< ကမ္ဘာ​ဦး 22 >

1 ထိုနောက်မှ ဘုရားသခင် သည်၊ အာဗြဟံ ကို စုံစမ်း ခြင်းငှါ၊ အာဗြဟံ ဟု ခေါ် တော်မူ၍ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
ထိုနောက်မှ ဘုရားသခင်သည်၊ အာဗြဟံကို စုံစမ်းခြင်းငှါ၊ အာဗြဟံဟု ခေါ်တော်မူ၍ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊
2 သင်သည် အလွန်ချစ် သော တ ယောက်တည်း သော သား ဣဇာတ် ကိုယူ ၍ မောရိ ပြည် သို့ သွား လော့။ ငါပြ လတံ့သော တောင် ပေါ် မှာ သူ့ ကိုမီးရှို့ ရာ ယဇ်ပြု၍ ပူဇော် လော့ဟု မိန့် တော်မူ၏။
သင်သည် အလွန်ချစ်သော တယောက်တည်း သော သားဣဇာတ်ကိုယူ၍ မောရိပြည်သို့သွားလော့။ ငါပြလတံ့သော တောင်ပေါ်မှာ သူကိုမီးရှို့ရာ ယဇ်ပြု၍ ပူဇော်လော့ဟု မိန့်တော်မူ၏။
3 အာဗြဟံ သည် နံနက် စောစော ထ၍ ၊ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မိမိ သား ဣဇာက် နှင့် ငယ်သား နှစ် ယောက်ကိုခေါ် ၍ ယဇ် ရှို့စရာ ထင်း ကိုခွဲ ပြီးမှ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ထ သွားလေ၏။
အာဗြဟံသည် နံနက်စောစောထ၍၊ မြည်းကို ကုန်းနှီးတင်ပြီးလျှင်၊ မိမိသားဣဇာက်နှင့် ငယ်သား နှစ်ယောက်ကိုခေါ်၍ ယဇ်ရှို့စရာ ထင်းကိုခွဲပြီးမှ၊ ဘုရားသခင်မိန့်တော်မူသော အရပ်သို့ ထသွားလေ၏။
4 သုံး ရက်မြောက် သောနေ့၌ မြော် ကြည့်၍၊ ထိုအရပ် ကို အဝေး က မြင် လျှင်၊
သုံးရက်မြောက်သောနေ့၌ မြော်ကြည့်၍၊ ထိုအရပ်ကို အဝေးက မြင်လျှင်၊
5 ငယ်သား နှစ်ယောက်တို့အား ၊ သင် တို့သည် ဤ အရပ်၌မြည်း နှင့်အတူ နေ ရစ်ကြလော့။ ငါ သည် သားနှင့်အတူထိုအရပ် သို့သွား ၍ ၊ ကိုးကွယ် ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ ၊ သင် တို့ဆီသို့ ပြန် လာဦးမည်ဟု ဆို လေ၏။
ငယ်သား နှစ်ယောက်ဘို့အား၊ သင်တို့သည် ဤအရုပ်၌မြည်းနှင့် အတူနေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍၊ ကိုးကွယ်ခြင်းကိုပြုအံ့။ ထိုအမှုပြီးမှ၊ သင်တို့ဆီသို့ပြန်လာဦးမည်ဟု ဆိုလေ၏။
6 ထိုအခါ ယဇ် ရှို့စရာထင်း ကိုယူ ၍ သား ဣဇာတ် အပေါ် မှာ တင် ပြီးလျှင် ၊ မီး နှင့် ထား ကို မိမိ လက် ၌ ကိုင် လျက် ၊ နှစ် ယောက်အတူ သွား ကြ၏။
ထိုအခါ ယဇ်ရှို့စရာထင်းကိုယူ၍ သားဣဇာတ် အပေါ်မှာ တင်ပြီးလျှင်၊ မီးနှင့်ထားကို မိမိလက်၌ ကိုင် လျက်၊ နှစ်ယောက်အတူသွားကြ၏။
7 သွားကြစဉ်တွင်၊ ဣဇာက် သည် အဘ အာဗြဟံ ကို အဘ ဟုခေါ် လျှင် ၊ ငါ့ သား ၊ ငါ ရှိ ၏ဟု ထူး လေ၏။ ဣဇာက်ကလည်း မီး ပါ၏၊ ထင်း လည်းပါ၏။ ယဇ် ရှို့စရာဘို့ သိုးသငယ် သည် အဘယ်မှာ ရှိသနည်းဟုမေး လျှင်၊
သွားကြစဉ်တွင်၊ ဣဇာက်သည် အဘအာဗြဟံကို အဘဟုခေါ်လျှင်၊ ငါ့သား၊ ငါရှိ၏ဟု ထူးလေ၏။ ဣဇာက်ကလည်း မီးပါ၏၊ ထင်းလည်းပါ၏။ ယဇ်ရှို့စရာတို့သိုးသငယ်သည် အဘယ်မှာ ရှိသနည်းဟု မေးလျှင်၊
8 အာဗြဟံ က ငါ့ သား ၊ ယဇ် ရှို့စရာဘို့ သိုးသငယ် ကို ဘုရားသခင် သည် မိမိ အဘို့ ပြင်ဆင် တော်မူလိမ့်မည်ဟု ဆို လေ၏။
အာဗြဟံက ငါ့သား၊ ယဇ်ရှို့စရာဘို့ သိုးသငယ်ကို ဘုရားသခင်သည် မိမိအဘို့ ပြင်ဆင်တော်မူလိမ့်မည်ဟု ဆိုလေ၏။
9 ထိုသို့ နှစ် ယောက်အတူ သွား ၍ ၊ ဘုရားသခင် မိန့် တော်မူသောအရပ် သို့ ရောက် ကြသောအခါ ၊ အာဗြဟံ သည် ယဇ် ပလ္လင်ကိုတည် ၍ ထင်း ကိုခင်း ပြီးလျှင် ၊ သား ဣဇာက် ကိုချည်နှောင် ၍ ၊ ယဇ် ပလ္လင်၌ ထင်း ပေါ် မှာ တင် ထား၏။
ထိုသို့နှစ်ယောက်အတူသွား၍၊ ဘုရားသခင် မိန့်တော်မူသော အရပ်သို့ ရောက်ကြသောအခါ၊ အာဗြဟံ သည် ယဇ်ပလ္လင်ကိုတည်၍ ထင်းကိုခင်းပြီးလျှင်၊ သား ဣဇာက်ကိုချည်နှောင်၍၊ ယဇ်ပလ္လင်၌ ထင်းပေါ်မှာ တင်ထား၏။
10 ၁၀ မိမိ လက် ကို ဆန့် ၍ သား ကိုသတ် ခြင်းငှါ ၊ ထား ကို ကိုင် ယူလေ၏။
၁၀မိမိလက်ကို ဆန့်၍ သားကိုသတ်ခြင်းငှါ၊ ထားကို ကိုင်ယူလေ၏။
11 ၁၁ ထိုအခါ ၊ ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အာဗြဟံ ၊ အာဗြဟံ ဟု ကောင်းကင် ပေါ်က ခေါ် လေ၏။ အာဗြဟံ က၊ အကျွန်ုပ် ရှိ ပါ၏ဟု လျှောက် လျှင်၊
၁၁ထိုအခါ၊ ထာဝဘုရား၏ ကောင်းကင်တမန်က၊ အာဗြဟံ၊ အာဗြဟံဟု ကောင်းကင်ပေါ်က ခေါ်လေ၏။ အာဗြဟံက၊ အကျွန်ုပ်ရှိပါ၏ဟု လျှောက်လျှင်၊
12 ၁၂ ထိုလုလင် ကို မ ထိ မခိုက်နှင့်။ အလျှင်း မ ပြု နှင့်။ သင် သည် ဘုရားသခင် ကို ကြောက်ရွံ့ သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား ၊ သင် ၏သား သင် ၌တ ယောက် တည်းသောသားကိုငါတောင်း၍ သင် သည် ငါ့ ကိုမ ငြင်း ဟု မိန့် တော်မူ၏။
၁၂ထိုလုလင်ကို မထိမခိုက်နှင့်။ အလျှင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံ့သည်ဟု ယခု ငါသိ ၏။ အကြောင်းမူကား၊ သင်၏သား သင်၌တယောက် တည်းသောသားကိုငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟု မိန့်တော်မူ၏။
13 ၁၃ ထိုအခါ အာဗြဟံ သည် မြော် ကြည့် ၍ မိမိ နောက်မှ ချုံဖုတ် ၌ ချို ညိ လျက် ရှိသောသိုး ကိုမြင် လေ၏။ ထိုသိုး ကိုသွား ၍ ယူ ပြီးလျှင် မိမိ သား ကိုယ်စား မီးရှို့ ယဇ် ပြု၍ ပူဇော် လေ၏။
၁၃ထိုအခါ အာဗြဟံသည် မြော်ကြည့်၍ မိမိ နောက်မှ ချုံဖုတ်၌ ချိုညိလျက် ရှိသောသိုးကိုမြင်လေ၏။ ထိုသိုးကိုသွား၍ ယူပြီးလျှင် မိမိသားကိုယ်စား မီးရှို့ယဇ် ပြု၍ ပူဇော်လေ၏။
14 ၁၄ ထို အရပ် ကို ယေဟောဝါ ယိရဟု အာဗြဟံ သမုတ် လေ၏။ ထိုသို့ နှင့်အညီတောင် ပေါ် မှာ ထာဝရဘုရား ပြင်ဆင် တော်မူမည်ဟု ယနေ့ တိုင်အောင်ဆို လေ့ ရှိသတည်း။
၁၄ထိုအရပ်ကို ယေဟောဝါယိရဟု အာဗြဟံ သမုတ်လေ၏။ ထိုသို့နှင့်အညီ တောင်ပေါ်မှာ ထာဝရ ဘုရားပြင်ဆင်တော်မူမည်ဟု ယနေ့တိုင်အောင် ဆိုလေ့ ရှိသတည်း။
15 ၁၅ တဖန် ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ကောင်းကင် ပေါ်က အာဗြဟံ ကို ခေါ် လျက်၊
၁၅တဖန် ထာဝရဘုရား၏ ကောင်းကင်းတမန် သည် ကောင်းကင်ပေါ်က အာဗြဟံကို ခေါ်လျက်၊
16 ၁၆ သင်သည် ဤ အမှု ကိုပြု ၍ ၊ သင် ၏သား သင်၌ တ ယောက်တည်းသောသားကို၊ ငါ့အား မ ငြင်း သောကြောင့်၊
၁၆သင်သည် ဤအမှုကိုပြု၍၊ သင်၏သားသင်၌ တယောက်တည်းသောသားကို၊ ငါ့အား မငြင်း သောကြောင့်၊
17 ၁၇ ငါသည် သင့် အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင် ၏အမျိုးအနွှယ် ကိုလည်း ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ သဲ လုံးကဲ့သို့ ၎င်း၊ အစဉ်အမြဲပွား များစေမည်။ သင် ၏အမျိုးအနွယ် သည် ရန်သူ တို့၏ မြို့တံခါး များကို အစိုး ရလိမ့်မည်။
၁၇ငါသည် သင့်အား အစဉ်အမြဲကောင်းကြီး ပေးမည်။ သင်၏အမျိုးအနွှယ်ကိုလည်း ကောင်းကင် ကြယ်ကဲ့သို့၎င်း၊ သမုဒ္ဒရာသဲလုံးကဲ့သို့၎င်း၊ အစဉ်အမြဲ ပွားများစေမည်။ သင်၏အမျိုးအနွယ်သည် ရန်သူတို့၏ မြို့တံခါးများကို အစိုးရလိမ့်မည်။
18 ၁၈ သင် ၏အမျိုးအနွယ် အားဖြင့် ၊ လူမျိုး ပေါင်း တို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ ၏ စကား ကို သင်နားထောင် သော ကြောင့် ၊ ငါသည်ကိုယ်ကိုကိုယ် တိုင်တည်၍ ကျိန်ဆို ၏ဟု ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့် ဆိုလေ၏။
၁၈သင်၏အမျိုးအနွယ်အားဖြင့်၊ လူမျိုးပေါင်း တို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု ငါ၏ စကားကို သင်နားထောင်သောကြောင့်၊ ငါသည်ကိုယ်ကို ကိုယ်တိုင်တည်၍ ကျိန်ဆို၏ဟု ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုလေ၏။
19 ၁၉ ထိုအခါ အာဗြဟံ သည် ငယ်သား တို့ ရှိရာသို့ ပြန် ၏။ သူတို့သည် ထ ပြီးလျှင် ဗေရာရဗတ အရပ်သို့ လိုက်သွား ကြ၏။ ထို အရပ်၌ အာဗြဟံ နေ လေ၏။
၁၉ထိုအခါအာဗြဟံသည် ငယ်သားတို့ ရှိရာသို့ ပြန်၏။ သူတို့သည် ထပြီးလျှင် ဗေရာရဗတအရပ်သို့ လိုက်သွားကြ၏။ ထိုအရပ်၌ အာဗြဟံနေလေ၏။
20 ၂၀ ထိုနောက်မှ ၊ အာဗြဟံ ကြား သော သိတင်းစကား ဟူမူကား ၊ သင် ၏အစ်ကို နာခေါ် မယားမိလခါ သည် သား ကို ဘွား မြင်လေပြီ။
၂၀ထိုနောက်မှ၊ အာဗြဟံကြားသော သိတင်းစကား ဟုမူကား၊ သင်၏အစ်ကိုနာခေါ်မယားမိလခါသည် သားကိုဘွားမြင်လေပြီ။
21 ၂၁ သား အကြီးဟုဇ ၊ သူ့ ညီ ဗုဇ ၊ အာရံ အဘ ကေမွေလ၊
၂၁သားအကြီးဟုဇ၊ သူ့ညီဗုဇ၊ အာရံအဘကေမွေလ၊
22 ၂၂ ခေသက် ၊ ဟာဇော ၊ ပိလဒါရှ ၊ ယိဒလပ် ၊ ဗေသွေလ တည်းဟူသော၊
၂၂ခေသက်၊ဟာဇော၊ ပိလဒါရှ၊ ယိဒလပ်၊ ဗေသွေလတည်းဟူသော၊
23 ၂၃ သားရှစ် ယောက်တို့ကို၊ အာဗြဟံ အစ်ကို နာခေါ် ၏ မယားမိလခါ ဘွား မြင်လေ၏။ ဗေသွေလ ကား ၊ ရေဗက္က အဘ တည်း။
၂၃သားရှစ်ယောက်တို့ကို၊ အာဗြဟံအစ်ကို နာခေါ် ၏ မယားမိလအခါ ဘွားမြင်လေ၏။ ဗေသွေလကား၊ ရေဗက္ကအဘတည်း။
24 ၂၄ ရုမာ အမည် ရှိသောနာခေါ် ၏ မယား ငယ်သည်လည်း တေဘ ဂါဟံ ၊ သဟာရှ မာခါ တို့ကို ဘွား မြင်လေ၏။
၂၄ရုမာ အမည်ရှိသော နာခေါ်၏ မယားငယ်သည်လည်း တေဘဂါဟံ၊ သဟာရှမာခါတို့ကို ဘွားမြင်လေ၏။

< ကမ္ဘာ​ဦး 22 >