< ယောဘ 20 >

1 တဖန် နေမတ် အမျိုးသားဇောဖာ မြွက်ဆို သည်ကား၊
တဖန်နေမတ်အမျိုးသားဇောဖာမြွက်ဆိုသည်ကား၊
2 ငါ ပြန် ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့် ၊ ပြောချင်သောစိတ်အားကြီး၏။
ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော်သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။
3 ငါသည်ကိုယ်ခံရသောကဲ့ရဲ့ ပြစ်တင်ခြင်း စကား ကိုကြား ၍၊ ငါ့ ဉာဏ် သဘောနှိုးဆော်သဖြင့် ငါ ပြန် ပြော ရ၏။
ငါသည်ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဥာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။
4 ရှေ့ဦးစွာသောကာလ၊ လူ ကို မြေကြီး ပေါ် မှာ နေရာချ စကာလမှစ၍၊
ရှေ့ဦးစွာသောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊
5 ဆိုး သောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း ၊ အဓမ္မ လူသည် ခဏ သာ ဝမ်းမြောက် ကြောင်း ကို၎င်းမသိသလော။
ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။
6 သူ ၏ ဘုန်း သည် မိုဃ်း ပေါ် သို့တက် ၍ ၊ သူ ၏ ခေါင်း သည် မိုဃ်းတိမ် တိုင်အောင် မှီ သော်လည်း၊
သူ၏ ဘုန်းသည် မိုဃ်းပေါ်သို့တက်၍၊ သူ၏ ခေါင်းသည် မိုဃ်းတိမ်တိုင်အောင် မှီသော်လည်း၊
7 မိမိ မစင် ကဲ့သို့ အစဉ် ပျက် ရလိမ့်မည်။ သူ့ ကို မြင် ဘူးသောသူတို့ က၊ ထိုသူ သည် အဘယ် မှာရှိသနည်းဟုမေး ကြလိမ့်မည်။
မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်းဟု မေးကြလိမ့်မည်။
8 သူသည်အိပ်မက် ကဲ့သို့ လွင့် ပြား၍ နောက်တဖန် မ တွေ့ ရ။ ညဉ့် ရူပါရုံ ကဲ့သို့ ကွယ်ပျောက် ရလိမ့်မည်။
သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရူပါရုံကဲ့သို့ ကွယ်ပျောက်ရလိမ့်မည်။
9 သူ့ ကိုမြင် ဘူးသော မျက်စိ သည် နောက် တဖန် သူ့ကို မ ကြည့်မရှုရ။ သူ ၏နေရာ အရပ်သည် နောက် တဖန်သူ့ ကိုမ မြင် ရ။
သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။
10 ၁၀ သူ ၏သား တို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာ ကို ကိုယ် လက် နှင့် ပြန် ပေး ရကြ၏။
၁၀သူ၏သားတို့သည် ဆင်းရဲသားတို့ကို ဖျောင်းဖျ ရကြ၏။ သိုထားသောဥစ္စာကို ကိုယ်လက်နှင့် ပြန်ပေး ရကြ၏။
11 ၁၁ သူ ၏အရိုး တို့သည် ပျို သောအရွယ်၏ အရှိန် နှင့်ပြည့်စုံ သော်လည်း၊ သူ နှင့်တကွ မြေမှုန့် ၌ အိပ် ရကြ လိမ့်မည်။
၁၁သူ၏အရိုးတို့သည် ပျိုသောအရွယ်၏ အရှိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။
12 ၁၂ သူသည်မိမိ ပစပ် ၌ ဒုစရိုက်ကိုချို နိုးထင်၍၊ မိမိ လျှာ အောက် မှာ ဝှက်ထား လျက်၊
၁၂သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုနိုးထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထားလျက်၊
13 ၁၃ နှမြော သဖြင့် မ စွန့် ရက်ဘဲ၊ မိမိ ပစပ် ၌ ငုံ သော်လည်း ၊
၁၃နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံသော် လည်း၊
14 ၁၄ စားပြီးလျှင်သူ ၏ ဝမ်း ထဲမှာ သဘောပြောင်း ၍ မြွေဆိုး အဆိပ် အတောက်ဖြစ်လိမ့်မည်။
၁၄စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြွေဆိုးအဆိပ်အတောက်ဖြစ်လိမ့်မည်။
15 ၁၅ သူမျို သောစည်းစိမ် ဥစ္စာကို တဖန်အန် ရ လိမ့်မည်။ ဘုရား သခင်လည်း သူ့ ကို ဝမ်း နှုတ် တော်မူမည်။
၁၅သူမျိုသောစည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင်လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။
16 ၁၆ သူသည် မြွေဆိုး အဆိပ် အတောက်ကို စို့ ၍ မြွေဟောက် ကိုက်သဖြင့် သေ ရလိမ့်မည်။
၁၆သူသည် မြွေဆိုးအဆိပ်အတောက်ကို စို့၍ မြွေဟောက်ကိုက်သဖြင့် သေရလိမ့်မည်။
17 ၁၇ အသွယ်သွယ်သောမြစ် ၊ နို့ နှင့် ပျားရည် စီးသော မြစ် တို့ကို မ မြင် ရ။
၁၇အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီးသော မြစ်တို့ကို မမြင်ရ။
18 ၁၈ မိမိလုပ် ၍ရသောဥစ္စာကို မိမိမ သုံး ဘဲ ပြန် ပေး ရ၏။ ပြန်ပေးရသောဥစ္စာ ဖြစ်သောကြောင့် အားရ ခြင်းမ ရှိရ။
၁၈မိမိလုပ်၍ရသောဥစ္စာကို မိမိမသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သောကြောင့် အားရခြင်း မရှိရ။
19 ၁၉ ဆင်းရဲသား တို့ကို ညှဉ်းဆဲ စွန့်ပစ် ၍၊ မိမိ မ ဆောက် သော အိမ် ကို လုယူ သောကြောင့် ၎င်း၊
၁၉ဆင်းရဲသားတို့ကို ညှဉ်းဆဲစွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လုယူသောကြောင့်၎င်း၊
20 ၂၀ လောဘ မပြေ နိုင် သောကြောင့် ၎င်း၊ အလိုရှိ သော ဥစ္စာ တစုံတခု မျှ မကြွင်း ဆုံးရှုံး ရ လိမ့်မည်။
၂၀လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။
21 ၂၁ သူ လုယူ ချင ်သော လောဘ လက်နှင့် အဘယ် အရာမျှ မလွတ် သောကြောင့်၊ သူ၏ စည်းစိမ် မတည်ရ။
၂၁သူလုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။
22 ၂၂ ဥစ္စာကြွယ်ဝ စဉ် တွင်ပင် ဆင်းရဲ ခြင်းနှင့်တွေ့၍၊ အမျိုးမျိုး သော အမှုတို့သည် ရောက် ကြလိမ့်မည်။
၂၂ဥစ္စာကြွယ်ဝစဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှုတို့သည် ရောက်ကြလိမ့်မည်။
23 ၂၃ သို့သော်လည်းသူသည်ဝ စွာစားရ၏။ ဘုရား သခင်သည် အမျက် တော်အရှိန် ကို လွှတ် ၍သူစားစရာဘို့ အမျက်တော် မိုဃ်း ကို ရွာစေတော်မူမည်။
၂၃သို့သော်လည်း သူသည်ဝစွာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဃ်းကို ရွာစေတော်မူမည်။
24 ၂၄ သံ လက်နက် ကိုရှောင် ၍ ပြေးသော်လည်း၊ ကြေးဝါ လေး ဖြင့် ထုတ်ချင်း ခွင်းလိမ့်မည်။
၂၄သံလက်နက်ကိုရှောင်၍ ပြေးသော်လည်း၊ ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။
25 ၂၅ မြှားကိုနှုတ် လျှင် မိမိကိုယ်ထဲက ထွက် လာ၏။ အရောင် တောက် သောထားသည်သူ ၏ သည်းခြေ ထဲက ထွက် လာ၍၊ သူသည် မိန်းမော တွေဝေလျက် နေရ၏။
၂၅မြှားကိုနှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက် သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူသည် မိန်းမောတွေဝေလျက် နေရ၏။
26 ၂၆ ခပ်သိမ်း သောဘေး တို့သည် သူ့ အဘို့ သိုထား လျက်ရှိကြ၏။ လူမ မွေး သောမီး သည် သူ့ ကိုလောင် လိမ့်မည်။ သူ ၏နေရာ ၌ ကြွင်း သမျှသောအရာတို့ကို လောင် လိမ့်မည်။
၂၆ခပ်သိမ်းသောဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမမွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌ ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။
27 ၂၇ မိုဃ်းကောင်းကင် သည် သူ ၏အပြစ် ကို ဘော်ပြ ၍ ၊ မြေကြီး သည်လည်း သူ့ တစ်ဘက် ၌ ထ လိမ့်မည်။
၂၇မိုဃ်းကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီးသည်လည်း သူ့တဘက်၌ ထလိမ့်မည်။
28 ၂၈ သူ ၏အိမ် ၌ရှိသောဥစ္စာ သည်ကွယ်ပျောက် ၍၊ အမျက် တော် ထွက်သာနေ့ ၌ ရေကဲ့သို့စီး သွားလိမ့်မည်။
၂၈သူ၏အိမ်၌ရှိသော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာနေ့၌ ရေကဲ့သို့စီးသွားလိမ့်မည်။
29 ၂၉ ထိုသို့ သောဆုလပ် ကို ဘုရား သခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေ ဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို ၏။
၂၉ထိုသို့သောဆုလပ်ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့သောအမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်ဟု မြွက်ဆို၏။

< ယောဘ 20 >