင့်ပစ်ရကြမည်။ သူ၌ သေထိုက်သော အပြစ်ရှိသည်ဟု မိန့်တော်မူ၏။

< ဝတ်ပြုရာ 20 >