< ယေရမိ 17 >

1 ယုဒ အမျိုး၏ အပြစ် သည် သံ ကညစ် ၊ စိန် ချွန် နှင့် သူတို့နှလုံး ပြား ၌၎င်း ၊ ယဇ်ပလ္လင် ဦးချို ၌ ၎င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ၏။
ယုဒအမျိုး၏ အပြစ်သည် သံကညစ်၊ စိန်ချွန်နှင့် သူတို့နှလုံးပြား၌၎င်း၊ ယဇ်ပလ္လင် ဦးချို၌၎င်း အက္ခရာ တင်၍ မှတ်သားလျက်ရှိ၏။
2 သူငယ် တို့ပင် မြင့် သောတောင် ပေါ် ၊ စိမ်း သော သစ်ပင် နား မှာရှိသော ယဇ်ပလ္လင် များ၊ အာရှရပင် များကို အောက်မေ့ တတ်ကြ၏။
သူငယ်တို့ပင် မြင့်သောတောင်ပေါ်၊ စိမ်းသော သစ်ပင်နားမှာရှိသော ယဇ်ပလ္လင်များ၊ အာရှရပင်များကို အောက်မေ့တတ်ကြ၏။
3 အချင်းငါ ၏တောင် ၊ လယ် ၌ ရှိသောသင် ၏ဥစ္စာ နှင့်သိုထားသမျှ သောဥစ္စာ ကို၎င်း ၊ ပြည် တရှောက် လုံး ၌ သင် ပြစ်မှား ရာ၊ မြင့် သောအရပ်တို့ကို၎င်း၊ လုယူ သောသူတို့ လက်သို့ ငါအပ် မည်။
အချင်းငါ၏တောင်၊ လယ်၌ရှိသော သင်၏ဥစ္စာ နှင့်သိုထားသမျှသော ဥစ္စာကို၎င်း၊ ပြည်တရှောက်လုံး၌ သင်ပြစ်မှားရာ၊ မြင့်သောအရပ်တို့ကို၎င်း၊ လုယူသော သူတို့လက်သို့ ငါအပ်မည်။
4 သင့်ကိုယ်တိုင်လည်း ငါပေး သော အမွေ မှ ရွေ့ သွားရလိမ့်မည်။ သင်မ သိ သော ပြည် တွင် ၊ ရန်သူ လက်၌ သင့် ကို ငါကျွန်ခံ စေမည်။ အကြောင်းမူကား၊ အစဉ် လောင် သောငါ ၏ အမျက် မီး ကို သင်တို့သည် မွေး ကြပြီ။
သင့်ကိုယ်တိုင်လည်း ငါပေးသောအမွေမှ ရွေ့ သွားရလိမ့်မည်။ သင်မသိသော ပြည်တွင်၊ ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား၊ အစဉ် အလာသောငါ၏ အမျက်မီးကို သင်တို့သည် မွေးကြပြီ။
5 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ကို ကိုးစား ၍ လူသတ္တဝါ ကို အမှီပြု သဖြင့် ၊ စိတ် နှလုံးထဲ၌ထာဝရဘုရား ထံ တော်မှ ထွက် သွားသော သူ သည် ကျိန် အပ်သောသူဖြစ်၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ လူကို ကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့်၊ စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော သူသည် ကျိန်အပ်သောသူဖြစ်၏။
6 ထိုသူသည် လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက် ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကျိုး ရောက် ကြောင်းကို မ သိ ရ။ အဘယ်သူမျှမ နေ သောဆား မြေ ၊ သွေ့ ခြောက်သော လွင်ပြင် ၌ နေ ရလိမ့်မည်။
ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကို မသိရ။ အဘယ်သူမျှမနေသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရလိမ့်မည်။
7 ထာဝရဘုရား ကို ကိုးစား သော သူ ၊ ထာဝရဘုရား ကို မိမိ ကိုးစား ရာ အကြောင်းဖြစ် စေ သောသူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူဖြစ် ၏။
ထာဝရဘုရားကို ကိုးစားသောသူ၊ ထာဝရ ဘုရားကို မိမိကိုးစားရာ အကြောင်းဖြစ် စေသော သူသည် ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်၏။
8 ထိုသူသည်ကား၊ ရေ ရှိသော အရပ်၌စိုက် ၍ မြစ် နားမှာ အမြစ် ဖြာ သဖြင့် ၊ ပူ သောအရှိန် ရောက် ကြောင်း ကို မ သိ ၊ အရွက် မညှိုးနွမ်း ၊ မိုဃ်းခေါင် သောကာလ ၌ စိုးရိမ် စရာမ ရှိဘဲ၊ အစဉ် အမြဲအသီး ကို သီး တတ် သော အပင် နှင့်တူ ၏။
ထိုသူသည်ကား၊ ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ ပူသောအရှိန် ရောက် ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုဃ်းခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲ အသီးကို သီးတတ် သော အပင်နှင့်အတူ၏။
9 စိတ် နှလုံးသည် ခပ်သိမ်း သော အရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်း သော သဘောရှိ၏။ စိတ် နှလုံးသဘောကို အဘယ် သူသိ နိုင်သနည်း။
စိတ်နှလုံးသည် ခပ်သိမ်းသော အရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။
10 ၁၀ ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။
၁၀ငါထာဝရဘုရားသည် လူအသီးအသီးတို့အား မိမိတို့အကျင့်အတိုင်း၊ မိမိတို့ခံထိုက်သော အကျိုးအပြစ် ကို ပေးခြင်းငှါ၊ နှလုံးကျောက်ကပ်တို့ကို စေ့စေ့စစ်ကြော တတ်၏။
11 ၁၁ ကောရ ငှက်သည် မိမိမ ဥ သော ဥကို ဝပ် သကဲ့သို့ ၊ မ တရား သဖြင့် ဥစ္စာ ဆည်းဖူး သော သူသည် အသက် ပျို စဉ် ကပင်၊ ဆင်းရဲ ခြင်းသို့ ရောက်၍ အဆုံး ၌ ကား၊ လူမိုက် ဖြစ် လိမ့်မည်။
၁၁ကောရငှာက်သည် မိမိမဥသော ဥကို ဝပ်သကဲ့ သို့၊ မတရားသဖြင့် ဥစ္စာဆည်းဖူးသော သူသည် အသက် ပျိုစဉ်ကပင်၊ ဆင်းရဲခြင်းသို့ ရောက်၍ အဆုံး၌ကား၊ လူမိုက်ဖြစ်လိမ့်မည်။
12 ၁၂ ရှေ့ဦး စွာမှစ၍ မြင့် သော အရပ်၌ ဘုန်းကြီး တော်မူသောရာဇ ပလ္လင်သည် ငါ တို့သန့်ရှင်း ရာ ဌာန တော် အရပ်ဖြစ်၏။
၁၂ရှေ့ဦးစွာမှစ၍ မြင့်သော အရပ်၌ ဘုန်းကြီး တော်မူသော ရာဇပလ္လင်သည် ငါတို့သန့်ရှင်းရာ ဌာန တော် အရပ်ဖြစ်၏။
13 ၁၃ အိုဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်းဖြစ်သော ထာဝရဘုရား ၊ ကိုယ်တော် ကို စွန့်ပစ် သော သူအပေါင်း တို့သည် အရှက်ကွဲ ရကြပါလိမ့်မည်။ ငါ့ ထံမှ ထွက်သွား သောသူတို့ သည် မြေ စာရင်း သို့ ဝင်ရကြပါလိမ့်မည်။ အကြောင်း မူကား၊ အသက် စမ်း ရေ တွင်း တည်းဟူသောထာဝရဘုရား ကို စွန့်ပစ် ကြ သတည်း။
၁၃အိုဣသရေလအမျိုး၏ မြော်လင့်စရာ အကြောင်းဖြစ်သော ထာဝရဘုရား၊ ကိုယ်တော်ကို စွန့်ပစ်သော သူအပေါင်းတို့သည် အရှက်ကွဲ ရကြပါလိမ့် မည်။ ငါ့ထံမှ ထွက်သွားသော သူတို့သည် မြေစာရင်းသို့ ဝင်ရကြပါလိမ့်မည်။ အကြောင်းမူကား၊ အသက်စမ်းရေ တွင်းတည်းဟူသော ထာဝရဘုရားကို စွန့်ပစ်ကြ သတည်း။
14 ၁၄ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာ ကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာ ငြိမ်းပါလိမ့်မည်။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ချီးမွမ်း ရာ ဖြစ်တော်မူ၏။
၁၄အို ထာဝရဘုရား၊ အကျွန်ုပ်၏ အနာကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် အနာငြိမ်းပါလိမ့် မည်။ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ် ချီးမွမ်းရာဖြစ်တော်မူ၏။
15 ၁၅ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အဘယ် မှာရှိသနည်း။ ယခု လာ ပါစေတော့ဟု ဤသူ တို့ သည် အကျွန်ုပ် အား ဆို တတ်ကြပါ၏။
၁၅ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် အဘယ်မှာရှိသနည်း။ ယခုလာပါစေတော့ဟု ဤသူတို့ သည် အကျွန်ုပ်အား ဆိုတတ်ကြပါ၏။
16 ၁၆ အကျွန်ုပ် သည် နောက် တော်သို့ လိုက်သော ဆရာ ၏အရာကို မ ရှောင် ပါ။ အမင်္ဂလာ နေ့ ကို မ တောင့်တ ပါ။ အကျွန်ုပ် ဟော ပြောချက်ကို ကိုယ်တော် သိ တော်မူ ၏။ ကိုယ်တော် မျက်မှောက် ၌ ရှိ ပါ၏။
၁၆အကျွန်ုပ်သည် နောက်တော်သို့ လိုက်သော ဆရာ၏အရာကို မရှောင်ပါ။ အမင်္ဂလာနေ့ကို မတောင့် တပါ။ အကျွန်ုပ်ဟောပြောချက်ကို ကိုယ်တော်သိတော် မူ၏။ ကိုယ်တော်မျက်မှောက်၌ ရှိပါ၏။
17 ၁၇ အကျွန်ုပ် ကို ထိတ်လန့် စေ တော်မ မူပါနှင့်။ ဘေး ရောက်သောကာလ ၌ ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။
၁၇အကျွန်ုပ်ကို ထိတ်လန့်စေတော်မမူပါနှင့်။ ဘေး ရောက်သော ကာလ၌ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏။
18 ၁၈ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ် မူကား ၊ အရှက် မ ကွဲပါစေနှင့်။ သူ တို့သည် စိတ်ပျက် ကြပါစေသော။ အကျွန်ုပ် မူကား ၊ စိတ် မ ပျက်ပါစေနှင့်။ သူ တို့အပေါ် မှာ ဘေး အန္တရာယ် ကာလ ကို ရောက် စေတော်မူပါ။ အထပ်ထပ် ဖျက်ဆီး တော်မူ ပါ။
၁၈အကျွန်ုပ်ကို ညှဉ်းဆဲသောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ်မူကား၊ အရှက်မကွဲပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား၊ စိတ်မပျက်ပါစေနှင့်။ သူတို့အပေါ်မှာ ဘေးအန္တရာယ် ကာလကို ရောက်စေတော်မူပါ။ အထပ်ထပ်ဖျက်ဆီးတော် မူပါ။
19 ၁၉ ထာဝရဘုရား သည် ငါ့ အားမိန့် တော်မူသည် ကား ၊ ယုဒ ရှင်ဘုရင် ထွက်ဝင် သော အမျိုးသား ချင်း မြို့တံခါး မှစ၍၊ ခပ်သိမ်း သော ယေရုရှလင် မြို့တံခါးဝ ၌ သွား ၍ ရပ် လျက်၊
၁၉ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည် ကား၊ ယုဒရှင်ဘုရင် ထွက်ဝင်သော အမျိုးသားချင်း မြို့တံခါးမှစ၍၊ ခပ်သိမ်းသော ယေရုရှလင် မြို့တံခါးဝ၌ သွား၍ရပ်လျက်၊
20 ၂၀ လူ များတို့အား ပြော ဆိုရမည်မှာ၊ ဤ တံခါး တို့ဖြင့် ထွက် ဝင်သော ယုဒ ရှင် ဘုရင်များနှင့် ယုဒ ပြည်သူယေရုရှလင် မြို့သား များအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
၂၀လူများတို့အား ပြောဆိုရမည်မှာ၊ ဤတံခါးတို့ဖြင့် ထွက်ဝင်သော ယုဒရှင်ဘုရင်များနှင့် ယုဒပြည်သူ ယေရု ရှလင်မြို့သားများအပေါင်းတို့၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်ကို နားထောင်ကြလော့။
21 ၂၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဥပုသ် နေ့ ၌ ဝန် ကိုမ ထမ်းမရွက် ၊ ယေရုရှလင် မြို့တံခါး ဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိ ပြုကြလော့။
၂၁ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥပုသ်နေ့ ၌ ဝန်ကိုမထမ်းမရွက်၊ ယေရုရှလင်မြို့တံခါးဖြင့် မဆောင် မသွင်းမည်အကြောင်း၊ သတိပြုကြလော့။
22 ၂၂ ဥပုသ် နေ့ ၌ သင် တို့အိမ် ထဲက ဝန် ကို မထုတ် မ ဆောင်ကြနှင့်။ အဘယ် အလုပ်ကိုမျှမ လုပ် ကြနှင့်။ သင် တို့ဘိုးဘေး များကို ငါမှာ ထားသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေကြလော့။
၂၂ဥပုသ်နေ့၌ သင်တို့အိမ်ထဲက ဝန်ကို မထုတ် မဆောင်ကြနှင့်။ အဘယ်အလုပ်ကိုမျှ မလုပ်ကြနှင့်။ သင်တို့ဘိုးဘေးများကို ငါမှာထားသည်အတိုင်း၊ ဥပုသ်နေ့ ကို သန့်ရှင်းစေကြလော့။
23 ၂၃ ဘိုးဘေးတို့သည် နား မ ထောင်၊ နား ကိုမ လှည့် ဘဲ နေကြ၏။ နားမ ကြား ၊ ဆုံးမ ခြင်းကို မ ခံ မည်အကြောင်း၊ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏။
၂၃ဘိုးဘေးတို့သည် နားမထောင်၊ နားကိုမလှည့်ဘဲ နေကြ၏။ နားမကြား၊ ဆုံးမခြင်းကို မခံမည်အကြောင်း၊ မိမိတို့လည်ပင်းကို ခိုင်မာစေကြ၏။
24 ၂၄ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် ဥပုသ် နေ့ ၌ ဤ မြို့ တံခါး ဖြင့် ဝန် ကို မသွင်း မဆောင်၊ အဘယ် အလုပ် ကိုမျှမ လုပ် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေသည် တိုင်အောင် ၊ ငါ့စကားကို စေ့စေ့နားထောင် လျှင် ၊
၂၄ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့ သည် ဥပုသ်နေ့၌ ဤမြို့တံခါးဖြင့် ဝန်ကို မသွင်းမဆောင်၊ အဘယ်အလုပ်ကိုမျှမလုပ်၊ ဥပုသ်နေ့ကို သန့်ရှင်းစေသည် တိုင်အောင်၊ ငါ့စကားကို စေ့စေ့နားထောင်လျှင်၊
25 ၂၅ ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင်ဘုရင် ၊ မင်း သားမှစ၍သူတို့မှူးမတ် ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် ဤ မြို့ တံခါး များ သို့ ဝင် လျက်ရှိကြလိမ့်မည်။ ဤ မြို့ သည်လည်း အစဉ် အမြဲတည် လိမ့်မည်။
၂၅ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရထားစီး၊ မြင်းစီးရှင်ဘုရင်၊ မင်းသားမှစ၍ သူတို့မှူးမတ်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့သည် ဤမြို့တံခါးများ သို့ ဝင်လျက်ရှိကြလိမ့်မည်။ ဤမြို့သည်လည်း အစဉ်အမြဲ တည်လိမ့်မည်။
26 ၂၆ မီးရှို့ ရာယဇ်မှစ၍ အခြားသော ယဇ် များ၊ ပူဇော် သက္ကာများ၊ မီးရှို့ရာနံ့သာ ပေါင်း၊ ချီးမွမ်း ရာ ယဇ်တို့ကို ထာဝရဘုရား ၏ အိမ် တော်သို့ ဆောင် ခဲ့သောသူတို့ သည် ယုဒ မြို့ များ၊ ယေရုရှလင် မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန် ပြည် ၊ မြေညီ ခရိုင်၊ တောင် ရိုးခရိုင်၊ တောင် မျက်နှာခရိုင်မှ လာ ကြလိမ့်မည်။
၂၆မီးရှို့ရာယဇ်မှစ၍ အခြားသော ယဇ်များ၊ ပူဇော်သက္ကာများ၊ မီးရှို့ ရာနံ့သာပေါင်း၊ ချီးမွမ်းရာ ယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
27 ၂၇ သို့မဟုတ်၊ ဥပုသ် နေ့ ၌ ဝန် ကို ထမ်းရွက် ၍၊ ယေရုရှလင် မြို့တံခါး များသို့ မ ဝင် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေ သည်တိုင်အောင် ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်လျှင် ၊ ငါသည် ထိုမြို့ တံခါး တို့ကို မီးရှို့ ၍ ၊ ထိုမီးသည် မ ငြိမ်း မသေဘဲ ယေရုရှလင် မြို့ဘုံ ဗိမာန်တို့ကို လောင် ရ လိမ့်မည်။
၂၇သို့မဟုတ်၊ ဥပုသ်နေ့၌ဝန်ကို ထမ်းရွက်၍၊ ယေရု ရှလင်မြို့တံခါးများသို့မဝင်၊ ဥပုသ်နေပကို သန့်ရှင်းစေ သည်တိုင်အောင်၊ သင်တို့သည် ငါ့စကားကို နားမထောင် လျှင်၊ ငါသည် ထိုမြို့တံခါးတို့ကို မီးရှို့၍၊ ထိုမီးသည် မငြိမ်းမသေဘဲ ယေရုရှလင်မြို့ဘုံဗိမာန်တို့ကို လောင်ရ လိမ့်မည်။

< ယေရမိ 17 >