< ဝတ်ပြုရာ 1 >

1 ထာဝရဘုရား သည် ပရိသတ်စည်းဝေး ရာ တဲ တော်ထဲက အသံကို လွင့်လျက် မောရှေ ကို ခေါ် တော်မူ၍ ၊
ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာ တဲတော်ထဲက အသံကို လွင်လျက် မောရှေကို ခေါ်တော်မူ၍၊
2 သင်သည် ဣသရေလ အမျိုးသား တို့ကို ဆင့်ဆို ရမည်မှာ၊ သင် တို့တွင် တစုံ တယောက်သောသူသည် ထာဝရဘုရား အား ပူဇော် သက္ကာကို ပြုလိုလျှင် ၊ ယဉ်သောတိရစ္ဆာန် တည်းဟူသောနွား ၊ သိုး ၊ ဆိတ်ကို ဆောင် ခဲ့၍ ဆက်ရမည်။
သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစုံတယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကို ဆောင်ခဲ့၍ ဆက်ရမည်။
3 နွား ကို မီးရှို့ ရာယဇ် ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ် တော်နှင့် တွေ့ခြင်းငှါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော် တံခါး အနားမှာ ဆက် ရမည်။
နွားကို မီးရှို့ရာယဇ် ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ခြင်းငှါ၊ ပရိသတ်စည်းဝေးရာ တဲတော် တံခါးအနားမှာ ဆက်ရမည်။
4 ပူဇော် သော နွား၏ခေါင်း ပေါ် မှာ မိမိ လက် ကို တင် ရသဖြင့် ၊ သူ ၏အပြစ် ကို ဖြေမည်အကြောင်း လက်ခံ တော်မူမည်။
ပူဇော်သော နွား၏ခေါင်းပေါ်မှာ မိမိလက်ကို တင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။
5 ထာဝရဘုရား ရှေ့ တော်၌ ထိုနွား ကိုသတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည် အသွေး ကိုယူ ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး အနားယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
ထာဝရဘုရားရှေ့တော်၌ ထိုနွားကို သတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေး ကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားယဇ်ပလ္လင် အပေါ်၌ ပတ်လည်ဖြန်းရမည်။
6 ပူဇော် သောသူသည် ထိုအကောင်၏ အရေ ကို ချွတ်၍ အပိုင်းပိုင်း ဖြတ် ရမည်။
ပူဇော်သောသူသည် ထိုအကောင်၏ အရေကို ချွတ်၍ အပိုင်းပိုင်း ဖြတ်ရမည်။
7 အာရုန် ၏သား ၊ ယဇ် ပုရောဟိတ်တို့သည်၊ ယဇ် ပလ္လင်ပေါ် မှာ မီး ကိုထည့် ၍ မီး ပေါ် မှာ ထင်း ကိုခင်း ပြီးမှ၊
အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊
8 ထင်း ပေါ် မှာ ခေါင်း ၊ ဆီဥ ၊ သား တစ်များကို တင် ရမည်။
ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတများကို တင်ရမည်။
9 ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင်ဆေး ရမည်။ ယဇ် ပုရောဟိတ်သည်၊ ထိုယဇ် တကောင်လုံး ကို ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာ ဖြစ်သတည်း။
ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
10 ၁၀ သိုး ၊ ဆိတ် ကို မီး ရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ် မပါသော အထီး ကို ဆောင် ခဲ့၍၊
၁၀သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကို ဆောင်ခဲ့၍၊
11 ၁၁ ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပလ္လင်မြောက် ဘက်နား မှာ သတ် ပြီးလျှင် ၊ အာရုန် ၏သား ယဇ် ပုရောဟိတ်တို့သည်၊ အသွေး ကို ယဇ် ပလ္လင်အပေါ် ၌ ပတ်လည် ဖြန်း ရမည်။
၁၁ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင် မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖြန်းရမည်။
12 ၁၂ ပူဇော်သောသူသည် အပိုင်း ပိုင်းဖြတ် ၍ ခေါင်း နှင့် ဆီဥ ကို စုထားပြီးလျှင်ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ ရှိသော ထင်း မီး အပေါ် မှာ ခင်း ရမည်။
၁၂ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့်ဆီဥကို စုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ ရှိသော ထင်းမီးအပေါ်မှာ ခင်းရမည်။
13 ၁၃ ခြေထောက် နှင့် အအူ အစရှိသည်တို့ကို ရေ နှင့် အရင် ဆေး ရမည်။ ယဇ် ပုရောဟိတ်သည် တကောင်လုံး ကို ဆောင် ခဲ့၍ ၊ ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့်ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
၁၃ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
14 ၁၄ ထာဝရဘုရား အား ငှက် ကို မီး ရှို့ရာယဇ်ပြုလိုလျှင် ၊ ခို ဖြစ်စေ ၊ ချိုး ကလေး ဖြစ်စေဆောင်ခဲ့၍ ဆက် ရမည်။
၁၄ထာဝရဘုရားအား ငှက်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ ဆက်ရမည်။
15 ၁၅ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်သို့ ဆောင် ခဲ့၍ ၊ ခေါင်း ကို လိမ် ဖြတ်ပြီးလျှင် ယဇ် ပလ္လင်ပေါ် မှာ မီး ရှို့ရမည်။ အသွေး ကို ယဇ် ပလ္လင်နား မှာ ညှစ် ရမည်။
၁၅ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။
16 ၁၆ စာလုတ် မှစ၍စာလုတ်၌ ရှိသောအရာကို ချွတ် ပြီးလျှင် ၊ ပြာ စုထားရာအရပ် ၊ ယဇ် ပလ္လင်အရှေ့ ဘက်နား ၌ ပစ် ထားရမည်။
၁၆စာလုတ်မှစ၍ စာလုတ်၌ ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင် အရှေ့ဘက်နား၌ ပစ်ထားရမည်။
17 ၁၇ အတောင် ပါလျက် ငှက်ကောင်ကိုခွဲ ဖွင့်၍ ၊ ယဇ် ပုရောဟိတ်သည်၊ ယဇ် ပလ္လင်ပေါ် ၌ရှိသောထင်း မီး အပေါ် မှာ မီး ရှို့ရမည်။ မီး ရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရား အား မီး ဖြင့် ဆက်ကပ်၍ မွှေးကြိုင် သော ပူဇော်သက္ကာဖြစ်သတည်း။
၁၇အတောင်ပါလျက် ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီး အပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။

< ဝတ်ပြုရာ 1 >