< ကမ္ဘာ​ဦး 42 >

1 အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ယာကုပ် ကြား သိလျှင် ၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု ၍ နေကြသနည်း။
အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ယာကုပ် ကြားသိလျှင်၊ သင်တို့သည် အဘယ်ကြောင့် တယောက်ကို တယောက် ကြည့်ရှု၍ နေကြသနည်း။
2 အဲဂုတ္တု ပြည်၌ စပါး ရှိ ကြောင်း ကို ငါကြား ရပြီ။ ငါတို့သည်မ သေ အသက်ရှင် မည်အကြောင်း ၊ ထို ပြည်သို့ သွား ၍ ငါ တို့အဘို့ ကို ဝယ် ကြလော့ဟု မိမိ သား တို့အား ဆို သည်အတိုင်း၊
အဲဂုတ္တုပြည်၌ စပါးရှိကြောင်းကို ငါကြားရပြီ။ ငါတို့သည်မသေ အသက်ရှင်မည်အကြောင်း၊ ထိုပြည်သို့ သွား၍ ငါတို့အဘို့ကို ဝယ်ကြလော့ဟု မိမိသားတို့အား ဆိုသည်အတိုင်း၊
3 ယောသပ် ၏ အစ်ကို တကျိပ် တို့သည် စပါး ကို ဝယ် ခြင်းငှါ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
ယောသပ်၏ အစ်ကိုတကျိပ်တို့သည် စပါးကို ဝယ်ခြင်းငှါ အဲဂုတ္တုပြည်သို့ သွားကြ၏။
4 ယောသပ် ၏ညီ ဗင်္ယာမိန် ကိုကား အစ်ကို တို့နှင့်အတူ ယာကုပ် သည်မ စေ မလွှတ်။ အကြောင်း မူကား၊ သူ ၌ ဘေး ရောက် ကောင်းရောက်လိမ့်မည်ဟု စိုးရိမ် သတည်း။
ယောသပ်၏ညီ ဗင်္ယာမိန်ကိုကား အစ်ကိုတို့နှင့် အတူ ယာကုပ်သည်မစေမလွှတ်။ အကြောင်းမူကား၊ သူ၌ ဘေးရောက်ကောင်းရောက်လိမ့်မည်ဟု စိုးရိမ်သတည်း။
5 ထိုအခါ ခါနာန် ပြည် ၌ အစာခေါင်းပါး သောကြောင့် ၊ အဲဂုတ္တုပြည်သို့ရောက်လာ သောသူတို့ တွင်၊ ဣသရေလ သား တို့သည် စပါးကိုဝယ် ခြင်းငှါ လာ ကြ၏။
ထိုအခါ ခါနာန်ပြည်၌ အစာခေါင်းပါးသော ကြောင့်၊ အဲဂုတ္တုပြည်သို့ရောက်လာသော သူတို့တွင်၊ ဣသရေလသားတို့သည် စပါးကိုဝယ်ခြင်းငှါ လာကြ၏။
6 ယောသပ် သည် နိုင်ငံ အုပ်ဖြစ်၍ပြည်သား အပေါင်း တို့အား ရောင်း သောအမှုကို စီရင်လေ၏။ ယောသပ် အစ်ကို တို့သည်လာ ၍ သူ့ ရှေ့ မှာ ဦးညွှတ် ချကြ၏။
ယောသပ်သည် နိုင်ငံအုပ်ဖြစ်၍ ပြည်သား အပေါင်းတို့အား ရောင်းသောအမှုကို စီရင်လေ၏။ ယော သပ်အစ်ကိုတို့သည်လာ၍ သူ့ရှေ့မှာ ဦးညွှတ်ချကြ၏။
7 ယောသပ် သည် အစ်ကို တို့ကိုမြင် လျှင် သိ ၏။ သို့သော်လည်း မ သိဟန်ဆောင်၍ ကြမ်းတမ်း စွာ ပြော လျက် ၊ သင်တို့သည် အဘယ် က လာ ကြသနည်းဟုမေး ၏။ သူတို့ကလည်း၊ အစာ ကိုဝယ် ခြင်းငှါ ခါနာန် ပြည် က လာကြပါသည် ဟုလျှောက် ကြ၏။
ယောသပ်သည် အစ်ကိုတို့ကိုမြင်လျှင်သိ၏။ သို့သော်လည်း မသိဟန်ဆောင်၍ ကြမ်းတမ်းစွာ ပြော လျက်၊ သင်တို့သည် အဘယ်ကလာကြသနည်းဟု မေး၏။ သူတို့ကလည်း၊ အစာကိုဝယ်ခြင်းငှါ ခါနာန်ပြည်က လာကြပါသည် ဟုလျှောက်ကြ၏။
8 ယောသပ် သည် အစ်ကို တို့ကိုသိ သော်လည်း ၊ သူ တို့သည် ယောသပ် ကို မ သိ ကြ။
ယောသပ်သည် အစ်ကိုတို့ကိုသိသော်လည်း၊ သူတို့သည် ယောသပ်ကို မသိကြ။
9 ယောသပ် သည် သူ တို့အကြောင်း နှင့် မြင် ရသောအိပ်မက် တို့ကို အောက်မေ့ လျက် ၊ သင် တို့သည် သူလျှို ဖြစ်ကြ၏။ ပြည် တော်၌ အားနည်း သောအရပ်ကို ကြည့်ရှု ခြင်းငှါ လာ ကြပြီဟုဆိုလျှင်၊
ယောသပ်သည် သူတို့အကြောင်းနှင့် မြင်ရသော အိပ်မက်တို့ကို အောက်မေ့လျက်၊ သင်တို့သည် သူလျှို ဖြစ်ကြ၏။ ပြည်တော်၌ အားနည်းသောအရပ်ကို ကြည့်ရှု ခြင်းငှါ လာကြပြီဟုဆိုလျှင်၊
10 ၁၀ သူ တို့က၊ မဟုတ် ပါသခင်။ ကိုယ်တော် ၏ကျွန် တို့ သည် အစာ ကို ဝယ် ခြင်းငှါ သာ လာ ကြပါ၏။
၁၀သူတို့က၊ မဟုတ်ပါသခင်။ ကိုယ်တော်၏ကျွန်တို့ သည် အစာကို ဝယ်ခြင်းငှါသာ လာကြပါ၏။
11 ၁၁ ကျွန်တော် တို့သည် တယောက် တည်းသောသူ ၏ သား ဖြစ်ကြပါ၏။ ဖြောင့်မတ် သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော် ၏ကျွန် တို့သည် သူလျှို မ ဟုတ်ပါဟု လျှောက် ကြ၏။
၁၁ကျွန်တော်တို့သည် တယောက်တည်းသောသူ၏ သားဖြစ်ကြပါ၏။ ဖြောင့်မတ်သောသူလည်း ဖြစ်ကြပါ၏။ ကိုယ်တော်၏ကျွန်တို့သည် သူလျှိုမဟုတ်ပါဟု လျှောက် ကြ၏။
12 ၁၂ ယောသပ်ကလည်း၊ မ ဟုတ်ဘူး။ ပြည် တော်၌ အားနည်း သော အရပ်ကိုကြည့်ရှု ခြင်းငှါ လာ ကြပြီဟု ဆို ပြန်၏။
၁၂ယောသပ်ကလည်း၊ မဟုတ်ဘူး။ ပြည်တော်၌ အားနည်းသော အရပ်ကိုကြည့်ရှုခြင်းငှါ လာကြပြီဟု ဆိုပြန်၏။
13 ၁၃ သူတို့ကလည်း၊ ကိုယ်တော် ကျွန် တို့သည် ခါနာန် ပြည် ၌ တ ယောက်တည်းသောသူ ၏သား ၊ ညီအစ်ကို တကျိပ် နှစ် ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံး သောသူကား အဘ နှင့်အတူ ယခု ရှိရစ်ပါ၏။ တ ယောက်ကားမ ရှိပါဟု လျှောက် ပြန်လျှင်၊
၁၃သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့သည် ခါနာန် ပြည်၌ တယောက်တည်းသောသူ၏သား၊ ညီအစ်ကို တကျိပ်နှစ်ယောက် ဖြစ်ကြပါ၏။ အငယ်ဆုံးသောသူကား အဘနှင့်အတူ ယခုရှိရစ်ပါ၏။ တယောက်ကားမရှိပါဟု လျှောက်ပြန်လျှင်၊
14 ၁၄ ယောသပ် က၊ သင် တို့သည် သူလျှို ဖြစ်ကြ၏ဟု ငါဆိုသည် အရာ မှာ၊
၁၄ယောသပ်က၊သင်တို့သည် သူလျှိုဖြစ်ကြ၏ဟု ငါဆိုသည်အရာမှာ၊
15 ၁၅ သင်တို့ကို အဘယ်သို့စုံစမ်း ရမည်နည်းဟူမူကား ၊ အငယ် ဆုံးသောညီ မ လာ လျှင်၊ ဖါရော ဘုရင် အသက် ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤ အရပ်မှ မ ထွက် မသွားရ။
၁၅သင်တို့ကို အဘယ်သို့ စုံစမ်းရမည်နည်းဟူမူ ကား၊ အငယ်ဆုံးသောညီ မလာလျှင်၊ ဖါရောဘုရင် အသက်ရှင်တော်မူသည်အတိုင်း သင်တို့သည် ဤအရပ်မှ မထွက်မသွားရ။
16 ၁၆ သင် တို့စကား မှန် သည်မမှန်သည်ကို စုံစမ်း ၍ သိစေခြင်းငှါ သင် တို့တွင် တ ယောက်သောသူကို စေလွှတ် ၍ ညီ ကိုဆောင် ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင် ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရော ဘုရင် အသက် ရှင်တော်မူ သည်အတိုင်း၊ အကယ်စင်စစ်သင် တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
၁၆သင်တို့စကား မှန်သည်မမှန်သည်ကို စုံစမ်း၍ သိစေခြင်းငှါ သင်တို့တွင် တယောက်သောသူကို စေလွှတ် ၍ ညီကိုဆောင်ခဲ့စေ။ ကြွင်းသောသူတို့ကို ထောင်ထဲမှာ ချထားမည်။ သို့မဟုတ် ဖါရောဘုရင် အသက်ရှင်တော် မူသည်အတိုင်း၊ အကယ်စင်စစ် သင်တို့သည် သူလျှို ဖြစ်ကြ၏ဟုဆိုပြီးလျှင်၊
17 ၁၇ အစ်ကို အပေါင်းတို့ကို သုံး ရက် ချုပ် ထားလေ၏။
၁၇အစ်ကိုအပေါင်းတို့ကို သုံးရက်ချုပ်ထားလေ၏။
18 ၁၈ သုံး ရက်မြောက်သောနေ့ ၌ ယောသပ် သည် သူ တို့ကိုခေါ် ၍ ၊ ငါ သည် ဘုရားသခင် ကို ကြောက်ရွံ့ သောသူဖြစ် ၏။ သို့ဖြစ်၍သင်တို့သည် အသက် ချမ်းသာစေခြင်းငှါပြု ရသောအမှုဟူမူကား၊
၁၈သုံးရက်မြောက်သောနေ့၌ ယောသပ်သည် သူတို့ကိုခေါ်၍၊ ငါသည် ဘုရားသခင်ကို ကြောက်ရွံ့သော သူဖြစ်၏။ သို့ဖြစ်၍ သင်တို့သည် အသက်ချမ်းသာစေ ခြင်းငှါ ပြုရသောအမှုဟူမူကား၊
19 ၁၉ သင် တို့သည် ဖြောင့်မတ် သောသူမှန်လျှင် ၊ သင် တို့ညီအစ်ကို တို့တွင် တစုံတယောက် ကို ထောင် အိမ် ၌ အချုပ် ခံလျက်နေစေပြီးလျှင်၊ ကြွင်းသောသူတို့ မူကား သွား ကြလော့။ အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့်စပါး ကိုယူ ၍ သွားကြလော့။
၁၉သင်တို့သည် ဖြောင့်မတ်သောသူမှန်လျှင်၊ သင်တို့ညီအစ်ကိုတို့တွင် တစုံတယောက်ကို ထောင်အိမ်၌ အချုပ်ခံလျက်နေစေပြီးလျှင်၊ ကြွင်းသော သူတို့မူကား သွားကြလော့။ အိမ်သူအိမ်သားတို့၌ အစာခေါင်းပါး သောကြောင့် စပါးကိုယူ၍သွားကြလော့။
20 ၂၀ အငယ်ဆုံး သောညီကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင် သင် တို့စကား မှန် လိမ့်မည်။ သင်တို့အသက်လည်း ချမ်းသာ ရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြု ကြ၏။
၂၀အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့စကားမှန်လိမ့်မည်။ သင်တို့ အသက်လည်း ချမ်းသာရလိမ့်မည်ဟုဆိုသည်အတိုင်း သူတို့သည်ပြုကြ၏။
21 ၂၁ ထိုအခါ သူတို့အချင်းချင်း ဆို ကြသည်ကား၊ အကယ်စင်စစ်ငါ တို့ သည် ညီ ၏အမှု၌ အပြစ် ကြီးကြ၏။ သူ သည် ငါ တို့ကိုတောင်းပန် သောအခါ ၊ သူ့ စိတ် ဆင်းရဲ ခြင်းကို ငါတို့သည် မြင် လျက်နှင့် နား မ ထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါ တို့အပေါ် မှာ ယခု ရောက် လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
၂၁ထိုအခါ သူတို့အချင်းချင်းဆိုကြသည်ကား၊ အကယ်စင်စစ် ငါတို့ သည် ညီ၏အမှု၌ အပြစ်ကြီးကြ၏။ သူသည် ငါတို့ကိုတောင်းပန်သောအခါ၊ သူ့စိတ်ဆင်းရဲ ခြင်းကို ငါတို့သည် မြင်လျက်နှင့် နားမထောင်ဘဲနေကြ ၏။ ထိုကြောင့် ဤအမှုသည် ငါတို့အပေါ်မှာ ယခု ရောက်လာပြီဟု တယောက်ကိုတယောက် ပြောဆိုကြ၏။
22 ၂၂ ရုဗင် ကလည်း၊ သူငယ် ကို မ ပြစ် မှားပါနှင့်ဟု ကျွန်ုပ်ဆို သည်မ ဟုတ် လော။ သင်တို့သည် နား မ ထောင်ဘဲ နေကြသောကြောင့် သူ ၏အသွေး အတွက် ယခု အစစ် ခံရကြသည်ဟု ပြန် ၍ဆို၏။
၂၂ရုဗင်ကလည်း၊ သူငယ်ကို မပြစ်မှားပါနှင့်ဟု ကျွန်ုပ်ဆိုသည်မဟုတ် လော။ သင်တို့သည် နားမထောင် ဘဲ နေကြသောကြောင့် သူ၏အသွေးအတွက် ယခု အစစ်ခံရကြသည်ဟု ပြန်၍ဆို၏။
23 ၂၃ ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယောသပ် နားလည် သည်ဟု သူ တို့မ ထင် ကြ။ အကြောင်း မူကား၊ ယောသပ်သည် စကားပြန် နှင့် သူ တို့ကို ပြောတတ်သောကြောင့် တည်း။
၂၃ထိုသို့ မိမိတို့ ပြောဆိုကြသောစကားကို ယော သပ် နားလည်သည်ဟု သူတို့မထင်ကြ။ အကြောင်းမူကား၊ ယောသပ်သည် စကားပြန်နှင့်သူတို့ကို ပြောတတ်သော ကြောင့်တည်း။
24 ၂၄ ထိုအခါ ယောသပ်သည် သူ တို့ထံ မှခဏ ခွါ၍ ငို လေ၏။ တဖန် လာ ပြန်၍ နှုတ်ဆက် ပြီးလျှင် ၊ ရှိမောင် ကို သူ တို့အစုထဲ ကယူ ၍ သူ တို့ရှေ့ တွင် ချည်နှောင် လေ၏။
၂၄ထိုအခါ ယောသပ်သည် သူတို့ထံမှခဏခွါ၍ ငိုလေ၏။ တဖန် လာပြန်၍ နှုတ်ဆက်ပြီးလျှင်၊ ရှိမောင် ကို သူတို့အစုထဲကယူ၍ သူတို့ရှေ့တွင် ချည်နှောင်လေ၏။
25 ၂၅ ထိုနောက် သူ တို့အိတ် များကို စပါး နှင့် ပြည့် စေ၍ ၊ သူ တို့ငွေ ကိုလည်း အသီးအသီး အိတ် တို့တွင် ပြန်ထည့် စေခြင်းငှါ ၎င်း၊ လမ်းခရီး ၌ စား စရိတ်ကို ပေး စေခြင်းငှါ ၎င်း စီရင်၍ ထိုသို့လျှင် သူ တို့၌ ပြု လေ၏။
၂၅ထိုနောက် သူတို့အိတ်များကို စပါးနှင့်ပြည့်စေ၍၊ သူတို့ငွေကိုလည်း အသီးအသီးအိတ်တို့တွင် ပြန်ထည့်စေ ခြင်းငှါ၎င်း၊ လမ်းခရီး၌ စားစရိတ်ကိုပေးစေခြင်းငှါ၎င်း စီရင်၍ ထိုသို့လျှင်သူတို့၌ပြုလေ၏။
26 ၂၆ သူတို့သည်လည်း မြည်း များအပေါ် ၌ စပါး ကို တင် ၍ ထွက်သွား ကြ၏။
၂၆သူတို့သည်လည်း မြည်းများအပေါ်၌ စပါးကို တင်၍ ထွက်သွားကြ၏။
27 ၂၇ စားခန်း သို့ ရောက် သောအခါ ၊ တယောက်သောသူသည် မြည်း ကို အစာ ကျွေးခြင်းငှါ မိမိ အိတ် ကိုဖွင့် လျှင် ၊ အိတ် ဝ တွင် ရှိသောငွေ ကိုမြင် လေ၏။
၂၇စားခန်းသို့ရောက်သောအခါ၊ တယောက်သော သူသည် မြည်းကို အစာကျွေးခြင်းငှါ မိမိအိတ်ကိုဖွင့်လျှင်၊ အိတ်ဝတွင်ရှိသော ငွေကိုမြင်လေ၏။
28 ၂၈ ညီအစ်ကို တို့အား လည်း ကျွန်ုပ် ငွေ ကို ပြန် ထား ပြီ။ ကြည့် ပါ အိတ် ထဲ မှာရှိသည်ဟုဆိုသော်၊ သူ တို့သည် စိတ် နှလုံးလျော့ ၍ ကြောက်လန့် လျက် ၊ ငါ တို့၌ ဘုရားသခင် ပြု တော်မူသောဤ အမှုသည် အဘယ် အမှုဖြစ် ပါလိမ့်မည်နည်းဟု တ ယောက်ကိုတယောက်ဆို ကြ၏။
၂၈ညီအစ်ကိုတို့အားလည်း ကျွန်ုပ်ငွေကို ပြန်ထား ပြီ။ ကြည့်ပါ အိတ်ထဲမှာရှိသည်ဟုဆိုသော်၊ သူတို့သည် စိတ်နှလုံးလျော့၍ ကြောက်လန့်လျက်၊ ငါတို့၌ ဘုရား သခင်ပြုတော်မူသော ဤအမှုသည် အဘယ်အမှုဖြစ် ပါလိမ့်မည်နည်းဟု တယောက်ကိုတယောက်ဆိုကြ၏။
29 ၂၉ ခါနာန် ပြည် အဘ ယာကုပ် ထံ သို့ရောက် လျှင် ၊ မိမိ တို့၌ ဖြစ် လေသမျှ တို့ကို ကြား ပြောသည်ကား၊
၂၉ခါနာန်ပြည် အဘယာကုပ်ထံသို့ရောက်လျှင်၊ မိမိတို့၌ဖြစ်လေသမျှတို့ကို ကြားပြောသည်ကား၊
30 ၃၀ ထိုပြည် ကိုအုပ်စိုး သောသူ သည် ကြမ်းတမ်း စွာ ပြော လျက် ၊ ကျွန်ုပ် တို့ကို ထိုပြည် ၌ သူလျှို လုပ်သူဟူ၍ မှတ် လေ၏။
၃၀ထိုပြည်ကိုအုပ်စိုးသောသူသည် ကြမ်းတမ်းစွာ ပြောလျက်၊ ကျွန်ုပ်တို့ကို ထိုပြည်၌ သူလျှိုလုပ်သူဟူ၍ မှတ်လေ၏။
31 ၃၁ ကျွန်ုပ် တို့ကလည်း ၊ ကျွန်တော် တို့သည် ဖြောင့်မတ် သောသူဖြစ် ကြပါ၏။ သူလျှို မ ဟုတ်ပါ။
၃၁ကျွနုပ်တို့ကလည်း၊ ကျွန်တော်တို့သည် ဖြောင့် မတ်သောသူဖြစ်ကြပါ၏။ သူလျှိုမဟုတ်ပါ။
32 ၃၂ တဘ တည်းသား ၊ ညီအစ်ကို ချင်း တကျိပ် နှစ် ယောက်ဖြစ်ကြပါ၏။ တ ယောက်ကားမ ရှိပါ။ အငယ်ဆုံး သောသူကား ခါနာန် ပြည် ၌ အဘ နှင့်အတူ ယခု ရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
၃၂တဘတည်းသား၊ ညီအစ်ကိုချင်း တကျိပ် နှစ်ယောက်ဖြစ်ကြပါ၏။ တယောက်ကားမရှိပါ။ အငယ် ဆုံးသောသူကား ခါနာန်ပြည်၌ အဘနှင့်အတူ ယခုရှိရစ် ပါသည်ဟု လျှောက်သောအခါ၊
33 ၃၃ ထိုပြည် ကို အုပ်စိုး သောသခင်က၊ သင် တို့သည် ဖြောင့်မတ် သောသူမှန် သည်ကို အဘယ်သို့ငါသိ နိုင်မည်နည်း ဆိုသော်၊ သင် တို့ညီအစ်ကို တို့ တွင် တစုံတယောက် ကို ငါ့ ထံ ၌ထား ရစ်ကြလော့။ သင် တို့အိမ်သူ အိမ်သားတို့၌ အစာ ခေါင်းပါးသောကြောင့် အစာကိုယူ ၍ သွား ကြလော့၊
၃၃ထိုပြည်ကို အုပ်စိုးသောသခင်က၊ သင်တို့သည် ဖြောင့်မတ်သောသူမှန်သည်ကို အဘယ်သို့ ငါသိနိုင်မည် နည်းဆိုသော်၊ သင်တို့ညီအစ်ကိုတို့ တွင် တစုံတယောက်ကို ငါ့ထံ၌ထားရစ်ကြလော့။ သင်တို့အိမ်သူအိမ်သားတို့၌ အစာခေါင်းပါးသောကြောင့် အစာကိုယူ၍သွားကြလော့၊
34 ၃၄ အငယ်ဆုံး သောညီ ကို ငါ့ ထံ သို့ဆောင် ခဲ့ကြလော့။ သို့ပြုလျှင်သင် တို့သည် သူလျှို မ ဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိ လိမ့်မည်။ သင် တို့ညီအစ်ကို ကို လည်း ငါပြန် ၍အပ်မည်။ သင်တို့သည် ပြည် တော်၌ ဖေါက် ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
၃၄အငယ်ဆုံးသောညီကို ငါ့ထံသို့ ဆောင်ခဲ့ကြ လော့။ သို့ပြုလျှင် သင်တို့သည် သူလျှိုမဟုတ် ဖြောင့်မတ် သောသူဖြစ်သည်ကို ငါသိလိမ့်မည်။ သင်တို့ညီအစ်ကိုကို လည်း ငါပြန်၍အပ်မည်။ သင်တို့သည် ပြည်တော်၌ ဖေါက်ကားရောင်းဝယ်ရကြမည်ဟု ဆိုကြောင်းကို ကြားပြောကြပြီးမှ၊
35 ၃၅ မိမိ တို့အိတ် များအထဲက စပါးကို ထုတ် သောအခါ ၊ အသီးအသီး ဆိုင်သော ငွေ ထုပ် တို့သည် မိမိ တို့အိတ် ၌ ရှိ ကြ၏။ ငွေ ထုပ် များကို သူ တို့နှင့် အဘ သည် မြင် သောအခါ ကြောက်လန့် ကြ၏။
၃၅မိမိတို့အိတ်များအထဲက စပါးကို ထုတ်သော အခါ၊ အသီးအသီးဆိုင်သော ငွေထုပ်တို့သည် မိမိတို့အိတ် ၌ ရှိကြ၏။ ငွေထုပ်များကို သူတို့နှင့် အဘသည် မြင်သော အခါ ကြောက်လန့်ကြ၏။
36 ၃၆ အဘ ယာကုပ် ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လု ယူကြပြီ။ ယောသပ် မ ရှိ၊ ရှိမောင် မ ရှိ၊ ဗင်္ယာမိန် ကိုလည်း ယူ သွားချင်သည်တကား။ ဤ အမှုအလုံးစုံ တို့ သည် ငါ နှင့်ဆန့်ကျင် ဘက်ဖြစ်သည်တကားဟု သူ တို့အား ဆို ၏။
၃၆အဘယာကုပ်ကလည်း၊ သင်တို့သည် ငါ့သား တို့ကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်မရှိ၊ ဗင်္ယာမိန် ကိုလည်း ယူသွားချင်သည်တကား။ ဤအမှုအလုံးစုံတို့ သည် ငါနှင့်ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတို့အား ဆို၏။
37 ၃၇ ရုဗင် ကလည်း ၊ ကျွန်ုပ်သည် ဗင်္ယာမိန် ကို အဘ ထံ သို့ပြန်၍ မ ဆောင် ခဲ့လျှင် ၊ ကျွန်ုပ် သား နှစ် ယောက်တို့ကိုသတ် ပါလော့။ သူ့ ကိုကျွန်ုပ် လက် ၌ အပ် ပါ။ ကျွန်ုပ်တဖန် အဘ ထံ သို့ပြန် ၍ ဆောင်ခဲ့ပါမည်ဟု အဘ အား ဆို ၏။
၃၇ရုဗင်ကလည်း၊ ကျွန်ုပ်သည် ဗင်္ယာမိန်ကို အဘ ထံသို့ပြန်၍ မဆောင်ခဲ့လျှင်၊ ကျွန်ုပ်သားနှစ်ယောက်တို့ကို သတ်ပါလော့။သူ့ကိုကျွန်ုပ် လက်၌အပ်ပါ။ ကျွန်ုပ်တဖန် အဘထံသို့ပြန်၍ ဆောင်ခဲ့ပါမည်ဟု အဘအား ဆို၏။
38 ၃၈ အဘကလည်း၊ သင် တို့နှင့်အတူ ငါ့ သား မ သွား ရ။ သူ ၏အစ်ကို သေ ပြီ။ သူ သည် တယောက် တည်း ကျန်ရစ် ၏။ သင်တို့သွား ရာလမ်း ခရီးတွင် သူ ၌ ဘေး ရောက် လျှင် ၊ သင်တို့သည် ငါ့ ဆံပင် ဖြူကို ဝမ်းနည်း ခြင်းနှင့်တကွ မရဏာ နိုင်ငံသို့ သက်ရောက် စေကြလိမ့်မည်ဟု ဆို လေ ၏။ (Sheol h7585)
၃၈အဘကလည်း၊ သင်တို့နှင့်အတူ ငါ့သားမသွား ရ။ သူ၏အစ်ကိုသေပြီ။ သူသည် တယောက်တည်း ကျန် ရစ်၏။ သင်တို့သွားရာလမ်းခရီးတွင် သူ၌ ဘေးရောက် လျှင်၊သင်တို့သည် ငါ့ဆံပင်ဖြူကို ဝမ်းနည်းခြင်းနှင့်တကွ မရဏာနိုင်ငံသို့ သက်ရောက်စေကြလိမ့်မည်ဟု ဆိုလေ ၏။ (Sheol h7585)

< ကမ္ဘာ​ဦး 42 >