< ယောဘ 21 >

1 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2 ငါ့ စကား ကိုစေ့စေ့နားထောင် ၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြု ကြလော့။
ငါ့စကားကိုစေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့် ခြင်းကို ပြုကြလော့။
3 ငါ ပြော ရသောအခွင့်ရှိစေခြင်းငှါသည်းခံ ကြလော့။ ငါပြော ပြီးမှ ပြက်ယယ် ပြုချင်လျှင် ပြုကြလော့။
ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြ လော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။
4 ငါ မြည်တမ်း သောအရာနှင့် လူ ဆိုင်သလော။ အဘယ်ကြောင့် စိတ် မ တို သင့်သနည်း။
ငါမြည်တမ်းသောအရာနှင့် လူဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။
5 ငါ့ ကို ကြည့်ရှု လျက် မိန်းမော တွေဝေ၍ ၊ သင်တို့ပစပ် ကို သင်တို့လက် နှင့် ဖုံးအုပ် ကြလော။
ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့ လက်နှင့် ဖုံးအုပ် ကြလော။
6 ငါသည်အောက်မေ့ သောအခါ ၊ မိန်းမော တွေဝေ၍ ၊ ကိုယ် အသားသည် တုန်လှုပ် လျက်ရှိ၏။
ငါသည်အောက်မေ့သောအခါ။ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။
7 လူဆိုး တို့သည် အသက် ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက် ကြီး၍ ဘုန်း စည်းစိမ်နှင့် ပြည့်စုံ ကြသနည်း။
လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြ သနည်း။
8 သူ တို့သား သမီးတို့သည် သူ တို့ပတ်ဝန်းကျင်အရပ်၌ ၎င်း၊ သူ တို့အမျိုးအနွယ် သည် သူ တို့ရှေ့မှောက် ၌၎င်း နေရာ ကျကြ၏။
သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင် အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက် ၌၎င်း နေရာကျကြ၏။
9 သူ တို့အိမ် များသည်လည်း ဘေး နှင့်လွတ်၍ ငြိမ်ဝပ် ကြ၏။ ဘုရား သခင်ဒဏ်ခတ် တော်မူခြင်းနှင့် ကင်းလွတ် ကြ၏။
သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။
10 ၁၀ သူ တို့နွားလား သည် မ ချွတ်မလွှဲ အရွယ် လိုက်တတ်၏။ နွားမ သည်လည်း ဝမ်းပိုး မ ပျက်ဘွား တတ်၏။
၁၀သူတို့နွားလားသည် မချွတ်မလွှဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘွားတတ်၏။
11 ၁၁ သူ တို့သူငယ် များကို သိုးစု ကဲ့သို့ လွှတ် ၍ ၊ သား သမီးတို့သည် ကခုန် တတ်ကြ၏။
၁၁သူတို့သူငယ်များကို သိုးစုကဲ့သို့လွှတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။
12 ၁၂ သူတို့သည် ပတ်တာ နှင့် စောင်း ကို တီးလျက်၊ သီချင်းဆို၍ နှဲခရာ မှုတ်သံ နှင့် ဝမ်းမြောက် တတ်ကြ၏။
၁၂သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှဲခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။
13 ၁၃ ပျော်မွေ့လျက် အသက်ကာလ ကို လွန် စေ၍၊ ချက်ခြင်း သေမင်း နိုင်ငံသို့ ဆင်းသက် တတ်ကြ၏။ (Sheol h7585)
၁၃ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။ (Sheol h7585)
14 ၁၄ ဘုရား သခင်အား လည်း ၊ ငါ တို့ထံမှ ထွက်သွား လော့။ ကိုယ်တော် ၏တရား ကို ငါတို့မ သိ လို ဟူ၍၎င်း၊
၁၄ဘုရားသခင်အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိလိုဟူ၍၎င်း၊
15 ၁၅ အနန္တ တန်ခိုးရှင်သည် အဘယ်သို့ သောသူဖြစ်၍ငါတို့သည် ဝတ်ပြု ရမည်နည်း။ သူ့ ကို ဆုတောင်း လျှင် အဘယ် ကျေးဇူး ရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
၁၅အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။
16 ၁၆ သို့သော်လည်း သူတို့သည် ကိုယ် စည်းစိမ် ကို ကိုယ်မ ပိုင်ကြ။ မ တရားသောသူတို့၏ အကြံအစည် ကို ငါသည် ဝန်မခံ။
၁၆သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။
17 ၁၇ မ တရားသောသူတို့၏ မီးခွက် သည် သေ ၍ ၊ သူ တို့ကို ဖျက်ဆီး ခြင်းငှါဘုရားသခင်သည် အမျက် တော် ထွက်သဖြင့်၊ ဘယ် နှစ်ကြိမ်ဘေးဥပဒ် တို့ကို စီရင် တော်မူဘူးသည်ကို၎င်း၊
၁၇မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူ ဘူးသည်ကို၎င်း၊
18 ၁၈ သူတို့သည် လေ ရှေ့မှာအမှိုက် နှင့် မုန်တိုင်း တိုက် သွားသော ဖွဲ ကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ် ဘူးသည်ကို၎င်း၊
၁၈သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊
19 ၁၉ ဘုရား သခင်သည် သူ ၏အပြစ် ကို သူ ၏သားသမီး တို့အဘို့ ဘယ်နှစ်ကြိမ်သိုထားတော်မူဘူးသည်ကို၎င်း၊ သူသည်ကိုယ်တိုင်သိ ၍၊
၁၉ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သိုထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင်သိ၍၊
20 ၂၀ ကိုယ် ပျက်စီးခြင်းကိုကိုယ် မျက်စိ နှင့် မြင်လျက်၊ အနန္တ တန်ခိုးရှင်၏အမျက် တော်ကို သောက် စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို၎င်း သိမှတ် ကြလော့။
၂၀ကိုယ်ပျက်စီးခြင်းကိုကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။
21 ၂၁ သူ နေရသောနှစ်လ စေ့သောအခါ ၊ သူ့ သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
၂၁သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သောအမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။
22 ၂၂ မြင့် သောအရပ်၌နေသောသူတို့ကို အစိုးရ တော်မူသောဘုရား သခင်ကို အဘယ်သူ သွန်သင် လိမ့်မည်နည်း။
၂၂မြင့်သောအရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကိုအဘယ်သူ သွန်သင်လိမ့်မည် နည်း။
23 ၂၃ တ ယောက်သောသူကား ခွန်အား နှင့် ပြည့်စုံ လျက် ၊ ငြိမ်ဝပ် ချမ်းသာ စွာ သေ တတ်၏။
၂၃တယောက်သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
24 ၂၄ သူ ၏နံဖေး တို့သည် ဆူဖြိုး ၍၊ အရိုး တို့လည်း ခြင်ဆီ နှင့် စိုစွတ် ကြ၏။
၂၄သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုးတို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။
25 ၂၅ တ ယောက်သောသူကား တခါမျှမ ပျော်မွေ့ ၊ စိတ် ညှိုးငယ် လျက် သေ တတ်၏။
၂၅တယောက်သောသူကား တခါမျှမပျော်မွေ့၊ စိတ်ညှိုးငယ်လျက် သေတတ်၏။
26 ၂၆ နှစ် ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့် ၌ အိပ် ၍ တီကောင် များ ဖုံးလွှမ်း ခြင်းကိုခံရကြ၏။
၂၆နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌ အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
27 ၂၇ သင် တို့သည် အောက်မေ့ သောအရာ၊ ငါ့ ကို မနာလို သောစိတ် နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ ၏။
၂၇သင်တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်ဆင်ခြင်သောအရာတို့ကို ငါသိ၏။
28 ၂၈ အာဏာ ထားတတ်သောသူ ၏အိမ် သည် အဘယ် မှာရှိသနည်း။ မ တရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ် မှာရှိသနည်းဟု သင်တို့သည် ဆို ကြလိမ့်မည်။
၂၈အာဏာထားတတ်သော သူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရားသောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်းဟု သင်တို့သည် ဆိုကြလိမ့် မည်။
29 ၂၉ ခရီးသွား သောသူတို့ကို မ မေး ကြဘူးသလော။
၂၉ခရီးသွားသောသူတို့ကို မမေးကြဘူးသလော။
30 ၃၀ ဖျက်ဆီး ရာနေ့ရက် ကာလဘို့ မ တရားသောသူတို့ သည် ယခုဘေးလွတ် လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက် ကာလဘို့ ယခုထွက်မြောက်လိမ့်မည်အကြောင်းတည်းဟူသောသူ တို့လက္ခဏာ သက်သေများကို မ သိ ကြသလော။
၃၀ဖျက်ဆီးရာနေ့ရက်ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိမ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူတို့လက္ခဏာသက်သေများကို မသိကြသလော။
31 ၃၁ သူ ပြု သောအမှုကို သူ့ ရှေ့ မှာ အဘယ်သူ ဘော်ပြ လိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက်အဘယ် သူဆပ်ပေး လိမ့်မည်နည်း။
၃၁သူပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေးလိမ့်မည်နည်း။
32 ၃၂ သူ သည် သင်္ဂြိုဟ် ခြင်းသို့ရောက်၍ ၊ သူ၏သင်္ချိုင်း ပုံကို အစောင့် ထားကြလိမ့်မည်။
၃၂သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊ သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။
33 ၃၃ သူသည် ချိုင့် မြေစိုင် တို့ကို ချိုနိုး ထင်လိမ့်မည်။ မ ရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ ရှေ့ ၌ သွားနှင့်သကဲ့သို့၊ သူသည် လူ ခပ်သိမ်း တို့ကို မိမိ နောက် ၌ သွေးဆောင်လိမ့်မည်။
၃၃သူသည် ချိုင့်မြေစိုင်တို့ကို ချိုနိုးထင်လိမ့်မည်။ မရေတွက်နိုင်အောင်များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊ သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်မည်။
34 ၃၄ သို့ဖြစ်၍ သင် တို့ပြန် ပြောသော စကား၌ မုသာ ပါသောကြောင့်၊ အဘယ်သို့ ငါ့ ကို အချည်းနှီး နှစ်သိမ့် စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။
၃၄သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါသောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြလိမ့်မည်နည်းဟု မြွက်ဆို၏။

< ယောဘ 21 >