< ဟဗက္ကုတ် 1 >

1 ပရောဖက် ဟဗက္ကုတ် ခံရ သော ဗျာဒိတ် တော် အချက်ဟူမူကား၊
ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော် အချက်ဟူမူကား၊
2 အို ထာဝရဘုရား ၊ ကိုယ်တော်သည် ကြား တော် မ မူဘဲ၊ အဘယ် မျှကာလ ပတ်လုံးအကျွန်ုပ်အော်ဟစ် ရပါ မည်နည်း။ ကယ်တင် တော်မ မူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ် ရပါမည်နည်း။
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။
3 မတရား သောအမှုကို အကျွန်ုပ် အား အဘယ်ကြောင့် ပြ တော်မူသနည်း။ အဓမ္မ အမှုကို အဘယ်ကြောင့် မြင် စေတော်မူသနည်း။ လုယူ ခြင်း၊ အနိုင် အထက်ပြုခြင်း အမှုသည် အကျွန်ုပ် ရှေ့ မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံ ခြင်း၊ ရန်တွေ့ ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြု ရပါသနည်း။
မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
4 သို့ဖြစ်၍ တရား လျော့ ပါ၏။ တရား သဖြင့် စီရင် ဆုံးဖြတ်ခြင်းမ ရှိ ပါ။ မ တရားသောသူတို့ သည် ဖြောင့်မတ် သောသူတို့ကို ဝိုင်း သောကြောင့် ၊ မ တရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။
သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။
5 သစ္စာပျက်သောသူတို့၊ ကြည့်ရှု ဆင်ခြင် ၍ အလွန်မှိုင်တွေ ကြလော့။ အကြောင်း မူကား၊ သင်တို့အား သူတပါး ပြ ညွှန်သော်လည်း သင်တို့မ ယုံ သော အမှုကို သင် တို့လက်ထက် ကာလ၌ ငါပြု ၏။
သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။
6 ပြင်းထန် လျင်မြန် သော ခါလဒဲ အမျိုး ကို ငါ နှိုးဆော် ၏။ ကိုယ် မ ပိုင်သော နေရာ အရပ်တို့ကို သိမ်း ယူ ခြင်းငှါ မြေ တပြင်လုံး ၌ ချီ သွားကြလိမ့်မည်။
ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။
7 အလွန်ကြောက်မက် ဘွယ်သောသူဖြစ်၍ကိုယ် အလိုအလျောက်တရား စီရင်ဆုံးဖြတ်ကြ၏။
အလွန်ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။
8 သူ တို့၏ မြင်း သည် ကျားသစ် ထက် လျင်မြန် ၏။ ညဉ့် ၌ လည်သော တောခွေး ထက် ကြမ်းတမ်း ၏။ မြင်းစီးသူရဲ တို့သည် အဝေး က လာ၍ ခုန် ကြလိမ့်မည်။ အကောင်ကို ကိုက်စား ခြင်းငှါ လျင်မြန် သော ရွှေလင်းတ ကဲ့သို့ ပျံ လာ ကြလိမ့်မည်။
သူတို့၏ မြင်းသည် ကျားသစ်ထက် လျင်မြန်၏။ ညဉ့်၌ လည်သော တောခွေးထက် ကြမ်းတမ်း၏။ မြင်းစီး သူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည်။
9 ထိုသူ အပေါင်း တို့သည် ညှဉ်းဆဲ ခြင်းငှါ လာ ကြ ၏။ ရှေ့ သို့ သာ မျက်နှာ ပြုသော အလုံး အရင်းဖြစ်၍၊ ဘမ်းမိ သောသူတို့ကို သဲ လုံးနှင့်အမျှ စုဝေး စေကြလိမ့်မည်။
ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ်၍၊ ဘမ်း မိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။
10 ၁၀ ရှင်ဘုရင် တို့ကို အား မနာ၊ မင်း များတို့ကို ပြက်ယယ်ပြု ကြလိမ့်မည်။ ရဲတိုက် ရှိသမျှ တို့ကို ကဲ့ရဲ့ လျက် ၊ မြေမှုန့် ကို ပုံ ထား၍ တိုက် ယူကြလိမ့်မည်။
၁၀ရှင်ဘုရင်တို့ကို အားမနာ၊ မင်းများတို့ကို ပြက် ယယ်ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက်၊ မြေ မှုန့်ကို ပုံထား၍ တိုက်ယူကြလိမ့်မည်။
11 ၁၁ ထိုနောက် ၊ သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး ၍ အပြစ်ခံရကြလိမ့်မည်။ မိမိ တို့ တန်ခိုး သည် မိမိ တို့ ဘုရား ဖြစ်လေသည်တကား။
၁၁ထိုနောက် သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး၍ အပြစ်ခံရကြလိမ့်မည်။ မိမိတို့ တန်ခိုးသည် မိမိတို့ ဘုရားဖြစ်လေသည်တကား။
12 ၁၂ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ဘုရား သခင်၊ သန့်ရှင်း တော်မူသောဘုရား၊ ကိုယ်တော် သည် နိစ္စ ထာဝရ တည်တော်မူသည်မ ဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေ ခြင်းနှင့် ကင်းလွတ် ကြပါမည်။ အိုထာဝရ ဘုရား ၊ အကျွန်ုပ်တို့ကို စစ်ကြော စေခြင်းငှါ သူ တို့ကို ခန့် ထားတော်မူပြီ။ အိုကျောက် ထရံ၊ ဆုံးမ စေခြင်းငှါ သူ တို့ကို နေရာ ချတော်မူပြီ။
၁၂အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အိုထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို စစ်ကြောခြင်းငှါ သူတို့ကို ခန့်ထား တော်မူပြီ။ အိုကျောက်ထရံ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ။
13 ၁၃ ကိုယ်တော်သည် ဒုစရိုက် ကို ကြည့်ရှု တော်မမူ။ သန့်ရှင်း သော မျက်စိ ရှိတော်မူ၏။ အဓမ္မ အမှုကို ကြည့်ရှု ၍ နေတော်မ မူတတ် ပါ။ သို့ဖြစ်၍ ၊ သစ္စာ ပျက်သောသူတို့ ကို အဘယ်ကြောင့် ကြည့်ရှု ၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိ ထက် ဖြောင့်မတ် သောသူကို ကိုက်စား သောအခါ ၊ အဘယ်ကြောင့်တိတ်ဆိတ် စွာ နေတော်မူသနည်း။
၁၃ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု ၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သော သူတို့ ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသော အခါ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။
14 ၁၄ လူ သတ္တဝါတို့ကိုလည်း ပင်လယ် ငါး ကဲ့သို့ ၎င်း ၊ မင်း မ ရှိသော ပိုး ကောင်ကဲ့သို့ ၎င်း အဘယ်ကြောင့်ဖြစ် စေတော်မူသနည်း။
၁၄လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့၎င်း၊ မင်းမရှိသော ပိုးကောင်ကဲ့သို့၎င်း အဘယ်ကြောင့် ဖြစ် စေတော်မူသနည်း။
15 ၁၅ ရန်သူသည် ထိုသူ အပေါင်း တို့ကို ငါးမျှား နှင့် မျှား လျက်၊ ကွန် နှင့် အုပ် လျက် ၊ ပိုက် နှင့် လှောင် လျက် ဝမ်းမြောက် ရွှင်လန်း တတ်၏။
၁၅ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှား လျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက် ဝမ်း မြောက်ရွှင်လန်းတတ်၏။
16 ၁၆ မိမိ ကွန် အား ယဇ် ပူဇော်၍ ၊ မိမိ ပိုက် အား နံ့သာပေါင်းကို မီးရှို့ တတ်၏။ အကြောင်း မူကား၊ ထို တန်ဆာအားဖြင့် ဥစ္စာ ရတတ်၍ ဝ စွာစားရ၏။
၁၆မိမိကွန်အား ယဇ်ပူဇော်၍၊ မိမိပိုက်အား နံ့သာ ပေါင်းကို မီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။
17 ၁၇ သို့ဖြစ်၍ ၊ သူ သည် ပိုက်ကွန် ထဲက ငါးတို့ကို သွန်းလောင်း ရပါမည်လော။ လူ အမျိုးမျိုးတို့ကို မ နှမြော ဘဲ အစဉ် လုပ်ကြံ ရပါမည်လော။
၁၇သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်း လောင်းရပါမည်လော။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။

< ဟဗက္ကုတ် 1 >