< ယေရမိ 43 >

1 ထိုလူ များတို့၏ ဘုရား သခင်ထာဝရဘုရား သည် ယေရမိ အားဖြင့် မှာ တော်မူသမျှ သော အမိန့် တော်တို့ကို၊ ယေရမိ သည် လူ အပေါင်း တို့ အား အကုန် အစင်ကြား ပြောသည်ရှိ သော် ၊
ထိုလူများတို့၏ ဘုရားသခင်ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့ အားအကုန်အစင်ကြားပြော သည်ရှိသော်၊
2 ဟောရှဲ သား အာဇရိ နှင့် ကာရာ သား ယောဟနန် အစ ရှိသော၊ မာန ထောင်လွှားသော သူ အပေါင်း တို့က၊ သင် သည် မုသာ စကားကိုပြော ၏။ အဲဂုတ္တု ပြည်သို့ သွား ၍ မ တည်းခို ရဟု ငါ တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင့် အားဖြင့်မှာ ထားတော်မ မူ။
ဟောရှဲသားအာဇရိနှင့် ကာရာသား ယေဟ နန်အစရှိသော၊ မာနထောင်လွှားသော သူအပေါင်းတို့က၊ သင်သည် မုသာစကားကိုပြော၏။ အဲဂုတ္တုပြည်သို့သွား၍ မတည်းခိုရဟု ငါတို့၏ ဘုရားသခင် ထာဝရဘုရားသည် သင့်အားဖြင့် မှာထားတော်မမူ။
3 ခါလဒဲ လူတို့သည် ငါ တို့ကို သတ် ၍ ဗာဗုလုန် မြို့သို့ သိမ်းသွား စေမည်အကြောင်း ၊ သူတို့လက် သို့ ငါ တို့ကိုအပ် လိုသောငှါ ၊ နေရိ သား ဗာရုတ် သည်သင့် ကို နှိုးဆော် တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
ခါလဒဲလူတို့သည် ငါတို့ကိုသတ်၍ ဗာဗုလုန် မြို့သို့ သိမ်းသွားစေမည်အကြောင်း၊ သူတို့လက်သို့ ငါတို့ကိုအပ်လိုသောငှါ၊ နေရိသားဗာရုတ် သည်သင့်ကို နှိုးဆော်တိုက်တွန်း၏ဟု ဆိုကြပြီးလျှင်၊
4 ကာရာ သား ယောဟနန် အစ ရှိသော တပ်မှူး များနှင့် လူ များအပေါင်း တို့သည်၊ ယုဒ ပြည် ၌ နေ ရမည် ဟူသောထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်ဘဲ၊
ကာရာသားယောဟနန်အစရှိသော တပ်မှူး များနှင့် လူများအပေါင်းတို့သည်၊ ယုဒပြည်၌နေရမည် ဟူသော ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်ဘဲ၊
5 အတိုင်းတိုင်းအပြည်ပြည် သို့ နှင်ထုတ် ခြင်းကိုခံရပြီးမှ ယုဒ ပြည် ၌ နေ အံ့သောငှါ ၊
အတိုင်းတိုင်းအပြည်ပြည်သို့ နှင်ထုတ်ခြင်းကို ခံရပြီးမှ ယုဒပြည်၌ နေအံ့သောငှါ၊
6 ပြန် လာသောယုဒ အမျိုးသားအကျန် အကြွင်း၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ မင်း သမီး အစ ရှိသော ကိုယ်ရံတော် မှူးနေဗုဇာရဒန် သည် ရှာဖန် ၏သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ၌ အပ် သော လူ အပေါင်း တို့ကို၎င်း၊ ပရောဖက် ယေရမိ ၊ နေရိ သား ဗာရုတ် ကို၎င်း၊ ကာရာ သား ယောဟနန် နှင့် တပ်မှူး အပေါင်း တို့သည်ယူ ၍၊
ပြန်လာသော ယုဒအမျိုးသားအကျန်အကြွင်း၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ မင်းသမီးအစရှိသော ကိုယ်ရံ တော်မှူးနေဗုဇာရဒန်သည် ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိ၌အပ်သော လူအပေါင်းတို့ကို၎င်း၊ ပရောဖက်ယေရမိ၊ နေရိသားဗာရုတ်ကို၎င်း၊ ကာရာ သားယောဟနန်နှင့် တပ်မှူးအပေါင်းတို့သည်ယူ၍၊
7 ထာဝရဘုရား ၏အမိန့် တော်ကို နား မ ထောင်ဘဲ၊ အဲဂုတ္တု ပြည် သို့ သွား ၍တာပနက် မြို့သို့ ရောက် ကြ၏။
ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့ သွား၍တာပနက်မြို့သို့ ရောက်ကြ၏။
8 တာပနက် မြို့၌ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် တော်မူသည်ကား၊
တာပနက်မြို့၌ ထာဝရဘုရား၏ နှုတ်ကပတ် တော်သည် ယေရမိသို့ ရောက်တော်မူသည်ကား၊
9 သင် သည်ကြီး သော ကျောက် တို့ကို ကိုင် ယူ ၍ ၊ တာပနက် မြို့၌ ဖာရော ဘုရင်၏အိမ် တော်ဝ နား မှာ ရှိသော အုတ်ဖို မြေ ၌ ၊ ယုဒ လူ များရှေ့ တွင် မြှုပ် ထားလော့။
သင်သည်ကြီးသော ကျောက်တို့ကို ကိုင်ယူ၍၊ တာပနက်မြို့၌ ဖာရောဘုရင်၏အိမ်တော်ဝနားမှာ ရှိသောအုတ်ဖိုမြေ၌၊ ယုဒလူများရှေ့တွင် မြှုပ်ထားလော့။
10 ၁၀ သူ တို့အား လည်း ၊ ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ငါ သည်လူကိုစေလွှတ် ၍ ၊ ငါ ၏ကျွန် ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ကိုဆောင် ခဲ့ပြီးလျှင် ၊ ငါမြှုပ် ထားသော ဤ ကျောက် တို့အပေါ် မှာ ၊ သူ ၏ရာဇ ပလ္လင်ကို ငါတည် မည်။ သူသည်လည်း ၊ မိမိ တဲ တော်ကို ဤကျောက် တို့အပေါ် မှာ ဖြန့် လိမ့်မည်။
၁၀သူတို့အားလည်း၊ ဣသရေလအမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ငါသည်လူကိုစေလွှတ်၍၊ ငါ၏ကွန်ဗာဗုလုန် ရှင်ဘုရင်နေဗုခဒ်နေဇာကိုဆောင်ခဲ့ပြီးလျှင်၊ ငါမြှုပ် ထားသောဤကျောက်တို့အပေါ်မှာ၊ သူ၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း၊ မိမိထဲတော်ကို ဤကျောက် တို့အပေါ်မှာ ဖြန့်လိမ့်မည်။
11 ၁၁ ထိုမင်းသည် ရောက် လာသောအခါ၊ အဲဂုတ္တု ပြည် ကိုလုပ်ကြံ ၍၊ သေတန်သောသူ တို့ ကို သေခြင်း သို့၎င်း ၊ သိမ်းသွားချုပ်ထားတန်သောသူ တို့ ကို သိမ်းသွားချုပ်ထားခြင်း သို့၎င်း၊ ကွပ်မျက်တန်သောသူ တို့ကိုကွပ်မျက်ခြင်း သို့၎င်း အပ်လိမ့်မည်။
၁၁ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တု ပြည်ကိုလုပ်ကြံ၍၊ သေတန်သော သူတို့ကို သေခြင်းသို့၎င်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထား ခြင်းသို့၎င်း အပ်လိမ့်မည်။
12 ၁၂ အဲဂုတ္တု ဘုရား အိမ် တို့ကို ငါမီး ရှို့ မည်။ သူသည် လည်း၊ ထိုဘုရား တို့ကိုမီးရှို့ ၍ သိမ်း သွားချုပ်ထားလိမ့်မည် ။ သိုးထိန်း သည် မိမိ အဝတ် ကို ဝတ် သကဲ့သို့ ၊ ထိုမင်း သည် အဲဂုတ္တု ပြည် ကိုဝတ် ၍ ငြိမ်ဝပ် စွာ ထွက် သွားလိမ့်မည်။
၁၂အဲဂုတ္တုဘုရားအိမ်တို့ကို ငါမီးရှို့မည်။ သူသည် လည်း၊ ထိုဘုရားတို့ကိုမီးရှို့၍ သိမ်းသွားချုပ်ထားလိမ့် မည်။ သိုးထိန်းသည် မိမိအဝတ်ကို ဝတ်သကဲ့သို့၊ ထိုမင်း သည် အဲဂုတ္တုပြည်ကိုဝတ်၍ ငြိမ်ဝပ်စွာ ထွက်သွား လိမ့်မည်။
13 ၁၃ အဲဂုတ္တု ပြည် ဗက်ရှေမက် မြို့၌၊ ရုပ်တု ဆင်းတုများကို ချိုး ဖျက်၍ ၊ အဲဂုတ္တု ဘုရား အိမ် များကို မီး ရှို့ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
၁၃အဲဂုတ္တုပြည်ဗက်ရှေမက်မြို့၌၊ ရုပ်တုဆင်းတု များကို ချိုးဖျက်၍၊ အဲဂုတ္တုဘုရားအိမ်များကို မီးရှို့လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

< ယေရမိ 43 >