< ဟောရှေ 13 >

1 ဧဖရိမ် သည် နှုတ်မြွက် သောအခါ သူတပါး ကြောက်လန့် တတ်၏။ သူ သည် ဣသရေလ အမျိုး၌ မြင့်မြတ် ၏။ နောက် တဖန် ဗာလ ဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ ၏။
ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတပါး ကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့် မြတ်၏။ နောက်တဖန် ဗာလဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ၏။
2 ယခု မှာ အထပ်ထပ်ပြစ်မှား ၍ ကိုယ် ဉာဏ် ပညာ အားဖြင့် အရည် သွန်းသော ငွေ ရုပ်တု ၊ ဆရာသမား လုပ် တတ်သော ရုပ်တု ဆင်းတုများကို ကိုယ့် အဘို့ လုပ် ကြ ၏။ လုပ်ပြီးမှယဇ် ပူဇော်သောသူသည် နွားသငယ် ကို နမ်း စေဟု ဆို တတ်ကြ၏။
ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဥာဏ်ပညာ အားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကြ ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
3 ထိုကြောင့် ၊ သူတို့သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ကွယ်ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ၊ ကောက်နယ် တလင်းမှ လေဘွေ တိုက်သွားသော ဖွဲ ကဲ့သို့ ၎င်း ၊ မီးဖို ထဲက ထွက်သော မီးခိုး ကဲ့သို့ ၎င်း ဖြစ် ရကြ လိမ့်မည်။
ထိုကြောင့်၊ သူတို့သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့၎င်း၊ ကောက်နယ်တလင်းမှ လေဘွေတိုက်သွားသော ဖွဲကဲ့သို့ ၎င်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့၎င်း ဖြစ်ရကြလိမ့် မည်။
4 သို့ရာတွင် ၊ ငါ ထာဝရဘုရား သည် သင့်ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ်သောသင် ၏ဘုရား သခင်ဖြစ်၏။ ငါ မှတပါး အခြားသော ဘုရား သခင်ကို သင်မ သိ ပြီ။ ငါ မှတပါး ကယ်တင် နိုင်သော သခင်မ ရှိ။
သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်ကို သင်မသိ ပြီ။ ငါမှတပါး ကယ်တင်နိုင်သော သခင်မရှိ။
5 အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ၌ ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။
အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြော စွာ စားရကြ၏။
6 ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။
ဝသောအခါ ဝါကြွားသော စိတ်ရှိ၍ ငါ့ကို မေ့ လျော့ကြ၏။
7 ထိုကြောင့် ၊ သူ တို့၌ ငါသည် ခြင်္သေ့ ကဲ့သို့ ဖြစ် မည်။ လမ်း နားမှာ ချောင်းသော ကျားသစ် ကဲ့သို့ သူတို့ကို ချောင်းမြောင်း မည်။
ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ် မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။
8 သား ပျောက်သော ဝံ မကဲ့သို့ သူ တို့ကို ငါဆီးကြို၍၊ သူ တို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့ မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စား မည်။ တော သားရဲ ဖြစ်၍အပိုင်းပိုင်းဆွဲဖြတ် မည်။
သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍၊ သူတို့နှလုံး၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တော သားရဲဖြစ်၍ အပိုင်းပိုင်းဆွဲဖြတ်မည်။
9 အို ဣသရေလ ၊ သင့် ကို ကယ်တင် နိုင်သော အရှင် ငါ့ ကို သင် သည် ဆန့်ကျင် ဘက်ပြုသောကြောင့် အကျိုးနည်း ရှိ၏။
အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
10 ၁၀ သင် ၏ ရှင် ဘုရင်သည် အဘယ် မှာရှိသနည်း။ သင့် နေရာမြို့ ရှိသမျှ တို့၌ ကယ်တင် ပါစေသော။ သင် ၏ တရားသူကြီး တို့သည် အဘယ်မှာရှိကြသနည်း။
၁၀သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
11 ၁၁ ရှင်ဘုရင် နှင့် မင်း များကိုပေး ပါဟု သင် တောင်း သောကြောင့် ၊ ငါ အမျက် ထွက်၍ ရှင် ဘုရင်ကိုပေး ပြီ။ တဖန်ပြင်းစွာအမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ်ရှား ပြီ။
၁၁ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ် ရှားပြီ။
12 ၁၂ ဧဖရိမ် ပြုသောဒုစရိုက် ကို ငါထုပ် ထား၍ သူ ၏ အပြစ် ကို သိုမှီး ပြီ။
၁၂ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏ အပြစ်ကို သိုမှီးပြီ။
13 ၁၃ သူ သည် သားဘွား သော မိန်းမကဲ့သို့ဝေဒနာ ကို ခံရ ချိန်နီးပြီ။ မိုက် သောအမျိုးသား ဖြစ်၏။ သားဘွား ရာ ဝမ်းဝ၌ ကြာမြင့် စွာနေပါသည်တကား။
၁၃သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဘွားရာ ဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။
14 ၁၄ သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။ (Sheol h7585)
၁၄သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်း ကို ပမာဏမပြု။ (Sheol h7585)
15 ၁၅ မိမိ ညီအစ်ကို တို့တွင် အသီး များစွာသီးတတ် သော်လည်း ၊ အရှေ့ လေလာ လိမ့်မည်။ ထာဝရဘုရား ၏ လေ သည် တော မှ လာ ၍ သူ ၏စမ်းရေ တွင်းကို ခန်းခြောက် စေသဖြင့် ရေ ပြတ် လိမ့်မည်။ ဘဏ္ဍာ တိုက်၌ ရှိသမျှ သော တန်ဆာ အကောင်း အမြတ်တို့ကို ရန်သူလုယူ လိမ့်မည်။
၁၅မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ် သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏ လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသ မျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူ လိမ့်မည်။
16 ၁၆ ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။
၁၆ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ထားဖြင့် လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို၎င်း ခံရကြလိမ့်မည်။

< ဟောရှေ 13 >