< ကမ္ဘာ​ဦး 43 >

1 ခါနာန်ပြည် ၌ အလွန် အစာခေါင်းပါး သည် ဖြစ်၍၊
ခါနာန်ပြည်၌ အလွန်အစာခေါင်းပါးသည် ဖြစ်၍၊
2 အဲဂုတ္တု ပြည်မှ ဆောင် ခဲ့သောစပါး ကို စား ကုန် ပြီးမှ၊ အဘ က၊ တဖန်သွား ၍ ငါ တို့စား စရာအနည်း ငယ်ကို ဝယ် ကြပါဦးဟုဆို ၏။
အဲဂုတ္တုပြည်မှ ဆောင်ခဲ့သောစပါးကို စားကုန် ပြီးမှ၊ အဘက၊ တဖန်သွား၍ ငါတို့စားစရာအနည်းငယ်ကို ဝယ်ကြပါဦးဟုဆို၏။
3 ယုဒ ကလည်း၊ ထိုသူ သည် ကျွန်ုပ် တို့ကို ကျပ်ကျပ်ခြိမ်းချောက် လျက်၊ သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီ။
ယုဒကလည်း၊ ထိုသူသည် ကျွန်ုပ်တို့ကို ကျပ်ကျပ် ခြိမ်းချောက်လျက်၊ သင်တို့ညီမပါလျှင် ငါ့မျက်နှာကို မမြင်ရဟု ပြောထားပြီ။
4 ကျွန်ုပ် တို့ညီ ကို ထည့် လျှင် သွား ၍ အဘ စား ဘို့ရာ ဝယ် ပါမည်။
ကျွန်ုပ်တို့ညီကို ထည့်လျှင်သွား၍ အဘစားဘို့ ရာ ဝယ်ပါမည်။
5 ညီကို မ ထည့် လျှင် မသွား ပါ၊ အကြောင်း မူကား၊ ထိုသူ က သင် တို့ညီ မ ပါ လျှင် ငါ့ မျက်နှာ ကို မ မြင် ရဟု ပြော ထားပြီဟု အဘအား ပြန်ဆိုလေ၏။
ညီကို မထည့်လျှင် မသွားပါ၊ အကြောင်းမူကား၊ ထိုသူက သင်တို့ညီမပါလျှင် ငါ့မျက်နှာ ကို မမြင်ရဟု ပြောထားပြီဟု အဘအား ပြန်ဆိုလေ၏။
6 ဣသရေလ ကလည်း ၊ သင် တို့၌ ညီ ရှိမှန်းကို ထိုသူ အား ပြော ၍ အဘယ်ကြောင့် ငါ့ ကို ညှဉ်းဆဲ ကြ သနည်းဟုဆိုသော်၊
ဣသရေလကလည်း၊ သင်တို့၌ ညီရှိမှန်းကို ထိုသူအားပြော၍ အဘယ်ကြောင့် ငါ့ကို ညှဉ်းဆဲကြ သနည်းဟုဆိုသော်၊
7 သူတို့က၊ ထိုသူ သည် ကျွန်ုပ် တို့၏အကြောင်း အရာ အမျိုးအနွယ် တို့ကို ကျပ်ကျပ်မေး လျက် ၊ သင် တို့အဘ အသက် ရှင်သေး သလော၊ ညီ ရှိ သေးသလောဟုမေးသောအခါ၊ ကျွန်ုပ်တို့သည် သူ ၏စကား သဘောသို့ လိုက်၍ ပြန် ပြောရပါ၏။ သင် တို့ညီ ကို ဆောင် ခဲ့ကြဟု သူပြော မည် ကို ကျွန်ုပ်တို့သည် အမှန်သိ နိုင်ပါသလောဟု ဆို ကြ၏။
သူတို့က၊ ထိုသူသည် ကျွန်ုပ်တို့၏အကြောင်းအရာ အမျိုးအနွယ်တို့ကို ကျပ်ကျပ်မေးလျက်၊ သင်တို့အဘ အသက်ရှင်သေးသလော၊ ညီရှိသေးသလောဟု မေးသော အခါ၊ ကျွန်ုပ်တို့သည် သူ၏စကားသဘောသို့ လိုက်၍ ပြန်ပြောရပါ၏။ သင်တို့ညီကို ဆောင်ခဲ့ကြဟု သူပြောမည် ကို ကျွန်ုပ်တို့သည် အမှန်သိနိုင်ပါသလောဟု ဆိုကြ၏။
8 ယုဒ ကလည်း၊ သူငယ် ကို ကျွန်ုပ် နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင်အဘမှစ၍ကျွန်ုပ် တို့နှင့် သူငယ် များတို့ သည် မ သေ ၊ အသက် ရှင်မည်အကြောင်း ၊ ကျွန်ုပ်တို့ ထ ၍ သွား ကြပါမည်။
ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူ လွှတ် ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့ သည် မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ ထ၍ သွားကြပါမည်။
9 ကျွန်ုပ်သည် သူ ၏အာမခံ ဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ ကို တောင်း ပါ။ သူ့ ကိုပြန်၍မ ဆောင် အဘ ရှေ့ မှာ မထား လျှင် ၊ အစဉ် မပြတ်အပြစ် ကိုခံ ပါစေ။
ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ် တွင် သူ့ကို တောင်းပါ။သူ့ကိုပြန်၍မဆောင် အဘရှေ့မှာ မထားလျှင်၊ အစဉ်မပြတ် အပြစ်ကို ခံပါစေ။
10 ၁၀ ဤမျှလောက်မ ဖင့်နွှဲ့ လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန် ရောက်ပါပြီဟု အဘ ဣသရေလ အား ဆို ၏။
၁၀ဤမျှလောက်မဖင့်နွှဲ့လျှင်၊ အကယ်၍ ဒုတိယ အကြိမ်တွင် ပြန်ရောက်ပါပြီဟု အဘဣသရေလအား ဆို၏။
11 ၁၁ အဘ ဣသရေလ ကလည်း၊ သို့ဖြစ်လျှင် ဤသို့ ပြု ကြလော့။ ထိုသူ အား ဆက် စရာဘို့ သင် တို့အိတ် ဝတို့တွင် ခါနာန်ပြည် ၏ အသီးမျိုးအကောင်းဆုံး တည်းဟူသောဗလစံစေး အနည်းငယ် ၊ ပျားရည် အနည်းငယ် ၊ နံ့သာ မျိုး၊ မုရန်စေး ၊ သစ်အယ်သီး ၊ ဗာတံသီး တို့ကို ယူ ကြလော့။
၁၁အဘဣသရေလကလည်း၊ သို့ဖြစ်လျှင် ဤသို့ပြုကြ လော့။ ထိုသူအား ဆက်စရာဘို့ သင်တို့အိတ်ဝတို့တွင် ခါနာန်ပြည်၏ အသီးမျိုးအကောင်းဆုံးတည်းဟူသော ဗလစံစေး အနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကို ယူကြလော့။
12 ၁၂ သင် တို့လက် ၌ ငွေ နှစ်ဆ ကိုလည်း ယူ ကြလော့။ အိတ် ဝ တွင် ဆောင် ခဲ့သောငွေ ကို တဖန်လက် ၌ ဆောင် သွား ကြဦးလော့။ ထို အမှုသည် သတိ လစ်သောအမှု ဖြစ် ဟန်ရှိ၏။
၁၂သင်တို့လက်၌ ငွေနှစ်ဆကိုလည်း ယူကြလော့။အိတ်ဝတွင် ဆောင်ခဲ့သောငွေကို တဖန်လက်၌ ဆောင် သွားကြဦးလော့။ ထိုအမှုသည် သတိလစ်သောအမှု ဖြစ်ဟန်ရှိ၏။
13 ၁၃ သင် တို့ညီ ကိုလည်း ယူ ၍ တဖန် ထိုသူ ထံ သို့ ထ သွား ကြလော့။
၁၃သင်တို့ညီကိုလည်းယူ၍ တဖန် ထိုသူထံသို့ ထသွားကြလော့။
14 ၁၄ ထိုသူသည် သင် တို့အစ်ကိုတယောက်နှင့် ဗင်္ယာမိန် ကို လွှတ် လိုက်မည်အကြောင်း ၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တ တန်ခိုးရှင်ဘုရား သခင် ပေး တော်မူပါစေသော။ သို့ရာတွင် ငါ သည် သား ဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
၁၄ထိုသူသည် သင်တို့ အစ်ကိုတယောက်နှင့် ဗင်္ယာမိန်ကို လွှတ်လိုက်မည်အကြောင်း၊ သင်တို့သည် သူ့စိတ်နှင့်တွေ့ရသောအခွင့်ကို အနန္တတန်ခိုးရှင် ဘုရား သခင်ပေးတော်မူပါစေသော။ သို့ရာတွင် ငါသည် သားဆုံးခြင်းကိုခံရလျှင် ခံရတော့မည်ဟု သားတို့အား ဆိုသည်အတိုင်း၊
15 ၁၅ သူ တို့သည် ထိုလက်ဆောင် ကို၎င်း၊ မိမိ လက် ၌ ငွေ နှစ် ဆကို၎င်း ၊ ဗင်္ယာမိန် ကို၎င်း ၊ ယူ ၍ထ ပြီးလျှင် ၊ အဲဂုတ္တု ပြည်သို့သွား ၍ ယောသပ် ရှေ့မှာ ရပ် နေကြ၏။
၁၅သူတို့သည် ထိုလက်ဆောင်ကို၎င်း၊ မိမိလက်၌ ငွေနှစ်ဆကို၎င်း၊ ဗင်္ယာမိန်ကို၎င်း၊ ယူ၍ထပြီးလျှင်၊ အဲဂုတ္တုပြည်သို့သွား၍ ယောသပ်ရှေ့မှာ ရပ်နေကြ၏။
16 ၁၆ သူ တို့နှင့်အတူ ဗင်္ယာမိန် ပါလာသည်ကို ယောသပ် မြင် လျှင် ၊ ဝန် စာရေးကိုခေါ် ၍ ၊ ဤသူ တို့ကို အိမ် သို့ ခေါ် သွားလော့။ အကောင် များကိုသတ် ၍ စားစရာကို ပြင်ဆင် လော့။ သူတို့သည် ငါ နှင့်အတူ မွန်းတည့် စာကို စား ရကြလိမ့်မည်ဟု မှာ ထားသည် အတိုင်း၊
၁၆သူတို့နှင့်အတူ ဗင်္ယာမိန်ပါလာသည်ကို ယောသပ်မြင်လျှင်၊ ဝန်စာရေးကိုခေါ်၍၊ ဤသူတို့ကို အိမ်သို့ခေါ်သွားလော့။ အကောင်များကို သတ်၍ စားစရာကို ပြင်ဆင်လော့။ သူတို့သည် ငါနှင့်အတူ မွန်းတည့်စာကို စားရကြလိမ့်မည်ဟု မှာထားသည် အတိုင်း၊
17 ၁၇ ဝန် စာရေးပြု ၍ ၊ သူ တို့ကို ယောသပ် အိမ် သို့ ခေါ် သွား၏။
၁၇ဝန်စာရေးပြု၍၊ သူတို့ကို ယောသပ်အိမ်သို့ ခေါ် သွား၏။
18 ၁၈ ယောသပ် အိမ် သို့ ခေါ်သွား သောအခါ ၊ သူတို့ သည် ငါ တို့အိတ် ၌ ယမန် ပြန်ပေး သောငွေ ကြောင့် ခေါ်သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံ စေ၍ ၊ မြည်း တို့ကို သိမ်း လိမ့်မည်ဟု ဆို ကြပြီးလျှင်၊
၁၈ယောသပ်အိမ်သို့ ခေါ်သွားသောအခါ၊ သူတို့ သည် ငါတို့အိတ်၌ ယမန်ပြန်ပေးသောငွေကြောင့် ခေါ် သွင်းပြီ။ သူသည်အမှုရှာလိမ့်မည်။ ငါတို့ကို အပြစ်ပြု သဖြင့် ကျွန်ခံစေ၍၊ မြည်းတို့ကို သိမ်းလိမ့်မည်ဟု ဆိုကြပြီးလျှင်၊
19 ၁၉ ယောသပ် ၏ ဝန်စာရေး အနီးသို့ ချဉ်းကပ် ၍ အိမ် တံခါး နားမှာ နှုတ်ဆက် လျက်၊
၁၉ယောသပ်၏ ဝန်စာရေးအနီးသို့ ချဉ်းကပ်၍ အိမ်တံခါးနားမှာ နှုတ်ဆက်လျက်၊
20 ၂၀ သခင် ၊ ယမန် က အကျွန်ုပ် တို့သည် အစာ ကို ဝယ် ခြင်းငှါ အမှန်လာ ပါ၏။
၂၀သခင်၊ ယမန်က အကျွန်ုပ်တို့သည် အစာကို ဝယ်ခြင်းငှါ အမှန်လာပါ၏။
21 ၂၁ စားခန်း သို့ ရောက် ၍ အိတ် များကိုဖွင့် သောအခါ ၊ လူ တိုင်းဆိုင်သောငွေ သည် အလျှင်းမလျော့ဘဲ အိတ် ဝ တွင် ရှိပါ၏။ ထို ငွေ ကို တဖန် ဆောင် ခဲ့ကြပါပြီ။
၂၁စားခန်းသို့ရောက်၍ အိတ်များကိုဖွင့်သောအခါ၊ လူတိုင်းဆိုင်သောငွေသည် အလျှင်းမလျော့ဘဲ အိတ်ဝ တွင် ရှိပါ၏။ ထိုငွေကို တဖန် ဆောင်ခဲ့ကြပါပြီ။
22 ၂၂ ယခုလည်းအစာ ကို ဝယ် ခြင်းငှါ အခြား သော ငွေ ကို ကိုယ် ၌ ဆောင် ခဲ့ကြပါ၏။ ထိုငွေ ကို အကျွန်ုပ် တို့ အိတ် များ၌ အဘယ်သူ ထား သည်ကို မ သိ နိုင်ပါဟု ဆို ကြသော်၊
၂၂ယခုလည်းအစာကို ဝယ်ခြင်းငှါအခြားသော ငွေကို ကိုယ်၌ဆောင်ခဲ့ကြပါ၏။ ထိုငွေကို အကျွန်ုပ်တို့ အိတ်များ၌ အဘယ်သူထားသည်ကို မသိနိုင်ပါဟု ဆိုကြ သော်၊
23 ၂၃ ဝန်စာရေးက၊ ချမ်းသာ ပါစေ၊ မ စိုးရိမ် ကြနှင့်။ သင် တို့ဘုရားသခင် ၊ သင် တို့၏အဘ ဘုရားသခင် သည် သင် တို့အိတ် များ၌ ဘဏ္ဍာ ကိုသနား တော်မူပြီ။ သင် တို့ငွေ ကို ငါ ခံရ ပြီဟုဆို သဖြင့် ၊ ရှိမောင် ကိုထုတ် ၍ အပ်လိုက် လေ၏။
၂၃ဝန်စာရေးက၊ ချမ်းသာပါစေ၊ မစိုးရိမ်ကြနှင့်။ သင်တို့ဘုရားသခင်၊ သင်တို့၏အဘ ဘုရားသခင်သည် သင်တို့အိတ်များ၌ ဘဏ္ဍာကိုသနားတော်မူပြီ။ သင်တို့ ငွေကို ငါခံရပြီဟုဆိုသဖြင့်၊ ရှိမောင်ကိုထုတ်၍ အပ်လိုက် လေ၏။
24 ၂၄ ယောသပ် အိမ် သို့ သွင်းပြီးမှ ၊ ဝန်စာရေးသည် ရေ ကို ပေး ၍ ခြေ ဆေး စေ၏။ မြည်း တို့ကိုလည်း ကျွေး လေ၏။
၂၄ယောသပ်အိမ်သို့သွင်းပြီးမှ၊ ဝန်စာရေးသည် ရေကို ပေး၍ ခြေဆေးစေ၏။ မြည်းတို့ကိုလည်း ကျွေး လေ၏။
25 ၂၅ မွန်းတည့် ချိန်၌ ယောသပ် လာ လိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင် ကို ပြင် နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာ ကိုစား ရလိမ့်မည်ဟု သူတို့ သည် ကြား လေသတည်း။
၂၅မွန်းတည့်ချိန်၌ ယောသပ်လာလိမ့်မည်ဟု သူတို့သည် မြော်လင့်၍ လက်ဆောင်ကိုပြင်နှင့်ကြ၏။ ထိုအိမ်၌ သူတို့သည် အစာကိုစားရလိမ့်မည်ဟု သူတို့ သည် ကြားလေသတည်း။
26 ၂၆ ယောသပ် သည် အိမ် သို့ ရောက် သောအခါ ၊ သူတို့သည် ကိုယ် ၌ ပါ သောလက်ဆောင် ကို အိမ် ထဲ ယောသပ် ထံ သို့သွင်း ၍ သူ့ရှေ့ မှာဦးညွှတ် ချလျက် နေကြ၏။
၂၆ယောသပ်သည် အိမ်သို့ရောက်သောအခါ၊ သူတို့သည် ကိုယ်၌ပါသော လက်ဆောင်ကို အိမ်ထဲ ယော သပ်ထံသို့သွင်း၍ သူ့ရှေ့မှာဦးညွှတ်ချလျက် နေကြ၏။
27 ၂၇ ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင် တို့အဘ တည်းဟူသောသင်တို့အရင်ပြော သော အသက်ကြီး သူ သည် ကျန်းမာ ပါ၏လော။ အသက် ရှင်သေး၏လောဟု မေး လျှင်၊
၂၇ယောသပ်သည် နှုတ်ဆက်ပြီးလျှင်၊ သင်တို့အဘ တည်းဟူသော သင်တို့အရင်ပြောသော အသက်ကြီးသူ သည် ကျန်းမာပါ၏လော။ အသက်ရှင်သေး၏လောဟု မေးလျှင်၊
28 ၂၈ သူတို့က၊ ကိုယ်တော် ကျွန် ၊ ကျွန်တော် တို့အဘ သည် ကျန်းမာ ပါ၏၊ အသက် ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ် ချ၍ ရှိခိုးလျက် နေကြ ၏။
၂၈သူတို့က၊ ကိုယ်တော်ကျွန်၊ ကျွန်တော်တို့အဘ သည် ကျန်းမာပါ၏၊ အသက်ရှင်ပါသေး၏ဟု လျှောက် လျက်၊ ဦးညွှတ်ချ၍ ရှိခိုးလျက်နေကြ ၏။
29 ၂၉ ထိုအခါ ယောသပ် သည် မြော် ကြည့် ၍ မိမိ အမိ ၏သား ၊ မိမိ ညီ ရင်းဗင်္ယာမိန် ကိုမြင် လျှင် ၊ ဤ သူကား သင်တို့အရင်ပြော သော သင် တို့ညီ ဖြစ်သလောဟုမေး လျက်၊ သင့် ကို ဘုရားသခင် ကယ် မသနားတော်မူပါစေသော ငါ့ သား ဟု ဆို ပြီးမှ၊
၂၉ထိုအခါ ယောသပ်သည် မြော်ကြည့်၍ မိမိအမိ ၏သား၊ မိမိညီရင်းဗင်္ယာမိန်ကိုမြင်လျှင်၊ ဤသူကား သင်တို့အရင်ပြောသော သင်တို့ညီဖြစ်သလောဟု မေးလျက်၊ သင့်ကို ဘုရားသခင် ကယ်မသနားတော်မူပါ စေသော ငါ့သားဟု ဆိုပြီးမှ၊
30 ၃၀ ညီ ရင်းကိုမြင်ရ၍ ကြင်နာ သောစိတ် ရှိသောကြောင့် အလျင်အမြန် ထသွား လေ၏။ ငို ရာအရပ်ကို ရှာ သဖြင့် ၊ အိပ် ခန်းထဲ သို့ဝင် ၍ ငို လေ၏။
၃၀ညီရင်းကိုမြင်ရ၍ ကြင်နာသော စိတ်ရှိသော ကြောင့် အလျင်အမြန်ထသွားလေ၏။ ငိုရာအရပ်ကို ရှာသဖြင့်၊ အိပ်ခန်းထဲသို့ဝင်၍ ငိုလေ၏။
31 ၃၁ တဖန် မျက်နှာ ကိုသစ် ၍ ဣန္ဒြေချုပ်တည်း လျက် ပြင်သို့ထွက် ပြီးလျှင် ၊ စားပွဲ ကို ပြင် ကြဟု အမိန့် ရှိ၏။
၃၁တဖန် မျက်နှာကိုသစ်၍ ဣန္ဒြေချုပ်တည်းလျက် ပြင်သို့ထွက်ပြီးလျှင်၊ စားပွဲကို ပြင်ကြဟု အမိန့်ရှိ၏။
32 ၃၂ ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့် စား သော အဲဂုတ္တု လူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင် ကြ၏။ အဲဂုတ္တု လူတို့သည် ဟေဗြဲ လူတို့နှင့်အတူ မ စား ရ၊ ထို အမှုကို အဲဂုတ္တု လူတို့သည် ရွံ့ တတ်ကြ၏။
၃၂ယောသပ်ဘို့တပွဲ၊ အစ်ကိုတို့ဘို့တပွဲ၊ ယောသပ် နှင့်စားသော အဲဂုတ္တုလူတို့ ဘို့တပွဲ အသီးအသီးတို့ကို ပြင်ကြ၏။ အဲဂုတ္တုလူတို့သည် ဟေဗြဲလူတို့နှင့်အတူ မစားရ၊ ထိုအမှုကို အဲဂုတ္တုလူတို့သည် ရွံ့တတ်ကြ၏။
33 ၃၃ ညီအစ်ကိုတို့သည် အကြီး မှစ၍ အငယ် တိုင်အောင်အရွယ် အလိုက် ယောသပ် ရှေ့ မှာ ထိုင် နေကြ၏။ သူတို့သည် အချင်းချင်း ကြည့်ရှု၍ အံ့ဩ ခြင်းရှိကြ၏။
၃၃ညီအစ်ကိုတို့သည် အကြီးမှစ၍ အငယ်တိုင်အောင် အရွယ်အလိုက် ယောသပ်ရှေ့မှာ ထိုင်နေကြ၏။ သူတို့သည် အချင်းချင်းကြည့်ရှု၍ အံ့ဩခြင်းရှိကြ၏။
34 ၃၄ ယောသပ်သည်လည်း သူ တို့စားရန်အဘို့ အသီးအသီး တို့ကို မိမိ ထံ မှပေး လိုက်၏။ ဗင်္ယာမိန် ရသောအဘို့ သည် အစ်ကို တို့ရသောအဘို့ ထက် ငါး ဆ များ သတည်း။ သူတို့သည်သောက် ၍ ပျော်မွေ့ ခြင်းသို့ ရောက်ကြ၏။
၃၄ယောသပ်သည်လည်း သူတို့စားရန်အဘို့ အသီး အသီးတို့ကို မိမိထံမှပေးလိုက်၏။ ဗင်္ယာန်မိန်ရသော အဘို့သည် အစ်ကိုတို့ရသောအဘို့ထက် ငါးဆများသတည်း။သူတို့သည်သောက်၍ ပျော်မွေ့ခြင်းသို့ ရောက်ကြ၏။

< ကမ္ဘာ​ဦး 43 >