< ယေရမိ 7 >

1 ထာဝရဘုရား ၏ အထံ တော်က နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊ သင်သည် ဗိမာန် တော် တံခါး ဝ၌ ရပ် လျက် ကြွေးကြော် ရမည့်စကား ဟူမူကား ၊
ထာဝရဘုရား၏ အထံတော်က နှုတ်ကပတ် တော်သည် ယေရမိသို့ရောက်လာ၍၊ သင်သည် ဗိမာန် တော် တံခါးဝ၌ ရပ်လျက်ကြွေးကြော် ရမည့်စကားဟူ မူကား၊
2 ထာဝရဘုရား ကို ကိုးကွယ် ခြင်းငှါ ၊ ဤ တံခါး တို့ အတွင်းသို့ ဝင် သောယုဒ အမျိုးသားအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
ထာဝရဘုရားကို ကိုးကွယ်ခြင်းငှါ၊ ဤတံခါးတို့ အတွင်းသို့ ဝင်သောယုဒအမျိုးသား အပေါင်းတို့၊ ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်ကြလော့။
3 ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များတို့ကို ပြုပြင် ကြလော့။ သို့ပြုလျှင် သင် တို့ကို ဤ အရပ် ၌ ငါနေ စေမည်။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ဘာသာ ဓလေ့နှင့် သင်တို့ အကျင့်များတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် သင်တို့ကို ဤအရပ်၌ ငါနေ စေမည်။
4 ဤသည်ကား၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်၊ ထာဝရဘုရား ၏ ဗိမာန် တော်ဖြစ်သတည်းဟု မုသာ စကား ကို ပြော သောသူတို့၌ မ မှီဝဲ ကြနှင့်။
ဤသည်ကား၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်၊ ထာဝရဘုရား၏ ဗိမာန်တော်ဖြစ်သတည်းဟု မုသာ စကားကို ပြောသောသူတို့၌ မမှီဝဲကြနှင့်။
5 သင် တို့ဘာသာ ဓလေ့နှင့် သင် တို့အကျင့် များ တို့ကို စုံလင်စွာ ပြုပြင် လျှင် ၎င်း ၊ အမှုသည်ချင်း တို့ကို သေချာစွာ တရား သဖြင့် စီရင် လျှင် ၎င်း ၊
သင်တို့ ဘာသာဓလေ့နှင့် သင်တို့အကျင့်များ တို့ကို စုံလင်စွာ ပြုပြင်လျှင်၎င်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်၎င်း၊
6 ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူငယ်၊ မုတ်ဆိုးမ ကို မ ညှဉ်းဆဲ ၊ အပြစ် မရှိသောသူ၏ အသက် ကိုဤ အရပ် ၌ မ သတ် ၊ ကိုယ် အကျိုးကို ဖျက် ၍ အခြား တပါးသော ဘုရား တို့ကို မ ချဉ်းကပ် ဘဲ နေလျှင်၎င်း ၊
ဧည့်သည် အာဂန္တု၊ မိဘမရှိသောသူငယ်၊ မုတ်ဆိုးမကို မညှဉ်းဆဲ၊ အပြစ်မရှိသောသူ၏ အသက်ကိုဤအရပ်၌ မသတ်၊ ကိုယ်အကျိုးကို ဖျက်၍ အခြားတပါးသော ဘုရားတို့ကို မချဉ်းကပ်ဘဲ နေလျှင်၎င်း၊
7 သင် တို့ဘိုးဘေး တို့အား ၊ ငါသည် အစဉ် မပြတ်ပေး သော ပြည် တည်းဟူသောဤ အရပ် ဌာန၌ သင် တို့ကို ငါနေ စေမည်။
သင်တို့ဘိုးဘေးတို့အား၊ ငါသည် အစဉ်မပြတ် ပေးသော ပြည်တည်းဟူသော ဤအရပ်ဌာန၌ သင်တို့ကို ငါနေစေမည်။
8 အကျိုး မ ရှိဘဲ မုသာ စကား ကို ပြောသောသူတို့၌ သင် တို့သည် ခိုလှုံ ကြ၏။
အကျိုးမရှိဘဲ မုသာစကားကို ပြောသောသူတို့၌ သင်တို့သည် ခိုလှုံကြ၏။
9 သင်တို့သည် သူ့ဥစ္စာကိုခိုး လျက်၊ လူအသက်ကိုသတ် လျက် ၊ သူ့မယားကိုပြစ်မှား လျက် ၊ မဟုတ် မမှန်ဘဲ ကျိန်ဆို လျက် ၊ ဗာလ ဘုရားရှေ့ ၌ နံ့သာ ပေါင်းကို မီးရှို့လျက် ၊ ကိုယ်မ သိ ဘူးသော အခြား တပါးသော ဘုရား တို့ နောက် သို့လိုက် လျက်နှင့်၊
သင်တို့သည် သူ့ဥစ္စာကိုခိုးလျက်၊ လူအသက်ကို သတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲ ကျိန်ဆိုလျက်၊ ဗာလဘုရားရှေ့၌ နံ့သာပေါင်းကို မီးရှို့ လျက်၊ ကိုယ်မသိဘူးသော အခြားတပါးသော ဘုရားတို့ နောက်သို့လိုက်လျက်နှင့်၊
10 ၁၀ ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်၌ ၊ ငါ့ ရှေ့ မှာဝင် ၍ ရပ် လျက်၊ ဤ ရွံရှာ ဘွယ်သော အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၊ အကျွန်ုပ်တို့သည် ကယ်နှုတ် တော်မူခြင်း ကျေးဇူးတော်ကိုခံရပါပြီဟု လျှောက် ရကြမည် လော။
၁၀ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်၌၊ ငါ့ရှေ့မှာဝင်၍ ရပ်လျက်၊ ဤရွံရှာဘွယ်သော အမှု အလုံးစုံတို့ကို ပြုသောကြောင့်၊ အကျွန်ုပ်တို့သည် ကယ် နှုတ်တော်မူခြင်း ကျေးဇူးတော်ကို ခံရပါပြီဟု လျှောက်ရ ကြမည်လော။
11 ၁၁ ငါ ၏နာမ ဖြင့် သမုတ် သော ဤ အိမ် တော်ကို၊ သင်တို့သည် ထားပြ တွင်း ကဲ့သို့ထင် ကြသလော။ ဤအမှုကို ငါ့ ကိုယ်တိုင်မြင် ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၁ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
12 ၁၂ ရှေ့ဦး စွာငါ ၏ နာမ ကို ငါတည် စေသောအရပ် ၊ ရှိလော ရွာ၌ ရှိသော ငါ့ အရပ် ဌာနသို့ သွား ၍ ၊ ငါ ၏အမျိုး ဣသရေလ လူတို့၏ အပြစ် ကြောင့် ၊ ထို အရပ်ကို အဘယ် သို့ငါပြု ဘူးသည်ကို ကြည့်ရှု ကြလော့။
၁၂ရှေ့ဦးစွာငါ၏ နာမကို ငါတည်စေသောအရပ်၊ ရှိလောရွာ၌ရှိသော ငါ့အရပ်ဌာနသို့သွား၍၊ ငါ၏အမျိုး ဣသရေလလူတို့၏ အပြစ်ကြောင့်၊ ထိုအရပ်ကို အဘယ်သို့ငါပြုဘူးသည်ကို ကြည့်ရှုကြလော့။
13 ၁၃ ယခု တွင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့သည် ဤ အမှု အလုံးစုံ တို့ကို ပြု သောကြောင့် ၎င်း ၊ ငါသည်စောစော ထ၍ အထပ်ထပ်ပြော သော်လည်း ၊ သင်တို့သည် နား မ ထောင်၊ ငါခေါ် ၍ သင်တို့သည် မ ထူး သောကြောင့်၎င်း ၊
၁၃ယခုတွင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့သည် ဤအမှုအလုံးစုံတို့ကို ပြုသောကြောင့်၎င်း၊ ငါသည်စောစောထ၍ အထပ်ထပ်ပြောသော်လည်း၊ သင်တို့သည် နားမထောင်၊ ငါခေါ်၍ သင်တို့သည် မထူးသောကြောင့်၎င်း၊
14 ၁၄ ရှိလော ရွာကို ငါပြု သကဲ့သို့ ၊ ငါ ၏နာမ ဖြင့် သမုတ် သော ၊ သင် တို့ခိုလှုံ သော ဤအိမ် တော်၊ သင် တို့နှင့် ဘိုးဘေး တို့အား ငါပေး သော အရပ် ဌာနကို ငါပြု မည်။
၁၄ရှိလောရွာကို ငါပြုသကဲ့သို့၊ ငါ၏နာမဖြင့် သမုတ်သော၊ သင်တို့ ခိုလှုံသော ဤအိမ်တော်၊ သင်တို့နှင့် ဘိုးဘေးတို့အား ငါပေးသော အရပ်ဌာနကို ငါပြုမည်။
15 ၁၅ သင် တို့ညီအစ်ကို ဧဖရိမ် အမျိုးသား ရှိသမျှ တို့ကို ငါနှင်ထုတ် သကဲ့သို့ ၊ သင် တို့ကို ငါ့ ထံ မှ ငါနှင်ထုတ် မည်။
၁၅သင်တို့ညီအစ်ကို ဧဖရိမ်အမျိုးသားရှိသမျှတို့ကို ငါနှင့်ထုတ်သကဲ့သို့၊ သင်တို့ကို ငါ့ထံမှ ငါနှင့်ထုတ်မည်။
16 ၁၆ သင် သည်လည်း ဤ လူမျိုး အဘို့ ပဌနာ မ ပြုနှင့်။ သူ တို့အဘို့ အော်ဟစ် ခြင်း၊ ဆုတောင်း ခြင်းကို မ ပြု နှင့်။ ငါ့ ကို မ သွေးဆောင် နှင့်။ သင် ၏ စကားကို ငါ နား မ ထောင်။
၁၆သင်သည်လည်း ဤလူမျိုးအဘို့ ပဌနာမပြုနှင့်။ သူတို့အဘို့ အော်ဟစ်ခြင်း၊ ဆုတောင်းခြင်းကို မပြုနှင့်။ ငါ့ကိုမသွေးဆောင်နှင့်။ သင်၏ စကားကို ငါနားမထောင်။
17 ၁၇ သူ တို့သည် ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များ တို့၌ ပြု ကြသော အမှုကို မ မြင် သလော။
၁၇သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ တို့၌ ပြုကြသော အမှုကို မမြင်သလော။
18 ၁၈ ငါ့ ကို နှောင့်ရှက် မည်အကြံ နှင့်၊ ကောင်းကင် မိဖုရား အဘို့ မုန့် ပြားတို့ကို လုပ် ၍ ၊ အခြား တပါးသော ဘုရား တို့ရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာကိုပြုခြင်းငှါ၊ သား တို့သည် ထင်း ခွေ ကြ၏။ အဘ တို့သည် မီး ထည့် ကြ၏။ မိန်းမ တို့သည် မုန့် နယ် ကြ၏။
၁၈ငါ့ကို နှောင့်ရှက်မည်အကြံနှင့်၊ ကောင်းကင် မိဖုရားအဘို့ မုန့်ပြားတို့ကို လုပ်၍၊ အခြားတပါးသော ဘုရားတို့ရှေ့မှာ သွန်းလောင်းရာ ပူဇော် သက္ကာကိုပြုခြင်း ငှါ၊ သားတို့သည် ထင်းခွေကြ၏။ အဘတို့သည် မီးထည့် ကြ၏။ မိန်းမတို့သည် မုန့်နယ်ကြ၏။
19 ၁၉ ထိုသို့ပြု၍ ငါ့ ကိုနှောင့်ရှက်ကြသလော။ မိမိ တို့ မျက်နှာ ကို ဖျက် မည်အကြောင်း ၊ မိမိ တို့ကိုယ်ကိုသာ နှောင့်ရှက် ကြသည်မ ဟုတ်လောဟု ထာဝရဘုရား မိန့် တော်မူ ၏။
၁၉ထိုသို့ပြု၍ ငါ့ကိုနှောင့်ရှက်ကြသလော။ မိမိတို့ မျက်နှာကို ဖျက်မည်အကြောင်း၊ မိမိတို့ကိုယ်ကိုသာ နှောင့် ရှက်ကြသည်မဟုတ်လောဟု ထာဝရဘုရား မိန့်တော် မူ၏။
20 ၂၀ သို့ဖြစ်၍၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဤ အရပ် ၌ ရှိသောလူ ၊ တိရစ္ဆာန် ၊ သစ်ပင် ၊ မြေ အသီးအနှံ အပေါ် မှာ ငါ သည် ဒေါသ အမျက် မီးကို သွန်းလောင်း ၍၊ ထိုမီးသည် မ ငြိမ်း ဘဲလောင် လိမ့်မည်။
၂၀သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤအရပ် ၌ရှိသောလူ၊ တိရစ္ဆာန်၊ သစ်ပင်၊ မြေ အသီးအနှံအပေါ်မှာ ငါသည် ဒေသအမျက် မီးကို သွန်းလောင်း၍၊ ထိုမီးသည် မငြိမ်းဘဲလောင်လိမ့်မည်။
21 ၂၁ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့မီးရှို့ ရာ ယဇ်များကို အခြားသော ယဇ် များနှင့် အတူ ထား၍ ၊ အမဲသား ကိုစား ကြလော့။
၂၁ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ မီးရှို့ရာ ယဇ်များကို အခြားသော ယဇ်များနှင့် အတူထား၍၊ အမဲသားကိုစားကြလော့။
22 ၂၂ အကြောင်း မူကား၊ သင် တို့ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ ငါ နှုတ် ဆောင်သောအခါ ၊ မီးရှို့ ရာယဇ် အစ ရှိသောယဇ် များအတွက် သူ တို့ကို ငါမှာ ထားသည် မ ဟုတ်။
၂၂အကြောင်းမူကား၊ သင်တို့ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ ငါနှုတ်ဆောင်သောအခါ၊ မီးရှို့ရာယဇ် အစရှိသော ယဇ်များအတွက် သူတို့ကို ငါမှာထားသည် မဟုတ်။
23 ၂၃ ငါမှာ ထားသောအရာ ဟူမူကား ၊ ငါ့ စကား ကို နားထောင် ကြလော့။ သို့ပြုလျှင် ၊ ငါသည်သင် တို့၏ ဘုရား သခင် ဖြစ် မည်။ သင် တို့သည်လည်း ၊ ငါ ၏ လူမျိုး ဖြစ် ကြ လိမ့်မည်။ သင် တို့သည် ကိုယ်အကျိုး ကို စောင့်လိုသောငှါ ၊ ငါစီရင်သမျှ သော တရားလမ်း သို့ လိုက် ရကြမည်ဟု မှာ ထား၏။
၂၃ငါမှာထားသောအရာဟူမူကား၊ ငါ့စကားကို နားထောင်ကြလော့။ သို့ပြုလျှင်၊ ငါသည်သင်တို့၏ ဘုရား သခင်ဖြစ်မည်။ သင်တို့သည်လည်း၊ ငါ၏လူမျိုးဖြစ်ကြ လိမ့်မည်။ သင်တို့သည် ကိုယ်အကျိုးကို စောင့်လိုသောငှါ၊ ငါစီရင်သမျှသော တရားလမ်းသို့ လိုက်ရကြမည်ဟု မှာထား၏။
24 ၂၄ သို့ရာတွင် ၊ သူတို့သည် နား မ ထောင်၊ နား ကို မ လှည့် ဘဲ ဆိုးညစ် သော နှလုံး ခိုင်မာ သည်နှင့်အညီကျင့်ကြံ ပြုမူ ၍ မျက်နှာ မ ပြု ၊ ကျော ခိုင်းလျက် နေကြ၏။
၂၄သို့ရာတွင်၊ သူတို့သည် နားမထောင်၊ နားကို မလှည့်ဘဲ ဆိုးညစ်သော နှလုံးခိုင်မာသည်နှင့်အညီ ကျင့်ကြံပြုမူ၍ မျက်နှာမပြု၊ ကျောခိုင်းလျက် နေကြ၏။
25 ၂၅ သင် တို့အဘ များသည် အဲဂုတ္တု ပြည် က ထွက် သွား သော နေ့ မှစ၍ ယနေ့ တိုင်အောင် ၊ ငါသည် နေ့ တိုင်း စောစော ထ၍ ၊ ငါ ၏ကျွန် ပရောဖက် အပေါင်း တို့ကို သင် တို့ရှိရာသို့ အထပ်ထပ်စေလွှတ် သော်လည်း ၊
၂၅သင်တို့အဘများသည် အဲဂုတ္တုပြည်က ထွက် သွားသောနေ့မှစ၍ ယနေ့တိုင်အောင်၊ ငါသည် နေ့တိုင်း စောစောထ၍၊ ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အထပ်ထပ်စေလွှတ်သော်လည်း၊
26 ၂၆ သင်တို့သည် ငါ့ စကားကို နား မ ထောင်၊ မ နာ မယူဘဲနေ၍ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသဖြင့်၊ အဘ များထက် သာ၍ဆိုးသွမ်း ကြ၏။
၂၆သင်တို့သည် ငါ့စကားကို နားမထောင်၊ မနာ မယူဘဲနေ၍ မိမိတို့ လည်ပင်းကို ခိုင်မာစေသဖြင့်၊ အဘများထက်သာ၍ ဆိုးသွမ်းကြ၏။
27 ၂၇ သင်သည် ဤ စကား အလုံးစုံ ကို သူ တို့အား ပြော သော်လည်း ၊ သူတို့သည် နား မ ထောင်ကြ။ ခေါ် သော်လည်း မ ထူး ကြ။
၂၇သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော် လည်း မထူးကြ။
28 ၂၈ သို့ဖြစ်၍ သင်ကလည်း၊ ဤ လူမျိုး သည် မိမိ တို့ ဘုရား သခင်ထာဝရဘုရား ၏စကား တော်ကို နား မ ထောင်၊ ဆုံးမ ၍ မ နိုင် သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာ ပျက် သော အမျိုးဖြစ်သည်ဟု သူ တို့အား ပြော ဆိုရမည်။
၂၈သို့ဖြစ်၍ သင်ကလည်း၊ ဤလူမျိုးသည် မိမိတို့ ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို နား မထောင်၊ ဆုံးမ၍ မနိုင်သောအမျိုး ဖြစ်၏။ သစ္စာစကား ကိုမပြော၊ သစ္စာပျက်သော အမျိုးဖြစ်သည်ဟု သူတို့အား ပြောဆိုရမည်။
29 ၂၉ သင် ၏သစ္စာဆံပင် ကိုရိတ် ၍ ပစ် လိုက်လော့။ မြင့် သောအရပ်၌ မြည်တမ်း ခြင်းကို ပြု လော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိမိလူမျိုးကို ပယ် တော်မူပြီ။ အမျက် တော်သင့်ရောက်သော အမျိုး ကို စွန့်ပစ် တော်မူပြီ။
၂၉သင်၏သစ္စာဆံပင်ကို ရိတ်၍ ပစ်လိုက်လော့။ မြင့်သောအရပ်၌ မြည်တမ်းခြင်းကို ပြုလော့။ အကြောင်း မူကား၊ ထာဝရဘုရားသည် မိမိလူမျိုးကို ပယ်တော်မူပြီ။ အမျက်တော်သင့်ရောက်သော အမျိုးကို စွန့်ပစ်တော် မူပြီ။
30 ၃၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယုဒ အမျိုးသား တို့သည် ငါ့ ရှေ့ မှာဆိုး သော အမှုကိုပြု ကြပြီ။ ငါ ၏နာမ ဖြင့် သမုတ် သော အိမ် တော်ကို ညစ်ညူး စေခြင်းငှါ ၊ ရွံရှာဘွယ် သောအရာတို့ကို သွင်း ထားကြပြီ။
၃၀ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယုဒ အမျိုးသားတို့သည် ငါ့ရှေ့မှာဆိုးသော အမှုကိုပြုကြပြီ။ ငါ၏နာမဖြင့် သမုတ်သော အိမ်တော်ကို ညစ်ညူးစေခြင်း ငှါ၊ ရွံရှာဘွယ်သောအရာတို့ကို သွင်းထားကြပြီ။
31 ၃၁ ငါမ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော်လည်း ၊ သူ တို့သား သမီး များကို မီးရှို့ ခြင်းငှါ ဟိန္နုံ သား၏ချိုင့်၌ ရှိသော တောဖက် ကုန်း တို့ကို တည် ကြပြီ။
၃၁ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှါ ဟိန္နုံသား၏ချိုင့်၌ ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။
32 ၃၂ သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက် ချိုင့်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလ ရောက် လိမ့်မည်။ တောဖက် ၌ မြေ လွတ်မ ရှိသည် တိုင်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။
၃၂သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကို တောဖက်ချိုင့်ဟူ၍မခေါ်၊ ဟိန္နုံသား၏ ချိုင့် ဟူ၍မခေါ်၊ ကွပ်မျက်ရာ ချိုင့်ဟူ၍ ခေါ်ရသော အချိန် ကာလရောက်လိမ့်မည်။ တောဖက်၌ မြေလွတ်မရှိသည် တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။
33 ၃၃ ဤ လူမျိုး အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ် ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူ မျှမမောင်း ရ။
၃၃ဤလူမျိုးအသေကောင်တို့သည် မိုဃ်းကောင်း ကင်ငှက်နှင့် တောသားရဲစားစရာဘို့ ဖြစ်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို အဘယ်သူမျှ မမောင်းရ။
34 ၃၄ ယုဒ မြို့ များ၊ ယေရုရှလင် လမ်း များတို့၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ နှင့် မင်္ဂလာဆောင်သတို့သမီး အသံ ကိုငါစဲ စေမည်။ တပြည် လုံးသည် လူဆိတ်ညံ ရာအရပ်ဖြစ် လိမ့်မည် ဟုမိန့်တော်မူ၏။
၃၄ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်း မြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံနှင့်မင်္ဂလာဆောင် သတို့သမီးအသံကိုငါစဲစေမည်။ တပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့် မည်ဟုမိန့်တော်မူ၏။

< ယေရမိ 7 >