< ကမ္ဘာ​ဦး 23 >

1 စာရာ သည် အသက် တရာ နှစ် ဆယ်ခုနစ် နှစ် ရှိ ၏။ ထိုမျှလောက်အသက်ကြီးသော်၊
စာရာသည် အသက်တရာနှစ်ဆယ်ခုနစ်နှစ်ရှိ ၏။ ထိုမျှလောက် အသက်ကြီးသော်၊
2 ခါနာန် ပြည်၊ ဟေဗြုန် မြို့တည်းဟူသော၊ ကိရယသာဘ မြို့၌ သေ လေ၏။ အာဗြဟံ သည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေး ခြင်းငှါ လာ ၏။
ခါနာန်ပြည်၊ ဟေဗြုန်မြို့တည်းဟူသော၊ ကိရယ သာဘမြို့၌ သေလေ၏။ အာဗြဟံသည်လည်း စာရာ ကြောင့် ညည်းတွားငိုကြွေးခြင်းငှါ လာ၏။
3 အာဗြဟံ သည် မိမိမယားအသေ ကောင်ရှေ့ က ထ ၍ ၊ ဟေသ အမျိုးသား တို့အား၊
အာဗြဟံသည် မိမိမယားအသေကောင်ရှေ့က ထ၍၊ ဟေသအမျိုးသားတို့အား၊
4 ငါ သည် သင် တို့ထံမှာဧည့်သည် အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်မည် အကြောင်း ၊ သင် တို့တွင် သင်္ချိုင်း ကို ငါ့ အား အခွင့် ပေး ပါ လော့ဟု ဆို၏။
ငါသည် သင်တို့ထံမှာ ဧည့်သည်အာဂန္တုဖြစ်ပါ ၏။ ငါ၏မယားအသေကောင်ကို မျက်ကွယ်မြှုပ်မည် အကြောင်း၊ သင်တို့တွင် သင်္ချိုင်းကို ငါ့အားအခွင့်ပေးပါ လော့ဟု ဆို၏။
5 ဟေသ အမျိုးသား တို့က၊ အကျွန်ုပ် တို့သခင် ၊ နားထောင် ပါ။
ဟေသအမျိုးသားတို့က၊ အကျွန်ုပ်တို့သခင်၊ နား ထောင်ပါ။
6 ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရား သခင်နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ် တို့၏သင်္ချိုင်း များ တွင် ရွေး ၍ ၊ ကိုယ်တော် ၏မယား အသေ ကောင်ကို သင်္ဂြိုဟ် ပါလော့။ ကိုယ်တော် ၏မယားအသေ ကောင်ကို မ သင်္ဂြိုဟ် စေခြင်းငှါ၊ အကျွန်ုပ် တို့တွင် အဘယ်သူမျှမိမိ သင်္ချိုင်း ကို မပေးဘဲမနေပါဟု၊ အာဗြဟံ အား ပြန် ပြောကြ ၏။
ကိုယ်တော်သည်၊ အကျွန်ုပ်တို့တွင်၊ ဘုရားသခင် နှင့်ဆိုင်သောမင်း ဖြစ်ပါ၏။ အကျွန်ုပ်တို့၏သင်္ချိုင်းများ တွင် ရွေး၍၊ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့။ ကိုယ်တော်၏မယားအသေကောင်ကို မသင်္ဂြိုဟ်စေခြင်းငှါ၊ အကျွန်ုပ်တို့တွင် အဘယ်သူမျှ မိမိ သင်္ချိုင်းကို မပေးဘဲမနေပါဟု၊ အာဗြဟံအား ပြန်ပြောကြ ၏။
7 အာဗြဟံ သည် ထ ၍ ၊ ထိုပြည် သား တည်းဟူသောဟေသ အမျိုးသား များရှေ့ မှာ ဦးညွှတ် ချလျက်၊
အာဗြဟံသည် ထ၍၊ ထိုပြည်သားတည်းဟူသော ဟေသအမျိုးသားများရှေ့မှာ ဦးညွှတ်ချလျက်၊
8 ငါသည် ငါ ၏မယားအသေ ကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင် တို့အလိုရှိ လျှင် ၊ ငါ့ စကားကို နားထောင် ကြပါလော့။
ငါသည် ငါ၏မယားအသေကောင်ကို မျက်ကွယ် မြှုပ်စေခြင်းငှါ သင်တို့ အလိုရှိလျှင်၊ ငါ့စကားကို နား ထောင်ကြပါလော့။
9 သင်တို့တွင် ငါပိုင် ထိုက်သောသင်္ချိုင်း ရှိစေခြင်းငှါ၊ ဇောဟာ သား ဧဖရုန် သည်၊ မိမိ လယ်ပြင် အစွန်း ၌ ရှိသောမပ္ပေလ မြေတွင်း ကို၊ အဘိုး ထိုက် သမျှ ငွေနှင့်ငါ့ အား ရောင်း စေခြင်းငှါ၊ ငါ့ အတွက် သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
သင်တို့တွင် ငါပိုင်ထိုက်သောသင်္ချိုင်းရှိစေခြင်းငှါ၊ ဇောဟာသား ဧဖရုန်သည်၊ မိမိလယ်ပြင်အစွန်း၌ ရှိသော မပ္ပေလပြေတွင်းကို၊ အဘိုးထိုက်သမျှ ငွေနှင့်ငါ့အား ရောင်းစေခြင်းငှါ၊ ငါ့အတွက်သူ့ကို တောင်းပန်ကြပါလော့ ဟု နှုတ်ဆက်၍ ပြောဆို၏။
10 ၁၀ ထိုအခါ ဧဖရုန် သည်၊ ဟေသ အမျိုးသား တို့တွင် ထိုင် လျက်ရှိ၏။ သို့ဖြစ်၍ မြို့ တံခါး သို့ ဝင် သောသူ အပေါင်း တည်းဟူသောဟေသ အမျိုးသား ပရိတ်သတ် ၌ ၊ ဟိတ္တိ အမျိုးသားဧဖရုန် က၊ ထိုသို့မဟုတ်ပါ။
၁၀ထိုအခါ ဧဖရုန်သည်၊ ဟေသအမျိုးသားတို့တွင် ထိုင်လျက်ရှိ၏။ သို့ဖြစ်၍ မြို့တံခါးသို့ ဝင်သော သူ အပေါင်းတည်းဟူသော ဟေသအမျိုးသား ပရိတ်သတ်၌၊ ဟိတ္တိအမျိုးသားဧဖရုန်က၊ ထိုသို့မဟုတ်ပါ။
11 ၁၁ အကျွန်ုပ် သခင် ၊ အကျွန်ုပ် စကားကို နားထောင် ပါ။ ထိုလယ်ပြင် ကို၎င်း၊ ကိုယ်တော် အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ် အမျိုးသား များ ရှေ့ ၌၊ ကိုယ်တော် အား အကျွန်ုပ်ပေး ပါ၏။ ကိုယ်တော် ၏ မယားအသေ ကောင်ကို သင်္ဂြိုဟ် ပါဟု၊ အာဗြဟံ အား ပြန်ပြော လေ၏။
၁၁အကျွန်ုပ်သခင်၊ အကျွန်ုပ်စကားကို နားထောင် ပါ။ ထိုလယ်ပြင်ကို၎င်း၊ ကိုယ်တော်အား အကျွန်ုပ်ပေး ပါ၏။ အကျွန်ုပ်အမျိုးသားများ ရှေ့၌၊ ကိုယ်တော်အား အကျွန်ုပ်ပေးပါ၏။ ကိုယ်တော်၏ မယားအသေကောင်ကို သင်္ဂြိုဟ်ပါဟု၊ အာဗြဟံအား ပြန်ပြောလေ၏။
12 ၁၂ အာဗြဟံ သည်လည်း ၊ ထိုပြည် သား များ ရှေ့မှာ ဦးညွှတ် ချလျက်၊ အကယ်၍ငါ့စကားကို နားထောင်ပါ။
၁၂အာဗြဟံသည်လည်း၊ ထိုပြည်သားများ ရှေ့မှာ ဦးညွှတ်ချလျက်၊ အကယ်၍ ငါ့စကားကို နားထောင်ပါ။
13 ၁၃ ထိုလယ်ပြင် အဘိုး ငွေကို ငါပေး မည်။ ငွေကိုယူ ပါ၊ သို့ဖြစ်လျှင် ၊ ထို အရပ်၌ ငါ ၏မယားအသေ ကောင်ကို ငါသင်္ဂြိုဟ် ပါမည်ဟု ပြည် သား ပရိသတ် တို့ရှေ့ မှာ၊ ဧဖရုန် အား ပြောဆို ၏။
၁၃ထိုလယ်ပြင်အဘိုးငွေကို ငါပေးမည်။ ငွေကိုယူပါ၊ သို့ဖြစ်လျှင်၊ ထိုအရပ်၌ ငါ၏မယားအသေကောင်ကို ငါသင်္ဂြိုဟ်ပါမည်ဟု ပြည်သား ပရိသတ်တို့ရှေ့မှာ၊ ဧဖရုန် အား ပြောဆို၏။
14 ၁၄ ဧဖရုန် ကလည်း ၊ အကျွန်ုပ် သခင် ၊ နားထောင် ပါ။
၁၄ဧဖရုန်ကလည်း၊ အကျွန်ုပ်သခင်၊ နားထောင်ပါ။
15 ၁၅ ထိုမြေ သည် ငွေ လေး ပိဿာ အဘိုးထိုက်ပါ၏။ ကိုယ်တော် နှင့် အကျွန်ုပ် ၌ အဘယ် အတွက်ရှိသနည်း။ ကိုယ်တော် ၏မယား အသေ ကောင်ကို သင်္ဂြိုဟ် ပါလော့ဟု၊ အာဗြဟံ အား ပြန်ပြော ၏။
၁၅ထိုမြေသည် ငွေလေးပိဿာအဘိုးထိုက်ပါ၏။ ကိုယ်တော်နှင့် အကျွန်ုပ်၌ အဘယ်အတွက်ရှိသနည်း။ ကိုယ်တော်၏မယား အသေကောင်ကို သင်္ဂြိုဟ်ပါလော့ဟု၊ အာဗြဟံအားပြန်ပြော၏။
16 ၁၆ အာဗြဟံ သည်လည်း ၊ ဧဖရုန် စကားကို နားထောင် သည်ဖြစ်၍ ၊ ကုန်သည် သုံးတတ်သော ငွေမျိုး၊ ဟေသ အမျိုးသား ပရိသတ် ရှေ့ ၊ ဧဖရုန် အဘိုး ပြတ် သည် အတိုင်း ၊ ငွေ လေး ပိဿာ ကို ချိန် ၍ ၊ သူ့အားပေးလေ၏။
၁၆အာဗြဟံသည်လည်း၊ ဧဖရုန်စကားကို နားထောင်သည်ဖြစ်၍၊ ကုန်သည်သုံးတတ်သော ငွေမျိုး၊ ဟေသအမျိုးသား ပရိသတ်ရှေ့၊ ဧဖရုန် အဘိုးပြတ်သည် အတိုင်း၊ ငွေလေးပိဿာကို ချိန်၍၊ သူ့အားပေးလေ၏။
17 ၁၇ ထိုသို့ မံရေ မြို့ရှေ့ မှာ၊ မပ္ပေလ အရပ်၌ ရှိသောဧဖရုန် ၏လယ်ပြင် ကို၎င်း ၊ လယ်ပြင် ၌ ရှိသောမြေတွင်း နှင့် သစ်ပင် များ၊ ပတ်ဝန်းကျင် သစ်ပင်များကို၎င်း၊
၁၇ထိုသို့မံရေမြို့ရှေ့မှာ၊ မပ္ပေလအရပ်၌ရှိသော ဧဖရုန်၏လယ်ပြင်ကို၎င်း၊ လယ်ပြင်၌ ရှိသောမြေတွင်း နှင့်သစ်ပင်များ၊ ပတ်ဝန်းကျင်သစ်ပင်များကို၎င်း၊
18 ၁၈ ဟေသ အမျိုးသား ပရိတ်သတ် ၌ ၊ မြို့ တံခါး သို့ ဝင် သောသူအပေါင်း တို့ရှေ့ မှာ၊ အာဗြဟံ ဥစ္စာ ဘို့ လုံခြုံစွာ အပ်ပေးလေ၏။
၁၈ဟေသအမျိုးသားပရိတ်သတ်၌၊ မြို့တံခါးသို့ ဝင် သောသူအပေါင်းတို့ရှေ့မှာ၊ အာဗြဟံဥစ္စာဘို့ လုံခြုံစွာ အပ်ပေးလေ၏။
19 ၁၉ ထိုနောက်မှ အာဗြဟံ သည်၊ မံရေ မြို့ရှေ့ မှာ၊ မပ္ပေလ လယ်ပြင် မြေတွင်း ၌ မယား စာရာ ကို သင်္ဂြိုဟ် ရလေ ၏။ ထိုအရပ် ကား၊ ခါနာန် ပြည် ဟေဗြုန် အရပ် ဖြစ် သတည်း။
၁၉ထိုနောက်မှ အာဗြဟံသည်၊ မံရေမြို့ရှေ့မှာ၊ မပ္ပေလလယ်ပြင် မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ ၏။ ထိုအရပ်ကား၊ ခါနာန်ပြည် ဟေဗြုန်အရပ် ဖြစ်သ တည်း။
20 ၂၀ ထိုလယ်ပြင် နှင့် မြေတွင်း ကို၊ အာဗြဟံ ပိုင် ထိုက် သော သင်္ချိုင်း ဖြစ်စေခြင်းငှါ၊ ဟေသ အမျိုးသား တို့သည် လုံခြုံစွာ အပ်ပေးကြ၏။
၂၀ထိုလယ်ပြင်နှင့်မြေတွင်းကို၊ အာဗြဟံပိုင်ထိုက် သော သင်္ချိုင်းဖြစ်စေခြင်းငှါ၊ ဟေသအမျိုးသားတို့သည် လုံခြုံစွာ အပ်ပေးကြ၏။

< ကမ္ဘာ​ဦး 23 >