< ဟောရှေ 2 >

1 သင် တို့ညီအစ်ကို များကို ငါ ၏လူ ဟူ၍၎င်း ၊ သင် တို့နှမ များကို သနား စုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ် ကြလော့။
သင်တို့ ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ်ကြလော့။
2 သင် တို့အမိ နှင့် ဆွေးနွှေး ကြလော့။ သူ သည် ငါ့ မယား မ ဟုတ်၊ ငါ သည်လည်း သူ့ လင် မ ဟုတ်ကြောင်း ကို ဆွေးနွှေး ကြလော့။ ပြည်တန်ဆာ မျက်နှာကို ပယ် ၍ မှားယွင်း ခြင်းအမှုကို ရှောင်စေ။
သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။
3 မ ရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ် ၍ ၊ သူ ဘွား သောနေ့ ၌ အဝတ်မရှိသကဲ့သို့အဝတ် မပါ၊ ပြင်၌ ထုတ် ထားမည်။ လွင်ပြင် ကဲ့သို့ သုတ်သင် မည်။ သွေ့ခြောက် သော မြေ ကဲ့သို့ ဖြစ်စေ လျက် ရေ အငတ်ထား၍ သေ စေမည်။
မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
4 သူ ၏သားသမီး တို့သည် သူ မျောက်မထား ၍ ရသောသားသမီး ဖြစ်သောကြောင့် သူတို့ကို ငါမ သနား မစုံမက်ဘဲ နေမည်။
သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။
5 သူ တို့အမိ သည် ပြည်တန်ဆာ ဖြစ်၏။ သူ တို့ကို ပဋိသန္ဓေ ယူ သောသူသည် ရှက်ဘွယ် သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့ မုန့် ၊ ငါ့ ရေ ၊ ငါ့ သိုးမွှေး ၊ ငါ့ ပိုက်ဆန် ၊ ငါ့ ဆီ ၊ ငါ သောက် သောအရည်တို့ကိုပေး တတ်သော ငါ့ ရည်းစား များ နောက် သို့ ငါလိုက် မည်ဟုဆို ပြီ။
သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။
6 သို့ဖြစ်၍ ၊ သူ့ ကိုဆူး စောင်ရန်းနှင့် ကာ ထားမည်။ ထွက် စရာမ ရှိစေခြင်းငှါ သူ့ ပတ်လည် ၌ ကျောက်ရိုး ကိုလည်း တည် မည်။
သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။
7 သူ သည် ရည်းစား တို့ကို လိုက် သော်လည်း မ မှီ ၊ ရှာ သော်လည်း မ တွေ့ ဘဲ နေရသောအခါ၊ လင် ဟောင်းထံသို့ ငါပြန် သွားမည်။ ယခု နေရာထက် အရင် နေရာသာ၍ ကောင်း သည်ဟု ဆို လိမ့်မည်။
သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။
8 ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ကို ငါ ပေး သနား သည်ဟူ၍၎င်း ၊ ဗာလ ဘုရားအား ပူဇော် သောရွှေ နှင့် ငွေ ကို သူ ၌ ငါများပြား စေသည်ဟူ၍၎င်း သူသည် မ အောက်မေ့ ပါတကား။
ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။
9 သို့ဖြစ်၍ ၊ စပါးရိတ် ရာကာလ ၌ ငါ့ စပါး ကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့ စပျစ်ရည် ကို၎င်း ၊ သူ ၏ ကိုယ်ကိုဖုံးလွှမ်း စေရာ ငါ့ သိုးမွှေး နှင့် ပိုက်ဆန် ကို၎င်းငါသိမ်းယူ မည်။
သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။
10 ၁၀ ယခုပင် သူ ၏ ရည်းစား များရှေ့ ၌ သူ့ အဝတ် ကို ငါလှစ်လှန်၍ အရှက် ခွဲမည်။ ငါ့ လက် မှ အဘယ်သူ မျှသူ့ ကိုမ နှုတ် ရ။
၁၀ယခုပင် သူ၏ ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ။
11 ၁၁ သူ ရွှင်လန်း စရာအကြောင်းရှိသမျှ နှင့် ပွဲခံ ခြင်း၊ လဆန်း နေ့၊ ဥပုသ် နေ့စောင့်ခြင်း၊ ပရိသတ် စည်းဝေးခြင်း အလုံးစုံ တို့ကို ငါပြတ် စေမည်။
၁၁သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
12 ၁၂ ဤသည်ကား၊ ငါ့ ရည်းစား ပေး သော ဆု လက်ဆောင်ဖြစ်သည်ဟု သူဆို ရာ စပျစ် ဥယျာဉ်၊ သင်္ဘော သဖန်း ဥယျာဉ်တို့ကို ငါသုတ်သင် ပယ်ရှင်း၍ ၊ လွင်ပြင် ဖြစ်စေ သဖြင့် တော သားရဲ တို့သည် ကိုက်စား ကြလိမ့်မည်။
၁၂ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။
13 ၁၃ ဗာလဘုရားတို့အားနံ့သာပေါင်းကို မီးရှို့ ၍ နှာခေါင်း ဆွဲနှင့် လည်ဆွဲ တန်ဆာ ကို ဆင်လျက် ရည်စား များ နောက် သို့လိုက် သဖြင့် ၊ ငါ့ ကို မေ့လျော့ ၍ ဗာလ ဘုရား တို့ လက်ထက် ၌ ပြုမိသောအပြစ်နှင့်အလျောက်ငါစီရင် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၃ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
14 ၁၄ သို့ရာတွင် ၊ သူ့ ကို တဖန်ငါ ဖြားယောင်း မည်။ တော လမ်းဖြင့် ပို့ဆောင် သော်လည်း ၊ နှစ်သိမ့် စေသော စကားကိုပြော မည်။
၁၄သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။
15 ၁၅ တော တဘက်၌ စပျစ် ဥယျာဉ်တို့ကို၎င်း၊ အာခေါ် ချိုင့် ၌ မြော်လင့် ရာတံခါး ကို၎င်းငါပေး မည်။ သူ သည် အသက် ငယ် စဉ်ကာလ ၊ အဲဂုတ္တု ပြည် မှ ထွက် လာသောအခါ ၊ သီချင်းဆိုသကဲ့သို့၊ တော တဘက်သို့ ရောက်သောအခါ သီချင်း ဆိုရလိမ့်မည်။
၁၅တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ သင်သည်ငါ့ ကို သခင် ဟူ၍မ ခေါ် ရ၊ ခင်ပွန်း ဟူ၍ခေါ် ရမည်။
၁၆ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။
17 ၁၇ အခြားတပါးသော သခင်တို့၏ ဘွဲ့နာမ များကို သူ ၏ နှုတ် မှ ငါပယ် ၍ ၊ ထို ဘွဲ့နာမ များကို နောက် တဖန် မ မှတ်မိ မမြွက်ဆိုရ။
၁၇အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။
18 ၁၈ ထိုကာလ ၌ ငါသည်သူ တို့အတွက် ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်များနှင့် မိဿဟာယ ဖွဲ့၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေ ပေါ်က ပယ်ရှား သဖြင့် သူ တို့သည် စိုးရိမ် ခြင်းမရှိဘဲ အိပ် ရကြလိမ့်မည်။
၁၈ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။
19 ၁၉ ငါသည် ကိုယ် အဘို့ သင့် ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ် ခြင်း၊ တရားသဖြင့် စီရင် ခြင်း၊ ချစ် သနား စုံမက်ခြင်းနှင့်အညီ ကိုယ် အဘို့ သင့် ကို သိမ်းယူ မည်။
၁၉ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။
20 ၂၀ သစ္စာ စောင့်ခြင်းနှင့်အညီ သိမ်းယူ ၍ ၊ သင်သည် ထာဝရဘုရား ကို သိ ရလိမ့်မည်။
၂၀သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။
21 ၂၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် နားထောင် မည်။ မိုဃ်း ကောင်းကင်စကားကို နားထောင် ၍ ၊ သူ သည် မြေကြီး စကားကို နားထောင် မည်။
၂၁ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။
22 ၂၂ မြေကြီး သည်လည်း ဆန် စပါး၊ စပျစ်ရည် ၊ ဆီ တို့ ၏ စကားကို နားထောင် ၍ ၊ သူ တို့သည်လည်း ယေဇရေလ စကားကို နားထောင် ကြလိမ့်မည်။
၂၂မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။
23 ၂၃ ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့မြေ ၌ ကိုယ် အဘို့ ငါကြဲ မည်။ မ သနား မစုံမက်အပ်သော သတို့သမီးကို ငါသနား စုံမက်မည်။ ငါ၏ လူ မဟုတ်သော သူကိုလည်း၊ သင်သည်ငါ ၏လူ ဖြစ်သည်ဟု ငါဆို မည်။ သူ ကလည်း ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူ သည်ဟု၊ လျှောက် လိမ့်မည်ဟုမိန့်တော်မူ၏။
၂၃ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။

< ဟောရှေ 2 >