< ယေရမိ 30 >

1 ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လာ၍၊
ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာ၍၊
2 ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အား ငါပြော သမျှ သော စကား တို့ကို ရေး ထားလော့။
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အား ငါပြောသမျှသော စကားတို့ကို ရေးထားလော့။
3 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ယခု သိမ်း သွားခြင်းကို ခံရသောငါ ၏ လူ ဣသရေလ အမျိုးနှင့် ယုဒ အမျိုးသားတို့ကို ငါဆောင် ခဲ့ရသော အချိန် ကာလသည် ရောက် လိမ့်မည်။ သူ တို့ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ ငါပြန် လာစေသဖြင့် ၊ သူတို့သည် ပိုင် ရကြလိမ့်မည်ဟု မိန့် တော်မူ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခု သိမ်းသွားခြင်းကို ခံရသော ငါ၏ ဣသရေလအမျိုးနှင့် ယုဒအမျိုးသားတို့ကို ငါဆောင်ခဲ့ရသော အချိန်ကာလသည် ရောက်လိမ့်မည်။ သူတို့ဘိုးဘေးတို့အား ငါပေး သောပြည်သို့ ငါပြန်လာစေသဖြင့်၊ သူတို့သည် ပိုင်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
4 ဣသရေလ အမျိုးနှင့် ယုဒ အမျိုးကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသော စကား ဟူမူကား ၊
ဣသရေလအမျိုးနှင့် ယုဒအမျိုးကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသောစကားဟူမူကား၊
5 ငါသည် ထိတ်လန့် ခြင်းစကား သံကို ကြား ရ၏။ ငြိမ်သက် ခြင်းမရှိ ။ ကြောက်ရွံ ဘွယ်သောအကြောင်းသာ ရှိ၏။
ငါသည် ထိတ်လန့်ခြင်းစကားသံကို ကြားရ၏။ ငြိမ်သက်ခြင်းမရှိ။ ကြောက်ရွံဘွယ်သောအကြောင်းသာ ရှိ၏။
6 ယောက်ျား သည် သားဘွား တတ်သလောဟုမေးမြန်း ကြည့်ရှု ကြလော့။ မိန်းမသည် သားဘွား ခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိ ခါး ၌ လက် တင်သကဲ့သို့ ယောက်ျား တိုင်း ပြု၍ ၊ ခပ်သိမ်း သောသူတို့ သည် မျက်နှာ ပျက် လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါ မြင်ရသနည်း။
ယောက်ျားသည် သားဘွားတတ်သလောဟု မေးမြန်းကြည့်ရှုကြလော့။ မိန်းမသည် သားဘွားခြင်း ဝေဒနာကိုခံရသောအခါ၊ မိမိခါး၌ လက်တင်သကဲ့သို့ ယောက်ျားတိုင်းပြု၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာ ပျက်လျက်ရှိကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။
7 အလို လေး၊ ထို နေ့ ရက်ကား ခိုင်းနှိုင်း စရာမရှိ ။ ကြီး သောနေ့ရက်ဖြစ်၏။ ယာကုပ် အမျိုး၌ အမှု ရောက် သော နေ့ရက် ဖြစ်၏။ သို့ရာတွင် ၊ သူ တို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။
အလိုလေး၊ ထိုနေ့ရက်ကား ခိုင်းနှိုင်းစရာမရှိ။ ကြီးသောနေ့ရက် ဖြစ်၏။ ယာကုပ်အမျိုး၌ အမှုရောက် သော နေ့ရက်ဖြစ်၏။ သို့ရာတွင်၊ သူတို့သည် ကယ်တင် ခြင်းသို့ ရောက်ကြလိမ့်မည်။
8 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ရက်၌ သူ တို့ထမ်းရသောထမ်းဘိုး ကို သူ တို့လည်ပင်း မှ ငါချိုး ပယ်မည်။ သူ တို့ကို ချည်နှောင် သော ကြိုးများကို ငါဖြတ် မည်။ တပါး အမျိုးသား တို့သည် နောက် တဖန်သူ တို့ကို မ စေစား ရကြ။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနေ့ရက်၌ သူတို့ထမ်းရသော ထမ်းဘိုးကို သူတို့လည်ပင်းမှ ငါချိုးပယ်မည်။ သူတို့ကို ချည်နှောင်သော ကြိုးများကို ငါဖြတ်မည်။ တပါး အမျိုးသားတို့သည် နောက်တဖန်သူတို့ကို မစေစားရကြ။
9 သူတို့သည် မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ အမှုကို၎င်း ၊ သူ တို့အဘို့ ငါပေါ်ထွန်း စေလတံ့သော ရှင်ဘုရင် ဒါဝိဒ် ၏အမှုကို၎င်း ဆောင်ရွက် ရကြမည်။
သူတို့သည် မိမိတို့ဘုရားသခင် ထာဝရဘုရား၏ အမှုကို၎င်း၊ သူတို့အဘို့ ငါပေါ်ထွန်းစေလတံ့သော ရှင်ဘုရင် ဒါဝိဒ်၏အမှုကို၎င်း ဆောင်ရွက်ရကြမည်။
10 ၁၀ သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့် ကို ဝေး သောအရပ်မှ ၎င်း ၊ သင် ၏ အမျိုးသား တို့ကို သိမ်းသွားရာ ပြည် မှ ၎င်း ၊ ငါ နှုတ် ယူဆောင်ခဲ့သဖြင့် ၊ ယာကုပ် အမျိုးသည် ပြန်လာ ၍ ၊ ချောက်လှန့် သောသူမရှိ ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရလိမ့်မည်ဟု မိန့် တော်မူ၏။
၁၀သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အိုငါ့ကျွန် ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၎င်း၊ သင်၏ အမျိုးသားတို့ကို ခပ်သိမ်းသွားရာ ပြည်မှ၎င်း၊ ငါနှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည် ပြန်လာ၍၊ ချောက် လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရလိမ့်မည်ဟု မိန့်တော်မူ၏။
11 ၁၁ တဖန်မိန့်တော်မူသည်ကား၊ သင့် ကို ကယ်တင် ခြင်းငှါ သင် နှင့် အတူငါ ရှိ၏။ ငါသည်သင့် ကို ငါကွဲပြား စေသော တိုင်း နိုင်ငံရှိသမျှ တို့ကို ဆုံး စေသော်လည်း ၊ သင့် ကိုမ ဆုံး စေ။ သို့ရာတွင် ၊ အပြစ် ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမ မည်။
၁၁တဖန်မိန့်တော်မူသည်ကား၊ သင့်ကို ကယ်တင် ခြင်းငှါ သင်နှင့်အတူ ငါရှိ၏။ ငါသည်သင့်ကို ငါကွဲပြား စေသော တိုင်းနိုင်ငံရှိသမျှတို့ကို ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ အပြစ်ကို ရှင်းရှင်းမလွှတ်ဘဲ၊ အတော်အတန် ဆုံးမမည်။
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင့် အနာ သည် ပျောက် ခဲ၏။ သင် ခံရသောဝေဒနာ သည် ပြင်း လှ ၏။
၁၂ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အနာ သည် ပျောက်ခဲ၏။ သင်ခံရသောဝေဒနာသည် ပြင်းလှ ၏။
13 ၁၃ သင့်အနာကို စည်း အံ့သောငှါ အဘယ်သူမျှသင့် အမှု ကို မ စောင့် ။ အနာ ပျောက်စေနိုင်သော ဆေး ကို အဘယ်သူမျှမ ကု။
၁၃သင့်အနာကို စည်းအံ့သောငှါ အဘယ်သူမျှ သင့်အမှုကို မစောင့်။ အနာပျောက်စေနိုင်သော ဆေးကို အဘယ်သူမျှမကု။
14 ၁၄ သင် ၏မိတ်ဆွေ ရှိသမျှ တို့သည် သင့် ကို မေ့လျော့ ၍ မ မေး မရှာဘဲနေကြ၏။ သင့် အပြစ် သည် ကြီး ၍၊ သင်ပြုသောဒုစရိုက် သည် များပြား သောကြောင့် ၊ ရန်သူ ပေးတတ်သော အနာ နှင့်သင့် ကို ငါနာ စေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ် ကို ငါပေးပြီ။
၁၄သင်၏မိတ်ဆွေရှိသမျှတို့သည် သင့်ကို မေ့လျော့ ၍ မမေးမရှာဘဲနေကြ၏။ သင့်အပြစ်သည် ကြီး၍၊ သင်ပြုသော ဒုစရိုက်သည် များပြားသောကြောင့်၊ ရန်သူ ပေးတတ်သော အနာနှင့်သင့်ကို ငါနာစေပြီ။ ကြမ်းတမ်း သောသူ ပေးတတ်သော ဒဏ်ကို ငါပေးပြီ။
15 ၁၅ သင် သည် အနာ ကိုခံရသည်ဖြစ်၍၊ အဘယ်ကြောင့် ငိုကြွေး သနည်း။ သင် ၏အပြစ် ကြီး သောကြောင့် ၊ သင် ခံရသောဝေဒနာ သည် ပျောက် ခဲ၏။ သင် ပြုသောဒုစရိုက် များပြား သောကြောင့်၊ ဤ သို့ငါဆုံးမ ရ၏။
၁၅သင်သည် အနာကိုခံရသည်ဖြစ်၍၊ အဘယ် ကြောင့် ငိုကြွေးသနည်း။ သင်၏အပြစ်ကြီးသောကြောင့်၊ သင်ခံရသောဝေဒနာသည် ပျောက်ခဲ၏။ သင်ပြုသော ဒုစရိုက်များပြားသောကြောင့်၊ ဤသို့ငါဆုံးမရ၏။
16 ၁၆ သို့ရာတွင်၊ သင့် ကို ကိုက်စား သောသူအပေါင်း တို့သည် ကိုက် စားခြင်း၊ သင် ၏ရန်သူ အပေါင်း တို့သည် သိမ်း သွားခြင်း၊ သင့် ကို လုယူ ဖျက်ဆီး သော သူအပေါင်း တို့ သည် လုယူ ဖျက်ဆီး ခြင်းကိုခံရ ကြမည်။
၁၆သို့ရာတွင်၊ သင့်ကို ကိုက်စားသောသူအပေါင်း တို့သည် ကိုက်စားခြင်း၊ သင်၏ရန်သူအပေါင်းတို့သည် သိမ်းသွားခြင်း၊ သင့်ကို လုယူဖျက်ဆီးသော သူအပေါင်းတို့ သည် လုယူဖျက်ဆီးခြင်းကို ခံရကြမည်။
17 ၁၇ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သူတပါးတို့ က၊ သင် သည် စွန့်ပစ် ခြင်းကို ခံရသောသူဟူ၍၎င်း ၊ အဘယ်သူမျှမ ကြည့်ရှု မပြုစုသော ဇိအုန် မြို့ဟူ၍၎င်း ခေါ် သော်လည်း၊ သင် ၏အနာ ရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာ ပကတိ ဖြစ်စေမည်။
၁၇ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတပါးတို့ က၊ သင်သည် စွန့်ပစ်ခြင်းကို ခံရသော သူဟူ၍၎င်း၊ အဘယ်သူမျှမကြည့်ရှု မပြုစုသော ဇိအုန်မြို့ဟူ၍၎င်း ခေါ်သော်လည်း၊ သင်၏အနာရောဂါများကို ငါပျောက် စေ၍၊ ကျန်းမာပကတိဖြစ်စေမည်။
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိမ်း သွား ခြင်းကိုခံရသောယာကုပ် အမျိုးသားတို့၏ တဲ များကို ငါ ဆောင် ခဲ့ဦးမည်။ သူ တို့အိမ် များကို သနား ဦးမည်။ မြို့ သည်လည်း ၊ မိမိ ကုန်း ပေါ် မှာ တဖန် တည် လျက်ရှိ လိမ့်မည်။ နန်းတော် ၌လည်း ၊ ရှေးထုံးစံ အတိုင်းနေ ကြလိမ့်မည်။
၁၈ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်းသွား ခြင်းကိုခံရသော ယာကုပ်အမျိုးသားတို့၏ တဲများကို ငါဆောင်ခဲ့ဦးမည်။ သူတို့အိမ်များကို သနားဦးမည်။ မြို့သည်လည်း၊ မိမိကုန်းပေါ်မှာ တဖန် တည်လျက်ရှိလိမ့် မည်။ နန်းတော်၌လည်း၊ ရှေးထုံးစံအတိုင်းနေကြလိမ့် မည်။
19 ၁၉ ထိုသူ တို့အထဲ က ကျေးဇူးကို ချီးမွမ်း ခြင်းအသံ၊ ရွှင်မြူး သောသူတို့ ၏ အသံ သည် ထွက် လိမ့်မည်။ ငါသည် သူ တို့ကို မ နည်း စေဘဲ များပြား စေမည်။ နှိမ့်ချ ခြင်းသို့ မ ရောက်၊ ချီးမြှောက် ခြင်းသို့ ရောက်စေမည်အကြောင်းစီရင်မည်။
၁၉ထိုသူတို့အထဲက ကျေးဇူးကို ချီးမွမ်းခြင်းအသံ၊ ရွှင်မြူးသော သူတို့၏ အသံသည် ထွက်လိမ့်မည်။ ငါသည် သူတို့ကို မနည်းစေဘဲ များပြားစေမည်။ နှိမ့်ချခြင်းသို့ မရောက်၊ ချီးမြှောက်ခြင်းသို့ ရောက်စေမည်အကြောင်း စီရင်မည်။
20 ၂၀ အမျိုးသား တို့သည် အရင် ကဲ့သို့ ဖြစ် ၍၊ ပရိသတ် တို့သည် ငါ့ ရှေ့ မှာ တည် ကြလိမ့်မည်။ ညှဉ်းဆဲ သော သူအပေါင်း တို့ကို ငါသည် အပြစ် ပေးမည်။
၂၀အမျိုးသားတို့သည် အရင်ကဲ့သို့ဖြစ်၍၊ ပရိသတ် တို့သည် ငါ့ရှေ့မှာ တည်ကြလိမ့်မည်။ ညှဉ်းဆဲသော သူအပေါင်းတို့ကို ငါသည် အပြစ်ပေးမည်။
21 ၂၁ သူ တို့၏ မင်း သည် သူ တို့အမျိုးဖြစ် လိမ့်မည်။ သူ တို့အထဲက ပေါ်ထွန်း သောသူသည်သူ တို့ကို အုပ်စိုး ရ လိမ့်မည်။ ငါသွေးဆောင် ၍ သူတို့သည် ငါ့ ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ ထံသို့ ချဉ်းကပ် လိုသောငှါ ၊ အဘယ်သူ သည် မိမိစိတ် ကို တန်းစေသနည်း။
၂၁သူတို့၏ မင်းသည် သူတို့အမျိုးဖြစ်လိမ့်မည်။ သူတို့အထဲက ပေါ်ထွန်းသော သူသည် သူတို့ကို အုပ်စိုးရ လိမ့်မည်။ ငါသွေးဆောင်၍ သူတို့သည် ငါ့ထံသို့ ချဉ်းကပ် ကြလိမ့်မည်။ ငါ့ထံသို့ ချဉ်းကပ် လိုသောငှါ၊ အဘယ်သူသည် မိမိစိတ်ကို တန်းစေသနည်း။
22 ၂၂ ထိုအခါ သင်တို့သည် ငါ ၏ လူ ဖြစ် ၍ ၊ ငါ သည် လည်း သင် တို့၏ ဘုရား သခင်ဖြစ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၂ထိုအခါ သင်တို့သည် ငါ၏လူဖြစ်၍၊ ငါသည် လည်း သင်တို့၏ ဘုရားသခင်ဖြစ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23 ၂၃ ထာဝရဘုရား ၏ လေဘွေ တော်သည် ပူသော အရှိန်နှင့် ထွက် ၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရား သောသူတို့ ခေါင်း ပေါ် မှာ ပြင်းစွာတိုက် လိမ့်မည် ။
၂၃ထာဝရဘုရား၏ လေဘွေတော်သည် ပူသော အရှိန်နှင့် ထွက်၏။ ပြင်းစွာသော လေဘွေဖြစ်၍၊ မတရားသော သူတို့ခေါင်းပေါ်မှာ ပြင်းစွာ တိုက်လိမ့် မည်။
24 ၂၄ ထာဝရဘုရား သည် လက်စသတ် ၍ ၊ အကြံအစည် တော်ကို ပြည့်စုံ စေတော်မ မူမှီ၊ ပြင်းစွာ သော အမျက် တော်မ ငြိမ်း ရ။ နောင် ကာလ ၌ သင်တို့သည် နားလည် ကြလိမ့်မည်။
၂၄ထာဝရဘုရားသည် လက်စသတ်၍၊ အကြံ အစည်တော်ကို ပြည့်စုံစေတော်မမူမှီ၊ ပြင်းစွာသော အမျက်တော်မငြိမ်းရ။ နောင်ကာလ၌ သင်တို့သည် နားလည်ကြလိမ့်မည်။

< ယေရမိ 30 >